အငြိုးကြီးတဲ့ မိကျောင်းကြီး(စ-ဆုံး)

Posted on

အငြိုးကြီးတဲ့ မိကျောင်းကြီး(စ-ဆုံး)
—————————————–
ဧရာဝတီတိုင်း ဘိုကလေးမြို့အပိုင်
မိန်းမလှကျွန်း အနီးတွင် ရှိသော
(–)ရွာကလေးသည် ငါးဖမ်းခြင်း
ပိုက်ထောင်ခြင်းစသော ရေလုပ်ငန်းကို လုပ်ကိုင်ကြသူများ နေထိုင်ကြလေသည်။
မိန်းမလှကျွန်းနှင့် နီးပြီး ရေလုပ်ငန်းကို လုပ်ကိုင်ကြသည့်အတွက် တစ်ရွာလုံး
တစ်နယ်လုံးက ရေငန်ပိုင်ဦးရှင်ကြီးအား
ယုံကြည်ကိုးစားကြသည်။ ဝါထွက်ချိန်တွင် ဦးရှင်ကြီးအား ကောက်ညှင်း လက်ဖက် ထန်းလျက် အုန်းသီး ကွမ်းယာတို့ဖြင့် တင်မြှောက်ပသကြပြီး အန္တရာယ်ကင်းအောင် တိုင်တည်ကြလေ့ရှိသည်။
ထိုနယ်တစ်ကြောတွင် မိကျောင်း အလွန်ပေါလှသော်လည်း ဦးရှင်ကြီးကို
အလွန်ယုံကြည်ကြပြီး အမှားအယွင်းမရှိလျှင် မိကျောင်းဆွဲခံရခြင်း မရှိဟု ယုံကြည်ကြသည်။ ဦးရှင်ကြီးစီးသည့် မိကျောင်းကြီးသည် ကျွန်း၏အနီးအပါးရှိ ရွာများသို့ လှည့်ပတ်သွားလာနေတတ်လေသည်။ ကျွန်းကို ပတ်နေပြီးပါးတွင် ကြာပုံသဏ္ဍာန်အဖြူကွက်ကြီး ပါရှိသဖြင့် ကျွန်းပိုင်ကြီး ပါးကွက်ကြားဟု ခေါ်ကြလေသည်။ အရွယ်အစားမှာ အလွန်ပင် ကြီးမားလှပြီး (၂၃)တောင်မျှရှည်သော
ပဲ့ထောင်(စက်လှေ)ထက်ပင် ပို၍ရှည်လျားသည်ဟု မျက်မြင် မြင်တွေ့ဖူးသော ကျောင်းဆရာလေးမှ ပြောပြ၏။
ထိုရွာလေးတွင် ရေလုပ်ငန်း လုပ်ကိုင်နေကြသော ကိုသန်းစိုးတို့ မိသားစုသည် ဦးရှင်ကြီးအား တင်မြှောက်ရန်အတွက် ကောက်ညှင်း၊ ကွမ်းယာ၊ လက်ဖက်တို့ကို ပြင်ဆင်နေကြလေသည်။
ကိုသန်းစိုးတွင် ဇနီး မအေးမြနှင့် အသက်(၁၃)နှစ်ခန့်ရှိသော သားကြီး
ဖိုးဦးနှင့် အသက်(၇)နှစ်ခန့်သာရှိသေးသော သားငယ် ဖိုးထူးတို့ ရှိလေသည်။
ကိုသန်းစိုးက ဦးရှင်ကြီးတင်ရန်အတွက် ပေါင်းထားသော ကောက်ညှင်းပေါင်းများကို ပန်းကန်ထဲသို့ထည့်၍ စားပွဲခုံပေါ်တွင် တင်ထားပြီး အခြားလိုအပ်သည့် ကွမ်းယာ၊ လက်ဖက် စသည်တို့ကို ပြင်ဆင်နေလေ၏။ အားလုံး ပြီးစီးသောအခါတွင် မအေးမြနှင့်အတူ အိမ်ရှေ့သို့ထွက်၍ ဦးရှင်ကြီးတင်သည့် စင်ကလေးကို ပြင်ဆင်ကြပြန်သည်။ သားကြီးဖြစ်သူ
ဖိုးဦးကလည်း ဝိုင်းဝန်းကူညီပေးနေလေသည်။ ထိုအချိန်တွင် ကိုသန်းစိုး၏
သားအငယ်ဖြစ်သူ ဖိုးထူးက ဦးရှင်ကြီးတင်ရန် ပန်းကန်ထဲသို့ ထည့်ထားသော ကောက်ညှင်းပေါင်းများကို နှိုက်ယူ၍ စားလေသည်။ ထိုသို့စားနေသည်ကို မစန်းမြင့်မှ လှမ်း၍မြင်တွေ့လိုက်ပြီး အိမ်ထဲသို့ အမြန်ဝင်လာကာ
ဖိုးထူးအား အိမ်ရှေ့သို့ ခေါ်လာခဲ့လေသည်။ သားငယ်ဖိုးထူး ကောက်ညှင်းပေါင်းများကို နှိုက်စားသည့်အကြောင်းကို ကိုသန်းစိုး စိတ်ဆိုးဒေါသထွက်၍ ကလေးအား ရိုက်နှက်မည် စိုးသဖြင့် မပြောပြတော့ပဲ နေလိုက်လေတော့သည်။ ထို့ကြောင့် ကိုသန်းစိုးလည်း အဖြစ်မှန်ကို မသိဘဲ ဖိုးထူး နှိုက်စားထားသောပန်းကန်ထဲမှ ကောင်ညှင်းပေါင်းများဖြင့် ဦးရှင်ကြီးအား တင်မြှောက်လိုက်မိလေတော့သည်။

*****

ထိုသို့ ဦးရှင်ကြီးတင်ပြီး၍ နှစ်ရက်မျှ အကြာပြီးသောနေ့။ အတိအကျ ဆိုရလျှင် သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့။
နေလည် (၁၁)နာရီခန့်တွင် ငါးဖမ်းခြင်းလုပ်ငန်းများ ပြီးစီး၍ ကိုသန်းစိုးသည်
အိမ်ရှေ့ရှိ ချောင်းလေးထဲသို့ ရေဆင်းချိုးလေသည်။ ချောင်းလေးမှာ သိပ်မကျယ်လှသလို အနက်ကလဲ လူကြီး ရင်စို့လောက်သာ နက်၏။ ထိုချောင်းလေးထဲတွင် ကိုသန်းစိုးတို့ တစ်ရွာလုံး ရေဆင်းချိုးလေ့ ရှိကြသည်။ ကိုသန်းစိုး ချောင်းလေးထဲသို့ဆင်း၍ ရေချိုးနေပြီး ခဏအကြာတွင်

“ဝုန်း..ဝုန်း…ဖျောင်း..ဖျော..ဝုန်း”

“အားး.. အောင်မလေး…”

“အားး..ကယ်ကြပါဦး”

ဟု ချောင်းထဲမှ ကိုသန်းစိုး၏ နာကျင်ထိတ်လန့်စွာ အော်ဟစ်သံ၊ ရေလှိုင်းရိုက်ပုတ်သံများကြောင့် မအေးမြ စိုးရိမ်မိသွားပြီး ချက်ပြုတ်နေရင်းမှ အိမ်ရှေ့ချောင်းလေးဆီသို့ အပြေးအလွှားသွား၍ ကြည့်လိုက်လေရာ ချောင်းလေးထဲတွင် အလွန်ကြီးမားလှသော မိကျောင်းကြီးတစ်ကောင်မှ ကိုသန်းစိုးအား ကိုက်ခဲနေသည်ကို
တွေ့လိုက်ရသဖြင့် စိုးရိမ်ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းမိလေတော့သည်။

“လာကြပါဦး။ ဒီမှာ ကိုသန်းစိုးကို မိကျောင်းကြီး ဆွဲနေလို့။ ကယ်ကြပါဦး”

မအေးမြ၏ အော်သံကြောင့် ပတ်ဝန်းကျင်မှ လူများရောက်ရှိလာကြပြီး

“ဟဲ့ အေးမြ။ ဘာဖြစ်တာလဲ။ ဘယ်မှာလဲ မိကျောင်းကြီးက”

“ဟို ဟိုမှာလေ။ ကိုသန်းစိုးကို မိကျောင်းကြီး ဆွဲနေတာ။ လုပ်ကြပါဦး။ ကယ်ကြပါဦး”

“ဟာ လုပ်ကြပါဦးဟ။ ဟေး..ဟေး”

“ဒုတ်..ဝုန်း..ဗွမ်း”

“ဝုန်း.. ဖျောင်း..ဖျော”

မအေးမြ ညွှန်ပြရာ ချောင်းထဲသို့ ရွာသားများ ကြည့်လိုက်ကြရာ မိကျောင်းကြီးနှင့် ကိုသန်းစိုးတို့အား တွေ့ရှိသွားပြီး အချို့က မိကျောင်းကြီးအား အော်ဟစ်ခြောက်လှန့်ကြ၏။ အချို့က ဒုတ်များ၊ ခဲများဖြင့် ပစ်ခတ်ကြ၏။ ထိုအခါတွင် မိကျောင်းကြီးမှာ ကိုသန်းစိုးအား လွှတ်ထားခဲ့ပြီး ရေအောက်သို့ ငုတ်လျှိုးပျောက်ကွယ်သွားလေတော့သည်။
ထိုအခါမှ ရွာသားများမှာ ချောင်းထဲသို့ဆင်း၍ ကိုသန်းစိုးအား ဆယ်ယူပြီး
ကုန်းပေါ်သို့ သယ်ယူလာခဲ့ကြသည်။
ကိုသန်းစိုးမှာ သတိလစ်မေ့မြောနေပြီး ခါးအောက်ပိုင်းတွင် မိကျောင်းကိုက်ခံရသည့် ဒဏ်ရာများဖြင့် သွေးများရွှဲနေလေသည်။

“အောင်မလေး။ လုပ်ကြပါဦး။ ကျွန်မယောက်ျား ဘာများဖြစ်သွားပြီလဲ။ ဒဏ်ရာတွေလည်း အများကြီးပဲ။
အဟင့်..ဟီး..ဟီးး”

“ဒဏ်ရာတွေက ခါးအောက်ပိုင်းမှာပဲ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ ကြာရင် သွေးထွက်လွန်ပြီး ဒုက္ခရောက်လိမ့်မယ်။ ဆေးရုံပို့ဖို့ လုပ်ကြ”

လူကြီးများက ပြောဖြင့် မိကျောင်းကိုက်သည့် ဒဏ်ရာများကို သွေးထွက်နည်းစေရန် အဝတ်စများဖြင့် စည်း၍ ဘိုကလေးမြို့ရှိ ဆေးရုံသို့ ပို့ဆောင်လိုက်ကြလေသည်။ ဆေးရုံသို့ ရောက်သောအခါ ဆရာဝန်များ၏ ကြိုးစားကုသပေးမှုကြောင့် ကိုသန်းစိုး သတိပြန်ရလာ၏။
ကိုသန်းစိုး သက်သာလာသည့်အချိန်တွင် ဦးသာအေးက မေးမြန်းကြလေသည်။

“သန်းစိုး။ ငါတို့မိဘဘိုးဘွားတွေ လက်ထက်ကတည်းက ဒို့ရွာမှာ အခုလို မိကျောင်းအကိုက်ခံရတယ်ဆိုတာ မကြားခဲ့ဖူးဘူး။ တစ်ခုခု အမှားအယွင်းလုပ်မိထားလို့နေမယ်။ မင်း ဘာအမှားတွေ လုပ်မိထားသေးလဲ”

“ဘာအမှားမှ မလုပ်မိပါဘူး ဦးကြီးရာ။ တစ်နေ့ကပဲ ဦးရှင်ကြီး တင်လိုက်သေးတာ။ ဘာကြောင့် အခုလို ဖြစ်ရတာလဲဆိုတာ မစဉ်းစားတတ်တော့ဘူး”

“အမှားအယွင်းမရှိပဲတော့ အခုလိုဖြစ်စရာအကြောင်းမရှိဘူး။ ပြီးတော့ ဒီချောင်းလေးထဲကို မိကျောင်းဝင်ပြီး လူကိုက်တယ်လို့ တစ်ခါမှ မကြားဖူးခဲ့ဘူး။ မင်း သေချာ စဉ်းစားကြည့်ပါဦး”

“ကျွန်တော်တော့ တစ်ကယ်ကို ဘာအမှားအယွင်းမှ မလုပ်မိပါဘူးဗျာ။ ဟဲ့ အေးမြ။ နင်ရော ဘာလုပ်မိထားသေးလဲ”

“ဟင်.. ဟို ဟိုလေ..”

“ဟဲ့ တစ်ဟို ဟိုနဲ့ ဘာဖြစ်နေတာလဲ။
နင် ဘာအမှား လုပ်မိထားသေးလဲ။ သေချာပြောပြစမ်း။ ဒါမှ တောင်းပန်သင့်တာ တောင်းပန်ရမှာ”

“ဟုတ် ဟုတ်ကဲ့ ဦးကြီး။ ဟို ဟိုနေ့က ဦးရှင်ကြီး တင်မဲ့ကောက်ညှင်းပေါင်းတွေကို သားငယ်ဖိုးထူး နှိုက်စားတယ်။ အဲ့ဒါ ကိုသန်းစိုး စိတ်ဆိုးမှာ စိုးလို့ ကျွန်မ မပြောပဲ နေခဲ့တာပါ”

“ဘာ။ ဦးရှင်ကြီး တင်မဲ့ ကောက်ညှင်းပေါင်းတွေကို ကလေးနှိုက်စားတာ သိသိကြီးနဲ့ ဒီတိုင်း တင်လိုက်ရသလားဟ။ ငါထင်ပါတယ်။ အမှားအယွင်းမရှိပဲတော့ အခုလို ဖြစ်စရာအကြောင်း မရှိဘူးဆိုတာ။ တယ်လဲ မိုက်တာကို။
ကလေးနှိုက်စားမိမှန်း သိရင် တောင်းပန်ပြီး နောက်နေ့မှ အသစ်ပြန်တင်ပါလား။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ”

“ကျွန်မလဲ ကိုသန်းစိုး စိတ်ဆိုးပြီး ကလေးကို ရိုက်မှာ စိုးလို့ မပြောပဲနေမိတာပါ”

“ကဲ ဖြစ်ပြီးမှတော့ ဘာတတ်နိုင်တော့မှာလဲ။ ဒါပေမဲ့ သန်းစိုး ဆေးရုံကဆင်းပြီး
ရွာရောက်ရင် သေချာပြန်တောင်းပန်ပြီး အသစ်ထပ်တင်မြှောက်လိုက် ကြားလား”

“ဟုတ် ဟုတ်ကဲ့ဦးကြီး”

ကိုသန်းစိုးလည်း ဆေးရုံတွင် (၁၅)ရက်ခန့်မျှ ဆေးကုသမှု ခံယူပြီး ရွာသို့ ပြန်လာခဲ့လေသည်။ ထို့နောက် ဆေးရုံမှ ပေးလိုက်ဆေးများကို သောက်ခြင်း၊ ဒဏ်ရာများကို ဆေးထည့်ခြင်းများ ပြုလုပ်ပြီး တစ်ဖြည်းဖြည်း သက်သာပျောက်ကင်းလာခဲ့သည်။ ထိုအခါတွင် ဦးရှင်ကြီးအား တောင်းပန်ရမည့် ကိစ္စအား မေ့လျော့ထားခဲ့မိလေသည်။
*****
ထိုဖြစ်ရပ်များ ဖြစ်ခဲ့သည်မှာ
တစ်နှစ်ခန့်ရှိခဲ့လေပြီး ကိုသန်းစိုးတို့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီ ဖြစ်သေည်။ ထိုသို့နေကြရင်းမှ တစ်ရက်တွင် ကိုသန်းစိုး၏ သားကြီး ဖိုးဦးမှာ ချောင်းလေးထဲသို့ ဆင်း၍ ရေချိုးနေလေသည်။ အချိန်က နေ့လယ်(၁၁)နာရီခန့်။ ထိုအချိန်တွင် ကိုသန်းစိုးမှာ အိမ်ရှေ့တွင်
ငါးဖမ်းသည့်ပိုက်များကို အပေါက်အပြဲများကို ဖားထေးနေပြီး မစန်းမြင့်က မီးဖိုချောင်ထဲတွင် ထမင်းဟင်းများ ချက်ပြုတ်နေလေ၏။

“ဖောင်း..ဝုန်း.. ဝုန်း.. ဖျောင်း..”

“အား.. အမေရေ ကယ်ပါဦးဗျ။ အားး..”

ခဏမျှအကြာတွင် ချောင်းလေးထဲမှ
ရေလှိုင်းသံများနှင့်အတူ သားကြီးဖိုးဦး၏
ကြောက်လန့်တစ်ကြား အော်ဟစ်သံများကြောင့် ကိုသန်းစိုးနှင့် မအေးမြတို့ စိုးရိမ်သွားကြပြီး ချောင်းလေးဆီသို့ အပြေးအလွှား သွားကြလေသည်။ ချောင်းကမ်းနားသို့ ရောက်သောအခါတွင်
သားကြီးဖိုးဦးအား မိကျောင်းကြီး
တစ်ကောင်မှ ကိုက်ခဲနေသည်ကို
တွေ့လိုက်ရလေသဖြင့် ကိုသန်းစိုးမှာ
စိုးရိမ်လွန်၍ ကမ်းနဖူးတွင် ထောင်ထားသော လှော်တက်ကို ဆွဲယူပြီး ရေထဲသို့ဆင်းကာ မိကျောင်းကြီးအား ရိုက်နှက်ခြောက်လှန့်လေသည်။ မအေးမြကလည်း ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းလေ၏။

“ဝုန်း..ဖျောင်း…ဖျန်း..ဖျန်း..”

“အောင်မလေး။ လုပ်ကြပါဦးရှင်။ ကျွန်မသားလေးကို မိကျောင်းကြီး ဆွဲနေပြန်ပြီ။
ကယ်ကြပါဦး”

မအေးမြ၏ အော်သံကြောင့် အနီးပတ်ဝန်းကျင်မှ လူများရောက်လာကြပြီး
ကြည့်ရှုကြသောအခါ အလွန်ပင် အံ့ဩထိတ်လန့် သွားကြရလေသည်။

“ဟာ..ဟိုမိကျောင်းကြီးပဲ”

“အေး ဟုတ်တယ်ဟ။ မနှစ်က သန်းစိုးကို
ကိုက်သွားတဲ့ မိကျောင်းကြီးပဲ”

“ဟာ ဟုတ်တယ်ဟေ့။ အဲ့ဒီအကောင်ကြီးပဲဟ။ လုပ်ကြပါဦး”

ဟု အံ့ဩတစ်ကြီး ပြောဆိုကြပြီး မိကျောင်းကြီးအား ဝိုင်းဝန်းခြောက်လှန့်မောင်းထုတ်လိုက်ကြပြီး မောင်ဖိုးဦးလေးအား ကုန်းပေါ်သို့ သယ်ယူလာခဲ့ကြလေသည်။
ကုန်းပေါ်သို့ရောက်ရှိလာသောအခါတွင် ရွာသားများမှာ မိကျောင်းကိုက်ထားသည့်ဒဏ်ရာများကို မြင်တွေ့လိုက်ကြရသောအခါ ပို၍ အံ့ဩသွားကြရလေသည်။ မောင်ဖိုးဦးအား မိကျောင်းကြီးကိုက်ထားသည့် ဒဏ်ရာများမှာ ခါးအောက်ပိုင်းတွင်သာဖြစ်ပြီး မနှစ်က ကိုသန်းစိုးအား ကိုက်သည့်ဒဏ်ရာများနှင့် တူနေသောကြောင့်ပင် ဖြစ်လေသည်။

“ဟာ မနှစ်က သန်းစိုးကို ကိုက်တုန်းက ဒဏ်ရာတွေနဲ့ တစ်ပုံစံထဲပါလားဟ။
ပြီးတော့လဲ သန်းစိုးကို ကိုက်တဲ့
မိကျောင်းကြီးပဲ။ အတော်ထူးဆန်းနေပါလား”

“အေး ဟုတ်တယ်ဟ။ သန်းစိုးတုန်းကလဲ
ခါးအောက်ပိုင်းပဲ။ အခု ဖိုးဦးကို
ကိုက်ထားတာလဲ ခါးအောက်ပိုင်းပဲ”

“အဟင့် သားလေး။ ကျွန်မသားလေး
ခေါ်လို့မရတော့ ကယ်ကြပါဦး။ အီး..ဟီး..ဟီး”

“ကလေးက အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ အကြောက်လွန်တာရယ်၊ ရေမွန်းတာရယ်ကြောင့် သတိလစ်နေတာပါ။
တော်ကြာ ကလေးဒဏ်ရာတွေက သွေးထွက်လွန်နေမယ်။ ဆေးရုံပို့ဖို့ မြန်မြန်ပြင်ကြတော့”

ဦးသာအေး၏ စကားကြောင့် ရွာသားများလည်း မောင်ဖိုးထူးအား စက်လှေဖြင့်
ဘိုကလေးမြို့ ဆေးရုံသို့ ပို့ဆောင်ကြလေသည်။ စက်လှေဖြင့် သွားနေရင်းမှ

“ဟာ ဒါနဲ့ နေပါဦး။ မနှစ်က သန်းစိုးကို ကိုက်တုန်းကလဲ ဒီနေ့၊ဒီအချိန်ပဲမလား”

တစ်ယောက်က ပြောလိုက်လေရာ အခြားသူများလည်း စဉ်းစားလိုက်ကြပြီး

“ဟာ မှတ်မိပြီ။ ဟုတ်တာပေါ့။ မနှစ်က သန်းစိုးကို မိကျောင်းကြီးကိုက်တုန်းကလဲ
သီတင်းကျွတ်လပြည့်ကျော် (၅)ရက်ပဲ။ အခုဒီနေ့လဲ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်ပဲ။ အတော်တော့ ထူးဆန်းနေပြီ။ သားဖနှစ်ယောက်ကို တစ်နှစ်ပဲခြားပြီး တစ်နေ့ထဲ တစ်ချိန်ထဲမှာ မိကျောင်းကြီးတစ်ကောင်ထဲကပဲ ကိုက်သွားတာ။
ပြီးတော့ အကိုက်ခံရတဲ့ ဒဏ်ရာတွေကအစ တူနေတာ”

“အေး ဟုတ်တယ်ဟ။ ဒါဆို မိကျောင်းကြီးက အငြိုးထားပြီး ကိုက်သွားတာပဲ။
ဒါနဲ့ ဟေ့ကောင်သန်းစိုး မင်း ဦးရှင်ကြီးကို တောင်းပန်ပြီး ပြန်တင်မြှောက်ပြီးပြီလား”

“မတောင်းပန်ရသေးဘူး ဦးကြီး။ ကျွန်တော်လည်း မေ့နေတာ”

“ဟာ မင်းတို့ တယ်ခက်တဲ့ ကောင်တွေပဲကွ။ မနှစ်က ကတည်းက ပြန်တင်ပြီး တောင်းပန်လိုက်ပါလို့ ငါသေချာ ပြောထားရက်နဲ့။ အခုတော့ မင်းသားကို အကိုက်ခံရပြန်ပြီ။ ဒါသတိပေးနေတာ။ နှစ်ခါရှိပြီ။ နောက်တစ်ခါဆို အသက်အန္တရာယ် စိုးရိမ်ရလိမ့်မယ်။ အခုရက်ပိုင်းအတွင်း သေချာတောင်းပန်ပြီးပြန်တင်လိုက်။ လုပ်ဖြစ်အောင် လုပ်နော် ။ ဟဲ့ အေးမြကော
ကြားလား”

“ဟုတ်ကဲ့။ ဒီတစ်ခါ သေချာတောင်းပန်ပြီး ပြန်တင်ပါ့မယ် ဦးကြီး”

“ဟုတ်ကဲ့ပါ ဦးကြီး။ သေချာ တောင်းပန်ပါ့မယ်။ ကျွန်မ အမှားတွေပါရှင်။ အခုတော့ ကျွန်မသားလေးပါ ဒုက္ခဖြစ်ရပြီ။ အီး..ဟီး ..ဟီး”

ကိုသန်းစိုးနှင့် မအေးမြတို့လည်း
ဦးသာအေးအား ငိုယိုရင်း ကတိပေးလိုက်ကြလေသည်။ ဆေးရုံသို့ရောက်သောအခါတွင် ဆရာဝန်များနှင့် အခြားဝန်ထမ်းများလည်း အကြောင်းစုံမေးမြန်းသိရှိကြပြီး အံ့ဩထိတ်လန့်ကြရလေသည်။ ထို့နောက်
မောင်ဖိုးထူး၏ ဒဏ်ရာများကိုလည်း သေချာစွာ ဂရုစိုက်၍ ကုသပေးကြ၏။
ထို့ကြောင့် ဆယ်ရက်ခန့်အတွင်းမှာပင် သက်သာလာပြီး ရွာသို့ ပြန်လည်ခေါ်ဆောင်လာခဲ့လေသည်။ ရွာသို့ ပြန်ရောက်သောအခါတွင် ကိုသန်းဦးနှင့် မအေးမြတို့လည်း ကောက်ညှင်းပေါင်း၊ ကွမ်းယာ၊ လက်ဖက်တို့ကို သေချာ ဂရုစိုက်ပြင်ဆင်ပြီး ရေငံပိုင်ဦးရှင်ကြီးအား တင်မြှောက်ကာ တောင်းပန်လိုက်ကြလေသည်။
ထိုသို့ တောင်းပန်ပြီး နောက်နှစ်များတွင် မည်သည့် အန္တရာယ်မျှ ကြုံတွေ့ရခြင်း မရှိတော့ပေ။
သို့သော်လည်း ရေငံပိုင်ဦးရှင်ကြီး တင်မြှောက်မည့် ကောက်ညှင်းပေါင်းအား ကလေးမှ နှိုက်စားမိသည်ကို သိရှိသော်လည်း ပြန်လည်မတောင်းပန်ခဲ့သည့်အတွက် မိကျောင်းကြီးတစ်ကောင်တည်းမှ သားအဖနှစ်ယောက်အား တစ်နှစ်ခြား၍ တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာပင် ကိုက်ခဲသွားသည့် အကြောင်းကတော့ ထိုနယ်တစ်ကြောတွင် ပြောစမှတ် တွင်ခဲ့လေသည်။
******

(ပြီးပါပြီ။)
လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဖြစ်ပျက်ခဲ့သော
ဖြစ်ရပ်မှန်ကို နာမည်များလွှဲ၍ ရေးသားထားပါသည်။ မိကျောင်း အကိုက်ခံထားရသည့် ပုံများကို ကြည့်ရှုလိုပါကလည်း တောင်းလို့ရပါတယ်။ ကုန်ကြမ်းပေးသည့် ကျောင်းဆရာလေးအား ကျေးဇူးအထူး တင်ရှိပါသည်။
ကိုဖြိုး(ကျိုက်လတ်)
#Zawgyi
#အငြိုးကြီးတဲ့ မိကျောင်းကြီး

ဖြစ်ရပ်မှန်(စ-ဆုံး)