သချိုင်းဟောင်း မှ အပြန် (စ-ဆုံး)

Posted on

Unicode Version

သချိုင်းဟောင်း မှ အပြန် (စ-ဆုံး)
” အကို ထပါအုံး…ခွေးတွေဘာလို့ဒီလောက်ဟောင်နေရတာလဲ……
“အေးဟုတ်တယ်…ခွေးတွေဟောင်ပုံကတော်တော်ထူးနေတယ်…တို့အိမ်ကခွေးတွေဘဲ…ဟောင်နေတာ…ငါဆင်းကြည့်လိုက်အုံးမယ်……
” ကိုအောင်က လက်နှိပ်ဓာတ်မီးကိုင်ပြီး အိမ်အောက်ဆင်းလိုက်သည်…ခွေးများကအိမ်နောက်ဖေး အခန်းကိုကြည့်ပြီးထိုးထိုးဟောင်နေသည်……အသေအချာကြည့်လိုက်တော့မှ…ကလေးသိပ်ထားရာ နောက်ဖေးခန်းကို…ဦးတည်ဟောင်နေသည်ကိုတွေ့ရသည်………
ထိုစဉ် အနီးအနာူအိမ်များမှ…လူများလဲကိုအောင်တို့ခြံအတွင်းသို့ရောက်ရှိ့လာကြသည်…မင်းရဲ့ခွေးတွေကဘာတွေ့လို့ဒီလောက်ဟောင်နေရတာလဲ…ငါ့တို့ခြံထဲကခွေးတွေတော့ငြိမ်နေတယ်…ထူးဆန်းတယ်ထင်လို့ …ဆင်းလာကြတာ………
ဟုတ်တယ်…အကိုခွေးတွေက …ကျတော်အိမ်နောက်ဖေးခန်းကို…မော့မော့ပြီး ထိုးဟောင်နေကြတာ………
ဟုတ်တယ်ကိုအောင်…မင်း…ခွေးတွေဘဲဟောင်နေတာ…ငါတို့ခြံထဲကခွေးတွေတော့…ငြိမ်နေတာဘဲ…ခါတိုင်းတစ်ခုခုတွေ့ရင်အုပ်စုလိုက်ဟောင်ကြတာ……
ခုတော့……
…မင်း…ခွေးတွေဘဲယောက်ယက်ခတ်ပြီးဟောင်နေကြတာ…တော်တော်ထူးခြားနေတယ်……
ထိုစဉ်…အကို ဝင်းနိုင်က…တစ်ခုခုကိုသတိရဟန်ဖြင့်…ကိုအောင်ကို…မေးလိုက်သည်…ဒါနဲ့ကိုအောင်…ညနေက သချိုင်းဟောင်း
က…မင်း…ကောက်ရတဲ့ …ကလေးရော
ဘယ်မှာလဲ
ရှိ့ပါတယ် အကိုဝင်းနိုင်…အိပ်နေပြီ……
ဘာလို့ကလေးကို …မေးရတာလဲ
ငါ့စိတ်ထဲ တစ်မျိုးကြီးဖြစ်နေလို့ပါ…ကလေးကိုဘယ်မှာသိပ်တာလဲ…မင်းတို့အိပ်ခန်းထဲမှာလား…
ရှေ့ခန်းမှာသိပ်မရလို့…နောက်ဖေးခန်းထဲမှာ သိပ်ထားတယ်…ကလေးအိပ်ပျော်သွားမှ…ကျတော်တို့အိပ်ခဲ့တာ…အိပ်ပျော်နေတုန်း…ခွေးတွေဟောင်လို့ နိုးလာရတာ……
@@@@@@@
ညမှောင်မှောင်တွင်သွားနေကြလမ်းမဟုတ်သဖြင့် ခရီးမတွင်လှချေ…ဝန်ပါသဖြင့်…သချိုင်းဟောင်း ကုန်းအတတ်တွင်…နွားများရုန်းနေရသည်…မကြာမီသချိုင်းဟောင်းသို့ရောက်လာကြသည်…နွားမောင်းသံမှ အပ…အားလုံးတိတ်ဆိတ်ငြိမ်သက်နေသည်……
အကိုဝင်နိုင်သာ ကြောက်နေတာ…အသွားအပြန် ဘာမှခြောက်လှန့်တာ မခံရဘူးလေ…
အင်း…မင်း…ပြောတာလဲ ဟုတ်နေတာဘဲ…ဒါပေမဲ့ ဒီသချိုင်းဟောင်းက ဖြတ်ဖူးသူတိုင်း…အခြောက်ခံရတာမျာူတယ်ကွ
…ကိုအောင်နှင့် ကိုဝင်နိုင်တို့နှစ်ယောက်သား…စကားတပြောပြောနှင့်သချိုင်းဟောင်းကိုဖြတ်ခဲ့လေသည်……
” ထိုစဉ်…သချိုင်းလွန်ရုံ ရှိ့သေးသည်…လှည်းလမ်းဘေးမှ ကလေးငိုသံ…သဲ့သဲ့ကြားလိုက်ရသည်…ကလေးငိုသံကြား၍ ကိုအောင်အသေအချာကြည့်လိုက်ရာ လမ်းဘေးတွင် အနှီးဖြစ်ထုတ်ထားသော လသားအရွယ် …ကလေးတစ်ဦးငိုနေသည်ကို…လှည်းပေါ်မှ လှမ်းတွေ့လိုက်ရသည်……
“ကိုအောင်ရေ…သချိုင်းလွန်ရုံရှိ့သေးတယ်…ခုငိုသံကြားတဲ့ ကလေးကို…မင်းဘယ်လိုသဘောရလဲ…ငါတော့သိပ်ပြီး မသကာင်္ဘု……
” ဒါတွေ ကျတော် မယုံဘူး…ကျတော်ဆင်းကြည့်လိုက်အုံးမယ်…ပြောပြောဆိုဆိုနဲ့ ကိုအောင်…လှည်းပေါ်က ခုန်ဆင်းလိုက်သည်…ငိုနေသော ကလေးအား…ကောက်ယူထွေးပွေ့လိုက်သည်…ကလေးမှာ ကိုအောင်လက်ပေါ်တွင် …ချက်ချင်းအငိုတိတ်သွားသည်………
” တစ်ယောက်ယောက်က အကြောင်းတစ်ခုခုကြောင့်…မမွေးချင်လို့ လာစွန့်ပစ်သွားတာဖြစ်မယ်………
” ငါကတော့ မယုံဘူ…မင်းက…ဒီသချိုင်းအခြောက်ကြမ်းတာ မယုံတော့…အခက်သား…ကဲ
…ဒီကလေးကို မင်းဘယ်လိုလုပ်မှာလဲ……
” နောက်မှကြည့်ရှင်းမယ်…လောလောဆယ် ဒီကလေးကို…ကျတော်ခေါ်သွားမယ်…ပိုင်ရှင်တွေ့ရင်ပြန်ပေးလိုက်မှာပေါ့…ပိုင်ရှင်မပေါ်တော့…ကျတော်တို့ လင်မယားမွေးစားမယ်……
“သချိုင်းဟောင်းမှ…အချိန်မတော်ကောက်ယူခဲ့သော …ကလေးမို့…တစ်ချို့ကမွေးစားသင့် မသင့် ဝေဖန်ပြောဆိုနေကြတော့
သည်………
” ကဲ…ကဲ…တော်ကြပါတော့ ဒီကလေး မနက်ဖြန် ပိုင်ရှင်မပေါ်ရင် ကျတော်တို့လင်မယား တရားဝင်မွေးစားမယ်…ကလေးက ဖြူဖြူဖွေးဖွေး ယောကျာင်္လေးပါ………
@@@@@@@@
” ထိုညက ကိုအောင်တို့ လင်မယားအလုပ်ရှုပ်နေကြသည်…အိမ်ထောင်သည် ကလေးငယ်ရှိ့သော မိန်းမများက နို့လာတိုက်ကြသည်…ကလေးက နို့စို့နေစဉ် အချိန်သာ အငိုတိတ်သည်
ကျန်သည် တစ်ချိန်လုံး ငိုနေလေသည်………
” တစ်ဦးစီချော့သိပ်သော်လည်း အငိုမတိတ်ပါ …ပုခတ်ဆင်၍သိပ်လဲ မအိပ်ဘဲ ရုန်းကန်နေလေသည်…လင်မယားနှစ်ဦးကြားတွင် ထား၍ သိပ်သော်လည်း မအိပ်ဘဲ ငိုနေပြန်သည်…နောက်ဆုံးအိမ်နောက်ဘေးဖက်အခန်းတွင် တစ်ဦးထဲ သိပ်ထားလိုက်တော့မှ…အငိုတိတ်သွားတော့သည်………
” ကိုအောင်တို့လင်မယား မနက်ဖြန်မှပိုင်ရှင်မပေါ်ရင် တရားဝင်မွေးစားမည်ဟု တွေးကာ အပျော်ကြီးပျော်နေလေသည်…သို့သော်သူတို့လင်မယား အပျော်များ…နောက်နေ့မကူးခဲ့ပါ…သန်ခေါင်ကျော်တွင်…ပြသာနာစပါတော့သည်…ကလေးမှာ နို့ဝအောင် စို့ထားပြီး နောက်ဖေးခန်းတွင် အိပ်ပျော်နေပြီ ဖြစ်သည်……
ကိုအောင်တို့ လင်မယားလဲ ပင်ပန်းထားသဖြင့် အိပ်ခန်းထဲတွင်နှစ်
နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်…သန်းခေါင်ကျော်အချိန်ခန့်တွင်…ကိုအောင်တို့မွေးထာသော …ခွေးသုံးကောင်၏ …စူးစူးဝါးဝါး ဟောင်သံကြောင့်…ကိုအောင်တို့လင်မယား အိပ်ရာမှ နိုးခဲ့ခြင်းပင်ဖြစ်တော့သည်……
” မင်းက အယုံအကြည်မရှိ့တော့…ငါမပြောချင်ဘူး…ခုဟောင်နေတာ မင်း…ကလေးသိပ်ထားတဲ့…နောက်ဖေးအခန်းကို မဟုတ်လား
” ဟာ…ဟုတ်တယ် အကိုဝင်းနိုင်…”……
“ဒါဆို…ကလေးအခြေအနေဘယ်လိုရှိ့နေမလဲ…ခွေးတွေဒီလောက်ဟောက်ယက်ခတ်ပြီး ဟိုပြေးဒီပြေး နဲ့ ဒီလောက်ဟောင်နေတာကို…ကလေးကမနိုးဘူးလား…ငိုသံလည်း မကြားရဘူး…ကြည့်လိုက်ပါအုံး………
” ဟုတ်ကဲ့”…… အကို…ကျမသွားကြည့်လိုက်ပါမယ်…ထိုသို့ပြောပြီး ကလေးသိပ်ထားရာ နောက်ဖေးခန်းသို့
ဝင်သွားလေသည်
အမလေး…လာကြပါအုံး…ကြောက်စရာ
တစ္ဆေကြီး……တစ္ဆေကြီး
ထိတ်ထိတ်ပျာပျာ တုန်တုန်ယင်ယင်ဖြစ်
ကြောက်လှန့်နေသော မအုန်းကြူကို တွေ့လိုက်ရသည်…ကိုအောင်က သုမိန်းမ ပခုံးကိုဖတ်ထားရင်းမေးလိုက်သည်……
ဘာတွေ့လို့လဲ မိန်းမ…ဘာတစ္ဆေကြီးလဲ……ကလေးရော…ကလေးရော…အကြောက်မပြေသေး၍ ထစ်ထစ်ငေါ့
ငေါ့ဖြစ်ပြောလိုက်သည်…ကလေးမတွေ့ရတော့
ဘူး’.……ကလေးနေရာမှာ …စကားမဆက်နိုင်ဘဲ
တုန်လှုပ်ကြောက်ရွံ့နေလေသည်………
ပြောစမ်းပါ ကလေးနေရာမှာဘာတွေ့လိုလဲ
” ကလေးနေရာမှာ တစ္ဆေလို အကောင်ကြီး တွေ့
လိုက်ရတယ်…နည်းတဲ့အကောင်ကြီး မဟုတ်ဘူး…ဝက်လိုပုံစံနဲ့…သူနားရွက်ကြီး ခြုံပြီး
အိပ်နေတာ…အစွယ်နှစ်ချောင်းကလဲ ပြူးနေတာ
ဘဲ…ကျမကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတာဒ……
ကြောက်စရာကြီး………
” ဘာ…နားရွက်ကြီးခြုံပြီး…အိပ်နေတဲ့ အစွယ်ပြူးပြူးနဲ့ ဝက်လို အကောင်ကြီး ဟုတ်
လား……အဲ့ဒီ အကောင်ကြီး ရှိ့သေးလား……
ကျမဆင်းလာတဲ့အထိ ဖျာပေါ်မှာရှိ့နေတုံဘဲ
” ကဲ…လာအိမ်ပေါ်တတ်ကြည့်ကြမယ်…သချိုင်
ဟောင်းက လိုက်လာတဲ့ အကောင်ဖြစ်မယ်…
ကျန်သူတွေ နောက်ဖေးဘက်က…သွားစောင့်
နေကြစမ်း…………
” ကျတော်တို့ အိမ်ပေါ်တတ်လာစဉ်…အိမ်
နောက်ဖေးဘက်တွင် သွားစောင့်သူများ စောင့်
ကြသည်…မီးဖိုချောင်ဘက် အခန်းထဲ အရောက်
တွင် …လက်တစ်ဖက်က ဓါးကိုင်ပြီး…ကျန်လက်
တစ်ဖက်က လက်နှိပ်ဓာတ်မီးကိုင်ပြီး……ကလေူ
သိပ်ထားရာ…ဖျာပေါ်သို့ မီးဖွင့်ကြည့်လိုက်
သည်………………
” မည်သည်အကောင်မှ မတွေ့ရချေ…ကလေးကိုလည်း မတွေ့ရတော့
” ထိုစဉ်မှာပင် အိမ်ပေါ်သို့ ထိုးထိုးဟောင်နေ
သော ခွေးများခြံဝသို့ ပြေးထွတ်သွားပြီး…လမ်း
မပေါ်သို့ ထိုဟောင်းနေလေသည်………
” ထိုစဉ် အနီးအနာူ အိမ်များမှ …ခွေးများ
ပါဟောင်နေကြသည်…ဟောင်သည်ခွေးက
ဟောင် အူသည်ခွေးက အူနှင့်…ဆူညံနေတော့
သည်………………
” အရုဏ်တတ်မတိုင်မီ အချိန် ……ခွေးအူး
သံများဖြစ် ခြောက်ခြားဖွယ်ဖြစ်နေပါတော့သည်
” ကိုအောင်တို့ကောက်ယူခဲ့သော ကလေး
ကို မတွေ့ရတော့သလို…ကိုအောင်မိန်းမ တွေ့ခဲ့သော……အစွယ်ပြူးပြူးနှင့် နားရွက်ကြီး
ခြုံပြီး အိပ်နေသည်ဆိုသော…သရဲတစ္ဆအကောင်
ကြီးလည်း…ပျောက်ခြင်းမလှ ပျောက်သွား
လေတော့သည်…………
( ဆုံကြအုံးမယ် ကွယ် )
( ထွဋ်ခေါင် )

Zawgyi Version

ခုတော့……
ဘယ်မှာလဲ
@@@@@@@
သည်………
@@@@@@@@
ဝင်သွားလေသည်
တစ္ဆေကြီး……တစ္ဆေကြီး
ကြောက်စရာကြီး………
နေကြစမ်း…………
သည်………………
သည်………………
လေတော့သည်…………
( ဆုံကြအုံးမယ် ကွယ် )
( ထွဋ်ခေါင် )