” တစ္ဆေ ညီအမ ”( စ/ဆုံး)

Posted on

Unicode Version

” တစ္ဆေ ညီအမ ”( စ/ဆုံး)
——————————-
စာရေးသူ..အစိမ်းရောင်
”သား မောင်ထင်လင်း မပြီးသေးဘူးလားကွယ့်”
”ဟုတ် အမေ ခနလေး စားလို့ပြီးပါပြီ”
”အေးအေး မှောင်နေမှာစိုးလို့ ပြောတာသားရေ ထမင်းမြန်မြန်စား”
ညနေစောင်း နေဝင်ရီသရောအချိန်ဖြစ်နေပါပြီ။ မိခင် ဒေါ်စိုးမ က
သားတော်မောင် ထင်လင်းကို မှာကြားနေတာပါ။
ဖခင် ဦးအုန်းမောင်ကလည်း ထပ်၍ မှာလိုက်သည်။
”သား ထင်လင်း သေသေချာချာဂရုစိုက်နော်”
”ဟုတ်ကဲ့ပါ အဖေရဲ့ စိတ်ချပါ”
”အေးပါသားရယ် အဖေလည်း နေမကောင်းလို့ သားတစ်ယောက်
ထဲ လွှတ်လိုက်ရတာပါကွာ မဟုတ်ရင်အဖေလိုက်ပါတယ်”
ဒီတော့ ဒေါ်စိုးမကလည်း
”ကိုအုန်းမောင်ရယ် ရှင်ကနေမကောင်းဖြစ်နေတာလေ ရှင်ပါလိုက်
သွားလို့ မဖြစ်ပါဘူးတော်”
”အေးပါကွာ ငါသိပါတယ် ကဲ…သား အဖေနဲ့သွားတုန်းကလိုပဲ
သေချာလုပ်နော် ရေတက်ရေကျကြည့်ပြီးမှ ပိုက်တွေဖြုတ်”
”ဟုတ်ကဲ့ပါ အဖေရဲ့ သားလည်း အဖေနဲ့ ခနခန လိုက်ဖူးနေတာပဲ
သိပါတယ်ဗျာ”
မောင်ထင်လင်းက ဖခင်ဖြစ်သူနဲ့ အရင်က ခနခန ဆိုသလို ပိုက်ချ
တာကို အကူအဖြစ်လိုက်ပေးနေတဲ့အတွက် တော်တော်လေးကို
ကျွမ်းကျင်နေပါပြီ။ အသက် ၂၀ အရွယ်ပေမဲ့ အလုပ်ကြမ်းတွေ
လုပ်ကိုင်နေတဲ့သူဖြစ်တဲ့အတွက် ထွားထွားကြိုင်းကြိုင် ခန္ဓာကိုယ်
နဲ့ပါ။
သူတို့မိသားစုလေးကတော့ ငါးဖမ်းခြင်း ပိုက်ချခြင်းနဲ့ အသက်မွေး
ဝမ်းကျောင်းနေခြင်းပါ။ တံငါရွာလေးတစ်ရွာမှာနေထိုင်ကြပါတယ်
သည်ရွာလေးက သူတို့လိုပဲ တံငါလုပ်သူတွေပေါများပါတယ်။
ငါးဒိုင်တွေလည်း ရှိကြပါတယ်။ တံငါ လုပ်ငန်းဆိုတာကလည်း
အသက်အန္တရာယ်များလှပါတယ်။ မြစ်ထဲ ပင်လယ်ထဲမှာ သားငါး
ရှာသူတွေအဖို့ အသက်ကိုဖက်နဲ့ထုတ်ထားကြရတာပါ။
နေပူမရှောင် မိုးရွာမရှောင် လှေတစ်စီးနဲ့ လိုက်လံငါးဖမ်းကြရ
တာကလည်း တကယ်တော့ မလွယ်လှပါဘူး။
ယောက်ျားဖောင်စီး။ မိန်းမမီးနေ ဆိုတဲ့ ဆိုရိုးစကားလေးတောင်
ထားခဲ့ကြသည် မဟုတ်ပေလား။ သူတို့လို တံငါသည်တွေအဖို့
ဒီလိုရုန်းကန်လေမှ စားဝတ်နေရေးအဆင်ပြေမည်မဟုတ်ပေလား
သို့ပေမဲ့ တစ်ခါတစ်ခါကျရင်တော့ ငါးတွေပုဇွန်တွေကို ငါးဒိုင်တွေ
က ပေးတဲ့စျေးက နည်းလှလေသည်။ အသက်စွန့်ပြီး မြစ်ထဲ မှာ
ပင်လယ်ထဲမှာ ငါးဖမ်းနေပေမဲ့ တကယ်တမ်း ဥစ္စာဓနတိုးလာသူ
တွေက ငါးဒိုင်တွေပင်။ သူတို့လိုတံငါလုပ်သားတွေကတော့
ဒုံရင်း ဒုံရင်းဖြင့်သာ…။
ယခုမှာတော့ မောင်ထင်လင်း တစ်ယောက်ထဲ ငါးဖမ်းထွက်မည်
လေ။ အရင်ကတော့ ဖခင်ဖြစ်သူ၏ဦးဆောင်မှုဖြင့် သူက လှေ
နောက်ကနေသာ အေးအေးနေခဲ့ပေမဲ့ အခုတော့ ထိုသို့မဖြစ်ချေ
တော့ပေ။ ဖခင်ကြီးက နာမကျန်းဖြစ်နေခဲ့လေသည်ပဲ။ သူတို့မှာ
ကလည်း အပိုဝင်ငွေကမရှိလေသောကြောင့် ငါးဒိုင်မှ ငွေစအနည်း
ငယ်ကိုပင် ချေးငှားထားပြီး ဆေးကုထားနေရလေသည်။
သို့ကြောင့် ကနေ့တော့ မောင်ထင်လင်းတစ်ယောက်ထဲသာ
လှေထွက်လာခဲ့ခြင်းပင်။ မိခင်နှင့် ဖခင်ကတော့ အစက မထွက်ဖို့
ပြောသေးသည်။ သို့ပေမဲ့ မိမိကိုယ်တိုင်ကလည်း လုပ်ကိုင်တတ်
နေပြီ ဖြစ်ချေရာ တစ်ယောက်ထဲထွက်ဖို့ တဖွဖွပြောခဲ့လေသော
ကြောင့်ခွင့်ပြုလိုက်ခြင်းပင်။ မောင်ထင်လင်းကတော့ အသက် ၂၀
ခန့်ရှိပြီး လူကောင်ထွားထွား အသားညိုညိုနှင့် ကြည့်ပျော်ရှု့ပျော်
တော့ရှိလေသည်။
နေ့ဘက်ထက်စာလျင် အခုလိုညပိုင်းမှာက အေးအေးလူလူနှင့်
ပိုက်ချ၍ရသည်။ ဒီလိုညပိုင်းက ငါးဖမ်းလှေတွေကလည်း သိပ်
တော့ များများစားစားမရှိလှပေ။ ထို့ကြောင့် ညဘက်မှာ ထွက်ခဲ့
ခြင်းပင်။ မောင်ထင်လင်းလည်း ထမင်းစားပြီးတာနဲ့ လိုအပ်တဲ့
ပစ္စည်းတွေကို လှေပေါ်တင်ကာ လှေထွက်လာခဲ့လေပြီ။
ကောင်းကင်ယံမှာ လအလင်းရောင်းကောင်းကောင်း မရပေမဲ့
ကြယ်ရောင်စုံထွန်းလင်းတဲ့ညဟု ပြော၍ရလေသည်။ ရေပြင်ဖွေး
ဖွေးမှာ လှိုင်းကြက်ခွပ်လေးတွေက လှေနံရံကို လာရောက်ရိုက်
ခတ်သံလေးတွေကတော့ သာယာနာပျော်ဖွယ်ရာအတိပင်။
မောင်ထင်လင်းတစ်ယောက် မြစ်ထဲမှာ လှေကလေးကိုလှော်
ခတ်လျက် မိမိပိုက်ချမည့်နေရာထိ ရောက်အောင်လှော်ခတ်သွား
လေသည်။ မြစ်ကမ်းနဲ့မနီးမဝေးမှာ သူ့လိုပဲ ငါးဖမ်းလှေတွေကို
မြင်တွေ့ရနေရပါသည်။ တချို့က လှမ်းနှုတ်ဆက်ကြသည်။
”ဝေး ထင်လင်း မင်းအဖေသက်သာရဲ့လား”
”ဟုတ်ကဲ့ သက်သာပါတယ်ဗျ”
”အေးအေး မင်းလည်း ဂရုစိုက်ဖမ်းအုန်း ဟေ့ ရေမှာဆိုတော့
သတိထားဟေ့ ”
”ဟုတ်ကဲ့ပါ ခင်ဗျ”
သည်ရွာလေးမှာက အကုန်လုံးလိုလိုက ဆွေမျိုးတွေလိုဖြစ်နေပြီ
လေ။ တစ်ယောက်အကြောင်းတစ်ယောက်သိတွေပဲကို။
ဒီလိုနဲ့ မောင်ထင်လင်းလည်း လူသူသိပ်ပြီး အရောက်ပေါက်မရှိ
သည့် နေရာထိ လှော်ခတ်လာခဲ့သည်။ ဒါမှသာ ငါးများများရပြီး
ဖခင်ကို ဆေးကုဖို့လည်းရ မိမိတို့စားဝတ်နေရေးလည်း အဆင်ပြေ
မည်ဟု တွေးကာ လူသိပ်မရောက်တဲ့နေရာအထိထွက်လာခဲ့သည်။
ဟိုးအရင်ကတော့ သူထွက်လာခဲ့သည့်နေရာမှာ တစ်ခါတစ်ရံ
သရဲခြောက်သည်ဟုလည်း သတင်းသဲ့သဲ့တော့ ကြားဖူးခဲ့သည်။
ထို့ကြောင့် အဲ့ဒီနေရာမျိုးမှာ ငါးဖမ်းမည့်သူ မရှိလှပေ။
သူကလည်း သရဲကြောက်တတ်သူတစ်ယောက်တော့မဟုတ်ပေ။
ဒါ့ကြောင့်လည်း အရဲစွန့်ကာ ထွက်လာခဲ့ခြင်းပင်။
”အင်း ဒီနေရာမှာ ပိုက်ချထားရမယ်”
ဟုတွေးကာ ပြင်ဆင်စရာတွေရှိတာ ပြင်ဆင်လိုက်ပါတယ်။
နောက်တော့ လုပ်စရာရှိသည့် ကိစ္စတွေအကုန်ပြီးသွားတော့မှ
သာ လှေပေါ်မှာ ခနတဖြုတ် ဆေးလိပ်ထိုင်ဖွာရင်း နားနေခဲ့သည်။
ထိုစဉ်မှာပင်
”ဟင် ဟိုမှာ လှေတစ်စင်းပါလားဟ ဒီနေရာကို ငါးလာဖမ်းကြ
တာနဲ့ တူတယ် ငါတစ်ယောက်ထဲလို့ထင်ထားတာ အေးလေ
ဘာပဲဖြစ်ဖြစ် အဖော်ရတာပေါ့”
ဟုသာ တွေးလိုက်သည်။
သူမြင်နေရတာကတော့ သူ့လှေနှင့်မနီးမဝေးမှာ လှော်ခတ်လာသည့်
လှေတစ်စင်းကို တွေ့လိုက်ရ၍ဖြစ်သည်။ အဝေးမှာ နည်းနည်းမှောင်
နေလေတော့ သဲသဲကွဲကွဲတော့ သိပ်မတွေ့ရပေ။
ကြည့်နေရင်းနှင့် ထိုလှေက အနီးရောက်လာခဲ့သည်။ ထိုအခါမှ
လှေပေါ်ပါလာသူတွေကို ကြည့်မိလိုက်တော့
”ဟင်”
ဟုသာ ရေရွတ်မိလျက်သားဖြစ်သွားခဲ့လေသည်။ လှေပေါ်မှာက
သူတို့လို ယောကျာ်းသားမဟုတ်ပဲ မိန်းကလေး နှစ်ယောက်က
လှေလှော်ခတ်လာခြင်းပင်။ သူတို့တွေ့တော့ သူတို့နှစ်ယောက်က
ပြောလိုက်သည်။
”ဟေ့ မောင်လေး ဘာကြောင်ကြည့်နေတာလည်း”
သူလည်း ရုတ်တရက်ဘာပြောရမှန်းမသိသောကြောင့်
”ဗျာ …ဟင် …ဟို ”
”မင်းက အံ့သြနေတာလား ဒီလိုပါကွယ် မမ တို့က ဟိုနားကကမ်း
စပ်နားမှာ နေကြတာပါ အဖေက လှေထွက်သွားတယ်လေ …
ဒါကြောင့် ပျင်းလို့ တို့ညီအစ်မ လှေလိုက်လှော်နေကြတာ”
ဒီတော့မှသူလည်း
”သြော် ဟုတ်ကဲ့ ညဘက်ကြီးမှာ အမတို့ကိုတွေ့လိုက်တော့ အံ့သြ
သွားမိလို့ပါ”
”အေးပါ ဟုတ်ပါပြီ မင်းကို အရင်ကမတွေ့ဖူးပါဘူး”
ဒီလိုမေးလာတော့ သူလည်း အကြောင်းစုံပြောပြလိုက်သည်။
ပြီးတော့ သူတို့ညီအမကိုကြည့်ရတာ အမွှာတွေဖြစ်ဖို့များသည်။
ရုပ်ရည်က ဆင်တူတူဟု တွေးမိလိုက်သည်။ ဖော်ဖော်ရွေရွေနှင့်
သဘောကောင်းပုံတော့ရသည်။
”အရင်က ဒီနေရာမှာ သရဲခြောက်တယ်လို့တော့ သဲ့သဲ့ကြားမိ
တယ် မင်းကမကြောက်ဖူးလား”
”မကြောက်တတ်ပါဘူးဗျာ သူတို့ကိုကျနော်က ဘာမှမလုပ်ဖူးလေ
ကိုယ့်ဝမ်းစာအတွက် ကိုယ်ရှာနေရတာဆိုတော့ မကြောက်တော့
ပါဘူးဗျာ”
”အေးပေါ့ကွာ နောက်နေ့မင်းပျင်းရင် လာလည်နော် ဟောဟို ရှေ့
နားက တဲလေးက အစ်မတို့တဲပဲ”
”ဟုတ်ကဲ့ ကျနော်အားရင်လာခဲ့ပါ့မယ်”
”အေးအေး မင်းကို ကိုယ့်မောင်လေးလိုခင်လို့ပါကွယ် အစ်မတို့
အဖေနဲ့လည်း တွေ့ရတာပေါ့ ကဲ ကဲ တို့သွားပြီဟေ့…”
သူတို့ထွက်ခွာသွားတော့ မောင်ထင်လင်းလည်း အတွေးတွေနဲ့
ကျန်ရစ်ခဲ့သည်။ ဒီအစ်မတွေက သဘောကောင်းကြတာပဲ။
ဘာပဲဖြစ်ဖြစ် ငါ မိတ်ဆွေတိုးတာပေါ့ ဟု တွေးလိုက်ကာ
အချိန်ကိုခန့်မှန်းကာ ပိုက်တွေပြန်ဖော်လိုက်သည်။ ဒီတော့ သူ
လည်း ပျော်ရွှင်သွားမိသည်။ ပွဲဦးထွက် ငါးဖမ်းထွက်ခဲ့ခြင်းမှာ
ငါးတော်တော်များများတော့ ရလိုက်လေခြင်းပင်။
အိမ်ပြန်ရောက်တော့ ညသန်းခေါင်းယံချိန်တောင်နီးနေခဲ့လေပြီ။
ငါးတွေကို ငါးဒိုင်တွေဆီသွားပို့ပြီးမှ အိမ်ပြန်လာခဲ့သည်။ ငါးဒိုင်
က အချိန်ပြည့် အမြဲဖွင့်ထားခြင်းပင်။ ဒါမှသာ ညဘက်ငါးဖမ်း
သူတွေလည်း ဒိုင်မှာ လာသွင်းဖို့အဆင်ပြေလေသည်။
သူလည်းအိမ်ပြန်ရောက်တော့ ရေမိုးချိုးကာ အိပ်ယာဝင်ခဲ့တော့
သည်။ အဖေနဲ့အမေကိုတော့ ထိုညီအစ်မ နှစ်ယောက်နဲ့ တွေ့ခဲ့
သည့် အကြောင်းကိုတော့ ပြောမပြဖြစ်တော့ပေ။
နောက်တစ်ညမှာလည်း သူငါးဖမ်းနေကြနေရာကိုသွားပြီး ပိုက်ချ
ထားလိုက်သည်။ ထိုအခါ မနေ့ညက တွေ့ခဲ့သည့် အမနှစ်ယောက်
ကို သတိရမိကာ
”အင်း သွားလည်ရင်ကောင်းမလား ဘယ်လိုလုပ်ရမလည်း မိန်းက
လေးတွေရှိတဲ့အိမ်ဆိုတော့ သင့်တော်ပါ့မလား”
ချီတုန်ချတုန်ဖြစ်နေခဲ့ခြင်းပင်။
”ကိုယ့်အမတွေကို သဘောထားတာပဲ သူတို့အဖေလည်းရှိတာပဲ
ခနတော့ သွားလည်လိုက်အုန်းမယ်”
ဆိုကာ ဆုံးဖြတ်လိုက်ပြီး လှေကိုလှော်ကာ ထွက်လာခဲ့လိုက်သည်
ခနလောက်လှော်ခတ်ပြီးတဲ့အခါမှာတော့ ကမ်းစပ်တစ်နေရာမှာ
မီးရောင် တလက်လက်နဲ့ တဲလေးတစ်တဲကို တွေ့လိုက်ရသည်။
ဒါဟို ညီအစ်မတွေအိမ်ပဲဖြစ်ရမယ် ဟုတွေးလိုက်ကာ အနားထိ
ရောက်အောင် လှော်ခတ်လာခဲ့လိုက်လေသည်။
သူလည်း ထိုတဲနားအရောက်မှာတော့
”ဝေး မနေ့ညကတွေ့တဲ့ မောင်လေးလား လာ လာ အိမ်ပေါ်တက်
ခဲ့လေ”
”ဟုတ်ကဲ့ ကျနော်ပျင်းလို လာလည်တာခင်ဗျ”
ဆိုကာ ဖော်ရွေတဲ့အသံကြောင့် သူလည်း အားတက်သွားပြီး လှေ
ကိုကြိုးချည်ကာ အိမ်ပေါ်တက်ခဲ့လေသည်။
”လာ မောင်လေ အဖကကတော့ စောစောကမှ လှေထွက်သွား
တယ်ကွယ့် မင်းလာမယ်ထင်လို့ အစ်မတို့ ထမင်းချက်ထားတယ်
စားသွားအုန်း”
”ဟာ နေပါဗျာ အားနားစရာ ကျနော်စားလာခဲ့ပြီးပါပြီဗျ”
ထိုအခါ တစ်ယောက်က ပြန်ပြောလေသည်
”မင်းကလည်းကွယ် ကိုယ့်မောင်နှမတွေပဲ အားနာမနေနဲ့ကွယ့်
ကဲ လာ အေးဆေးထိုင်”
သူတို့ကိုကြည့်မိလိုက်တော့ ဆံပင်ရှည်ရှည်နဲ့ ချောချောလှလှ
လေးတွေပင်။ မီးရောင်နဲ့မှ သူလည်းသေချာတွေ့ရသည်လေ။
ရုပ်ရည်ကလည်း ဆင်တူတူပင်။ သူတို့ပုံစံကလည်း ဖော်ရွေကာ
သဘောကောင်းနေတော့လည်း သူလည်း မငြင်းချင်တော့ပေ။
”ကဲ ဒီမှာ အကြမ်းရည်သောက်နှင့် အစ်မတို့ ထမင်းပြင်လိုက်အုန်း
မယ်နော်”
”ဟုတ် အားနားစရာဗျာ ”
”ကဲပါကွာ ရပါတယ် ကိုယ့်အစ်မတွေလို့သဘာထားရင်ထမင်းစား
သွား ဟုတ်ပြီလား”
ပြောပြောဆိုဆိုနှင့် အိမ်နောက်ဖက်ကို နှစ်ယောက်လုံး ထသွား
တော့သည်။ ဒီတော့သူလည်း အိမ်ရှေ့မှာထိုင်ကာ ဟိုဟိုဒီဒီ
လိုက်ကြည့်မိသည်။ ဒီတော့ သူ့မျက်လုံးတွေက ခေါင်းရင်းဘက်
ကို အရောက်မှာတော့ အံ့သြသွားကာ စိတ်တွင်းမှ ရွေတ်မိလိုက်
သည်။
”ဟင် ဘုရားစင်လည်းမရှိပါလား… သြော် ဘာသာခြားထင်တယ်”
အံ့သြသွားခဲ့ပေမဲ့ သူတွေးလိုက်မိသည့်က တခြားဘာသာဝင်ဖြစ်
လို့ ဘုရားစင်မရှိလေခြင်းဟုသာ တွေးမိလိုက်သည်။
”ကဲ မောင်လေးရေ ထမင်းစားလို့ရပြီဟေ့”
ဟုပြောလိုက်ပြီး ထမင်းစားပွဲနဲ့ ထမင်းဟင်းတွေကို အိမ်ရှေ့သို့
သယ်ယူလာခဲ့လေသည်။ သူကြည့်လိုက်လေတော့
ထမင်းဟင်းတွေက အငွေ့တစ်ထောင်းထောင်းထလျက် ပူပူနွေးနွေး
တွေပင်။ ဟင်းကတော့ ငါးခေါင်းချဉ်ရည်။ ပုဇွန်ကြော်။ ငါးဥကြော်
နှင့် ငါးပိရည် တို့စရာ ဖြင့် စားချင်သဖွယ်အတိပင်။
”အံ့သြနေတာလားကွယ့် မင်းမလာခင်လေးကမှ မင်းလာမယ်
ထင်လို့ အစ်မတို့ ချက်ထားတာလေ”
”သြော် ဒုက္ခရှာလို့ဗျာ အားနာလိုက်တာ သြော်ဒါနဲ့ ကျနော့်နာမည်
ထင်လင်းပါ ဗျ ပြောဖို့မေ့နေတာ”
ဒီလိုပြောလိုက်တော့ သူတို့နှစ်ယောက်က ရီနေပြီးတော့
”ဟုတ်ပါရဲ့ အစ်မတို့လည်း မေးဖို့မေ့နေတာ အေးအေး အစ်မတို့
နာမည်လည်း မှတ်ထားအုန်း သန္တာရွှေ နဲ့ သန္တာငွေ တဲ့ အစ်မက
အကြီး သန္တာရွှေ သူကအငယ် သန္တာငွေ”
”ဟုတ်တယ်မောင်လေးရဲ့ အစ်မတို့လည်း မင်းကို ကိုယ့်မောင်လေး
လို ခင်မိတယ်ကွယ်”
ဒီတော့သူလည်း မဆိုင်းမတွပင်
”ဟုတ်ကဲ့ ကျနော်လည်း ကိုယ့်အစ်မတွေလို့သဘောထားပါတယ်”
သူလည်း ထမင်းမစားခင် ရွတ်ဆိုနေကြ မေတ္တာပို့နှင့် သရဏံဂုဏ်
သုံးပါးကို စိတ်ထဲကနေ မျက်လုံးမှိတ်လျက်တိုးတိုးလေးရွတ်လိုက်
မိပါတယ်။ ဒါကလည်း မောင်ထင်လင်းအဖို့ ပြုလုပ်နေကြခြင်းပါ။
ထိုအခိုက်မှာပင် ဘာကြောင့်မှန်းမသိ ကျောထဲစိမ့်ခနဲ တစ်ချက်ဖြစ်
သွားမိပါတယ်။
ထို့နောက်မောင်ထင်လင်းလည်း ထမင်းစားမယ်ဆိုပြီး မျက်လုံးပြန်
ဖွင့်ကာ ထမင်းဝိုင်းကို ကြည့်လိုက်လေတော့…
”ဟင် … ဘာတွေလည်းဟ ဘယ်လိုဖြစ်တာလည်း”
သူမြင်လိုက်ရတာကတော့ စောစောကတွေ့သလို ပူပူနွေးနွေးနဲ့
ထမင်းဟင်းတွေ မဟုတ်တော့ပဲ …
ကျောက်ခဲတွေသဲတွေ ဖြစ်နေတာကိုအံ့သြဖွယ် တွေ့လိုက်ရပါတယ်
ဒီ့ထက်ဆိုးတာကတော့ စောစောကမြင်နေတဲ့ဟင်းတွေက ဆံပင်
ချည်တွေကို သွေးနဲ့ရောထားတာတွေ။ ပြီးတော့ သွေးသံရဲရဲနဲ့
အူတွေအသည်းတွေကိုလည်း တွေ့လိုက်ပါတယ်။
ဒီတော့ သူလည်း မကြောက်တတ်ဖူးလို့ထင်နေပေမဲ့ ဒီလိုမြင်လိုက်
ရတဲ့ အခိုက်တန့်မှာ ကြက်သီးတွေတဖြန်းဖြန်းထကာ ရင်တွေ
တဒုန်းဒုန်းနဲ့ခုန်လာပါတော့တယ်။
”ဒါ…ဒါ ဆို ဟို ဟို နှစ်ယောက်ကရော ”
စိတ်ထဲတွေးမိလိုက်ခြင်းပါ။ ဒီတော့ ကြောက်ကြောက်နဲ့ နောက်
လှည့်ကြည့်လိုက်တဲ့အခါမှာတော့ …
”အားး…ဘာကြီးလည်း ဘာတွေလည်း သွား…သွား…”
ဆိုပြီး တုန်လှုပ်ချောက်ခြားကာ အထိတ်တလန့်အော်ဟစ်လိုက်မိပါ
တယ်။ သူမြင်လိုက်တာကတော့ …
လူတစ်ယောက်ရေနစ်သေထားသလို ဖောင်းကားနေတဲ့ပုံစံမျိုးပါ။
ခန္ဓာကိုယ်ကြီးတွေက ရေဝင်ထားပြီး ဖောနေသလိုပါပဲ။ မျက်နှာ
ကြီးတွေကလည်း ဖောင်းကားပြီး အစ်ထွက်နေပါတယ်။ မျက်လုံး
နှစ်လုံးကနီရဲနေပြီး ပြူးထွက်နေတာကိုလည်း တွေ့ရပါတယ်။
မီးရောင်အောင်မှာ အသားအရည်တွေကလည်း ညိုမည်းပြီး
ပုတ်ပွနေသလိုလည်း တွေ့နေရလေတော့ ……
မောင်ထင်လင်းလည်း အသားတွေတဆက်ဆက် တုန်လာကာ
ပြေးဖို့ပြင်လိုက်ပါတော့တယ်။ ထိုအခိုက်မှာပင် သူ့နောက်ဖက်ဆီမှ
အသံသြသြကြီးကို ကြားလိုက်ရပါတော့တယ်။
”နင်က ငါတို့စေတနာကို စော်ကားတယ် ငါတို့က ထမင်းကျွေးချင်
လို့ လုပ်တာကို နင်က ဘုရားစာရွတ်တယ် …”
ကြောက်ရွံ့့ထိတ်လန့်ဖွယ်ရာ အသံကြီးပါ။ ထို့နောက်မှာတော့
”နင် မပြေးနဲ့ နင်ဒီမှာပဲ နေရမယ် ဒီမှာပဲ နေရမယ် ဟားးဟားး”
ဆိုကာ အသံနက်ကြီးနဲ့ အော်ဟစ်ကာ ရယ်မောနေပါတော့တယ်။
မောင်ထင်လင်းလည်း ဘုရားစားတွေရွတ်ကာ ထွက်ပြေးပါတော့
တယ်။ ကြောက်နေတာဆိုတော့လည်း သူရွတ်လိုက်တဲ့ဘုရားစာ
တွေက အထစ်ထစ်အငေါ့ငေါ့ အလွဲအလွဲ အချော်ချော်နဲ့ပေါ့။
အခုမှ ဒီလို ကြုံလိုက်တော့လည်း ကြောက်မိတာပေါ့။
သူလည်းထပြေးရော အနောက်ကနေ အသံနက်ကြီးနဲ့
”နင် မပြေးနဲ့ မပြေးနဲ့ …”
ဟုအော်ကာ ထိုသရဲတစ္ဆေ နှစ်ကောင်က ထလိုက်လာပါတော့
တယ်။ မောင်ထင်လင်းလည်း လှေပေါ်ကို အတင်းပြေးတက်ကာ
ချည်ထားတဲ့ကြိုးကို အလျင်အမြန်ဖြည်ကာ လှေကိုအသားကုန်
မောင်းထွက်လာပါတော့တယ်။ အနောက်ကို လှည့်ကြည့်လိုက်တဲ့
အခါမှာတော့ သူနဲ့ ခပ်လှမ်းလှမ်းကနေ
”မောင်လေး ဘယ်သွားတာလည်းကွယ့် ပြန်လာခဲ့လေ”
သူတွေ့ခဲ့ရတဲ့ အစ်မနှစ်ယောက်ပုံစံနဲ့ သူ့ကိုလှမ်းခေါ်နေတာပါ။
အသံချိုချိုလေးနဲ့ သူ့ကိုလှမ်းခေါ်နေခဲ့တာပါ။ ဒါပေမဲ့ သူကလည်း
”သွား …သွား သရဲမတွေ ငါ့နောက်လိုက်မလာနဲ့”
ဆိုပြီး အော်ဟစ်ကို လှေကို သာ ကြုံးလှော်ပါတော့တယ်။ ထိုအခါ
မှာတော့ ညီအစ်မနှစ်ယောက်က စောစောကလို ရေတွေဝင်ကာ
ပုတ်ပွနေတဲ့ ပုံစံပြောင်းသွားခဲ့ပြီး။ အသံသြသြကြီးပြန်ဖြစ်ကာ
”နင်လွတ်အောင်ပြေး မိရင်တော့ မလွယ်ဘူး ဟား… ဟား…”
သူလည်းအသားကုန်းသာ လှော်ခတ်လာခဲ့ပါတော့တယ်။
သူ့နောက်ကနေ ဒေါသတကြီးနဲ့အော်ဟစ်နေသံကို ကြားနေရလေ
တော့ မနားရဲပဲ အပြင်းလှော်ခတ်လာပါတော့တယ်။
ထို့နောက်မှာတော့ သူ့လို တံငါသမားတွေရှိနေတဲ့နေရာကို ရောက်
တော့မှာသာ အမောလွန်ကာ လှေပေါ်မှာပဲ ပစ်လှဲကျသွားပါတော့
တယ်။
…………… …………… ……………
”သား…သား… သတိရပြီလား”
”ဟင် အမေ သားဘယ်ရောက်နေတာလည်း”
”မင်း အမောတကောနဲ့ လှေပေါ်မှာ လဲကျသွားလို့ မောင်ငယ်တို့
ကိုဝင်း တို့က အိမ်ကို လိုက်ပို့တာလေ”
”ဟုတ်တယ် မောင်ထင်လင်းရဲ့ ဦးကြီးတို့ နားကို မင်းရောက်လာ
တော့ သတိမေ့သွားတော့တာပဲကွ ဘာဖြစ်လာလို့လည်း”
မောင်ထင်လင်းရဲ့ အဖေ ဦးအုန်းမောင်ကလည်းပြောလိုက်ပါတယ်။
”မင်း ပိုက်တွေလည်း မပါပဲ လှေကို အပြင်းလှော်လာပြီး လဲကျ
သွားတာဆို ဘာဖြစ်လို့လည်း သားရယ်”
တံငါသည် ဦးကြီးတွေက သူလဲကျသွားတာကိုတွေ့တော့ သူ့အိမ်
ကို ပြန်ခေါ်လာခဲ့ခြင်းပါ။ သူလည်း ရေတစ်ခွက်တောင်းသောက်
လိုက်ပြီး ဖြစ်ခဲ့ပုံကို ပြန်ပြောလိုက်ပါတယ်။ သူ့စကားအဆုံးမှာ
တော့…
”ဟင် … ဟာ … ဟောဗျာ ဖြစ်မှဖြစ်ရလေ ”
စသဖြင့် အသံတွေမျိုးစုံသွားခဲ့ပါတယ်။ မောင်ထင်လင်းက မေး
လိုက်လေသည်။
”ဒါထက် အဖေ အဲ့ဒါက ဘာတွေလည်းဟင် အဲ့ဒီနေရာမှာ သရဲ
ခြောက်တယ်လို့တော့ အဖေပြောလို့သိပါတယ် ဒါပေမဲ့ ဘာ
ကြောင့်လည်းတော့ မသိဘူး ပြောပြပါအုန်း”
”အေး သားလည် နောက်တစ်ခါ ဆင်ခြင်နိုင်အောင် ပြောပြပါ့မယ်”
ဦးအုန်းမောင် ပြောပြတာကတော့ အဲ့ဒီနေရာမှာ လွန်ခဲ့တဲ့ တစ်နှစ်
ကျော်လောက်က မသန္တာရွှေ နဲ့ မသန္တာငွေဆိုတဲ့ အမွှာညီအမ နှစ်
ယောက်ရှိကြပါတယ်။ ကမ်းစပ်လေးမှာ တဲလေးထိုးနေတာပေါ့။
သူတို့ရဲ့ အဖေကတော့ ငါးဖမ်းပါတယ်။
တစ်နေ့မှာတော့ သူတို့အဖေက ညဘက်ငါးဖမ်းထွက်နေတာက
အချိန်တန်လို့ ပြန်မလာသေးတဲ့အတွက် လှေတစ်စီးနဲ့ လိုက်ရှာ
တာပေါ့။ ဒီလိုလိုက်ရှာတဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်
စနောက်နေရင်းကနေ လှေမှောက်ပြီးရေထဲ ပြုတ်ကျခဲ့ပါတယ်။
နှစ်ယောက်စလုံးကလည်း ရေကူးတတ်ကျပေမဲ့ အငယ်မလေး
သန္တာငွေက ရေကူးနေရင်း ကြွက်တက်လာတဲ့အတွက် ဆက်မကူး
နိုင်တော့လို့ အစ်မဖြစ်သူ သန္တာရွှေက လာရောက်ကယ်ဆယ်ခဲ့
ရင်း သန္တာငွေက ရေထဲမှာ ကြောက်ကြောက်နဲ့ ဆွဲထားလေသော
ကြောင့် နှစ်ယောက်လုံး ရေနစ်သေခဲ့ကြရတာပါ။
နောက်ပိုင်းမှာတော့ အဲ့ဒီနေရာကို ရောက်လာတဲ့သူတွေကို
ခြောက်လွန်းတော့ ဘယ်သူမှမလာကြတော့ပါဘူး။ တကယ်
တော့ သူတို့အဖေက ငါးရှာနေရင်းနဲ့ ငါအရကောင်းတဲ့အတွက်
အချိန်ကြာနေခဲ့ခြင်းပါ။ သမီးနှစ်ယောက်မရှိတဲ့ အခါမှာတော့
အဖေဖြစ်သူကလည်း တံငါအလုပ်ကို စွန့်လွှတ်ပြီး ဘုန်းကြီး
အပြီးဝတ်သွားခဲ့တာ ခုထိပါပဲ။ အမျှတန်းတွေ ပေးဝေခဲ့ပေမဲ့
ယခုထိ ကျွတ်လွတ်သေးပုံမရသေးပါဘူး။
ဒီတော့မှ မောင်ထင်လင်းလည်း အကြောင်းစုံသိသွားခဲ့ပါတော့
တယ်။ နောက်များမှာတော့ ထိုနေရာကို လုံးဝမသွားဖြစ်ခဲ့တော့
ပါဘူး။ နောက်တစ်ခါသာ ထပ်ကြုံရရင် လိပ်ပြာလွင့်သွားနိုင်တယ်
ဟုတွေးကာ ဝေးဝေးကရှောင်နေပါတော့တယ်။
ပြီးပါပြီ။
စာဖတ်သူများအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေ…။
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။
Zawgyi Version
” တေစၦ ညီအမ ”( စ/ဆုံး)
——————————-
စာေရးသူ..အစိမ္းေရာင္
”သား ေမာင္ထင္လင္း မၿပီးေသးဘူးလားကြယ့္”
”ဟုတ္ အေမ ခနေလး စားလို႔ၿပီးပါၿပီ”
”ေအးေအး ေမွာင္ေနမွာစိုးလို႔ ေျပာတာသားေရ ထမင္းျမန္ျမန္စား”
ညေနေစာင္း ေနဝင္ရီသေရာအခ်ိန္ျဖစ္ေနပါၿပီ။ မိခင္ ေဒၚစိုးမ က
သားေတာ္ေမာင္ ထင္လင္းကို မွာၾကားေနတာပါ။
ဖခင္ ဦးအုန္းေမာင္ကလည္း ထပ္၍ မွာလိုက္သည္။
”သား ထင္လင္း ေသေသခ်ာခ်ာဂ႐ုစိုက္ေနာ္”
”ဟုတ္ကဲ့ပါ အေဖရဲ႕ စိတ္ခ်ပါ”
”ေအးပါသားရယ္ အေဖလည္း ေနမေကာင္းလို႔ သားတစ္ေယာက္
ထဲ လႊတ္လိုက္ရတာပါကြာ မဟုတ္ရင္အေဖလိုက္ပါတယ္”
ဒီေတာ့ ေဒၚစိုးမကလည္း
”ကိုအုန္းေမာင္ရယ္ ရွင္ကေနမေကာင္းျဖစ္ေနတာေလ ရွင္ပါလိုက္
သြားလို႔ မျဖစ္ပါဘူးေတာ္”
”ေအးပါကြာ ငါသိပါတယ္ ကဲ…သား အေဖနဲ႔သြားတုန္းကလိုပဲ
ေသခ်ာလုပ္ေနာ္ ေရတက္ေရက်ၾကည့္ၿပီးမွ ပိုက္ေတြျဖဳတ္”
”ဟုတ္ကဲ့ပါ အေဖရဲ႕ သားလည္း အေဖနဲ႔ ခနခန လိုက္ဖူးေနတာပဲ
သိပါတယ္ဗ်ာ”
ေမာင္ထင္လင္းက ဖခင္ျဖစ္သူနဲ႔ အရင္က ခနခန ဆိုသလို ပိုက္ခ်
တာကို အကူအျဖစ္လိုက္ေပးေနတဲ့အတြက္ ေတာ္ေတာ္ေလးကို
ကြၽမ္းက်င္ေနပါၿပီ။ အသက္ ၂၀ အ႐ြယ္ေပမဲ့ အလုပ္ၾကမ္းေတြ
လုပ္ကိုင္ေနတဲ့သူျဖစ္တဲ့အတြက္ ထြားထြားႀကိဳင္းႀကိဳင္ ခႏၶာကိုယ္
နဲ႔ပါ။
သူတို႔မိသားစုေလးကေတာ့ ငါးဖမ္းျခင္း ပိုက္ခ်ျခင္းနဲ႔ အသက္ေမြး
ဝမ္းေက်ာင္းေနျခင္းပါ။ တံငါ႐ြာေလးတစ္႐ြာမွာေနထိုင္ၾကပါတယ္
သည္႐ြာေလးက သူတို႔လိုပဲ တံငါလုပ္သူေတြေပါမ်ားပါတယ္။
ငါးဒိုင္ေတြလည္း ရွိၾကပါတယ္။ တံငါ လုပ္ငန္းဆိုတာကလည္း
အသက္အႏၲရာယ္မ်ားလွပါတယ္။ ျမစ္ထဲ ပင္လယ္ထဲမွာ သားငါး
ရွာသူေတြအဖို႔ အသက္ကိုဖက္နဲ႔ထုတ္ထားၾကရတာပါ။
ေနပူမေရွာင္ မိုး႐ြာမေရွာင္ ေလွတစ္စီးနဲ႔ လိုက္လံငါးဖမ္းၾကရ
တာကလည္း တကယ္ေတာ့ မလြယ္လွပါဘူး။
ေယာက္်ားေဖာင္စီး။ မိန္းမမီးေန ဆိုတဲ့ ဆို႐ိုးစကားေလးေတာင္
ထားခဲ့ၾကသည္ မဟုတ္ေပလား။ သူတို႔လို တံငါသည္ေတြအဖို႔
ဒီလို႐ုန္းကန္ေလမွ စားဝတ္ေနေရးအဆင္ေျပမည္မဟုတ္ေပလား
သို႔ေပမဲ့ တစ္ခါတစ္ခါက်ရင္ေတာ့ ငါးေတြပုဇြန္ေတြကို ငါးဒိုင္ေတြ
က ေပးတဲ့ေစ်းက နည္းလွေလသည္။ အသက္စြန္႔ၿပီး ျမစ္ထဲ မွာ
ပင္လယ္ထဲမွာ ငါးဖမ္းေနေပမဲ့ တကယ္တမ္း ဥစၥာဓနတိုးလာသူ
ေတြက ငါးဒိုင္ေတြပင္။ သူတို႔လိုတံငါလုပ္သားေတြကေတာ့
ဒုံရင္း ဒုံရင္းျဖင့္သာ…။
ယခုမွာေတာ့ ေမာင္ထင္လင္း တစ္ေယာက္ထဲ ငါးဖမ္းထြက္မည္
ေလ။ အရင္ကေတာ့ ဖခင္ျဖစ္သူ၏ဦးေဆာင္မႈျဖင့္ သူက ေလွ
ေနာက္ကေနသာ ေအးေအးေနခဲ့ေပမဲ့ အခုေတာ့ ထိုသို႔မျဖစ္ေခ်
ေတာ့ေပ။ ဖခင္ႀကီးက နာမက်န္းျဖစ္ေနခဲ့ေလသည္ပဲ။ သူတို႔မွာ
ကလည္း အပိုဝင္ေငြကမရွိေလေသာေၾကာင့္ ငါးဒိုင္မွ ေငြစအနည္း
ငယ္ကိုပင္ ေခ်းငွားထားၿပီး ေဆးကုထားေနရေလသည္။
သို႔ေၾကာင့္ ကေန႔ေတာ့ ေမာင္ထင္လင္းတစ္ေယာက္ထဲသာ
ေလွထြက္လာခဲ့ျခင္းပင္။ မိခင္ႏွင့္ ဖခင္ကေတာ့ အစက မထြက္ဖို႔
ေျပာေသးသည္။ သို႔ေပမဲ့ မိမိကိုယ္တိုင္ကလည္း လုပ္ကိုင္တတ္
ေနၿပီ ျဖစ္ေခ်ရာ တစ္ေယာက္ထဲထြက္ဖို႔ တဖြဖြေျပာခဲ့ေလေသာ
ေၾကာင့္ခြင့္ျပဳလိုက္ျခင္းပင္။ ေမာင္ထင္လင္းကေတာ့ အသက္ ၂၀
ခန္႔ရွိၿပီး လူေကာင္ထြားထြား အသားညိဳညိဳႏွင့္ ၾကည့္ေပ်ာ္ရႈ႕ေပ်ာ္
ေတာ့ရွိေလသည္။
ေန႔ဘက္ထက္စာလ်င္ အခုလိုညပိုင္းမွာက ေအးေအးလူလူႏွင့္
ပိုက္ခ်၍ရသည္။ ဒီလိုညပိုင္းက ငါးဖမ္းေလွေတြကလည္း သိပ္
ေတာ့ မ်ားမ်ားစားစားမရွိလွေပ။ ထို႔ေၾကာင့္ ညဘက္မွာ ထြက္ခဲ့
ျခင္းပင္။ ေမာင္ထင္လင္းလည္း ထမင္းစားၿပီးတာနဲ႔ လိုအပ္တဲ့
ပစၥည္းေတြကို ေလွေပၚတင္ကာ ေလွထြက္လာခဲ့ေလၿပီ။
ေကာင္းကင္ယံမွာ လအလင္းေရာင္းေကာင္းေကာင္း မရေပမဲ့
ၾကယ္ေရာင္စုံထြန္းလင္းတဲ့ညဟု ေျပာ၍ရေလသည္။ ေရျပင္ေဖြး
ေဖြးမွာ လႈိင္းၾကက္ခြပ္ေလးေတြက ေလွနံရံကို လာေရာက္႐ိုက္
ခတ္သံေလးေတြကေတာ့ သာယာနာေပ်ာ္ဖြယ္ရာအတိပင္။
ေမာင္ထင္လင္းတစ္ေယာက္ ျမစ္ထဲမွာ ေလွကေလးကိုေလွာ္
ခတ္လ်က္ မိမိပိုက္ခ်မည့္ေနရာထိ ေရာက္ေအာင္ေလွာ္ခတ္သြား
ေလသည္။ ျမစ္ကမ္းနဲ႔မနီးမေဝးမွာ သူ႔လိုပဲ ငါးဖမ္းေလွေတြကို
ျမင္ေတြ႕ရေနရပါသည္။ တခ်ိဳ႕က လွမ္းႏႈတ္ဆက္ၾကသည္။
”ေဝး ထင္လင္း မင္းအေဖသက္သာရဲ႕လား”
”ဟုတ္ကဲ့ သက္သာပါတယ္ဗ်”
”ေအးေအး မင္းလည္း ဂ႐ုစိုက္ဖမ္းအုန္း ေဟ့ ေရမွာဆိုေတာ့
သတိထားေဟ့ ”
”ဟုတ္ကဲ့ပါ ခင္ဗ်”
သည္႐ြာေလးမွာက အကုန္လုံးလိုလိုက ေဆြမ်ိဳးေတြလိုျဖစ္ေနၿပီ
ေလ။ တစ္ေယာက္အေၾကာင္းတစ္ေယာက္သိေတြပဲကို။
ဒီလိုနဲ႔ ေမာင္ထင္လင္းလည္း လူသူသိပ္ၿပီး အေရာက္ေပါက္မရွိ
သည့္ ေနရာထိ ေလွာ္ခတ္လာခဲ့သည္။ ဒါမွသာ ငါးမ်ားမ်ားရၿပီး
ဖခင္ကို ေဆးကုဖို႔လည္းရ မိမိတို႔စားဝတ္ေနေရးလည္း အဆင္ေျပ
မည္ဟု ေတြးကာ လူသိပ္မေရာက္တဲ့ေနရာအထိထြက္လာခဲ့သည္။
ဟိုးအရင္ကေတာ့ သူထြက္လာခဲ့သည့္ေနရာမွာ တစ္ခါတစ္ရံ
သရဲေျခာက္သည္ဟုလည္း သတင္းသဲ့သဲ့ေတာ့ ၾကားဖူးခဲ့သည္။
ထို႔ေၾကာင့္ အဲ့ဒီေနရာမ်ိဳးမွာ ငါးဖမ္းမည့္သူ မရွိလွေပ။
သူကလည္း သရဲေၾကာက္တတ္သူတစ္ေယာက္ေတာ့မဟုတ္ေပ။
ဒါ့ေၾကာင့္လည္း အရဲစြန္႔ကာ ထြက္လာခဲ့ျခင္းပင္။
”အင္း ဒီေနရာမွာ ပိုက္ခ်ထားရမယ္”
ဟုေတြးကာ ျပင္ဆင္စရာေတြရွိတာ ျပင္ဆင္လိုက္ပါတယ္။
ေနာက္ေတာ့ လုပ္စရာရွိသည့္ ကိစၥေတြအကုန္ၿပီးသြားေတာ့မွ
သာ ေလွေပၚမွာ ခနတျဖဳတ္ ေဆးလိပ္ထိုင္ဖြာရင္း နားေနခဲ့သည္။
ထိုစဥ္မွာပင္
”ဟင္ ဟိုမွာ ေလွတစ္စင္းပါလားဟ ဒီေနရာကို ငါးလာဖမ္းၾက
တာနဲ႔ တူတယ္ ငါတစ္ေယာက္ထဲလို႔ထင္ထားတာ ေအးေလ
ဘာပဲျဖစ္ျဖစ္ အေဖာ္ရတာေပါ့”
ဟုသာ ေတြးလိုက္သည္။
သူျမင္ေနရတာကေတာ့ သူ႔ေလွႏွင့္မနီးမေဝးမွာ ေလွာ္ခတ္လာသည့္
ေလွတစ္စင္းကို ေတြ႕လိုက္ရ၍ျဖစ္သည္။ အေဝးမွာ နည္းနည္းေမွာင္
ေနေလေတာ့ သဲသဲကြဲကြဲေတာ့ သိပ္မေတြ႕ရေပ။
ၾကည့္ေနရင္းႏွင့္ ထိုေလွက အနီးေရာက္လာခဲ့သည္။ ထိုအခါမွ
ေလွေပၚပါလာသူေတြကို ၾကည့္မိလိုက္ေတာ့
”ဟင္”
ဟုသာ ေရ႐ြတ္မိလ်က္သားျဖစ္သြားခဲ့ေလသည္။ ေလွေပၚမွာက
သူတို႔လို ေယာက်ာ္းသားမဟုတ္ပဲ မိန္းကေလး ႏွစ္ေယာက္က
ေလွေလွာ္ခတ္လာျခင္းပင္။ သူတို႔ေတြ႕ေတာ့ သူတို႔ႏွစ္ေယာက္က
ေျပာလိုက္သည္။
”ေဟ့ ေမာင္ေလး ဘာေၾကာင္ၾကည့္ေနတာလည္း”
သူလည္း ႐ုတ္တရက္ဘာေျပာရမွန္းမသိေသာေၾကာင့္
”ဗ်ာ …ဟင္ …ဟို ”
”မင္းက အံ့ၾသေနတာလား ဒီလိုပါကြယ္ မမ တို႔က ဟိုနားကကမ္း
စပ္နားမွာ ေနၾကတာပါ အေဖက ေလွထြက္သြားတယ္ေလ …
ဒါေၾကာင့္ ပ်င္းလို႔ တို႔ညီအစ္မ ေလွလိုက္ေလွာ္ေနၾကတာ”
ဒီေတာ့မွသူလည္း
”ေၾသာ္ ဟုတ္ကဲ့ ညဘက္ႀကီးမွာ အမတို႔ကိုေတြ႕လိုက္ေတာ့ အံ့ၾသ
သြားမိလို႔ပါ”
”ေအးပါ ဟုတ္ပါၿပီ မင္းကို အရင္ကမေတြ႕ဖူးပါဘူး”
ဒီလိုေမးလာေတာ့ သူလည္း အေၾကာင္းစုံေျပာျပလိုက္သည္။
ၿပီးေတာ့ သူတို႔ညီအမကိုၾကည့္ရတာ အမႊာေတြျဖစ္ဖို႔မ်ားသည္။
႐ုပ္ရည္က ဆင္တူတူဟု ေတြးမိလိုက္သည္။ ေဖာ္ေဖာ္ေ႐ြေ႐ြႏွင့္
သေဘာေကာင္းပုံေတာ့ရသည္။
”အရင္က ဒီေနရာမွာ သရဲေျခာက္တယ္လို႔ေတာ့ သဲ့သဲ့ၾကားမိ
တယ္ မင္းကမေၾကာက္ဖူးလား”
”မေၾကာက္တတ္ပါဘူးဗ်ာ သူတို႔ကိုက်ေနာ္က ဘာမွမလုပ္ဖူးေလ
ကိုယ့္ဝမ္းစာအတြက္ ကိုယ္ရွာေနရတာဆိုေတာ့ မေၾကာက္ေတာ့
ပါဘူးဗ်ာ”
”ေအးေပါ့ကြာ ေနာက္ေန႔မင္းပ်င္းရင္ လာလည္ေနာ္ ေဟာဟို ေရွ႕
နားက တဲေလးက အစ္မတို႔တဲပဲ”
”ဟုတ္ကဲ့ က်ေနာ္အားရင္လာခဲ့ပါ့မယ္”
”ေအးေအး မင္းကို ကိုယ့္ေမာင္ေလးလိုခင္လို႔ပါကြယ္ အစ္မတို႔
အေဖနဲ႔လည္း ေတြ႕ရတာေပါ့ ကဲ ကဲ တို႔သြားၿပီေဟ့…”
သူတို႔ထြက္ခြာသြားေတာ့ ေမာင္ထင္လင္းလည္း အေတြးေတြနဲ႔
က်န္ရစ္ခဲ့သည္။ ဒီအစ္မေတြက သေဘာေကာင္းၾကတာပဲ။
ဘာပဲျဖစ္ျဖစ္ ငါ မိတ္ေဆြတိုးတာေပါ့ ဟု ေတြးလိုက္ကာ
အခ်ိန္ကိုခန္႔မွန္းကာ ပိုက္ေတြျပန္ေဖာ္လိုက္သည္။ ဒီေတာ့ သူ
လည္း ေပ်ာ္႐ႊင္သြားမိသည္။ ပြဲဦးထြက္ ငါးဖမ္းထြက္ခဲ့ျခင္းမွာ
ငါးေတာ္ေတာ္မ်ားမ်ားေတာ့ ရလိုက္ေလျခင္းပင္။
အိမ္ျပန္ေရာက္ေတာ့ ညသန္းေခါင္းယံခ်ိန္ေတာင္နီးေနခဲ့ေလၿပီ။
ငါးေတြကို ငါးဒိုင္ေတြဆီသြားပို႔ၿပီးမွ အိမ္ျပန္လာခဲ့သည္။ ငါးဒိုင္
က အခ်ိန္ျပည့္ အၿမဲဖြင့္ထားျခင္းပင္။ ဒါမွသာ ညဘက္ငါးဖမ္း
သူေတြလည္း ဒိုင္မွာ လာသြင္းဖို႔အဆင္ေျပေလသည္။
သူလည္းအိမ္ျပန္ေရာက္ေတာ့ ေရမိုးခ်ိဳးကာ အိပ္ယာဝင္ခဲ့ေတာ့
သည္။ အေဖနဲ႔အေမကိုေတာ့ ထိုညီအစ္မ ႏွစ္ေယာက္နဲ႔ ေတြ႕ခဲ့
သည့္ အေၾကာင္းကိုေတာ့ ေျပာမျပျဖစ္ေတာ့ေပ။
ေနာက္တစ္ညမွာလည္း သူငါးဖမ္းေနၾကေနရာကိုသြားၿပီး ပိုက္ခ်
ထားလိုက္သည္။ ထိုအခါ မေန႔ညက ေတြ႕ခဲ့သည့္ အမႏွစ္ေယာက္
ကို သတိရမိကာ
”အင္း သြားလည္ရင္ေကာင္းမလား ဘယ္လိုလုပ္ရမလည္း မိန္းက
ေလးေတြရွိတဲ့အိမ္ဆိုေတာ့ သင့္ေတာ္ပါ့မလား”
ခ်ီတုန္ခ်တုန္ျဖစ္ေနခဲ့ျခင္းပင္။
”ကိုယ့္အမေတြကို သေဘာထားတာပဲ သူတို႔အေဖလည္းရွိတာပဲ
ခနေတာ့ သြားလည္လိုက္အုန္းမယ္”
ဆိုကာ ဆုံးျဖတ္လိုက္ၿပီး ေလွကိုေလွာ္ကာ ထြက္လာခဲ့လိုက္သည္
ခနေလာက္ေလွာ္ခတ္ၿပီးတဲ့အခါမွာေတာ့ ကမ္းစပ္တစ္ေနရာမွာ
မီးေရာင္ တလက္လက္နဲ႔ တဲေလးတစ္တဲကို ေတြ႕လိုက္ရသည္။
ဒါဟို ညီအစ္မေတြအိမ္ပဲျဖစ္ရမယ္ ဟုေတြးလိုက္ကာ အနားထိ
ေရာက္ေအာင္ ေလွာ္ခတ္လာခဲ့လိုက္ေလသည္။
သူလည္း ထိုတဲနားအေရာက္မွာေတာ့
”ေဝး မေန႔ညကေတြ႕တဲ့ ေမာင္ေလးလား လာ လာ အိမ္ေပၚတက္
ခဲ့ေလ”
”ဟုတ္ကဲ့ က်ေနာ္ပ်င္းလို လာလည္တာခင္ဗ်”
ဆိုကာ ေဖာ္ေ႐ြတဲ့အသံေၾကာင့္ သူလည္း အားတက္သြားၿပီး ေလွ
ကိုႀကိဳးခ်ည္ကာ အိမ္ေပၚတက္ခဲ့ေလသည္။
”လာ ေမာင္ေလ အဖကကေတာ့ ေစာေစာကမွ ေလွထြက္သြား
တယ္ကြယ့္ မင္းလာမယ္ထင္လို႔ အစ္မတို႔ ထမင္းခ်က္ထားတယ္
စားသြားအုန္း”
”ဟာ ေနပါဗ်ာ အားနားစရာ က်ေနာ္စားလာခဲ့ၿပီးပါၿပီဗ်”
ထိုအခါ တစ္ေယာက္က ျပန္ေျပာေလသည္
”မင္းကလည္းကြယ္ ကိုယ့္ေမာင္ႏွမေတြပဲ အားနာမေနနဲ႔ကြယ့္
ကဲ လာ ေအးေဆးထိုင္”
သူတို႔ကိုၾကည့္မိလိုက္ေတာ့ ဆံပင္ရွည္ရွည္နဲ႔ ေခ်ာေခ်ာလွလွ
ေလးေတြပင္။ မီးေရာင္နဲ႔မွ သူလည္းေသခ်ာေတြ႕ရသည္ေလ။
႐ုပ္ရည္ကလည္း ဆင္တူတူပင္။ သူတို႔ပုံစံကလည္း ေဖာ္ေ႐ြကာ
သေဘာေကာင္းေနေတာ့လည္း သူလည္း မျငင္းခ်င္ေတာ့ေပ။
”ကဲ ဒီမွာ အၾကမ္းရည္ေသာက္ႏွင့္ အစ္မတို႔ ထမင္းျပင္လိုက္အုန္း
မယ္ေနာ္”
”ဟုတ္ အားနားစရာဗ်ာ ”
”ကဲပါကြာ ရပါတယ္ ကိုယ့္အစ္မေတြလို႔သဘာထားရင္ထမင္းစား
သြား ဟုတ္ၿပီလား”
ေျပာေျပာဆိုဆိုႏွင့္ အိမ္ေနာက္ဖက္ကို ႏွစ္ေယာက္လုံး ထသြား
ေတာ့သည္။ ဒီေတာ့သူလည္း အိမ္ေရွ႕မွာထိုင္ကာ ဟိုဟိုဒီဒီ
လိုက္ၾကည့္မိသည္။ ဒီေတာ့ သူ႔မ်က္လုံးေတြက ေခါင္းရင္းဘက္
ကို အေရာက္မွာေတာ့ အံ့ၾသသြားကာ စိတ္တြင္းမွ ေ႐ြတ္မိလိုက္
သည္။
”ဟင္ ဘုရားစင္လည္းမရွိပါလား… ေၾသာ္ ဘာသာျခားထင္တယ္”
အံ့ၾသသြားခဲ့ေပမဲ့ သူေတြးလိုက္မိသည့္က တျခားဘာသာဝင္ျဖစ္
လို႔ ဘုရားစင္မရွိေလျခင္းဟုသာ ေတြးမိလိုက္သည္။
”ကဲ ေမာင္ေလးေရ ထမင္းစားလို႔ရၿပီေဟ့”
ဟုေျပာလိုက္ၿပီး ထမင္းစားပြဲနဲ႔ ထမင္းဟင္းေတြကို အိမ္ေရွ႕သို႔
သယ္ယူလာခဲ့ေလသည္။ သူၾကည့္လိုက္ေလေတာ့
ထမင္းဟင္းေတြက အေငြ႕တစ္ေထာင္းေထာင္းထလ်က္ ပူပူေႏြးေႏြး
ေတြပင္။ ဟင္းကေတာ့ ငါးေခါင္းခ်ဥ္ရည္။ ပုဇြန္ေၾကာ္။ ငါးဥေၾကာ္
ႏွင့္ ငါးပိရည္ တို႔စရာ ျဖင့္ စားခ်င္သဖြယ္အတိပင္။
”အံ့ၾသေနတာလားကြယ့္ မင္းမလာခင္ေလးကမွ မင္းလာမယ္
ထင္လို႔ အစ္မတို႔ ခ်က္ထားတာေလ”
”ေၾသာ္ ဒုကၡရွာလို႔ဗ်ာ အားနာလိုက္တာ ေၾသာ္ဒါနဲ႔ က်ေနာ့္နာမည္
ထင္လင္းပါ ဗ် ေျပာဖို႔ေမ့ေနတာ”
ဒီလိုေျပာလိုက္ေတာ့ သူတို႔ႏွစ္ေယာက္က ရီေနၿပီးေတာ့
”ဟုတ္ပါရဲ႕ အစ္မတို႔လည္း ေမးဖို႔ေမ့ေနတာ ေအးေအး အစ္မတို႔
နာမည္လည္း မွတ္ထားအုန္း သႏၲာေ႐ႊ နဲ႔ သႏၲာေငြ တဲ့ အစ္မက
အႀကီး သႏၲာေ႐ႊ သူကအငယ္ သႏၲာေငြ”
”ဟုတ္တယ္ေမာင္ေလးရဲ႕ အစ္မတို႔လည္း မင္းကို ကိုယ့္ေမာင္ေလး
လို ခင္မိတယ္ကြယ္”
ဒီေတာ့သူလည္း မဆိုင္းမတြပင္
”ဟုတ္ကဲ့ က်ေနာ္လည္း ကိုယ့္အစ္မေတြလို႔သေဘာထားပါတယ္”
သူလည္း ထမင္းမစားခင္ ႐ြတ္ဆိုေနၾက ေမတၱာပို႔ႏွင့္ သရဏံဂုဏ္
သုံးပါးကို စိတ္ထဲကေန မ်က္လုံးမွိတ္လ်က္တိုးတိုးေလး႐ြတ္လိုက္
မိပါတယ္။ ဒါကလည္း ေမာင္ထင္လင္းအဖို႔ ျပဳလုပ္ေနၾကျခင္းပါ။
ထိုအခိုက္မွာပင္ ဘာေၾကာင့္မွန္းမသိ ေက်ာထဲစိမ့္ခနဲ တစ္ခ်က္ျဖစ္
သြားမိပါတယ္။
ထို႔ေနာက္ေမာင္ထင္လင္းလည္း ထမင္းစားမယ္ဆိုၿပီး မ်က္လုံးျပန္
ဖြင့္ကာ ထမင္းဝိုင္းကို ၾကည့္လိုက္ေလေတာ့…
”ဟင္ … ဘာေတြလည္းဟ ဘယ္လိုျဖစ္တာလည္း”
သူျမင္လိုက္ရတာကေတာ့ ေစာေစာကေတြ႕သလို ပူပူေႏြးေႏြးနဲ႔
ထမင္းဟင္းေတြ မဟုတ္ေတာ့ပဲ …
ေက်ာက္ခဲေတြသဲေတြ ျဖစ္ေနတာကိုအံ့ၾသဖြယ္ ေတြ႕လိုက္ရပါတယ္
ဒီ့ထက္ဆိုးတာကေတာ့ ေစာေစာကျမင္ေနတဲ့ဟင္းေတြက ဆံပင္
ခ်ည္ေတြကို ေသြးနဲ႔ေရာထားတာေတြ။ ၿပီးေတာ့ ေသြးသံရဲရဲနဲ႔
အူေတြအသည္းေတြကိုလည္း ေတြ႕လိုက္ပါတယ္။
ဒီေတာ့ သူလည္း မေၾကာက္တတ္ဖူးလို႔ထင္ေနေပမဲ့ ဒီလိုျမင္လိုက္
ရတဲ့ အခိုက္တန္႔မွာ ၾကက္သီးေတြတျဖန္းျဖန္းထကာ ရင္ေတြ
တဒုန္းဒုန္းနဲ႔ခုန္လာပါေတာ့တယ္။
”ဒါ…ဒါ ဆို ဟို ဟို ႏွစ္ေယာက္ကေရာ ”
စိတ္ထဲေတြးမိလိုက္ျခင္းပါ။ ဒီေတာ့ ေၾကာက္ေၾကာက္နဲ႔ ေနာက္
လွည့္ၾကည့္လိုက္တဲ့အခါမွာေတာ့ …
”အားး…ဘာႀကီးလည္း ဘာေတြလည္း သြား…သြား…”
ဆိုၿပီး တုန္လႈပ္ေခ်ာက္ျခားကာ အထိတ္တလန္႔ေအာ္ဟစ္လိုက္မိပါ
တယ္။ သူျမင္လိုက္တာကေတာ့ …
လူတစ္ေယာက္ေရနစ္ေသထားသလို ေဖာင္းကားေနတဲ့ပုံစံမ်ိဳးပါ။
ခႏၶာကိုယ္ႀကီးေတြက ေရဝင္ထားၿပီး ေဖာေနသလိုပါပဲ။ မ်က္ႏွာ
ႀကီးေတြကလည္း ေဖာင္းကားၿပီး အစ္ထြက္ေနပါတယ္။ မ်က္လုံး
ႏွစ္လုံးကနီရဲေနၿပီး ျပဴးထြက္ေနတာကိုလည္း ေတြ႕ရပါတယ္။
မီးေရာင္ေအာင္မွာ အသားအရည္ေတြကလည္း ညိဳမည္းၿပီး
ပုတ္ပြေနသလိုလည္း ေတြ႕ေနရေလေတာ့ ……
ေမာင္ထင္လင္းလည္း အသားေတြတဆက္ဆက္ တုန္လာကာ
ေျပးဖို႔ျပင္လိုက္ပါေတာ့တယ္။ ထိုအခိုက္မွာပင္ သူ႔ေနာက္ဖက္ဆီမွ
အသံၾသၾသႀကီးကို ၾကားလိုက္ရပါေတာ့တယ္။
”နင္က ငါတို႔ေစတနာကို ေစာ္ကားတယ္ ငါတို႔က ထမင္းေကြၽးခ်င္
လို႔ လုပ္တာကို နင္က ဘုရားစာ႐ြတ္တယ္ …”
ေၾကာက္႐ြံ႕့ထိတ္လန္႔ဖြယ္ရာ အသံႀကီးပါ။ ထို႔ေနာက္မွာေတာ့
”နင္ မေျပးနဲ႔ နင္ဒီမွာပဲ ေနရမယ္ ဒီမွာပဲ ေနရမယ္ ဟားးဟားး”
ဆိုကာ အသံနက္ႀကီးနဲ႔ ေအာ္ဟစ္ကာ ရယ္ေမာေနပါေတာ့တယ္။
ေမာင္ထင္လင္းလည္း ဘုရားစားေတြ႐ြတ္ကာ ထြက္ေျပးပါေတာ့
တယ္။ ေၾကာက္ေနတာဆိုေတာ့လည္း သူ႐ြတ္လိုက္တဲ့ဘုရားစာ
ေတြက အထစ္ထစ္အေငါ့ေငါ့ အလြဲအလြဲ အေခ်ာ္ေခ်ာ္နဲ႔ေပါ့။
အခုမွ ဒီလို ႀကဳံလိုက္ေတာ့လည္း ေၾကာက္မိတာေပါ့။
သူလည္းထေျပးေရာ အေနာက္ကေန အသံနက္ႀကီးနဲ႔
”နင္ မေျပးနဲ႔ မေျပးနဲ႔ …”
ဟုေအာ္ကာ ထိုသရဲတေစၦ ႏွစ္ေကာင္က ထလိုက္လာပါေတာ့
တယ္။ ေမာင္ထင္လင္းလည္း ေလွေပၚကို အတင္းေျပးတက္ကာ
ခ်ည္ထားတဲ့ႀကိဳးကို အလ်င္အျမန္ျဖည္ကာ ေလွကိုအသားကုန္
ေမာင္းထြက္လာပါေတာ့တယ္။ အေနာက္ကို လွည့္ၾကည့္လိုက္တဲ့
အခါမွာေတာ့ သူနဲ႔ ခပ္လွမ္းလွမ္းကေန
”ေမာင္ေလး ဘယ္သြားတာလည္းကြယ့္ ျပန္လာခဲ့ေလ”
သူေတြ႕ခဲ့ရတဲ့ အစ္မႏွစ္ေယာက္ပုံစံနဲ႔ သူ႔ကိုလွမ္းေခၚေနတာပါ။
အသံခ်ိဳခ်ိဳေလးနဲ႔ သူ႔ကိုလွမ္းေခၚေနခဲ့တာပါ။ ဒါေပမဲ့ သူကလည္း
”သြား …သြား သရဲမေတြ ငါ့ေနာက္လိုက္မလာနဲ႔”
ဆိုၿပီး ေအာ္ဟစ္ကို ေလွကို သာ ႀကဳံးေလွာ္ပါေတာ့တယ္။ ထိုအခါ
မွာေတာ့ ညီအစ္မႏွစ္ေယာက္က ေစာေစာကလို ေရေတြဝင္ကာ
ပုတ္ပြေနတဲ့ ပုံစံေျပာင္းသြားခဲ့ၿပီး။ အသံၾသၾသႀကီးျပန္ျဖစ္ကာ
”နင္လြတ္ေအာင္ေျပး မိရင္ေတာ့ မလြယ္ဘူး ဟား… ဟား…”
သူလည္းအသားကုန္းသာ ေလွာ္ခတ္လာခဲ့ပါေတာ့တယ္။
သူ႔ေနာက္ကေန ေဒါသတႀကီးနဲ႔ေအာ္ဟစ္ေနသံကို ၾကားေနရေလ
ေတာ့ မနားရဲပဲ အျပင္းေလွာ္ခတ္လာပါေတာ့တယ္။
ထို႔ေနာက္မွာေတာ့ သူ႔လို တံငါသမားေတြရွိေနတဲ့ေနရာကို ေရာက္
ေတာ့မွာသာ အေမာလြန္ကာ ေလွေပၚမွာပဲ ပစ္လွဲက်သြားပါေတာ့
တယ္။
…………… …………… ……………
”သား…သား… သတိရၿပီလား”
”ဟင္ အေမ သားဘယ္ေရာက္ေနတာလည္း”
”မင္း အေမာတေကာနဲ႔ ေလွေပၚမွာ လဲက်သြားလို႔ ေမာင္ငယ္တို႔
ကိုဝင္း တို႔က အိမ္ကို လိုက္ပို႔တာေလ”
”ဟုတ္တယ္ ေမာင္ထင္လင္းရဲ႕ ဦးႀကီးတို႔ နားကို မင္းေရာက္လာ
ေတာ့ သတိေမ့သြားေတာ့တာပဲကြ ဘာျဖစ္လာလို႔လည္း”
ေမာင္ထင္လင္းရဲ႕ အေဖ ဦးအုန္းေမာင္ကလည္းေျပာလိုက္ပါတယ္။
”မင္း ပိုက္ေတြလည္း မပါပဲ ေလွကို အျပင္းေလွာ္လာၿပီး လဲက်
သြားတာဆို ဘာျဖစ္လို႔လည္း သားရယ္”
တံငါသည္ ဦးႀကီးေတြက သူလဲက်သြားတာကိုေတြ႕ေတာ့ သူ႔အိမ္
ကို ျပန္ေခၚလာခဲ့ျခင္းပါ။ သူလည္း ေရတစ္ခြက္ေတာင္းေသာက္
လိုက္ၿပီး ျဖစ္ခဲ့ပုံကို ျပန္ေျပာလိုက္ပါတယ္။ သူ႔စကားအဆုံးမွာ
ေတာ့…
”ဟင္ … ဟာ … ေဟာဗ်ာ ျဖစ္မွျဖစ္ရေလ ”
စသျဖင့္ အသံေတြမ်ိဳးစုံသြားခဲ့ပါတယ္။ ေမာင္ထင္လင္းက ေမး
လိုက္ေလသည္။
”ဒါထက္ အေဖ အဲ့ဒါက ဘာေတြလည္းဟင္ အဲ့ဒီေနရာမွာ သရဲ
ေျခာက္တယ္လို႔ေတာ့ အေဖေျပာလို႔သိပါတယ္ ဒါေပမဲ့ ဘာ
ေၾကာင့္လည္းေတာ့ မသိဘူး ေျပာျပပါအုန္း”
”ေအး သားလည္ ေနာက္တစ္ခါ ဆင္ျခင္ႏိုင္ေအာင္ ေျပာျပပါ့မယ္”
ဦးအုန္းေမာင္ ေျပာျပတာကေတာ့ အဲ့ဒီေနရာမွာ လြန္ခဲ့တဲ့ တစ္ႏွစ္
ေက်ာ္ေလာက္က မသႏၲာေ႐ႊ နဲ႔ မသႏၲာေငြဆိုတဲ့ အမႊာညီအမ ႏွစ္
ေယာက္ရွိၾကပါတယ္။ ကမ္းစပ္ေလးမွာ တဲေလးထိုးေနတာေပါ့။
သူတို႔ရဲ႕ အေဖကေတာ့ ငါးဖမ္းပါတယ္။
တစ္ေန႔မွာေတာ့ သူတို႔အေဖက ညဘက္ငါးဖမ္းထြက္ေနတာက
အခ်ိန္တန္လို႔ ျပန္မလာေသးတဲ့အတြက္ ေလွတစ္စီးနဲ႔ လိုက္ရွာ
တာေပါ့။ ဒီလိုလိုက္ရွာတဲ့အခါမွာေတာ့ ညီအစ္မႏွစ္ေယာက္
စေနာက္ေနရင္းကေန ေလွေမွာက္ၿပီးေရထဲ ျပဳတ္က်ခဲ့ပါတယ္။
ႏွစ္ေယာက္စလုံးကလည္း ေရကူးတတ္က်ေပမဲ့ အငယ္မေလး
သႏၲာေငြက ေရကူးေနရင္း ႂကြက္တက္လာတဲ့အတြက္ ဆက္မကူး
ႏိုင္ေတာ့လို႔ အစ္မျဖစ္သူ သႏၲာေ႐ႊက လာေရာက္ကယ္ဆယ္ခဲ့
ရင္း သႏၲာေငြက ေရထဲမွာ ေၾကာက္ေၾကာက္နဲ႔ ဆြဲထားေလေသာ
ေၾကာင့္ ႏွစ္ေယာက္လုံး ေရနစ္ေသခဲ့ၾကရတာပါ။
ေနာက္ပိုင္းမွာေတာ့ အဲ့ဒီေနရာကို ေရာက္လာတဲ့သူေတြကို
ေျခာက္လြန္းေတာ့ ဘယ္သူမွမလာၾကေတာ့ပါဘူး။ တကယ္
ေတာ့ သူတို႔အေဖက ငါးရွာေနရင္းနဲ႔ ငါအရေကာင္းတဲ့အတြက္
အခ်ိန္ၾကာေနခဲ့ျခင္းပါ။ သမီးႏွစ္ေယာက္မရွိတဲ့ အခါမွာေတာ့
အေဖျဖစ္သူကလည္း တံငါအလုပ္ကို စြန္႔လႊတ္ၿပီး ဘုန္းႀကီး
အၿပီးဝတ္သြားခဲ့တာ ခုထိပါပဲ။ အမွ်တန္းေတြ ေပးေဝခဲ့ေပမဲ့
ယခုထိ ကြၽတ္လြတ္ေသးပုံမရေသးပါဘူး။
ဒီေတာ့မွ ေမာင္ထင္လင္းလည္း အေၾကာင္းစုံသိသြားခဲ့ပါေတာ့
တယ္။ ေနာက္မ်ားမွာေတာ့ ထိုေနရာကို လုံးဝမသြားျဖစ္ခဲ့ေတာ့
ပါဘူး။ ေနာက္တစ္ခါသာ ထပ္ႀကဳံရရင္ လိပ္ျပာလြင့္သြားႏိုင္တယ္
ဟုေတြးကာ ေဝးေဝးကေရွာင္ေနပါေတာ့တယ္။
ၿပီးပါၿပီ။
စာဖတ္သူမ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း
ကိုယ္၏က်န္းမာျခင္းႏွင့္ ျပည့္ဝၾကပါေစ…။
မူရင္းေရးသားသူအား ေလးစားစြာ Credit ေပးပါသည္။