အခန်းဖော်တစ္ဆေ (စ-ဆုံး)

Posted on

Unicode Version

အခန်းဖော်တစ္ဆေ (စ-ဆုံး)
ကိုယ်တွေကြုံခဲ့သူ၏ဖြစ်ရပ်မှန်{ 93 }ပုဒ်မြောက်

စာဝတ်နေရေးအတွက်သူတစ်ပါးနိုင်ငံတွင်မလွဲမသွေအလုပ်လုပ်ကြရသည့်လူများရှိနေကြရာအဆင်ပြေသူရှိသလိုမပြေသူများလည်းရှိကြပေသည်။

မွေးရပ်မြေကိုမခွာချင်ပေမဲ့လောကဓံတရား(8)ပါးကိုလူတိုင်းကြုံတွေ့ကြရတာကြောင့်လူတန်းစေ့နေနိုင်အောင်ကြိုးစားရုန်းကန်နေကြရသည်။

ဒီလုံးကပြည်ပနိုင်ငံကိုအသိတစ်ယောက်အဆက်အသွယ်ဖြင့်အလုပ်လုပ်ရန်ရောက်လာသည်။

သူအလုပ်လုပ်မည့်နေရာသည်မြန်မာများရှိနေသောကြောင့်သူအဆင်ပြေသည်ဟုယူဆမိသည်။

အလုပ်ရှင်ကသူကိုအရင်မြန်မာတစ်ယောက်နေခဲ့ဖူသောအခန်းအားပေးထားသည်။

ထိုအခန်းသည်သိပ်မကျယ်ပေမဲ့သူ့အတွက်တော့ကျောတစ်နေရာရရင်ပဲလုံလောက်ပြီဟုထင်သည်။

သူ့အတွက်အဓိကကငွေရှာဘို့ပဲဖြစ်တာကြောင့်ဘာပဲဖြစ်ဖြစ်အဆင်ပြေအောင်နေမည်စိတ်ကူးထား၏

ရောက်ခါစကတော့ဘာမှမဖြစ်ပေမဲ့တစ်ပတ်လောက်မှာတော့သူအခန်းထဲတွင်စိတ်မသိုးမသန့်

ဖြစ်လာသည်သ့ူ့နဘေးတွင်လူတစ်ယောက်ယောက်ရှိနေသလိုခံစားရသည်။

အသံပလံမျိူးစုံလဲကြားနေရသည်သူအိပ်နေသည့်အခါတွင်လဲသူ့နဘေးလမ်းရှောက်နေသော

ခြေသံကြားနေရသည်မျက်လုံးဖွင့်ကြည့်လိုက်တော့လည်းဘာမှမမြင်ရပါ

သူကျောမလုံသလိုကျောချမ်းသလိုလိုခံစားမိတာကြောင့်စိတ်ထင်လို့နေမှာပါလို့ဖြေတွေးတွေးနေရ၏

မကြောက်တတ်ဘူးဆိုပေမဲ့တစ်ယောက်ထဲနေရတာဖြစ်၍အနည်းငယ်တော့စိတ်ခြောက်ခြားမိပေသည်။

တစ်ရက်တွင်သူအလုပ်ကအပြန်အမှောင်သန်းနေချိန်သူ့အခန်းကိုအဝေးကလှမ်းကြည့်မိရာသူ့အခန်းထဲသို့လူတစ်ယောက်ဝင်သွားသည်ကိုအသေအချာမြင်လိုက်ရသည်။

သူလည်းကမန်းကတန်းအခန်းဝလျှောက်သွားတော့တံခါးကသော့ခတ်ထားလျှက်ရှိနေသည်။

သူအမြင်များမှားတာလားမဖြစ်နိုင်ပါဘေးခန်းကညဂိုင်းဆင်းရသူဖြစ်ကာအမြဲတမ်းမိုးလင်းမှပြန်လာတတ်လေသည်။

သူဇဝေဇဝါဖြင့်အခန်းထဲဝင်လိုက်ချိန်တွင်သွေးညှီနံ့လိုလိုအောက်သိုးသိုးအနံ့ကိုရလိုက်သည်။

သ့ူ့တစ်ကိုယ်လုံးကြက်သီးများထသွား၏သူကကြောက်တတ်သူတယောက်တော့မဟုတ်ပါသရဲတစ္ဆေလည်းမြင်ဘူးသူမဟုတ်ပေ။

လောလောဆယ်တော့သူဘာမှမတွေးအားပဲအလုပ်ကပင်ပန်းလာတာကြောင့်မာမောနှင့်အိပ်ပျော်သွားသည်သူမည်မျှအိပ်ပျော်သွားသည်မသိပါ။

ရေချိုးခန်းကရေချိုးနေသောအသံကြားနေရင်းလန့်နိုးသွားသည်သူရုတ်တရက်ထထိုင်မိသွားသည်။

သူတစ်ယောက်ထဲနေသောအခန်းတွင်ရေချိူးခန်းကရေသံကြားတာမဖြစ်နိုင်ပါ

သူအသေအချာနားထောင်ကြည့်တော့လည်းလူတစ်ယောက်ရေချိုူးနေတာဖြစ်သည်။

သူရုတ်တရက်ထကာရေချိူးခန်းသွားကြည့်တော့ဘာမှမတွေ့ရပါရေများမရှိခြောက်သွေ့နေ၏။သူအိပ်ချင်မူးတူးနှင့်အိမ်မက်ထဲကြားတာဖြစ်မည်ထင်လိုက်သည်။

သို့သော်တစ်ခါတစ်ရံသူ့အစားအသောက်များပျောက်ပျောက်သွားသည်ကိုသူသတိထားမိလာသည်။

သူ့အခန်းထဲတစ်စုံတစ်ယောက်သူနှင့်အတူရှိနေသည်ဟုခံစားမိသည်။အကောင်အထည်မမြင်ရပေမဲ့စိတ်ကအလိုလိုသိနေသလိုမျိူးခံစားနေရ၏။

ဒါဟာနည်းနည်းတော့မရိုးသားဟုသူထင်သည်ဒါပေမဲ့သ့ူ့စိတ်ကိုသူအားတင်းကာအခန်းထဲအော်ပြောလိုက်သည်။

””ကဲဒီအခန်းထဲမှာရှိတဲ့မမြင်ရတဲ့ပုဂ္ဂိုလ်ရေကျူပ်ကိုအနှောက်အယှက်မပေးပါနဲ့ဗျာ—-ကျူပ်ကမိသားစုအတွက်ငွေလာရှာနေတာပါ—-ကျူပ်ကိုလည်းမနှောက်ယှက်နဲ့—-ခင်ဗျားကိုလည်းမနှောက်ယှက်ဘူး—””

သူပြောပြီးပြန်အိပ်လိုက်သည့်အခါနောက်ထပ်ဘာသံမှမကြားရတော့ပါ

တစ်ရက်တွင်သူအလုပ်မှာဖျားပြီးပြန်ရောက်လ၏်သူတစ်ယောက်ထဲဖျားနေရင်း

ဝမ်းနဲအားငယ်စွာနဲ့အိမ်ကမိသားစုကိုသတိရင်းမျက်ရည်ကျနေမိသည်။

သူမှေးကနဲဖြစ်သွားတုန်းသူ့ခေါင်းနားလမ်းရှောက်လာသောခြေသံကို

ကြားနေရသည်သူမျက်လုံးများအားယူဖွင့်ကြည့်လိုက်တော့သွေးများပေနေသောခြေထောက်တစ်စုံကို

တွေ့လိုက်ရသည်သူအရမ်းလန့်သွားပေမဲ့လူကမလှုပ်ရှားနိုင်ဆေးအရှိန်နဲ့လေးလံထိုင်းမှိုင်းနေသည်။

ဒီအချိန်မှာပဲအိမ်မက်လိုလိုတစ်ကယ်လိုလိုဖြင့်သူ့နားသို့လူတစ်ယောက်ထိုင်လိုက်တာကိုမြင်လိုက်ရသည်။

ထိုလူသည်သူနှင့်မတိမ်းမယိမ်းဖြစ်ပုံရကာတစ်ကိုယ်လုံးသွေးများပေနေသည်။သေချာတာကတော့လူတော့မဖြစ်နိုင်သရဲဖြစ်မည်ဟုတွေးမိသွား၏

ကြောက်စိတ်ကြောင့်သူရင်တွေပရမ်းပတာလှုပ်ရှားသွားကာထပြေးချင်ပေမဲ့လူကအိပ်ယာကမထနိုင်ပေ

ထိုလူသည်သရဲဆိုတာသူအတတ်သိနေသည်ထိုသူက

””ဒီမှာမိတ်ဆွေခင်ဗျားလိုပဲကျူပ်လည်းအလုပ်လာလုပ်ရင်း—ဒီမှာဆိုင်ကယ်မှောက်ပြီးဆုံးသွားတာ””’

””’ကျုပ်ကအရင်ဒီအခန်းမှာနေတာပါကျူပ်သေတော့အိမ်ကိုအကြောင်းကြားပေးပေမဲ့——-အမျှမရဘူးဗျာ–””’

””’ကျူပ်အိမ်ကပြောင်းသွားကြတယ်”’ ‘

ထိုသူစကားကြောင့်သူမှာကြောက်စိတ်မရှိတော့ပဲကိုယ်ချင်းစာစိတ်ဖြစ်ပေါ်လာကာသနားနေမိသည်။

”’အဲဒါဆိုခင်ဗျားဘာသာသွားပြောပါလား”’

””ပြောမရလို့ပေါ့ဗျာ—ပြီးတော့အဲအိမ်အသစ်ထဲကျူပ်ဝင်လို့မရဘူးဗျ””’

””အဲဒါခင်ဗျားကူညီပြီးကျူပ်အိမ်ကိုသွားပြောပေးပါလား
ကျူပ်မကျွတ်သေးလို့ကျူပ်ကိုအမျှဝေပေးပါ—-””

သရဲပြောသောအသံသည်သူ့နားထဲကြေကွဲစွာကြားနေရသည်သူကအားယူရင်း

””ခင်ဗျားအိမ်ကျူပ်ကမသိဘူးလေပြီးတော့ကျူပ်ကဒီမှာကြာဦးမှာဘယ်လိုလုပ်ပြီးသွားပြောပေးရမလဲ”’

””’ခင်ဗျားကဘယ်ကလဲ””

~~ ရန်ကုန်မြို့က ~~~

””ကူညီပါဗျာ—-ကျူပ်ဒီဘဝနဲ့မနေချင်တော့ဘူး” ‘

သူသနားသွားမိသည်သူသည်ရန်ကုန်သားတစ်ယောက်ဖြစ်ကာရန်ကုန်မှာမွေးရန်ကုန်မှာကြီးပြင်းလာသူဖြစ်သည်။

””ကောင်းပြီလေခင်ဗျားအိမ်ဘယ်နားမှာလဲ”’

သူပြောရင်းအိပ်ပျော်သွားလေသည်သူ့အိမ်မက်ထဲတွင်သူသည်ဗေလီတံတားပေါ်ရောက်နေရာမှ

ဒဂုံမြို့သစ်မြောက်ပိုင်းသို့ဦးတည်သွားနေကာရပ်ကွက်တစ်ခု၏လမ်းတစ်လမ်းထဲဝင်လိုက်သည်။

ထိုလမ်းထဲဝင်လာပြီးပတ်ဝန်းကျင်ကိုလေ့လာနေရင်းပျဉ်ထောင်အိမ်ကလေးတစ်လုံးကိုတွေ့လိုက်ရသည်။

အိမ်ကလေးကသေးပေမဲ့သပ်သပ်ရပ်ရပ်ရှိ၍အိမ်ဘေးတွင်ဌက်ပျောပင်များစိုက်ထားကာရာဝင်အိုးတစ်လုံးချထားတာတွေ့နေရ၏။

ထိုအချိန်တွင်အိမ်ထဲကအသက်၆၀လောက်ရှိမည်ထင်ရသောအမျိုးသမီးကြီးတစ်ဦးထွက်လာကာအိမ်ဘေးတွင်အလုပ်လုပ်နေ၏။

သူလှမ်းခေါ်လိုက်ပေမဲ့ကြားပုံမရပဲအဝတ်ကြိုးတန်းလုပ်နေသည်ကိုအထင်အရှားမြင်နေရသည်။အဲဒီအချိန်မှာပဲသ့ူ့ဘေးတွင်သရဲရောက်လာပြီး

”’အဲဒါကျုူပ်အမေပါပဲကျူပ်အမေနံမည်က[ ] ကျူပ်မှာအဖေမရှိတော့ဘူးကျူပ်နံမည်က[ ] ပါ””’

ဒီတခါတော့သူတကယ်ပင်နှစ်ချိုက်စွာပြန်အိပ်ပျော်သွားလေသည်။

သူနေပြန်ကောင်းသွားတော့သူ့အခန်းဖော်တစ္ဆေပြသောသ့ူ့အိမ်အားမျက်လုံးထဲကွင်းကွင်းကွက်ကွက်မှတ်မိနေသည။်

ဒီလုံးကသရဲကိုကိုယ်ချင်းစာသည်မိသားစုအတွက်ငွေလာရှာရင်းဒုက္ခရောက်သွားရတာမို့သူကြိုးစားပြီးကူညီရန်ဆုံးဖြတ်လိုက်သည်။

သူအလုပ်မှာနေသားကျလာတော့မြန်မာပြည်ပြန်မဲ့သူများစုံစမ်းမေးမြန်းကြည့်မိသည်

မေးပါများစကားရဆိုသလိုတစ်နေ့တွင်မြန်မာပြည်ပြန်မဲ့သူနှင့်ဆုံမိလေသည်။

ထိုသူကလဲစိတ်ကောင်းရှိကာလိုလိုလားလားကူညီမည်ဆို၍သူလည်းအိမ်မက်ထဲက

တစ္ဆေအိမ်အားပုံဖော်ပြောပြလိုက်သည်ရပ်ကွက်အနေအထားလမ်းထိပ်မှဆိုင်တစ်ဆိုင်အမှတ်အသားများပြောကာသရဲအိမ်အားသွားပြောခိုင်းလိုက်သည်။

နောက်တစ်လလောက်နေတော့သူအလုပ်ကပြန်ချိန်တွင်နည်းနည်းမှောင်နေပြီ

ဒါပေမဲ့အလင်းရောင်လက်ကျန်လေးတော့ကျန်နေသေးသည်ညီအကိုမသိတသိအချိန်ဆိုပါတော့

သူအိမ်ခန်းတံခါးသော့ဖွင့်ဝင်လိုက်ချိန်တွင်အိမ်ထဲတွင်လူတစ်ယောက်ကျောပေးထိုင်နေတာမြင်လိုက်ရသည်။

သူရုတ်တရက်လန့်သွားကာအသဲများအေးကနဲဖြစ်သွားသည်သူ့အခန်းဖေါ်တစ္ဆေဖြစ်မှန်းသူသိလိုက်ပေမဲ့ရုတ်တရက်မြင်လိုက်ရတော့ခေါင်းကြီးသွားမိ၏။

ဒီလုံးမီးများဖွင့်လိုက်ချိန်တွင်ဘာမှမမြင်ရတော့ပါဒီလုံးကအခုတလောအလုပ်ပင်ပန်းတာကြောင့်ဘီယာဗူးများနှင့်အမြည်းများဝယ်လာကာသောက်ရင်းနည်းနည်းမူးလာတော့သတ္တိတွေဝင်လာသည်။

”’ကဲမိတ်ဆွေတစ္ဆေရေအတူဘီယာသာက်ရအောင်လေ’လာဗျာ”’

အံ့သြစရာပင်ဘီယာဘူးများသူ့အလိုလိုရွေ့လျှားနေကာအမြည်းများလဲပျောက်ပျောက်ကုန်တာကြောင့်အမူးတောင်ပြေချင်ချင်ဖြစ်သွားမိ၏

ဒီလုံးပါသမျှအကုန်သောက်ပြစ်လိုက်တာလူကအတော်မူးနေပြီဘီယာဗူးများလည်းပွစာကျဲနေကာဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိတော့ချေ။

ဒီတစ်တော့ခါသူ့ဘေးတွင်သူ့အခန်းဖော်တစ္ဆေရောက်နေကာသူ့အားဝမ်းသာအားရပြောပြသည်။

”’ခင်ဗျားကိုကျေးဇူးတင်တယ်ဗျာကျူပ်အိမ်ကိုသွားပြောခိုင်းတာအဆင်ပြေတယ်ဗျ””’

””’ကျုပ်ကိုပြုစုတာလဲကျေးဇူးတင်တယ်ဗျာ””’

””’မကြာခင်သူတို့ကျူပ်အတွက်အလူှုလေးလုပ်ပေးကြလိမ့်မယ်”

”’ဝမ်းသာပါတယ်ဗျာ””

သူနိုးတစ်ဝက်အိမ်မက်တစ်ဝက်ဖြင့်လူကထမရ၍ဆက်အိပ်နေလိုက်တော့သည်။

သူမိုးလင်းတော့သူညကသောက်ထားသောပွစာကျဲနေသည့်ဘီယာဘူးများအခန်းထောင့်တွင်

စီစီရီရီချထားတာတွေ့ရသည်သူပြုံးလိုက်မိသည်အခန်းဖော်တစ္ဆေကဒီလိုတော့လည်းမဆိုးဘူးဟုတွေးမိသည်။

အဲဒီနေ့ကသူသွားပြောခိုင်းသောလူကသူ့အားဖုန်းဆက်သည်တစ္ဆေပြောသောသူ့အိမ်အား

ဆိုက်ကားသမားများအကူအညီဖြင့်ရှာလို့တွေ့ကာပြောလိုက်ပြီဖြစ်၍( ) နေ့ ( )အချိန်မှာ

သူ့အတွက်ရည်စူးကာကောင်းမှု့ပြုလုပ်ပေးမည့်အကြောင်းဝမ်းသာစွာပြောလာသည်။

သူထိုနေ့ကအလုပ်ကပြန်တော့အလှုူလုပ်မည့်ရက်အားအတိအကျအော်ပြောလိုက်သည်။

အဲဒီနေ့ကထဲကသူ့အခန်းထဲဘာသံမှမကြားရတော့ပေ

နောက်တစ်ပတ်လောက်နေတော့အဝတ်အစားသပ်သပ်ရပ်ရပ်နှင့်ဖြစ်သွားသော

သ့ူ့အခန်းဖော်တစ္ဆသည်သူ့အားကျေးဇူးတင်စွာပြုံး၍နှုတ်ဆက်ကာပျောက်ကွယ်သွားလေသည်။

သူလည်းအခန်းဖော်တစ္ဆေအတွက်ဝမ်းသာပီတိဖြစ်နေမိရင်းသူတစ်ယောက်ထဲဟာတာတာကြီးဖြစ်ကျန်ခဲ့သည်။

တိမ်လွှာမိုး

Zawgyi Version

အခန္းေဖာ္တေစၦ (စ-ဆံုး)
ကိုယ္ေတြႀကဳံခဲ့သူ၏ျဖစ္ရပ္မွန္{ 93 }ပုဒ္ေျမာက္

စာဝတ္ေနေရးအတြက္သူတစ္ပါးႏိုင္ငံတြင္မလြဲမေသြအလုပ္လုပ္ၾကရသည့္လူမ်ားရွိေနၾကရာအဆင္ေျပသူရွိသလိုမေျပသူမ်ားလည္းရွိၾကေပသည္။

ေမြးရပ္ေျမကိုမခြာခ်င္ေပမဲ့ေလာကဓံတရား(8)ပါးကိုလူတိုင္းႀကဳံေတြ႕ၾကရတာေၾကာင့္လူတန္းေစ့ေနႏိုင္ေအာင္ႀကိဳးစား႐ုန္းကန္ေနၾကရသည္။

ဒီလုံးကျပည္ပႏိုင္ငံကိုအသိတစ္ေယာက္အဆက္အသြယ္ျဖင့္အလုပ္လုပ္ရန္ေရာက္လာသည္။

သူအလုပ္လုပ္မည့္ေနရာသည္ျမန္မာမ်ားရွိေနေသာေၾကာင့္သူအဆင္ေျပသည္ဟုယူဆမိသည္။

အလုပ္ရွင္ကသူကိုအရင္ျမန္မာတစ္ေယာက္ေနခဲ့ဖူေသာအခန္းအားေပးထားသည္။

ထိုအခန္းသည္သိပ္မက်ယ္ေပမဲ့သူ႔အတြက္ေတာ့ေက်ာတစ္ေနရာရရင္ပဲလုံေလာက္ၿပီဟုထင္သည္။

သူ႔အတြက္အဓိကကေငြရွာဘို႔ပဲျဖစ္တာေၾကာင့္ဘာပဲျဖစ္ျဖစ္အဆင္ေျပေအာင္ေနမည္စိတ္ကူးထား၏

ေရာက္ခါစကေတာ့ဘာမွမျဖစ္ေပမဲ့တစ္ပတ္ေလာက္မွာေတာ့သူအခန္းထဲတြင္စိတ္မသိုးမသန႔္

ျဖစ္လာသည္သ့ူ႔နေဘးတြင္လူတစ္ေယာက္ေယာက္ရွိေနသလိုခံစားရသည္။

အသံပလံမ်ိဴးစုံလဲၾကားေနရသည္သူအိပ္ေနသည့္အခါတြင္လဲသူ႔နေဘးလမ္းေရွာက္ေနေသာ

ေျခသံၾကားေနရသည္မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့လည္းဘာမွမျမင္ရပါ

သူေက်ာမလုံသလိုေက်ာခ်မ္းသလိုလိုခံစားမိတာေၾကာင့္စိတ္ထင္လို႔ေနမွာပါလို႔ေျဖေတြးေတြးေနရ၏

မေၾကာက္တတ္ဘူးဆိုေပမဲ့တစ္ေယာက္ထဲေနရတာျဖစ္၍အနည္းငယ္ေတာ့စိတ္ေျခာက္ျခားမိေပသည္။

တစ္ရက္တြင္သူအလုပ္ကအျပန္အေမွာင္သန္းေနခ်ိန္သူ႔အခန္းကိုအေဝးကလွမ္းၾကည့္မိရာသူ႔အခန္းထဲသို႔လူတစ္ေယာက္ဝင္သြားသည္ကိုအေသအခ်ာျမင္လိုက္ရသည္။

သူလည္းကမန္းကတန္းအခန္းဝေလွ်ာက္သြားေတာ့တံခါးကေသာ့ခတ္ထားလွ်က္ရွိေနသည္။

သူအျမင္မ်ားမွားတာလားမျဖစ္ႏိုင္ပါေဘးခန္းကညဂိုင္းဆင္းရသူျဖစ္ကာအၿမဲတမ္းမိုးလင္းမွျပန္လာတတ္ေလသည္။

သူဇေဝဇဝါျဖင့္အခန္းထဲဝင္လိုက္ခ်ိန္တြင္ေသြးညႇီနံ႔လိုလိုေအာက္သိုးသိုးအနံ႔ကိုရလိုက္သည္။

သ့ူ႔တစ္ကိုယ္လုံးၾကက္သီးမ်ားထသြား၏သူကေၾကာက္တတ္သူတေယာက္ေတာ့မဟုတ္ပါသရဲတေစၦလည္းျမင္ဘူးသူမဟုတ္ေပ။

ေလာေလာဆယ္ေတာ့သူဘာမွမေတြးအားပဲအလုပ္ကပင္ပန္းလာတာေၾကာင့္မာေမာႏွင့္အိပ္ေပ်ာ္သြားသည္သူမည္မွ်အိပ္ေပ်ာ္သြားသည္မသိပါ။

ေရခ်ိဳးခန္းကေရခ်ိဳးေနေသာအသံၾကားေနရင္းလန႔္ႏိုးသြားသည္သူ႐ုတ္တရက္ထထိုင္မိသြားသည္။

သူတစ္ေယာက္ထဲေနေသာအခန္းတြင္ေရခ်ိဴးခန္းကေရသံၾကားတာမျဖစ္ႏိုင္ပါ

သူအေသအခ်ာနားေထာင္ၾကည့္ေတာ့လည္းလူတစ္ေယာက္ေရခ်ိဳူးေနတာျဖစ္သည္။

သူ႐ုတ္တရက္ထကာေရခ်ိဴးခန္းသြားၾကည့္ေတာ့ဘာမွမေတြ႕ရပါေရမ်ားမရွိေျခာက္ေသြ႕ေန၏။သူအိပ္ခ်င္မူးတူးႏွင့္အိမ္မက္ထဲၾကားတာျဖစ္မည္ထင္လိုက္သည္။

သို႔ေသာ္တစ္ခါတစ္ရံသူ႔အစားအေသာက္မ်ားေပ်ာက္ေပ်ာက္သြားသည္ကိုသူသတိထားမိလာသည္။

သူ႔အခန္းထဲတစ္စုံတစ္ေယာက္သူႏွင့္အတူရွိေနသည္ဟုခံစားမိသည္။အေကာင္အထည္မျမင္ရေပမဲ့စိတ္ကအလိုလိုသိေနသလိုမ်ိဴးခံစားေနရ၏။

ဒါဟာနည္းနည္းေတာ့မ႐ိုးသားဟုသူထင္သည္ဒါေပမဲ့သ့ူ႔စိတ္ကိုသူအားတင္းကာအခန္းထဲေအာ္ေျပာလိုက္သည္။

””ကဲဒီအခန္းထဲမွာရွိတဲ့မျမင္ရတဲ့ပုဂၢိဳလ္ေရက်ဴပ္ကိုအေႏွာက္အယွက္မေပးပါနဲ႔ဗ်ာ—-က်ဴပ္ကမိသားစုအတြက္ေငြလာရွာေနတာပါ—-က်ဴပ္ကိုလည္းမေႏွာက္ယွက္နဲ႔—-ခင္ဗ်ားကိုလည္းမေႏွာက္ယွက္ဘူး—””

သူေျပာၿပီးျပန္အိပ္လိုက္သည့္အခါေနာက္ထပ္ဘာသံမွမၾကားရေတာ့ပါ

တစ္ရက္တြင္သူအလုပ္မွာဖ်ားၿပီးျပန္ေရာက္လ၏္သူတစ္ေယာက္ထဲဖ်ားေနရင္း

ဝမ္းနဲအားငယ္စြာနဲ႔အိမ္ကမိသားစုကိုသတိရင္းမ်က္ရည္က်ေနမိသည္။

သူေမွးကနဲျဖစ္သြားတုန္းသူ႔ေခါင္းနားလမ္းေရွာက္လာေသာေျခသံကို

ၾကားေနရသည္သူမ်က္လုံးမ်ားအားယူဖြင့္ၾကည့္လိုက္ေတာ့ေသြးမ်ားေပေနေသာေျခေထာက္တစ္စုံကို

ေတြ႕လိုက္ရသည္သူအရမ္းလန႔္သြားေပမဲ့လူကမလႈပ္ရွားႏိုင္ေဆးအရွိန္နဲ႔ေလးလံထိုင္းမႈိင္းေနသည္။

ဒီအခ်ိန္မွာပဲအိမ္မက္လိုလိုတစ္ကယ္လိုလိုျဖင့္သူ႔နားသို႔လူတစ္ေယာက္ထိုင္လိုက္တာကိုျမင္လိုက္ရသည္။

ထိုလူသည္သူႏွင့္မတိမ္းမယိမ္းျဖစ္ပုံရကာတစ္ကိုယ္လုံးေသြးမ်ားေပေနသည္။ေသခ်ာတာကေတာ့လူေတာ့မျဖစ္ႏိုင္သရဲျဖစ္မည္ဟုေတြးမိသြား၏

ေၾကာက္စိတ္ေၾကာင့္သူရင္ေတြပရမ္းပတာလႈပ္ရွားသြားကာထေျပးခ်င္ေပမဲ့လူကအိပ္ယာကမထႏိုင္ေပ

ထိုလူသည္သရဲဆိုတာသူအတတ္သိေနသည္ထိုသူက

””ဒီမွာမိတ္ေဆြခင္ဗ်ားလိုပဲက်ဴပ္လည္းအလုပ္လာလုပ္ရင္း—ဒီမွာဆိုင္ကယ္ေမွာက္ၿပီးဆုံးသြားတာ””’

””’က်ဳပ္ကအရင္ဒီအခန္းမွာေနတာပါက်ဴပ္ေသေတာ့အိမ္ကိုအေၾကာင္းၾကားေပးေပမဲ့——-အမွ်မရဘူးဗ်ာ–””’

””’က်ဴပ္အိမ္ကေျပာင္းသြားၾကတယ္”’ ‘

ထိုသူစကားေၾကာင့္သူမွာေၾကာက္စိတ္မရွိေတာ့ပဲကိုယ္ခ်င္းစာစိတ္ျဖစ္ေပၚလာကာသနားေနမိသည္။

”’အဲဒါဆိုခင္ဗ်ားဘာသာသြားေျပာပါလား”’

””ေျပာမရလို႔ေပါ့ဗ်ာ—ၿပီးေတာ့အဲအိမ္အသစ္ထဲက်ဴပ္ဝင္လို႔မရဘူးဗ်””’

””အဲဒါခင္ဗ်ားကူညီၿပီးက်ဴပ္အိမ္ကိုသြားေျပာေပးပါလား
က်ဴပ္မကြၽတ္ေသးလို႔က်ဴပ္ကိုအမွ်ေဝေပးပါ—-””

သရဲေျပာေသာအသံသည္သူ႔နားထဲေၾကကြဲစြာၾကားေနရသည္သူကအားယူရင္း

””ခင္ဗ်ားအိမ္က်ဴပ္ကမသိဘူးေလၿပီးေတာ့က်ဴပ္ကဒီမွာၾကာဦးမွာဘယ္လိုလုပ္ၿပီးသြားေျပာေပးရမလဲ”’

””’ခင္ဗ်ားကဘယ္ကလဲ””

~~ ရန္ကုန္ၿမိဳ႕က ~~~

””ကူညီပါဗ်ာ—-က်ဴပ္ဒီဘဝနဲ႔မေနခ်င္ေတာ့ဘူး” ‘

သူသနားသြားမိသည္သူသည္ရန္ကုန္သားတစ္ေယာက္ျဖစ္ကာရန္ကုန္မွာေမြးရန္ကုန္မွာႀကီးျပင္းလာသူျဖစ္သည္။

””ေကာင္းၿပီေလခင္ဗ်ားအိမ္ဘယ္နားမွာလဲ”’

သူေျပာရင္းအိပ္ေပ်ာ္သြားေလသည္သူ႔အိမ္မက္ထဲတြင္သူသည္ေဗလီတံတားေပၚေရာက္ေနရာမွ

ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းသို႔ဦးတည္သြားေနကာရပ္ကြက္တစ္ခု၏လမ္းတစ္လမ္းထဲဝင္လိုက္သည္။

ထိုလမ္းထဲဝင္လာၿပီးပတ္ဝန္းက်င္ကိုေလ့လာေနရင္းပ်ဥ္ေထာင္အိမ္ကေလးတစ္လုံးကိုေတြ႕လိုက္ရသည္။

အိမ္ကေလးကေသးေပမဲ့သပ္သပ္ရပ္ရပ္ရွိ၍အိမ္ေဘးတြင္ဌက္ေပ်ာပင္မ်ားစိုက္ထားကာရာဝင္အိုးတစ္လုံးခ်ထားတာေတြ႕ေနရ၏။

ထိုအခ်ိန္တြင္အိမ္ထဲကအသက္၆၀ေလာက္ရွိမည္ထင္ရေသာအမ်ိဳးသမီးႀကီးတစ္ဦးထြက္လာကာအိမ္ေဘးတြင္အလုပ္လုပ္ေန၏။

သူလွမ္းေခၚလိုက္ေပမဲ့ၾကားပုံမရပဲအဝတ္ႀကိဳးတန္းလုပ္ေနသည္ကိုအထင္အရွားျမင္ေနရသည္။အဲဒီအခ်ိန္မွာပဲသ့ူ႔ေဘးတြင္သရဲေရာက္လာၿပီး

”’အဲဒါက်ဳူပ္အေမပါပဲက်ဴပ္အေမနံမည္က[ ] က်ဴပ္မွာအေဖမရွိေတာ့ဘူးက်ဴပ္နံမည္က[ ] ပါ””’

ဒီတခါေတာ့သူတကယ္ပင္ႏွစ္ခ်ိဳက္စြာျပန္အိပ္ေပ်ာ္သြားေလသည္။

သူေနျပန္ေကာင္းသြားေတာ့သူ႔အခန္းေဖာ္တေစၦျပေသာသ့ူ႔အိမ္အားမ်က္လုံးထဲကြင္းကြင္းကြက္ကြက္မွတ္မိေနသည။္

ဒီလုံးကသရဲကိုကိုယ္ခ်င္းစာသည္မိသားစုအတြက္ေငြလာရွာရင္းဒုကၡေရာက္သြားရတာမို႔သူႀကိဳးစားၿပီးကူညီရန္ဆုံးျဖတ္လိုက္သည္။

သူအလုပ္မွာေနသားက်လာေတာ့ျမန္မာျပည္ျပန္မဲ့သူမ်ားစုံစမ္းေမးျမန္းၾကည့္မိသည္

ေမးပါမ်ားစကားရဆိုသလိုတစ္ေန႔တြင္ျမန္မာျပည္ျပန္မဲ့သူႏွင့္ဆုံမိေလသည္။

ထိုသူကလဲစိတ္ေကာင္းရွိကာလိုလိုလားလားကူညီမည္ဆို၍သူလည္းအိမ္မက္ထဲက

တေစၦအိမ္အားပုံေဖာ္ေျပာျပလိုက္သည္ရပ္ကြက္အေနအထားလမ္းထိပ္မွဆိုင္တစ္ဆိုင္အမွတ္အသားမ်ားေျပာကာသရဲအိမ္အားသြားေျပာခိုင္းလိုက္သည္။

ေနာက္တစ္လေလာက္ေနေတာ့သူအလုပ္ကျပန္ခ်ိန္တြင္နည္းနည္းေမွာင္ေနၿပီ

ဒါေပမဲ့အလင္းေရာင္လက္က်န္ေလးေတာ့က်န္ေနေသးသည္ညီအကိုမသိတသိအခ်ိန္ဆိုပါေတာ့

သူအိမ္ခန္းတံခါးေသာ့ဖြင့္ဝင္လိုက္ခ်ိန္တြင္အိမ္ထဲတြင္လူတစ္ေယာက္ေက်ာေပးထိုင္ေနတာျမင္လိုက္ရသည္။

သူ႐ုတ္တရက္လန႔္သြားကာအသဲမ်ားေအးကနဲျဖစ္သြားသည္သူ႔အခန္းေဖၚတေစၦျဖစ္မွန္းသူသိလိုက္ေပမဲ့႐ုတ္တရက္ျမင္လိုက္ရေတာ့ေခါင္းႀကီးသြားမိ၏။

ဒီလုံးမီးမ်ားဖြင့္လိုက္ခ်ိန္တြင္ဘာမွမျမင္ရေတာ့ပါဒီလုံးကအခုတေလာအလုပ္ပင္ပန္းတာေၾကာင့္ဘီယာဗူးမ်ားႏွင့္အျမည္းမ်ားဝယ္လာကာေသာက္ရင္းနည္းနည္းမူးလာေတာ့သတၱိေတြဝင္လာသည္။

”’ကဲမိတ္ေဆြတေစၦေရအတူဘီယာသာက္ရေအာင္ေလ’လာဗ်ာ”’

အံ့ၾသစရာပင္ဘီယာဘူးမ်ားသူ႔အလိုလိုေ႐ြ႕လွ်ားေနကာအျမည္းမ်ားလဲေပ်ာက္ေပ်ာက္ကုန္တာေၾကာင့္အမူးေတာင္ေျပခ်င္ခ်င္ျဖစ္သြားမိ၏

ဒီလုံးပါသမွ်အကုန္ေသာက္ျပစ္လိုက္တာလူကအေတာ္မူးေနၿပီဘီယာဗူးမ်ားလည္းပြစာက်ဲေနကာဘယ္လိုအိပ္ေပ်ာ္သြားမွန္းေတာင္မသိေတာ့ေခ်။

ဒီတစ္ေတာ့ခါသူ႔ေဘးတြင္သူ႔အခန္းေဖာ္တေစၦေရာက္ေနကာသူ႔အားဝမ္းသာအားရေျပာျပသည္။

”’ခင္ဗ်ားကိုေက်းဇူးတင္တယ္ဗ်ာက်ဴပ္အိမ္ကိုသြားေျပာခိုင္းတာအဆင္ေျပတယ္ဗ်””’

””’က်ဳပ္ကိုျပဳစုတာလဲေက်းဇူးတင္တယ္ဗ်ာ””’

””’မၾကာခင္သူတို႔က်ဴပ္အတြက္အလူႈေလးလုပ္ေပးၾကလိမ့္မယ္”

”’ဝမ္းသာပါတယ္ဗ်ာ””

သူႏိုးတစ္ဝက္အိမ္မက္တစ္ဝက္ျဖင့္လူကထမရ၍ဆက္အိပ္ေနလိုက္ေတာ့သည္။

သူမိုးလင္းေတာ့သူညကေသာက္ထားေသာပြစာက်ဲေနသည့္ဘီယာဘူးမ်ားအခန္းေထာင့္တြင္

စီစီရီရီခ်ထားတာေတြ႕ရသည္သူၿပဳံးလိုက္မိသည္အခန္းေဖာ္တေစၦကဒီလိုေတာ့လည္းမဆိုးဘူးဟုေတြးမိသည္။

အဲဒီေန႔ကသူသြားေျပာခိုင္းေသာလူကသူ႔အားဖုန္းဆက္သည္တေစၦေျပာေသာသူ႔အိမ္အား

ဆိုက္ကားသမားမ်ားအကူအညီျဖင့္ရွာလို႔ေတြ႕ကာေျပာလိုက္ၿပီျဖစ္၍( ) ေန႔ ( )အခ်ိန္မွာ

သူ႔အတြက္ရည္စူးကာေကာင္းမႈ႕ျပဳလုပ္ေပးမည့္အေၾကာင္းဝမ္းသာစြာေျပာလာသည္။

သူထိုေန႔ကအလုပ္ကျပန္ေတာ့အလႈူလုပ္မည့္ရက္အားအတိအက်ေအာ္ေျပာလိုက္သည္။

အဲဒီေန႔ကထဲကသူ႔အခန္းထဲဘာသံမွမၾကားရေတာ့ေပ

ေနာက္တစ္ပတ္ေလာက္ေနေတာ့အဝတ္အစားသပ္သပ္ရပ္ရပ္ႏွင့္ျဖစ္သြားေသာ

သ့ူ႔အခန္းေဖာ္တစၦသည္သူ႔အားေက်းဇူးတင္စြာၿပဳံး၍ႏႈတ္ဆက္ကာေပ်ာက္ကြယ္သြားေလသည္။

သူလည္းအခန္းေဖာ္တေစၦအတြက္ဝမ္းသာပီတိျဖစ္ေနမိရင္းသူတစ္ေယာက္ထဲဟာတာတာႀကီးျဖစ္က်န္ခဲ့သည္။

တိမ္လႊာမိုး