အစိမ်းသေကျွတ်ချိန်တန်သောအခါဝယ် (စ-ဆုံး)

Posted on

Unicode Version

အစိမ်းသေကျွတ်ချိန်တန်သောအခါဝယ် (စ-ဆုံး)
**** ကိုယ်တွေ့ဖြစ်ရပ်မှန်*****
ကိုယ်တို့ငယ်ငယ်တုန်းကကိုယ်တို့နေသောရပ်ကွက်အတွင်း ဓတ်လိုက်ကာသေသွားသော
အမကြီးတဦးရှိလေသည်။သူသည်ရေချိုးခါနီးရေစက်ပိတ်ရာမှဓတ်လိုက်ကာ
သေဆုံးသွားသောကြောင့်ထမီရင်ရှားနှင့်သေလေသည်သူမသည်ရုပ်ရေချောမောသဖြင့်
ရပ်ကွက်ထဲကလူများကယူကြုံးမရဖြစ်ကြလေသည်။
သူမသေတော့အပျိုအရွယ်ငယ်ငယ်ချောချောလေးဆိုတော့အားလုံးကသနားနေကြသည်။
သူမအသုဘသည်အလွန်စည်ကားကာပန်းများနှင့်သူမအလောင်းအားအလှဆင်ထားသည်မှာ
မြင်သူတိုင်းကစိတ်မကောင်းဖြစ်ကြသည်။
သုသာန်တွင်အသုဘလာပို့ကြသူများကသူမအလောင်းအားစိတ်ဝင်တစားလာကြည့်ကြသည်မှာ
ခန်းမအပြည့်ဖြစ်၍နေသည်။သူမအကြောင်းကစိတ်ဝင်စားစရာကောင်းနေသည်။
ဓတ်ပုံများvideoမှတ်တမ်းများရိုက်ကာသူမမိသားစုကဖြေမဆည်နိုင်ဖြစ်နေသည်။
သူမဆုံးပြီးကတည်းကညဘက်များတွင်သူမတို့အိမ်ဘေးကလမ်းမှဖြတ်သွားသူများအားခြောက်လှန့်
သည်ဟုနံမည်ကြီးနေသည်။သူမမိသားစုကပကာသနမက်သောကြောင့်
သူမအတွက်အလူလုပ်ရာတွင်တခြားနံမည်ကြီးနေရာများတွင်သွားလုပ်၍ပဲလားမသိပါ
သူမကကျွတ်ပုံမရပါသူမသေတုန်းကအတိုင်းထဘီရင်ရှားနှင့်ဆံပင်ဖားလျှားချထားသည့်အတိုင်း
အားလုံးကမြင်ကြရလေသည်။
ရပ်ကွက်ထဲကလူများကညဘက်ဆိုသူမအိမ်ဘေးလမ်းကရှောင်သွားကြလေသည်။
ကိုယ်တို့ကလေးတသိုက်ကတော့သိပ်ပြီးကြောက်ရကောင်းမှန်းမသိပါ
တညမှာတော့ကိုယ်တို့ကလေးတသိုက်သည်ကိုယ်တို့ရပ်ကွက်နားက
တနှစ်တခါကျင်းပမြဲဖြစ်သောဘုရားပွဲဈေးသို့သွားကြလေသည်။
မျက်လှည့်ဝင်ကြည့်နေ၍မိုးအတော်ချုပ်သွားသည်အချိန်ကည၉နာရီကျော်ပြီ
ဒါနဲ့ကိုယ်တို့ကလေးများအားဦးဆောင်ခေါ်လာသောဦးလေးနှင့်အိမ်ပြန်ကြသည်။
ကလေးများကဘုရားပွဲကအတွေ့အကြုံများတယောက်တပေါက်ပြောရင်းဆူညံစွာလိုက်လာလေသည်။
ရပ်ကွက်ထဲကအစိမ်းသေအမကြီးတို့လမ်းထဲဝင်လိုက်သည်ဆိုတာနဲ့
ဆွဲဆွဲငင်ငင်အူလိုက်သောခွေးအူသံကြောင့်ကိုယ်တို့ကလေးများအားလုံးအသံတိတ်သွားကြသည်။
ဦးလေးနောက်အမြန်ရှောက်လာကြရင်းအစိမ်းသေအမကြီးအိမ်ဘေးသို့ရောက်လာလေသည်။
သူမအိမ်ဘေးကရေကန်နားကအဖြတ်ရေသံကြား၍ကျက်သီးများထသွားကာလှည့်ကြည့်လိုက်သည့်အခါမှာတော့
ရေကန်ဘောင်ပေါ်တွင်ခြေထောက်တွဲလောင်းချကာထိုင်နေသော
သူမအားထမီရင်ရှားနှင့်ဆံပင်များလေထဲလွင့်နေတာကိုမြင်ရလေသည်။
ထိုအခါကိုယ်တို့ကလေးတသိုက်သည်
”’သရဲ——–သရဲ—–””
ဟုအော်ကာပြေးလိုက်ကြသည်မှာရပ်ကွက်အတွင်းကလူများအလန့်တကြားဖြစ်ကုန်ကြလေသည်။
ဒီသတင်းသည်သူမတို့မိသားစုအိမ်သို့ပေါက်ကြားသွားကာသူမတို့မိသားစုက
အလွန်စိတ်ဆိုးနေကြသည်ကလေးများပေါက်ကရပြောသည်သူတို့သမီးအား
သိက္ခာချသည်ဟုဆိုလေသည်နောက်တခါသတင်းကြားပါကရပ်ကွက်ရုံးတိုင်မည်ဆို၍
ရပ်ကွက်ကလူများကအမြင်ကပ်ကာဘာမှမပြောတော့ပါ
တညတွင်ကားလိုက်နေသောအကိုကြီးတစ်ယောက်သည်မိုးအတော်ချုပ်မှ
သူမတို့အိမ်ဘေးလမ်းကပြန်လာကာသူ့အိမ်အတွက်ဝက်ဆီဖတ်တထုပ်ဝယ်လာလေသည်။
သူမတို့အိမ်ဘေးရေကန်နားရောက်တော့ခပ်သွက်သွက်ရှောက်လာရာ
သူ့နောက်ကျောမှခြေသံကြားကာကျောချမ်းသွားလေသည်
သူသည်နောက်ကျောမလုံသလိုခံစားရကာ
သူ့ဝက်ဆီဖတ်ထုပ်အားနောက်ကတယောက်ယောက်ကစောင့်ဆွဲသလိုဖြစ်သွားလေသည်။
ထိုအခါသတိရှိသောသူကဝက်ဆီဖတ်ထုပ်အားတင်းတင်းဆုပ်ကိုင်ကာနောက်သိုရတ်တရက်လှည့်ကြည့်လိုက်လေသည်။
သြူမင်လိုက်ရသည်ကတဘီရင်ရှားနှင့်ဆံပင်ဖားလျှားချထားသောသူမသည်
သူ့နောက်ခပ်ခွာခွာတွင်ရပ်နေကာလက်တဖက်သည်ရှည်ထွက်လာကာ
သူ့ဝက်ဆီဖတ်ထုတ်အားလှမ်းဆွဲလိုက်သည်။
သူလဲဖနောင့်နှင့်တင်ပါးတသားတည်းကျကာပြေးလိုက်တာဝက်ဆီဖတ်ထုတ်တောင်ဘယ်ကျခဲ့မှန်းမသိပါ။
ရပ်ကွက်ထဲကသူများကသူမအဖြစ်ကိုသနားကြပေမဲ့ဘဝင်လေဟပ်နေသော
သူမမိသားစုအားမပြောကြတော့ပေ။
တနေ့တွင်ညသန်ခေါင်လောက်ရပ်ကွက်အတွင်းကလူတစ်ယောက်ခရီးကပြန်လာရာ
သူမအိမ်ဘေးရေကန်နားအရောက်ရေသံကြားတော့ကြည့်လိုက်မိသည့်အခါ
ရေကန်ဘောင်ပေါ်မက်တပ်ရပ်နေသောထမီရင်ရှားနှင့်သူမအားမြင်လိုက်ရလေသည်။
ထိုအခါခေါင်နပန်းများကြီးသွားကာရှေ့ဆက်ရှောက်ရမလိုနောက်ပြန်ပြေးရမလိုဖြစ်ကာ
ကြက်သေသေသွားလေသည်ထိုအချိန်တွင်သူမကရေကန်ပေါ်ကလေထဲဝဲကာဆင်းလာတာလဲ
တွေ့ရောပြေးလိုက်တာဆိုတာအိမ်ဘယ်လိုပြန်ရောက်သွားမှန်းပင်မသိပါ။
သူမသတင်းကတရပ်ကွက်လုံးကြောက်စရာသတင်းဖြစ်နေသည်။
ရပ်ကွက်ထဲကလူများညဘက်သူမအိမ်ဘေးကလမ်းကမသွားကြတော့ပါ
အခြားလမ်းကရှောင်သွားကြလေသည်။
တရက်မှာတော့ကိုယ်တို့အိမ်တွင်ရဟန္တာဟုသမုတ်ခံထားကြသောဘုန်းကြီးတပါးအား
နေ့ဆွမ်းကပ်လေသည်တရပ်ကွက်လုံးလဲဖိတ်ကာအလူလုပ်လေသည်။
ထိုအခါသူမအမေသည်ဘုန်းကြီးလာဖူးလေသည်။
သူမဝင်လာတာနဲ့ဆရာတော်ကြီးက
”’ဒကာမကြီးနောက်မှာပါလာတဲ့ထဘီရင်ရှားနဲ့ကလေးမလဲလာအထဲဝင်
အဖြစ်ကလဲဆိုးလိုက်တာကွယ်ဒီဘဝကလွတ်အောင်ကူညီပေးမယ်””’
ထိုသို့လဲဆရာတော်ကြီးပြောလိုက်တော့မှသူမအမေသည်ဝမ်းနဲပက်လက်ငိုလေသည်။
သူ့သမီးကလေးအားဒီဘဝကကျွတ်အောင်လုပ်ပေးပါရန်ငိုယိုတောင်းပန်ကာ
ဆရာတော်ကြီးအားရှောက်လေသည်။
ဒါနဲ့ဆရာတော်ကြီးကင်္သကန်းတစုံးပြေးဝယ်ခိုင်းကာင်္သကန်းကပ်ခိုင်း၍
တရားပေးရေစက်ချအမျှဝေကာသူမအားနံမည်ခေါ်၍သာဓုခေါ်ခိုင်းလေသည်။
ခဏအကြာတွင်သင်းပျံ့ပျံ့အမွှေးနံကိုထူးဆန်းစွာရကြလေသည်။
အဲဒီကထဲကသူမခြောက်တာမကြားရတော့ပါ။
ပြီး
DMoeMoe

Zawgyi Version

အစိမ္းေသကြၽတ္ခ်ိန္တန္ေသာအခါဝယ္ (စ-ဆံုး)
**** ကိုယ္ေတြ႕ျဖစ္ရပ္မွန္*****
ကိုယ္တို႔ငယ္ငယ္တုန္းကကိုယ္တို႔ေနေသာရပ္ကြက္အတြင္း ဓတ္လိုက္ကာေသသြားေသာ
အမႀကီးတဦးရွိေလသည္။သူသည္ေရခ်ိဳးခါနီးေရစက္ပိတ္ရာမွဓတ္လိုက္ကာ
ေသဆုံးသြားေသာေၾကာင့္ထမီရင္ရွားႏွင့္ေသေလသည္သူမသည္႐ုပ္ေရေခ်ာေမာသျဖင့္
ရပ္ကြက္ထဲကလူမ်ားကယူႀကဳံးမရျဖစ္ၾကေလသည္။
သူမေသေတာ့အပ်ိဳအ႐ြယ္ငယ္ငယ္ေခ်ာေခ်ာေလးဆိုေတာ့အားလုံးကသနားေနၾကသည္။
သူမအသုဘသည္အလြန္စည္ကားကာပန္းမ်ားႏွင့္သူမအေလာင္းအားအလွဆင္ထားသည္မွာ
ျမင္သူတိုင္းကစိတ္မေကာင္းျဖစ္ၾကသည္။
သုသာန္တြင္အသုဘလာပို႔ၾကသူမ်ားကသူမအေလာင္းအားစိတ္ဝင္တစားလာၾကည့္ၾကသည္မွာ
ခန္းမအျပည့္ျဖစ္၍ေနသည္။သူမအေၾကာင္းကစိတ္ဝင္စားစရာေကာင္းေနသည္။
ဓတ္ပုံမ်ားvideoမွတ္တမ္းမ်ား႐ိုက္ကာသူမမိသားစုကေျဖမဆည္ႏိုင္ျဖစ္ေနသည္။
သူမဆုံးၿပီးကတည္းကညဘက္မ်ားတြင္သူမတို႔အိမ္ေဘးကလမ္းမွျဖတ္သြားသူမ်ားအားေျခာက္လွန္႔
သည္ဟုနံမည္ႀကီးေနသည္။သူမမိသားစုကပကာသနမက္ေသာေၾကာင့္
သူမအတြက္အလူလုပ္ရာတြင္တျခားနံမည္ႀကီးေနရာမ်ားတြင္သြားလုပ္၍ပဲလားမသိပါ
သူမကကြၽတ္ပုံမရပါသူမေသတုန္းကအတိုင္းထဘီရင္ရွားႏွင့္ဆံပင္ဖားလွ်ားခ်ထားသည့္အတိုင္း
အားလုံးကျမင္ၾကရေလသည္။
ရပ္ကြက္ထဲကလူမ်ားကညဘက္ဆိုသူမအိမ္ေဘးလမ္းကေရွာင္သြားၾကေလသည္။
ကိုယ္တို႔ကေလးတသိုက္ကေတာ့သိပ္ၿပီးေၾကာက္ရေကာင္းမွန္းမသိပါ
တညမွာေတာ့ကိုယ္တို႔ကေလးတသိုက္သည္ကိုယ္တို႔ရပ္ကြက္နားက
တႏွစ္တခါက်င္းပၿမဲျဖစ္ေသာဘုရားပြဲေစ်းသို႔သြားၾကေလသည္။
မ်က္လွည့္ဝင္ၾကည့္ေန၍မိုးအေတာ္ခ်ဳပ္သြားသည္အခ်ိန္ကည၉နာရီေက်ာ္ၿပီ
ဒါနဲ႔ကိုယ္တို႔ကေလးမ်ားအားဦးေဆာင္ေခၚလာေသာဦးေလးႏွင့္အိမ္ျပန္ၾကသည္။
ကေလးမ်ားကဘုရားပြဲကအေတြ႕အႀကဳံမ်ားတေယာက္တေပါက္ေျပာရင္းဆူညံစြာလိုက္လာေလသည္။
ရပ္ကြက္ထဲကအစိမ္းေသအမႀကီးတို႔လမ္းထဲဝင္လိုက္သည္ဆိုတာနဲ႔
ဆြဲဆြဲငင္ငင္အူလိုက္ေသာေခြးအူသံေၾကာင့္ကိုယ္တို႔ကေလးမ်ားအားလုံးအသံတိတ္သြားၾကသည္။
ဦးေလးေနာက္အျမန္ေရွာက္လာၾကရင္းအစိမ္းေသအမႀကီးအိမ္ေဘးသို႔ေရာက္လာေလသည္။
သူမအိမ္ေဘးကေရကန္နားကအျဖတ္ေရသံၾကား၍က်က္သီးမ်ားထသြားကာလွည့္ၾကည့္လိုက္သည့္အခါမွာေတာ့
ေရကန္ေဘာင္ေပၚတြင္ေျခေထာက္တြဲေလာင္းခ်ကာထိုင္ေနေသာ
သူမအားထမီရင္ရွားႏွင့္ဆံပင္မ်ားေလထဲလြင့္ေနတာကိုျမင္ရေလသည္။
ထိုအခါကိုယ္တို႔ကေလးတသိုက္သည္
”’သရဲ——–သရဲ—–””
ဟုေအာ္ကာေျပးလိုက္ၾကသည္မွာရပ္ကြက္အတြင္းကလူမ်ားအလန္႔တၾကားျဖစ္ကုန္ၾကေလသည္။
ဒီသတင္းသည္သူမတို႔မိသားစုအိမ္သို႔ေပါက္ၾကားသြားကာသူမတို႔မိသားစုက
အလြန္စိတ္ဆိုးေနၾကသည္ကေလးမ်ားေပါက္ကရေျပာသည္သူတို႔သမီးအား
သိကၡာခ်သည္ဟုဆိုေလသည္ေနာက္တခါသတင္းၾကားပါကရပ္ကြက္႐ုံးတိုင္မည္ဆို၍
ရပ္ကြက္ကလူမ်ားကအျမင္ကပ္ကာဘာမွမေျပာေတာ့ပါ
တညတြင္ကားလိုက္ေနေသာအကိုႀကီးတစ္ေယာက္သည္မိုးအေတာ္ခ်ဳပ္မွ
သူမတို႔အိမ္ေဘးလမ္းကျပန္လာကာသူ႔့အိမ္အတြက္ဝက္ဆီဖတ္တထုပ္ဝယ္လာေလသည္။
သူမတို႔အိမ္ေဘးေရကန္နားေရာက္ေတာ့ခပ္သြက္သြက္ေရွာက္လာရာ
သူ႔့ေနာက္ေက်ာမွေျခသံၾကားကာေက်ာခ်မ္းသြားေလသည္
သူသည္ေနာက္ေက်ာမလုံသလိုခံစားရကာ
သူ႔ဝက္ဆီဖတ္ထုပ္အားေနာက္ကတေယာက္ေယာက္ကေစာင့္ဆြဲသလိုျဖစ္သြားေလသည္။
ထိုအခါသတိရွိေသာသူကဝက္ဆီဖတ္ထုပ္အားတင္းတင္းဆုပ္ကိုင္ကာေနာက္သိုရတ္တရက္လွည့္ၾကည့္လိုက္ေလသည္။
ၾသဴမင္လိုက္ရသည္ကတဘီရင္ရွားႏွင့္ဆံပင္ဖားလွ်ားခ်ထားေသာသူမသည္
သူ႔့ေနာက္ခပ္ခြာခြာတြင္ရပ္ေနကာလက္တဖက္သည္ရွည္ထြက္လာကာ
သူ႔ဝက္ဆီဖတ္ထုတ္အားလွမ္းဆြဲလိုက္သည္။
သူလဲဖေနာင့္ႏွင့္တင္ပါးတသားတည္းက်ကာေျပးလိုက္တာဝက္ဆီဖတ္ထုတ္ေတာင္ဘယ္က်ခဲ့မွန္းမသိပါ။
ရပ္ကြက္ထဲကသူမ်ားကသူမအျဖစ္ကိုသနားၾကေပမဲ့ဘဝင္ေလဟပ္ေနေသာ
သူမမိသားစုအားမေျပာၾကေတာ့ေပ။
တေန႔တြင္ညသန္ေခါင္ေလာက္ရပ္ကြက္အတြင္းကလူတစ္ေယာက္ခရီးကျပန္လာရာ
သူမအိမ္ေဘးေရကန္နားအေရာက္ေရသံၾကားေတာ့ၾကည့္လိုက္မိသည့္အခါ
ေရကန္ေဘာင္ေပၚမက္တပ္ရပ္ေနေသာထမီရင္ရွားႏွင့္သူမအားျမင္လိုက္ရေလသည္။
ထိုအခါေခါင္နပန္းမ်ားႀကီးသြားကာေရွ႕ဆက္ေရွာက္ရမလိုေနာက္ျပန္ေျပးရမလိုျဖစ္ကာ
ၾကက္ေသေသသြားေလသည္ထိုအခ်ိန္တြင္သူမကေရကန္ေပၚကေလထဲဝဲကာဆင္းလာတာလဲ
ေတြ႕ေရာေျပးလိုက္တာဆိုတာအိမ္ဘယ္လိုျပန္ေရာက္သြားမွန္းပင္မသိပါ။
သူမသတင္းကတရပ္ကြက္လုံးေၾကာက္စရာသတင္းျဖစ္ေနသည္။
ရပ္ကြက္ထဲကလူမ်ားညဘက္သူမအိမ္ေဘးကလမ္းကမသြားၾကေတာ့ပါ
အျခားလမ္းကေရွာင္သြားၾကေလသည္။
တရက္မွာေတာ့ကိုယ္တို႔အိမ္တြင္ရဟႏၲာဟုသမုတ္ခံထားၾကေသာဘုန္းႀကီးတပါးအား
ေန႔ဆြမ္းကပ္ေလသည္တရပ္ကြက္လုံးလဲဖိတ္ကာအလူလုပ္ေလသည္။
ထိုအခါသူမအေမသည္ဘုန္းႀကီးလာဖူးေလသည္။
သူမဝင္လာတာနဲ႔ဆရာေတာ္ႀကီးက
”’ဒကာမႀကီးေနာက္မွာပါလာတဲ့ထဘီရင္ရွားနဲ႔ကေလးမလဲလာအထဲဝင္
အျဖစ္ကလဲဆိုးလိုက္တာကြယ္ဒီဘဝကလြတ္ေအာင္ကူညီေပးမယ္””’
ထိုသို႔လဲဆရာေတာ္ႀကီးေျပာလိုက္ေတာ့မွသူမအေမသည္ဝမ္းနဲပက္လက္ငိုေလသည္။
သူ႔သမီးကေလးအားဒီဘဝကကြၽတ္ေအာင္လုပ္ေပးပါရန္ငိုယိုေတာင္းပန္ကာ
ဆရာေတာ္ႀကီးအားေရွာက္ေလသည္။
ဒါနဲ႔ဆရာေတာ္ႀကီးကသၤကန္းတစုံးေျပးဝယ္ခိုင္းကာသၤကန္းကပ္ခိုင္း၍
တရားေပးေရစက္ခ်အမွ်ေဝကာသူမအားနံမည္ေခၚ၍သာဓုေခၚခိုင္းေလသည္။
ခဏအၾကာတြင္သင္းပ်ံ႕ပ်ံ႕အေမႊးနံကိုထူးဆန္းစြာရၾကေလသည္။
အဲဒီကထဲကသူမေျခာက္တာမၾကားရေတာ့ပါ။
ၿပီး
DMoeMoe