အောက်လမ်းတိုက်(စ-ဆုံး)

Posted on

Unicode Version

အောက်လမ်းတိုက်(စ-ဆုံး)
——————————
{ 115 } ပုဒ်မြောက်
ဒါကတော့အသိသူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ပါ
””’ဟဲ့နင်အလုပ်လုပ်တာ—-အတော်နမော်နမဲ့နိုင်ပါလား—-နင့်ကြောင့်ငါတို့အလုပ်နံမည်ပျက်တယ်—-
အလုပ်ကိုစိတ်မဝင်မစားပဲ—–ဘယ်လင်ကိုစိတ်ဝင်စားနေသလဲ—–””’

လူပုံအလယ်တွင်အဆူခံရသောကုန်တိုက်ဝန်ထမ်းမလေးသည်ခေါင်းငုံကာအလွန်ရှက်နေမိသည်။

မန်နေဂျာမသည်အလွန်အပေါက်ဆိုးကာဘဝင်မြင့်သူဖြစ်သည်ကိုကုန်တိုက်တစ်ခုလုံးက

သိထား၍လူမုန်းများသူဖြစ်သည်အခုလဲငွေမှားတွက်မိသောကောင်မလေးအား

ဖေးဖေးမမမရှိပဲလူပုံအလယ်အရှက်ခွဲသလိုဟိန်းဟောက်နေခြင်းဖြစ်သည်။

””’ပြောလိုက်ရင်မျက်ရည်တစ်စမ်းစမ်းနဲ့လုပ်လိုက်ရင်တစ်လွဲတွေ့သမျှလင်ငန်းပြီးနေရင်အကောင်း—–ငါမပြောချင်လို့ကြည့်နေတာ—-စပ်စလူးခါနေကြတယ်””’

မန်နေဂျာမစကားကြောင့်ပတ်ဝန်းကျင်ကလူများကကုန်တိုက်ဝန်ထမ်းမလေးအားဝိုင်း၍ကြည့်နေကြသလို

မန်နေဂျာမအားလည်းကုန်တိုက်ဝန်ထမ်းများကအမြင်ကတ်စွာကြည့်နေကြသည်။

မန်နေဂျာမကပြောပြီးထွက်သွားချိန်တွင်အပြောခံရသောကုန်တိုက်ဝန်ထမ်းကောင်မလေးက

သူ့မနောက်ကျောအားမီဝင်းဝင်းတောက်နေသောမျက်လုံးနှင့်ခံပြင်းစွာကြည့်နေရင်းအံကိုကြိတ်၍တင်းတင်းကိုက်၍ထားသည်။

သူ့ရင်ထဲတွင်လဲမီးတောင်ကြီးတစ်ခုပေါက်ကွဲနေသလိုဖြစ်ကာနာကျည်းမုန်းတီးခြင်းမကျေနပ်ခြင်း

ရှက်ခြင်းရွှံ့ရှာခြင်းများတပြိုင်တည်းခံစားနေရကာလက်သီးကိုကျစ်နေအောင်ဆုပ်ထားရင်း

မျက်ရည်မကျမိအောင်အံကိုတင်း၍ထားလိုက်သည်။

နောက်တနေ့တွင်ထိုဝန်ထမ်းကောင်မလေးသည်အလုပ်မဆင်းတော့ပါ

အလွန်ရှက်သွားဟန်တူပါသည်ဘဝတူလုပ်ဖော်ကိုင်ဘက်များကစိတ်မကောင်းဖြစ်နေကြပေမဲ့

မန်နေဂျာမကတော့သူ့အလုပ်သူလုပ်ကာသူလုပ်တာမှန်သည်ဟုထင်ထားသည်။

တကယ်တော့မန်နေဂျာမသည်ကုန်တိုက်သဌေးသမီးနှင့်သူငယ်ချင်းဖြစ်သောကြောင့်

မန်နေဂျာနေရာရထားခြင်းဖြစ်ကာအလွန်မောက်မာရိုင်းစိုင်းကာဘဝင်မြင့်လေသည်။

ကုန်တိုက်ဝန်ထမ်းများအားလုံးကသဌေးထက်သူမအားပို၍ကြောက်နေရသည်။

မန်နေဂျာမကအပျိုကြီးဖြစ်ကာသူနဲ့တန်သူမရှိဟုယူဆကာဘဝင်မြင့်နေသူဖြစ်သည်။

တလလောက်နေတော့ထိုကိစ္စအားမေ့ပျောက်သွားကြကာပုံမှန်ပြန်ဖြစ်သွားလေသည်။

တနေ့တွင်မန်နေဂျာမသည်အလုပ်ထဲစာရေးရင်းလက်သည်တဆတ်ဆတ်တုန်နေသည်။

အလုပ်လုပ်၍မရပေဒါနဲ့အကြောများဘာဖြစ်သလဲလို့ဆေးခန်းသွားလဲမကောင်းပို၍တုန်ခါလာသည်။

အိမ်မှာနေတော့အကောင်းအလုပ်ထဲရောက်မှလက်ကတုန်ခါနေ၍သူမခံစားနိုင်

ထိုအခါဒေါသတွေဖြစ်နေကာဝုန်းဒိုင်းကျဲနေ၍အလုပ်ထဲမှဝန်ထမ်းကောင်လေးများကဝိုင်းချူပ်၍ထားရာသူမက

”””ငါ့ကိုမကိုင်နဲ့—-ငါ့ကိုမထိကြနဲ့—–နင်တို့နဲ့ငါကတူသလား—-တန်လို့လား—-ဟားးးးဟားးးးးး””’

မန်နေဂျာမရဲ့မူမမှန်သောပုံစံကြောင့်အားလုံးကသဌေးကိုအကြောင်းကြားလိုက်သည်။

ထိုအခါသဌေးသမီးရောက်လာပြီးဖြစ်ကြောင်းကုန်စင်ဝိုင်းပြောကြလေသည်။

အားလုံးကဒီကိစ္စသည်သွေးရိုးသားရိုးမဟုတ်နိုင်ဟုထင်ကြသည်အကောင်းကြီးကနေခုလိုဖြစ်သွားတာဆိုတော့

တစ်ခုခုနှင့်ဆက်နွယ်နေသည်ဟုသဌေးသမီးကယူဆကာမန်နေဂျာမပြော၍အလုပ်ထွက်သွားသော

ကောင်းမလေးလိပ်စာကိုရှာ၍သွားခေါ်ခိုင်းလိုက်သည်တောင်းပန်၍ခေါ်ခိုင်းခြင်းဖြစ်သည်။

သို့ပေမဲ့ထိုကောင်မလေးသည်အရင်လိပ်စာတွင်မနေတော့ပဲနယ်ပြောင်းသွားသည်ဟုသိရသည်။

ဘယ်နယ်မှန်းလဲမသိရပါအစအနဖျောက်သွားလေသည်ဒါနဲ့မန်နေဂျာမအားအိမ်မှာအနားယူခိုင်းလိုက်ရသည်။

ကုတ်တိုက်ကဝန်ထမ်းများကတော့မန်နေဂျာမမရှိတော့၍စိတ်ချမ်းသာနေကြသည်။

မန်နေဂျာမအမေလဲဆရာစုံခေါ်ပြပေမဲ့မန်နေဂျာမရောဂါအခြေအနေသည်ပို၍ဆိုးလာသည်။

အရင်ဘဝင်မြင့်ကာမတူမတန်နေသောသူမသည်အိမ်မှအလစ်တွင်ခိုးထွက်သွားကာကစားကွင်းထဲဝင်၍

ယာင်္ကျားလေးများဘောလုံးကန်နေသည်ကိုသွားထိုင်ကြည့်နေကာတဟေးဟေးတဟားဟား

ဖြင့်လက်ခုတ်လက်ဝါးတီးကာအော်ဟစ်အားပေးနေသည် အိမ်ကလူများလိုက်လာကာအိမ်ပြန်ခေါ်တော့

မလိုက်ပဲဆွဲမနိုင်ထိန်းမနိုင်အရှက်တကွဲဖြစ်ကာအနီးအနားကဆိုက်ကားဆရာများဝိုင်းချူပ်ခိုင်းကာ

အိမ်ပြန်ခေါ်သွားရလေသည်သူမအားမျက်စိအောက်ကအပျောက်မခံကြည့်နေရင်းနှင့်ပင်

အိမ်ရှေ့မှဖြတ်သွားသောယောင်္ကျားလေးများအားပြေးကာဆွဲတတ်လေသည်။

ထို့ကြောင့်အရပ်ထဲကသူများကကွယ်ရာတွင်သူမအားလင်တရူးဟုခေါ်ကြလေသည်။

တဖြေးဖြေးအခြေအနေသည်ပို၍ဆိုးလာကာပရောဂါကုသောဆရာများအားခေါ်ပြတော့လဲ

လုပ်ထားသည့်ပညာသည်အစွမ်းထက်သဖြင့်မနိုင်၍ပြန်ပြေးသွားကြလေသည်။

ဒီလိုနဲ့ထိန်းမနိုင်သိမ်းမရဖြစ်လာသောအခါနောက်ဆုံးအရူးထောင်သို့ပို့လိုက်ရသည်။

၍သိုဖြင့်အရူးထောင်နှင့်အိမ်ကူချည်သန်းချည်ဖြစ်နေသည်မိဘများလဲရှက်လွန်း၍

အိမ်ထဲကအိမ်ပြင်တောင်မထွက်ရဲပေအလွန်စိတ်ညစ်နေသည်

သူမမိဘများကလဲသမီးကလေးတစ်ယောက်ထဲရှိသဖြင့်အလွန်သောကရောက်ကာခေါင်းမီးတောက်လျှက်ရှိသည်။

တစ်နေ့အရပ်ထဲကမိတ်ဆွေရဲ့အသိတစ်ယောက်ကအထက်လမ်းဘိုးတော်တစ်ယောက်အား

လိပ်စာပေး၍သူမမိဘများသွားမေးကြလေသည်နောက်ဆုံးမျှော်လင့်ချက်ကလေးဖြစ်သည်။

ထိုဘိုးတော်ဆီရောက်သွားတော့ဘိုးတော်သည်ပုတီးသမားဖြစ်ကာအာရုံခံ၍ဟောပေးခြင်းဖြစ်သည်။

အနယ်နယ်အရပ်ရပ်ကတန်ခိုးကြီးဘုရားများတွင်အဓိဌာန်ပုတီးလိုက်စိပ်ရင်းကုသိုလ်ယူနေသူဖြစ်သည်။

ဘိုးတော်ဥပတိရုပ်သည်တည်ငြိမ်အေးဆေးပုံရကာအသက်၆၀လောက်ရှိ၍

လည်ပင်းတွင်ပုတီးကြီးတစ်ကုံးဆွဲထားလေသည်ဘိုးတော်ကသူတို့ပြောတာနားထောင်ကာအာရုံခံကြည့်လိုက်သည်။

”””မင်းတို့သမီးကို——-သူများကအမြင်ကတ်လို့လုပ်တာကွ—-မင်းတို့သမီးကလူပုံအလယ်အရှက်ခွဲလို့လုပ်တာဘဲ”””

”””ကျွန်တော်တို့သမီးကလေးကိုကယ်ပါအုံးဆရာ—–ဘာလုပ်ရလုပ်ရလုပ်ပေးပါမယ်——” ”

””’အေးကွငါအနောက်မယ်တော်ကိုမေးကြည့်အုန်းမယ်—-ရေယာဉ်ကတော်ကစုန်းကဝေတွေကိုအကုန်နိုင်တယ်ကွ—–နတ်တွေကသူတို့ကိုမစော်ကားရင်အကူအညီတောင်းရင်ကူညီပေးတယ်—–””’

ဘိုးတော်ကမျက်စိမှိတ်ကာငြိမ်သက်၍ခေါင်းတဆတ်ဆတ်ြငြိမ့်နေရင်းသူတို့လင်မယားအားပြောလိုက်သည်။

””’အနောက်မယ်တော်ခေါ်အမေရေယာဉ်ကပြောတယ်ကွ
မင်းတို့သမီးကိုလုပ်သူဟာ——နယ်နယ်ရရမဟုတ်ဘူးတဲ့ကွ———၁၂ကြိုးစုန်းတတ်တဲ့သူတဲ့ကွ——-အလွန်အစွမ်းထက်နေပြီတဲ့——သူများကငွေပေးခိုင်းလို့လုပ်ပေးတာတဲ့”

””’ မင်းတို့သမီးကိုအရှက်ကွဲအောင်—–လင်းတရူးဖြစ်ပြီးသေအောင်လုပ်တာကွ——-”””

”””ကဲကဲအထက်ဘိုးတော်တွေနဲ့ကုကြည့်ရမှာပေါ့အဓိကကဘုရားပါဘဲဘုရားကုပေါ့ကွာ——မင်းတို့သမီးက—–နောက်ဆုံးအခြေအနေကိုတော့ရောက်နေပြီ——-ကံကလဲနိမ့်ပြီးပျက်ကိန်းထဲရောက်နေပြီကွ”””’

”’ တတ်နိုင်သလောက်ကယ်ပေးပါဆရာ—–အရူးထောင်ကသွားခေါ်ခဲ့ပါ့မယ်””

””’အေးလေသတ္တဝါတခု—-ကံတခုပေါ့ကွာ—-ကယ်ကြည့်တာပေါ့”””

ဒါနဲ့မန်နေဂျာမအဖေနဲ့အမေလဲအလွန်ဝမ်းသာသွားကြကာမန်နေဂျာမအားအရူးထောင်မှပြန်ခေါ်လာကြသည်။

လမ်းတွင်ကားရပ်ထားတုံးကားပေါ်မှဆင်းပြေးရာနောက်ကအရှိန်နှင့်လာသောကားသည်

သူမအားဝင်တိုက်၍နေရာတွင်ပင်ပွဲခြင်းပြီးသေဆုံးသွားလေသည်။

ရှေးလူကြီးများပြောစကားအရနှုတ်ကြောင့်သေလက်ကြောင့်ကြေဆိုသည့်အတိုင်း

မိမိနှုတ်ကြောင့်အသက်ပြန်ပေးလိုက်ရသည့်အဖြစ်ပင်ဖြစ်ပါသည်။

တချို့သူများသူတစ်ပါးအားမတူမတန်ဆက်ဆံတတ်၍ဆင်ခြင်နိုင်ရန်တင်ပြပေးပါသည်။

ပြီး

D Moe Moe

Zawgyi Version

ေအာက္လမ္းတိုက္(စ-ဆုံး)
——————————
{ 115 } ပုဒ္ေျမာက္
ဒါကေတာ့အသိသူတစ္ေယာက္ရဲ႕ျဖစ္ရပ္မွန္ပါ
””’ဟဲ့နင္အလုပ္လုပ္တာ—-အေတာ္နေမာ္နမဲ့ႏိုင္ပါလား—-နင့္ေၾကာင့္ငါတို႔အလုပ္နံမည္ပ်က္တယ္—-
အလုပ္ကိုစိတ္မဝင္မစားပဲ—–ဘယ္လင္ကိုစိတ္ဝင္စားေနသလဲ—–””’

လူပုံအလယ္တြင္အဆူခံရေသာကုန္တိုက္ဝန္ထမ္းမေလးသည္ေခါင္းငုံကာအလြန္ရွက္ေနမိသည္။

မန္ေနဂ်ာမသည္အလြန္အေပါက္ဆိုးကာဘဝင္ျမင့္သူျဖစ္သည္ကိုကုန္တိုက္တစ္ခုလုံးက

သိထား၍လူမုန္းမ်ားသူျဖစ္သည္အခုလဲေငြမွားတြက္မိေသာေကာင္မေလးအား

ေဖးေဖးမမမရွိပဲလူပုံအလယ္အရွက္ခြဲသလိုဟိန္းေဟာက္ေနျခင္းျဖစ္သည္။

””’ေျပာလိုက္ရင္မ်က္ရည္တစ္စမ္းစမ္းနဲ႔လုပ္လိုက္ရင္တစ္လြဲေတြ႕သမွ်လင္ငန္းၿပီးေနရင္အေကာင္း—–ငါမေျပာခ်င္လို႔ၾကည့္ေနတာ—-စပ္စလူးခါေနၾကတယ္””’

မန္ေနဂ်ာမစကားေၾကာင့္ပတ္ဝန္းက်င္ကလူမ်ားကကုန္တိုက္ဝန္ထမ္းမေလးအားဝိုင္း၍ၾကည့္ေနၾကသလို

မန္ေနဂ်ာမအားလည္းကုန္တိုက္ဝန္ထမ္းမ်ားကအျမင္ကတ္စြာၾကည့္ေနၾကသည္။

မန္ေနဂ်ာမကေျပာၿပီးထြက္သြားခ်ိန္တြင္အေျပာခံရေသာကုန္တိုက္ဝန္ထမ္းေကာင္မေလးက

သူ႔မေနာက္ေက်ာအားမီဝင္းဝင္းေတာက္ေနေသာမ်က္လုံးႏွင့္ခံျပင္းစြာၾကည့္ေနရင္းအံကိုႀကိတ္၍တင္းတင္းကိုက္၍ထားသည္။

သူ႔ရင္ထဲတြင္လဲမီးေတာင္ႀကီးတစ္ခုေပါက္ကြဲေနသလိုျဖစ္ကာနာက်ည္းမုန္းတီးျခင္းမေက်နပ္ျခင္း

ရွက္ျခင္း႐ႊံ႕ရွာျခင္းမ်ားတၿပိဳင္တည္းခံစားေနရကာလက္သီးကိုက်စ္ေနေအာင္ဆုပ္ထားရင္း

မ်က္ရည္မက်မိေအာင္အံကိုတင္း၍ထားလိုက္သည္။

ေနာက္တေန႔တြင္ထိုဝန္ထမ္းေကာင္မေလးသည္အလုပ္မဆင္းေတာ့ပါ

အလြန္ရွက္သြားဟန္တူပါသည္ဘဝတူလုပ္ေဖာ္ကိုင္ဘက္မ်ားကစိတ္မေကာင္းျဖစ္ေနၾကေပမဲ့

မန္ေနဂ်ာမကေတာ့သူ႔အလုပ္သူလုပ္ကာသူလုပ္တာမွန္သည္ဟုထင္ထားသည္။

တကယ္ေတာ့မန္ေနဂ်ာမသည္ကုန္တိုက္သေဌးသမီးႏွင့္သူငယ္ခ်င္းျဖစ္ေသာေၾကာင့္

မန္ေနဂ်ာေနရာရထားျခင္းျဖစ္ကာအလြန္ေမာက္မာ႐ိုင္းစိုင္းကာဘဝင္ျမင့္ေလသည္။

ကုန္တိုက္ဝန္ထမ္းမ်ားအားလုံးကသေဌးထက္သူမအားပို၍ေၾကာက္ေနရသည္။

မန္ေနဂ်ာမကအပ်ိဳႀကီးျဖစ္ကာသူနဲ႔တန္သူမရွိဟုယူဆကာဘဝင္ျမင့္ေနသူျဖစ္သည္။

တလေလာက္ေနေတာ့ထိုကိစၥအားေမ့ေပ်ာက္သြားၾကကာပုံမွန္ျပန္ျဖစ္သြားေလသည္။

တေန႔တြင္မန္ေနဂ်ာမသည္အလုပ္ထဲစာေရးရင္းလက္သည္တဆတ္ဆတ္တုန္ေနသည္။

အလုပ္လုပ္၍မရေပဒါနဲ႔အေၾကာမ်ားဘာျဖစ္သလဲလို႔ေဆးခန္းသြားလဲမေကာင္းပို၍တုန္ခါလာသည္။

အိမ္မွာေနေတာ့အေကာင္းအလုပ္ထဲေရာက္မွလက္ကတုန္ခါေန၍သူမခံစားႏိုင္

ထိုအခါေဒါသေတြျဖစ္ေနကာဝုန္းဒိုင္းက်ဲေန၍အလုပ္ထဲမွဝန္ထမ္းေကာင္ေလးမ်ားကဝိုင္းခ်ဴပ္၍ထားရာသူမက

”””ငါ့ကိုမကိုင္နဲ႔—-ငါ့ကိုမထိၾကနဲ႔—–နင္တို႔နဲ႔ငါကတူသလား—-တန္လို႔လား—-ဟားးးးဟားးးးးး””’

မန္ေနဂ်ာမရဲ႕မူမမွန္ေသာပုံစံေၾကာင့္အားလုံးကသေဌးကိုအေၾကာင္းၾကားလိုက္သည္။

ထိုအခါသေဌးသမီးေရာက္လာၿပီးျဖစ္ေၾကာင္းကုန္စင္ဝိုင္းေျပာၾကေလသည္။

အားလုံးကဒီကိစၥသည္ေသြး႐ိုးသား႐ိုးမဟုတ္ႏိုင္ဟုထင္ၾကသည္အေကာင္းႀကီးကေနခုလိုျဖစ္သြားတာဆိုေတာ့

တစ္ခုခုႏွင့္ဆက္ႏြယ္ေနသည္ဟုသေဌးသမီးကယူဆကာမန္ေနဂ်ာမေျပာ၍အလုပ္ထြက္သြားေသာ

ေကာင္းမေလးလိပ္စာကိုရွာ၍သြားေခၚခိုင္းလိုက္သည္ေတာင္းပန္၍ေခၚခိုင္းျခင္းျဖစ္သည္။

သို႔ေပမဲ့ထိုေကာင္မေလးသည္အရင္လိပ္စာတြင္မေနေတာ့ပဲနယ္ေျပာင္းသြားသည္ဟုသိရသည္။

ဘယ္နယ္မွန္းလဲမသိရပါအစအနေဖ်ာက္သြားေလသည္ဒါနဲ႔မန္ေနဂ်ာမအားအိမ္မွာအနားယူခိုင္းလိုက္ရသည္။

ကုတ္တိုက္ကဝန္ထမ္းမ်ားကေတာ့မန္ေနဂ်ာမမရွိေတာ့၍စိတ္ခ်မ္းသာေနၾကသည္။

မန္ေနဂ်ာမအေမလဲဆရာစုံေခၚျပေပမဲ့မန္ေနဂ်ာမေရာဂါအေျခအေနသည္ပို၍ဆိုးလာသည္။

အရင္ဘဝင္ျမင့္ကာမတူမတန္ေနေသာသူမသည္အိမ္မွအလစ္တြင္ခိုးထြက္သြားကာကစားကြင္းထဲဝင္၍

ယာက်ၤားေလးမ်ားေဘာလုံးကန္ေနသည္ကိုသြားထိုင္ၾကည့္ေနကာတေဟးေဟးတဟားဟား

ျဖင့္လက္ခုတ္လက္ဝါးတီးကာေအာ္ဟစ္အားေပးေနသည္ အိမ္ကလူမ်ားလိုက္လာကာအိမ္ျပန္ေခၚေတာ့

မလိုက္ပဲဆြဲမႏိုင္ထိန္းမႏိုင္အရွက္တကြဲျဖစ္ကာအနီးအနားကဆိုက္ကားဆရာမ်ားဝိုင္းခ်ဴပ္ခိုင္းကာ

အိမ္ျပန္ေခၚသြားရေလသည္သူမအားမ်က္စိေအာက္ကအေပ်ာက္မခံၾကည့္ေနရင္းႏွင့္ပင္

အိမ္ေရွ႕မွျဖတ္သြားေသာေယာက်ၤားေလးမ်ားအားေျပးကာဆြဲတတ္ေလသည္။

ထို႔ေၾကာင့္အရပ္ထဲကသူမ်ားကကြယ္ရာတြင္သူမအားလင္တ႐ူးဟုေခၚၾကေလသည္။

တေျဖးေျဖးအေျခအေနသည္ပို၍ဆိုးလာကာပေရာဂါကုေသာဆရာမ်ားအားေခၚျပေတာ့လဲ

လုပ္ထားသည့္ပညာသည္အစြမ္းထက္သျဖင့္မႏိုင္၍ျပန္ေျပးသြားၾကေလသည္။

ဒီလိုနဲ႔ထိန္းမႏိုင္သိမ္းမရျဖစ္လာေသာအခါေနာက္ဆုံးအ႐ူးေထာင္သို႔ပို႔လိုက္ရသည္။

၍သိုျဖင့္အ႐ူးေထာင္ႏွင့္အိမ္ကူခ်ည္သန္းခ်ည္ျဖစ္ေနသည္မိဘမ်ားလဲရွက္လြန္း၍

အိမ္ထဲကအိမ္ျပင္ေတာင္မထြက္ရဲေပအလြန္စိတ္ညစ္ေနသည္

သူမမိဘမ်ားကလဲသမီးကေလးတစ္ေယာက္ထဲရွိသျဖင့္အလြန္ေသာကေရာက္ကာေခါင္းမီးေတာက္လွ်က္ရွိသည္။

တစ္ေန႔အရပ္ထဲကမိတ္ေဆြရဲ႕အသိတစ္ေယာက္ကအထက္လမ္းဘိုးေတာ္တစ္ေယာက္အား

လိပ္စာေပး၍သူမမိဘမ်ားသြားေမးၾကေလသည္ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ကေလးျဖစ္သည္။

ထိုဘိုးေတာ္ဆီေရာက္သြားေတာ့ဘိုးေတာ္သည္ပုတီးသမားျဖစ္ကာအာ႐ုံခံ၍ေဟာေပးျခင္းျဖစ္သည္။

အနယ္နယ္အရပ္ရပ္ကတန္ခိုးႀကီးဘုရားမ်ားတြင္အဓိဌာန္ပုတီးလိုက္စိပ္ရင္းကုသိုလ္ယူေနသူျဖစ္သည္။

ဘိုးေတာ္ဥပတိ႐ုပ္သည္တည္ၿငိမ္ေအးေဆးပုံရကာအသက္၆၀ေလာက္ရွိ၍

လည္ပင္းတြင္ပုတီးႀကီးတစ္ကုံးဆြဲထားေလသည္ဘိုးေတာ္ကသူတို႔ေျပာတာနားေထာင္ကာအာ႐ုံခံၾကည့္လိုက္သည္။

”””မင္းတို႔သမီးကို——-သူမ်ားကအျမင္ကတ္လို႔လုပ္တာကြ—-မင္းတို႔သမီးကလူပုံအလယ္အရွက္ခြဲလို႔လုပ္တာဘဲ”””

”””ကြၽန္ေတာ္တို႔သမီးကေလးကိုကယ္ပါအုံးဆရာ—–ဘာလုပ္ရလုပ္ရလုပ္ေပးပါမယ္——” ”

””’ေအးကြငါအေနာက္မယ္ေတာ္ကိုေမးၾကည့္အုန္းမယ္—-ေရယာဥ္ကေတာ္ကစုန္းကေဝေတြကိုအကုန္ႏိုင္တယ္ကြ—–နတ္ေတြကသူတို႔ကိုမေစာ္ကားရင္အကူအညီေတာင္းရင္ကူညီေပးတယ္—–””’

ဘိုးေတာ္ကမ်က္စိမွိတ္ကာၿငိမ္သက္၍ေခါင္းတဆတ္ဆတ္ျၿငိမ့္ေနရင္းသူတို႔လင္မယားအားေျပာလိုက္သည္။

””’အေနာက္မယ္ေတာ္ေခၚအေမေရယာဥ္ကေျပာတယ္ကြ
မင္းတို႔သမီးကိုလုပ္သူဟာ——နယ္နယ္ရရမဟုတ္ဘူးတဲ့ကြ———၁၂ႀကိဳးစုန္းတတ္တဲ့သူတဲ့ကြ——-အလြန္အစြမ္းထက္ေနၿပီတဲ့——သူမ်ားကေငြေပးခိုင္းလို႔လုပ္ေပးတာတဲ့”

””’ မင္းတို႔သမီးကိုအရွက္ကြဲေအာင္—–လင္းတ႐ူးျဖစ္ၿပီးေသေအာင္လုပ္တာကြ——-”””

”””ကဲကဲအထက္ဘိုးေတာ္ေတြနဲ႔ကုၾကည့္ရမွာေပါ့အဓိကကဘုရားပါဘဲဘုရားကုေပါ့ကြာ——မင္းတို႔သမီးက—–ေနာက္ဆုံးအေျခအေနကိုေတာ့ေရာက္ေနၿပီ——-ကံကလဲနိမ့္ၿပီးပ်က္ကိန္းထဲေရာက္ေနၿပီကြ”””’

”’ တတ္ႏိုင္သေလာက္ကယ္ေပးပါဆရာ—–အ႐ူးေထာင္ကသြားေခၚခဲ့ပါ့မယ္””

””’ေအးေလသတၱဝါတခု—-ကံတခုေပါ့ကြာ—-ကယ္ၾကည့္တာေပါ့”””

ဒါနဲ႔မန္ေနဂ်ာမအေဖနဲ႔အေမလဲအလြန္ဝမ္းသာသြားၾကကာမန္ေနဂ်ာမအားအ႐ူးေထာင္မွျပန္ေခၚလာၾကသည္။

လမ္းတြင္ကားရပ္ထားတုံးကားေပၚမွဆင္းေျပးရာေနာက္ကအရွိန္ႏွင့္လာေသာကားသည္

သူမအားဝင္တိုက္၍ေနရာတြင္ပင္ပြဲျခင္းၿပီးေသဆုံးသြားေလသည္။

ေရွးလူႀကီးမ်ားေျပာစကားအရႏႈတ္ေၾကာင့္ေသလက္ေၾကာင့္ေၾကဆိုသည့္အတိုင္း

မိမိႏႈတ္ေၾကာင့္အသက္ျပန္ေပးလိုက္ရသည့္အျဖစ္ပင္ျဖစ္ပါသည္။

တခ်ိဳ႕သူမ်ားသူတစ္ပါးအားမတူမတန္ဆက္ဆံတတ္၍ဆင္ျခင္ႏိုင္ရန္တင္ျပေပးပါသည္။

ၿပီး

D Moe Moe