သေသည့်တိုင်မိုးကြိုးပစ်ခံရသူ (စ-ဆုံး)

Posted on

Unicode Version

သေသည့်တိုင်မိုးကြိုးပစ်ခံရသူ (စ-ဆုံး)
ဖြစ်ရပ်မှန်
(133 )ပုဒ်မြောက်
လွန်ခဲ့သည့်နှစ်များစွာကဖြစ်ရပ်မှန်

လူတို့သည်သံသရာတွင်ကျင်လည်နေကြရစဉ်ကာလအတွင်းသေခြင်းအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။

အတိတ်ကံအကြောင်းမျိုူးးမျိူ းကြောင့်သေပုံခြင်းမတူပေမဲ့ဝဠ်ကြွေးပါလာပါကထိုဝဠ်အတိုင်းသေကြရပေသည်။

ယခုတင်ပြမဲ့အဖြစ်ကတော့မိုးကြိုးပစ်ခံရပြီးသေရမဲ့လူတယောက်အကြောင်းပါ

မိုးကြိုးဆိုတာနှစ်ခါပစ်ရိုးထုံးစံမရှိဘူးဆိုပေမဲ့မိုးကြိုးလေးခါပစ်ခံရပြီူသေသည့်တိုင်အောင်မိုးကြိုးပစ်ခံရသူ

တစ်ယောက်အကြောင်းကိုတင်ပြပါမည်ကိုယ့်ပြုသည့်ကံကိုယ်ထံပြန်လာစမြဲပါ

+++++++++++++++++++++

”’စံတင်ကိုဘာထင်လဲ—–တစ်ကျွန်းပြန်ကွ—-မိုက်တဲ့ကောင်ထွက်လာခဲ့—–စံတင်လက်ကသွေးစွန်းမှအယားသက်သာတာကွ—-””

ထိုအသံကရွာရိုးတလျှောက်ဌက်ကြီးတောင်ဓားတစ်လက်ကိုင်၍ရမ်းကားနေသောလူမိုက်စံတင်အသံဖြစ်သည်။

စံတင်ဆိုသည်နှင့်တရွာလုံးကရွှံ့ကြောက်ကြီးဖြစ်သည်လူသတ်မှု့ဖြင့်တစ်သက်တစ်ကျွန်းကျသွားပြီးမှ

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်၍လွတ်လာသူဖြစ်သည်။လူမိုက်များနှင့်အဆက်အသွယ်ရှိကာ

ဓားပြလက်ထောက်ချသူဟုလည်းသတင်းကြီးသူဖြစ်သည်။သူနှင့်ရန်ဘက်များလည်း

တနည်းနည်းနှင့်သေဆုံးကုန်ကြရာရွာသားများကစံတင်ပရောဂါမကင်းဟုယူဆကြလေသည်။

မိဘများလဲစံတင်အားမနိုင်တော့၍လက်မြှောက်ထားရသောအခြေအနေဖြစ်သည်။

လကွယ်ညတညတွင်မိုးသည်သဲသဲမဲမဲရွာသွန်းလျှက်ရှိပြီးလက်ကနဲ~လက်ကနဲလျှပ်ပန်းလျှပ်နွယ်များ

၏နောက်မှကပ်လျက်လိုက်ပါသည့်ဟိန်းဟောက်ကာပစ်ချလိုက်သောမိုးကြိုးပစ်သံက

ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်ခါလှုပ်ယမ်းသွားလေသည်။

‘တဝေါဝေါအဆက်မပြတ်ရွာနေသောမိုးကြောင့်တရွာလုံးမှောင်မှိက်တိတ်ဆိတ်လျက်ရှိနေသည်။

တစ်ချက်လက်လိုက်သောလျှပ်စီးရောင်အောက်တွင်လူတစုတိတ်ဆိတ်စွာလှုပ်ရှားလျက်ရှိနေသည်။

သူတို့ဦးတည်သွားသည့်အိမ်ကရွာစွန်ကလယ်ပိုင်ရှင်သဌေးကြီးဦးချမ်းသာအိမ်ဆီသို့ဖြစ်သည်။

မိုးသည်အညိုးကြီးကြီးဖြင့်မိုးချိန်းသံများဖြင့်ကြိမ်းဝါးသံပေးကာရွာကောင်းဆဲဖြစ်သည်။

____________

မနက်အလင်းရောင်ကြောင့်တိတ်ဆိတ်ငြိမ်သက်နေသောသာယာကုန်းရွာကလေးသည်တဖန်ပြည်လည်နိုးထအသက်ဝင်လာလေသည်။

ဒီအချိန်မှာဘဲရွာလယ်လမ်းတရှောက်အော်၍ပြေးလာသောဦးချမ်းသာအိမ်မှစာရင်းဌားအော်သံကြောင့်

ဌက်ဆိုးထိုးသံအလားတရွာလုံးတုန်လှုတ်၍အံ့သြသွားစေသည်။

””’လာကြပါအုံးဗျာ—-ဦးချမ်းသာတို့မိသားစုအသတ်ခံထားရလို့ပါ”””

ရွာထဲကလူများလဲလုပ်လက်စအလုပ်များပစ်ချထားခဲ့ကာဦးချမ်းသာအိမ်ဆီသို့အပြေးအလွှားသွားကြည့်ကြလေသည်။

ဦးချမ်းသာအိမ်တွင်တော့တစ်အိမ်လုံးပစ္စည်းမျာပွစာကြဲနေကာတမိသားစုလုံးဓားဒဏ်ရာများဖြင့်

ရက်ရက်စက်စက်အသတ်ခံထားရလေသည်။တစ်ရွာလုံးစုပ်တစ်သပ်သပ်ဖြစ်၍နေကြသည်။

ဦးချမ်းသာဆိုသည်ကမိဘမျိူ းရိုးအလိုက်လယ်တွေယာတွေများစွာပိုင်ဆိုင်ထားသူဖြစ်ကာ

ဘုရားတရားလုပ်၍စိတ်ကောင်းရှိကာအလူ အတန်းရက်ရောသူတစ်ဦးဖြစ်သည်။

ဘုရား~ကျောင်း~ရဟန်း~သိမ် ~ရေတွင်းရေကန်လူ တန်းထားသူဖြစ်၍ပစ္စည်းလေးပါးဒါယကာဖြစ်သည်။

ဒီလိုသူတော်ကောင်းကိုသတ်သွားသူသည်မည်သူဖြစ်မှန်းမသိကြပေမဲ့ရွာကလူအများစုကတော့ကျိန်ဆဲလျှက်ရှိသည်။

””’လူယုတ်မာတွေညကဒီလောက်မိုးကြိုးတွေပစ်နေတာမိုးကြိုးမှန်ပြီးသေသွားသင့်တယ်—””’

”’ ဟုတ်တယ်ဒီလိုလူမျိူးးတွေကြတော့မိုးကြို းမပစ်ဘူးလားမသိဘူး—-မိုးကြိုးပစ်သေကြပါစေ””

ရွာကလူအများကတော့သတ်သွားသူများအားမေတ္တာဝိုင်းပို့သကြလေသည်။

တာဝန်ရှိသူများကတော့ဓားပြမှု့ဟုယူဆကြသည်အိမ်ထဲမှတန်ဖိုးရှိသောပစ္စည်းများဘာမှမတွေ့ရတော့ပေ။

ဦးချမ်းသာအိမ်နောက်ဘက်တွင်လဲခြေရာများရှုတ်ရှက်ခတ်နေကာတောထဲဘက်ပြန်သွားသည့်

ခြေရာများလဲတွေ့နေသောကြောက့်ဓမြအဖွဲ့ဆိုတာသေချာသလောက်ရှိသည်။

ခုတစ်လောစံတင်တစ်ယောက်ရွာထဲတွင်နဲနဲငြိမ်နေသည်အပြင်သွားနေသည်ကများလေသည်။

သို့ပေမဲ့စံတင်ငွေရွှင်နေသည်ကိုသတိထားမိကြသည်အင်းလုပ်ငန်းများဝယ်သည်ဟုလဲသတင်းသဲ့သဲ့ကြားသည်။

အားလုံးကတော့စံတင်ကိုမင်္သကာပေသို့ပေမဲ့ဘာသက်သေမှမရှိအချိန်ကာလကလဲရောင်စုံသူပုန်တွေ

သောင်းကျန်းနေသောခေတ်ဆိုတော့အခြေအနေကြည့်နေကြရကာနီးရာဓါးကြောက်နေရသောအချိန်ဖြစ်သည်။

တစ်နေ့တွင်စံတင်အကုသိုလ်အကျိူ းပေးသည်ဟုဆိုရမည်လားမပြောတတ်ပါမိုးကုန်ခါနီးအချိန်တွင်

စံတင်တစ်ယောက်မိုးကြိုးပစ်ခံရလေသည်ဒါပေမဲ့မသေပါဆံပင်များမီးလောင်သွားကာကိုယ်တစ်ခြမ်း

လေဖြတ်သွားလေသည်အားလုံးကတော့အကုသိုလ်များလို့သတိပေးခံရသည်ဟုဆိုကြလေသည်။

””’ဒီလိုဆန်ကုန်မြေလေးးးးတခါထဲသေအောင်ပစ်ချရမှာ””’

””ဟဲ့သူယုတ်မာကတစ်ခါထဲသေရင်ဝဠ်ကြွတ်မှာစိုးလို့နေမှာပေါဝဠ်ခံရအောင်ပစ်တာနေမှာ”””

စံတင်ကတော့ပေပေတေတေနှင့်ဆေးကုရင်းလေးငါးလလောက်အကြာတွင်ပြန်၍ကောင်းသွားသည်။

တစ်ရွာလုံးကတော့ဝမ်းမသာနိုင်ကြပါဘာများထပ်၍ဒုက္ခပေးမလဲစိုးရိမ်နေကြပြန်သည်။

စံတင်ကလဲရွာထဲပတ်၍ရမ်းလိုက်ကြိမ်းလိုက်လုပ်နေသည်သူလေဖြတ်နေစဉ်သူအားပမာမခန့်လုပ်သူများအားစိန်ခေါ်ပြန်သည်။

””ဟေ့စံတင်ကလွယ်လွယ်နဲ့သေတဲ့ကောင်မဟုတ်ဘူးကွ—-သီကြားမင်းတောင်ကြောက်လို့အသေမပစ်ဘူးကွ——မိုက်တဲ့ကောင်ထွက်လာခဲ့အရက်နြဲ့မည်းပစ်လိုက်မယ်””

စံတင်ကတော့ကောင်းလာသည်နှင့်ထုံးစံအတိုင်းမိုက်နေဆဲမို့တစ်ရွာလုံးကျီးလန့်ဆန်စားဖြစ်ကာ

အရိပ်တစ်ကြည့်ကြည့်ဖြင့်နေရပြန်သည်ဦးချမ်းသာမိသားစုလဲနမူနာရှိနေသည်မို့သိုသိုသိပ်သိပ်နေကြရပြန်သည်။

နောက်နှစ်မိုးတွင်းရောက်သည့်အခါမှာတော့စံတင်မိုးကြိုးပစ်ခံရပြန်သည်။

ဒီတစ်ချီတွင်တော့စံတင်အောက်ပိုင်းသေသွားပြန်သည်ဒီတစ်ခါတော့ပြန်ကောင်းမလာတောပါ

စံတင်မိုးကြိုးနှင့်အကျိူ းပေးသည်ဆိုရမည်နောက်တစ်နှစ်မိုးတွင်းမှာတော့အောက်ပိုင်းသေနေသော

စံတင်ကိုမိုးကြိုပစ်ချလိုက်ပြန်ရာတကိုယ်လုံးလောင်ကျွမ်းကာသေဆုံးသွားလေသည်။

စံတင်ကငရဲသို့တန်းရောက်သွားသည်ထင်သည်သရဲခြောက်သံမကြားရပါ

လူအများကတော့အကုသိုလ်တစ်တောရှင်းသွားသည်ဟုဆိုကာဝမ်းသာလိုက်ကြသည်မှာမပြောပါနဲ့တော့

စံတင်သေတော့ခပ်မြန်မြန်ပင်အသုဘချလိုက်ကြသည်လိုက်ပို့သူများကသံဝေဂရနေကြသည်။

ဒီလိုနဲ့စံတင်ဆိုတဲ့ငမိုက်သားတစ်ယောက်လူ့လောကထဲကပျောက်ကွယ်သွားပေမဲ့သူ့အကြောင်းကတော့

အဆန်းတစ်ကြယ်ကျန်နေသေးသည်မိုးကြို းသုံးခါပစ်ပြီးမှသေသူကံထူးရှင်ကြီးမဟုတ်ပါလား

နောက်နှစ်မိုးတွင်ညတစ်ညမှာတော့မိုးကောလေပါတဝေါဝေါနှင့်ရွာကာလျှပ်စီးတွေလက်ကာ

ကျယ်လောင်သောမိုးကြိုးပစ်သံကြီးကြားရကာရွာင်္သချိုင်းကုန်းဘက်သို့ကျယ်လောင်စွာပစ်ချလိုက်သံတစ်ရွာလုံးကြားလိုက်ရလေသည်။

မနက်မိုးလင်းတော့င်္သချိူင်းဘက်သွားကြည့်ကြရာမယုံနိုင်စရာအဖြစ်ကိုမြင်ကြရလေသည်။

စံတင်အလောင်းမြုပ်ထားသောမြေပုံတည့်တည့်သို့မိုးကြိုးပစ်ချလိုက်သည့်အတွက်

မြေပုံတစ်ခုလုံးမဲတူးနေကာမီးခိုးတစ်လူလူထွက်လျှက်ရှိနေပေသည်။

ပြီး

Zawgyi Version

ေသသည့္တိုင္မိုးႀကိဳးပစ္ခံရသူ (စ-ဆုံး)
ျဖစ္ရပ္မွန္
(133 )ပုဒ္ေျမာက္
လြန္ခဲ့သည့္ႏွစ္မ်ားစြာကျဖစ္ရပ္မွန္

လူတို႔သည္သံသရာတြင္က်င္လည္ေနၾကရစဥ္ကာလအတြင္းေသျခင္းအမ်ိဳးမ်ိဳးႏွင့္ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရေပသည္။

အတိတ္ကံအေၾကာင္းမ်ိဳူးးမ်ိဴ းေၾကာင့္ေသပုံျခင္းမတူေပမဲ့ဝဠ္ေႂကြးပါလာပါကထိုဝဠ္အတိုင္းေသၾကရေပသည္။

ယခုတင္ျပမဲ့အျဖစ္ကေတာ့မိုးႀကိဳးပစ္ခံရၿပီးေသရမဲ့လူတေယာက္အေၾကာင္းပါ

မိုးႀကိဳးဆိုတာႏွစ္ခါပစ္႐ိုးထုံးစံမရွိဘူးဆိုေပမဲ့မိုးႀကိဳးေလးခါပစ္ခံရၿပီဴေသသည့္တိုင္ေအာင္မိုးႀကိဳးပစ္ခံရသူ

တစ္ေယာက္အေၾကာင္းကိုတင္ျပပါမည္ကိုယ့္ျပဳသည့္ကံကိုယ္ထံျပန္လာစၿမဲပါ

+++++++++++++++++++++

”’စံတင္ကိုဘာထင္လဲ—–တစ္ကြၽန္းျပန္ကြ—-မိုက္တဲ့ေကာင္ထြက္လာခဲ့—–စံတင္လက္ကေသြးစြန္းမွအယားသက္သာတာကြ—-””

ထိုအသံက႐ြာ႐ိုးတေလွ်ာက္ဌက္ႀကီးေတာင္ဓားတစ္လက္ကိုင္၍ရမ္းကားေနေသာလူမိုက္စံတင္အသံျဖစ္သည္။

စံတင္ဆိုသည္ႏွင့္တ႐ြာလုံးက႐ႊံ႕ေၾကာက္ႀကီးျဖစ္သည္လူသတ္မႈ႕ျဖင့္တစ္သက္တစ္ကြၽန္းက်သြားၿပီးမွ

လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ျပန္၍လြတ္လာသူျဖစ္သည္။လူမိုက္မ်ားႏွင့္အဆက္အသြယ္ရွိကာ

ဓားျပလက္ေထာက္ခ်သူဟုလည္းသတင္းႀကီးသူျဖစ္သည္။သူႏွင့္ရန္ဘက္မ်ားလည္း

တနည္းနည္းႏွင့္ေသဆုံးကုန္ၾကရာ႐ြာသားမ်ားကစံတင္ပေရာဂါမကင္းဟုယူဆၾကေလသည္။

မိဘမ်ားလဲစံတင္အားမႏိုင္ေတာ့၍လက္ေျမႇာက္ထားရေသာအေျခအေနျဖစ္သည္။

လကြယ္ညတညတြင္မိုးသည္သဲသဲမဲမဲ႐ြာသြန္းလွ်က္ရွိၿပီးလက္ကနဲ~လက္ကနဲလွ်ပ္ပန္းလွ်ပ္ႏြယ္မ်ား

၏ေနာက္မွကပ္လ်က္လိုက္ပါသည့္ဟိန္းေဟာက္ကာပစ္ခ်လိုက္ေသာမိုးႀကိဳးပစ္သံက

ကမာၻေျမႀကီးသိမ့္သိမ့္တုန္ခါလႈပ္ယမ္းသြားေလသည္။

‘တေဝါေဝါအဆက္မျပတ္႐ြာေနေသာမိုးေၾကာင့္တ႐ြာလုံးေမွာင္မွိက္တိတ္ဆိတ္လ်က္ရွိေနသည္။

တစ္ခ်က္လက္လိုက္ေသာလွ်ပ္စီးေရာင္ေအာက္တြင္လူတစုတိတ္ဆိတ္စြာလႈပ္ရွားလ်က္ရွိေနသည္။

သူတို႔ဦးတည္သြားသည့္အိမ္က႐ြာစြန္ကလယ္ပိုင္ရွင္သေဌးႀကီးဦးခ်မ္းသာအိမ္ဆီသို႔ျဖစ္သည္။

မိုးသည္အညိဳးႀကီးႀကီးျဖင့္မိုးခ်ိန္းသံမ်ားျဖင့္ႀကိမ္းဝါးသံေပးကာ႐ြာေကာင္းဆဲျဖစ္သည္။

____________

မနက္အလင္းေရာင္ေၾကာင့္တိတ္ဆိတ္ၿငိမ္သက္ေနေသာသာယာကုန္း႐ြာကေလးသည္တဖန္ျပည္လည္ႏိုးထအသက္ဝင္လာေလသည္။

ဒီအခ်ိန္မွာဘဲ႐ြာလယ္လမ္းတေရွာက္ေအာ္၍ေျပးလာေသာဦးခ်မ္းသာအိမ္မွစာရင္းဌားေအာ္သံေၾကာင့္

ဌက္ဆိုးထိုးသံအလားတ႐ြာလုံးတုန္လႈတ္၍အံ့ၾသသြားေစသည္။

””’လာၾကပါအုံးဗ်ာ—-ဦးခ်မ္းသာတို႔မိသားစုအသတ္ခံထားရလို႔ပါ”””

႐ြာထဲကလူမ်ားလဲလုပ္လက္စအလုပ္မ်ားပစ္ခ်ထားခဲ့ကာဦးခ်မ္းသာအိမ္ဆီသို႔အေျပးအလႊားသြားၾကည့္ၾကေလသည္။

ဦးခ်မ္းသာအိမ္တြင္ေတာ့တစ္အိမ္လုံးပစၥည္းမ်ာပြစာႀကဲေနကာတမိသားစုလုံးဓားဒဏ္ရာမ်ားျဖင့္

ရက္ရက္စက္စက္အသတ္ခံထားရေလသည္။တစ္႐ြာလုံးစုပ္တစ္သပ္သပ္ျဖစ္၍ေနၾကသည္။

ဦးခ်မ္းသာဆိုသည္ကမိဘမ်ိဴ း႐ိုးအလိုက္လယ္ေတြယာေတြမ်ားစြာပိုင္ဆိုင္ထားသူျဖစ္ကာ

ဘုရားတရားလုပ္၍စိတ္ေကာင္းရွိကာအလူ အတန္းရက္ေရာသူတစ္ဦးျဖစ္သည္။

ဘုရား~ေက်ာင္း~ရဟန္း~သိမ္ ~ေရတြင္းေရကန္လူ တန္းထားသူျဖစ္၍ပစၥည္းေလးပါးဒါယကာျဖစ္သည္။

ဒီလိုသူေတာ္ေကာင္းကိုသတ္သြားသူသည္မည္သူျဖစ္မွန္းမသိၾကေပမဲ့႐ြာကလူအမ်ားစုကေတာ့က်ိန္ဆဲလွ်က္ရွိသည္။

””’လူယုတ္မာေတြညကဒီေလာက္မိုးႀကိဳးေတြပစ္ေနတာမိုးႀကိဳးမွန္ၿပီးေသသြားသင့္တယ္—””’

”’ ဟုတ္တယ္ဒီလိုလူမ်ိဴးးေတြၾကေတာ့မိုးႀကိဳ းမပစ္ဘူးလားမသိဘူး—-မိုးႀကိဳးပစ္ေသၾကပါေစ””

႐ြာကလူအမ်ားကေတာ့သတ္သြားသူမ်ားအားေမတၱာဝိုင္းပို႔သၾကေလသည္။

တာဝန္ရွိသူမ်ားကေတာ့ဓားျပမႈ႕ဟုယူဆၾကသည္အိမ္ထဲမွတန္ဖိုးရွိေသာပစၥည္းမ်ားဘာမွမေတြ႕ရေတာ့ေပ။

ဦးခ်မ္းသာအိမ္ေနာက္ဘက္တြင္လဲေျခရာမ်ားရႈတ္ရွက္ခတ္ေနကာေတာထဲဘက္ျပန္သြားသည့္

ေျခရာမ်ားလဲေတြ႕ေနေသာေၾကာက့္ဓျမအဖြဲ႕ဆိုတာေသခ်ာသေလာက္ရွိသည္။

ခုတစ္ေလာစံတင္တစ္ေယာက္႐ြာထဲတြင္နဲနဲၿငိမ္ေနသည္အျပင္သြားေနသည္ကမ်ားေလသည္။

သို႔ေပမဲ့စံတင္ေငြ႐ႊင္ေနသည္ကိုသတိထားမိၾကသည္အင္းလုပ္ငန္းမ်ားဝယ္သည္ဟုလဲသတင္းသဲ့သဲ့ၾကားသည္။

အားလုံးကေတာ့စံတင္ကိုမသၤကာေပသို႔ေပမဲ့ဘာသက္ေသမွမရွိအခ်ိန္ကာလကလဲေရာင္စုံသူပုန္ေတြ

ေသာင္းက်န္းေနေသာေခတ္ဆိုေတာ့အေျခအေနၾကည့္ေနၾကရကာနီးရာဓါးေၾကာက္ေနရေသာအခ်ိန္ျဖစ္သည္။

တစ္ေန႔တြင္စံတင္အကုသိုလ္အက်ိဴ းေပးသည္ဟုဆိုရမည္လားမေျပာတတ္ပါမိုးကုန္ခါနီးအခ်ိန္တြင္

စံတင္တစ္ေယာက္မိုးႀကိဳးပစ္ခံရေလသည္ဒါေပမဲ့မေသပါဆံပင္မ်ားမီးေလာင္သြားကာကိုယ္တစ္ျခမ္း

ေလျဖတ္သြားေလသည္အားလုံးကေတာ့အကုသိုလ္မ်ားလို႔သတိေပးခံရသည္ဟုဆိုၾကေလသည္။

””’ဒီလိုဆန္ကုန္ေျမေလးးးးတခါထဲေသေအာင္ပစ္ခ်ရမွာ””’

””ဟဲ့သူယုတ္မာကတစ္ခါထဲေသရင္ဝဠ္ႂကြတ္မွာစိုးလို႔ေနမွာေပါဝဠ္ခံရေအာင္ပစ္တာေနမွာ”””

စံတင္ကေတာ့ေပေပေတေတႏွင့္ေဆးကုရင္းေလးငါးလေလာက္အၾကာတြင္ျပန္၍ေကာင္းသြားသည္။

တစ္႐ြာလုံးကေတာ့ဝမ္းမသာႏိုင္ၾကပါဘာမ်ားထပ္၍ဒုကၡေပးမလဲစိုးရိမ္ေနၾကျပန္သည္။

စံတင္ကလဲ႐ြာထဲပတ္၍ရမ္းလိုက္ႀကိမ္းလိုက္လုပ္ေနသည္သူေလျဖတ္ေနစဥ္သူအားပမာမခန႔္လုပ္သူမ်ားအားစိန္ေခၚျပန္သည္။

””ေဟ့စံတင္ကလြယ္လြယ္နဲ႔ေသတဲ့ေကာင္မဟုတ္ဘူးကြ—-သီၾကားမင္းေတာင္ေၾကာက္လို႔အေသမပစ္ဘူးကြ——မိုက္တဲ့ေကာင္ထြက္လာခဲ့အရက္ျႏဲ့မည္းပစ္လိုက္မယ္””

စံတင္ကေတာ့ေကာင္းလာသည္ႏွင့္ထုံးစံအတိုင္းမိုက္ေနဆဲမို႔တစ္႐ြာလုံးက်ီးလန႔္ဆန္စားျဖစ္ကာ

အရိပ္တစ္ၾကည့္ၾကည့္ျဖင့္ေနရျပန္သည္ဦးခ်မ္းသာမိသားစုလဲနမူနာရွိေနသည္မို႔သိုသိုသိပ္သိပ္ေနၾကရျပန္သည္။

ေနာက္ႏွစ္မိုးတြင္းေရာက္သည့္အခါမွာေတာ့စံတင္မိုးႀကိဳးပစ္ခံရျပန္သည္။

ဒီတစ္ခ်ီတြင္ေတာ့စံတင္ေအာက္ပိုင္းေသသြားျပန္သည္ဒီတစ္ခါေတာ့ျပန္ေကာင္းမလာေတာပါ

စံတင္မိုးႀကိဳးႏွင့္အက်ိဴ းေပးသည္ဆိုရမည္ေနာက္တစ္ႏွစ္မိုးတြင္းမွာေတာ့ေအာက္ပိုင္းေသေနေသာ

စံတင္ကိုမိုးႀကိဳပစ္ခ်လိုက္ျပန္ရာတကိုယ္လုံးေလာင္ကြၽမ္းကာေသဆုံးသြားေလသည္။

စံတင္ကငရဲသို႔တန္းေရာက္သြားသည္ထင္သည္သရဲေျခာက္သံမၾကားရပါ

လူအမ်ားကေတာ့အကုသိုလ္တစ္ေတာရွင္းသြားသည္ဟုဆိုကာဝမ္းသာလိုက္ၾကသည္မွာမေျပာပါနဲ႔ေတာ့

စံတင္ေသေတာ့ခပ္ျမန္ျမန္ပင္အသုဘခ်လိုက္ၾကသည္လိုက္ပို႔သူမ်ားကသံေဝဂရေနၾကသည္။

ဒီလိုနဲ႔စံတင္ဆိုတဲ့ငမိုက္သားတစ္ေယာက္လူ႔ေလာကထဲကေပ်ာက္ကြယ္သြားေပမဲ့သူ႔အေၾကာင္းကေတာ့

အဆန္းတစ္ၾကယ္က်န္ေနေသးသည္မိုးႀကိဳ းသုံးခါပစ္ၿပီးမွေသသူကံထူးရွင္ႀကီးမဟုတ္ပါလား

ေနာက္ႏွစ္မိုးတြင္ညတစ္ညမွာေတာ့မိုးေကာေလပါတေဝါေဝါႏွင့္႐ြာကာလွ်ပ္စီးေတြလက္ကာ

က်ယ္ေလာင္ေသာမိုးႀကိဳးပစ္သံႀကီးၾကားရကာ႐ြာသၤခ်ိဳင္းကုန္းဘက္သို႔က်ယ္ေလာင္စြာပစ္ခ်လိုက္သံတစ္႐ြာလုံးၾကားလိုက္ရေလသည္။

မနက္မိုးလင္းေတာ့သၤခ်ိဴင္းဘက္သြားၾကည့္ၾကရာမယုံႏိုင္စရာအျဖစ္ကိုျမင္ၾကရေလသည္။

စံတင္အေလာင္းျမဳပ္ထားေသာေျမပုံတည့္တည့္သို႔မိုးႀကိဳးပစ္ခ်လိုက္သည့္အတြက္

ေျမပုံတစ္ခုလုံးမဲတူးေနကာမီးခိုးတစ္လူလူထြက္လွ်က္ရွိေနေပသည္။

ၿပီး