**လူဝင်စားနှင့် နှစ်ဘဝကလဲ့စား** (စ/ဆုံး)

Posted on
Unicode Version
**လူဝင်စားနှင့် နှစ်ဘဝကလဲ့စား** (စ/ဆုံး)
————–—————————-
(ဖြစ်ရပ်မှန်)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
******
အချိန်ကား ၁၉၉၉ ဒီဇင်ဘာလ (၁)ရက်နေ့။ အဲ့ဒီနေ့က အရမ်းအေးနေတယ်။ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ တစ်ခြားနိုင်ငံတွေလို အေးခဲနေလောက်အောင် အအေးဓာတ်မပြင်းပေမယ့် အဲ့ဒီ ဒီဇင်ဘာ(၁)ရက်နေ့မှာ အအေးဓာတ်တွေ အရမ်းလွန်ကဲနေတယ်။ ရေဒီယို၊ ရုပ်မြင်သံကြား အစရှိတဲ့ အသံလွှင့်ဌာနတွေမှာလည်း အအေးဓာတ်လွန်ကဲနေတာကြောင့် ပြည်သူပြည်သားအားလုံး နွေးနွေးထွေးထွေးနေထိုင်ရန် တဆာဆာအသံလွှင့်နေခဲ့တဲ့ နေ့ရက်ကလေးပေါ့။
ကျွန်တော်က အသက်၂၈နှစ်ရှိပြီ။ သူမက အသက်၂၇။ သူမဆိုတာ ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူလေးပါ။ သူမကို ကျွန်တော်သိပ်ချစ်တယ်။ သူမက ကျွန်တော့်အတွက်ဆိုရင် ဘာမှမဆိုရင်ဆိုင်ရဲတယ်။ သူမအတွက်ဆိုလဲ ကျွန်တော်ဘာမဆိုရင်ဆိုင်ရဲတယ်။ သူမနဲ့ကျွန်တော် ဒီနေ့ ဒီဇင်ဘာတစ်ရက်နေ့ဆိုရင် ချစ်သူတွေဖြစ်လာတာ (၃)နှစ်တင်းတင်းပြည့်ပြီလေ။ သူမနဲ့တွေ့ဖို့ ကျွန်တော်အခုစောင့်နေတာ။
သူမလာရာလမ်းလေးကို ကျွန်တော်ငေးကြည့်နေမိရင်း ရင်တဒိတ်ဒိတ်ခုန်နေတယ်။ အရမ်းလဲအေးနေတယ်။ သူမလာတာနဲ့ သူမကိုပွေ့ဖတ်ပြီး အရမ်းအေးနေတဲ့ ဆောင်းညနေလေးကို ဖြတ်ကျော်ပစ်လိုက်မယ်။ သူမနဲ့ကျွန်တော်စတွေ့ခဲ့တာကလဲ။ ရုပ်ရှင်ဆန်ဆန် အဝေးပြေးကားပေါ်မှာ စတွေ့ခဲ့တာ။ သူမက ကျွန်တော့်အနောက်ခုံ။ ကျွန်တော်က သူမရဲ့အရှေ့ခုံမှာထိုင်ကြရင်း တစ်ဦးနဲ့တစ်ဦး အကြည့်ချင်းဆုံ မိတ်ဆွေတွေဖြစ်ပြီး ခင်မင်ရင်းနှီးသွားခဲ့တယ်ပေါ့လေ။
သူမနဲ့ကျွန်တော်က တစ်မြို့တည်းမှာနေတာ။ သူမက မြောက်ဥက္ကလာပမြို့နယ်။ နွယ်သာကီဆိုတဲ့(က)ရက်ကွက်။ ကျွန်တော်က(ည)ရပ်ကွက် နီးနီးလေးတွေဆိုပေမယ့် နယ်ကိုသွားတဲ့ အဝေးပြေးကားပေါ်မှာ ခင်သွားခဲ့တယ်။ အဲ့ဒီနောက်ပိုင်း သူမဆီသွားရာကနေ တဖြည်းဖြည်း အခုလိုချစ်သူဘဝရောက်လာခဲ့တာ။
ဆိုးတယ်ဗျာ။ သိပ်ကိုဆိုးတယ်။ ကျွန်တော့်မိသားစုက သူမနဲ့သဘောမတူဘူး။ ဘာကြောင့်လဲဆို။ သူမရဲ့ အစ်မတွေအားလုံးက ပြစ်တန်ဆာလုပ်စားကြတာ။ သူမတို့ညီမတွေအားလုံးက တောင့်တောင့်ဖြောင့်ဖြောင့် ချောချောမောမောတွေချည်းပဲ။ ဆိုးတာက ဝမ်းရေးနဲ့ ဘဝပေးအခြေနေကြောင့် ပြစ်တန်ဆာလုပ်စားနေရတယ်လေ။ ကျွန်တော့်ချစ်သူက လျှာပေါ်မြတ်ပေါက်သွားပါစေ။ ဝတ်စရာ မရှိရင်နေပါစေ။ ဒီလိုပစ်တန်ဆာအလုပ်မျိုး သူမ မလုပ်ဘူးလို့ ပြောတယ်။
ကျွန်တော်လဲသူမတို့မိသားစုအကြောင်းတွေသိရတယ်။ ဒါပေမယ့် ကျွန်တော်သူမကို အရမ်းချစ်တယ်။ သူမ ဘာပဲဖြစ်နေပါစေ။ ကျွန်တော်သူမနဲ့ ဘဝတစ်ခုထူထောင်မယ်။ ဒါပေမယ့်ဗျာ။ လူဆိုတာက တစ်ဦးတစ်ယောက် မနေနိုင်တော့ခါ လူအသိုင်းအဝိုင်းနေရပါသည်ဟူသော ဆောင်ပုဒ်ရှိတယ်လေ။ သိပ်မှန်တယ်။ ကျွန်တော့်မှာ အဖေ။အမေ။ညီအစ်က်ို။မောင်နှမတွေရှိတယ်။ ကျွန်တော့်မိသားစုက ချစ်သူကောင်မလေးရဲ့ အသိုင်းဝိုင်းအကြောင်းက်ို သိလိုက်ရတော့ သူမနဲ့ ကျွန်တော့်ကို ဘယ်လိုမှသဘောမတူကြဘူး။ လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့ ဆောင်ပုဒ်တိုင်းပဲလေ။ ချစ်သူကောင်မလးအသိုင်းဝိုင်းက နာမည်ပျက်တွေရှိနေတော့ ကျွန်တော့်မိသားစုက သဘောမတူကြဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော်သူမကို ချစ်တယ်။ မိသားစု သဘောမတူလဲ ကျွန်တော်ဂရုမစိုက်ဘူး။ သူမနဲ့ အမြန်ဆုံးနီးစပ်အောင် ကျွန်တော်ကြိုးစားနေခဲ့တယ်။ သူမနဲ့ အတူတူနေချင်တဲ့ ကျွန်တော်ရဲ့စိတ်က ရမ္မက်စိတ်မဟုတ်။ တဏာရာဂစိတ်မျိုးလဲမဟုတ်ဘူး။ နှစ်ဦးသား ဘဝတစ်ခုတည်းမှာ အတူတူနေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းပါ။ ကျွန်တော်တစ်ယောက်တည်း ဒီလိုစိတ်မျိုးရှိနေတာလား။ မဟုတ်ပါဘူး။ ချစ်သူကောင်မလေးကလဲ ကျွန်တော့်လိုစိတ်မျိုး သူမှာရှိနေခဲ့တာ ကျွန်တော်သိလိုက်ရတော့ သိပ်ကိုးအံ့သြမိတယ်။
မကြာခင်အချိန်တောတွင်းမှာလဲ ဘယ်သူမှ အသိမှတ်မပြုရင်နေပါစေ။ နှစ်ဦးသား လက်ထပ်မင်္ဂလာပွဲံလေး ကျင်းပကြမယ်လို့ ဆုံးဖြတ်ထားခဲ့ကြတယ်လေ။ မင်္ဂလာပွဲလေးအတွက်လည်း လိုအပ်တာလေးတွေ ပြင်ဆင်ထားပြီးပြီး။ နေ့ရက်လေးရွှေးပြီး နှစ်ဦးသဘောတူ လက်ထပ်ကြဖို့ပဲရှိတော့တယ်။ မိသားစုတွေ ခွင့်မပြုလဲ ရပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့အတွက် ပိုက်ဆံတွေ ဆုထားတယ်။ အဲ့ဒီပိုက်ဆံလေးတွေနဲ့ မင်္ဂလာပဲံလေးကျင်းပမယ်လေ။
နှစ်ဦးနှစ်ဖတ်ပေါင်းစည်းရေးအတွက် နာမည်ကြီးနတ်ဆရာမတစ်ယောက်ဆီ သွားခဲ့ဘူးတယ်။ အဲ့ဒီနတ်ဆရာမက ကျွန်တော်တို့နှစ်ယောက်ကို သေချာစိုက်ကြည့်ပြီး သံသရာအဆက်ဆက်က ချစ်သူနှစ်ဦးပါလားလို့ နက်နက်ရှိုင်းရှိုင်းပြောခဲ့တယ်။
နတ်ဆရာမပြောတဲ့ သံသရာအဆက်ဆက်က ချစ်သူဆိုတာ ဘာပါလိမ့်?
ဖြစ်လေရာဘဝတိုင်းမှာ ကျွန်တော်နဲ့သူမက သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်ခဲ့ဘူးတယ်။ သံသရာရဲ့ တစ်ချိုးတစ်ကွေ့လေးမှာ သူမနဲ့ကျွန်တော်က ဆုတောင်းပြည့်ဘုရားတစ်ဆူမှာ သံသရာအဆက်ဆက် သိပ်ချစ်ရတဲ့ချစ်သူတွေဖြစ်ပါစေလို့ ဆုတောင်းခဲ့တဲ့ ဆုတောင်းအတိုင်း ဖြစ်လေရာဘဝဆက်ဆက်မှာလဲ အခုလိုသိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်နေတာလို့ အဲ့ဒီ့နတ်ဆရာမက ပြောတယ်။
နတ်ဆရာမပြောပြတဲ့ သံသရာတွေ ဆုတောင်းပြည့်ဘုရားတွေ ကျွန်တော်တို့ဘဟ်လို ယုံကြည်လက်ခံရမလဲ။ အကောင်အထည်ဘယ်မှာလဲ။ သက်သေအထောက်ထားကရော ဘယ်မှာလဲ။ ဒါကြောင့် ခေတ်လူငယ်တွေပီပီ နတ်ဆရာမပြောတဲ့ အကြောင်းတွေက်ို ပုံပြင်တစ်ပုဒ်လိုပဲ နားထောင်ခဲ့ဘူးတယ်။
ဒီလိုနဲ့ နေထိုင်လာခဲ့တာ ဒီနေ့ဒီဇင်ဘာတစ်ရက်နေ့ဆိုရင် ကျွန်တော်တို့ချစ်သက်တမ်း (၃)နှစ်တင်းတင်းပြည့်ခဲ့ပြီလေ။ အတိတ်ကိုငေးမောရင်း သူမလာရာလမ်းကို ကျွန်တော်ငေးကြည့်နေမိတယ်။ မကြာပါဘူး။ သူမရောက်လာတယ်။ မှောင်ရိပ်သန်းနေတဲ့ နေရာလေးကနေ သူမကျွန်တော်ရှိနေတဲ့ နေရာဆီ ခပ်သုတ်သုတ်ပြေးလာတယ်။
တစ်ဦးနဲ့တစ်ဦး အပြုံးပန်းလေးတွေ ဝေဆာနေရင်း ထွေးပွေ့ထားမိတယ်။ ချစ်သူဖြစ်လာတာ သုံးနှစ်ပြည့်တဲ့ အထိမ်းမှတ်နဲ့ သူမက လက်ထဲမှာလည်း ပါဆယ်ဘူးလေး တစ်ဘူးကိုင်လာတယ်။ ဒါနဲ့ပဲ ထိုင်နေကြဆိုင်လေးဆီ ဦးတည်သွားခဲ့တယ်။ ဆိုင်လေးက သာသာယာယာနဲ့ ချစ်သူစုံတွဲတွေအတွက် တော်တော်လေး ထိုင်လို့ကောင်းတယ်။ အဲ့ဒီဆိုင်လေးမှာ ထိုင်ရင်း ပါဆယ်ဘူးလေးကို သူမတဖြည်းဖြည်းဖွင့်နေတယ်လေ။
အထဲမှာ ဘာတွေပါလိမ့်။ ကျွန်တော်လဲ သိချင်စိတ်နဲ့ စိတ်ဝင်တစားကြည့်နေမိတယ်။ မကြာခင်မှာပဲ ပါဆယ်ဘူးအပေါ်က ပါကင်းလေးဖွင့်လိုက်တော့ အထဲမှာ သိပ်လှတဲ့ဖန်အလုံးလေး တစ်လုံး။ ဖန်လုံးလေးအထဲမှာလဲ သူမဓာတ်ပုံနဲ့ ကျွန်တော်ဓာတ်ပုံပါနေတယ်။ ပုံစံလေးက တော်တော်လေးကိုချစ်ဖို့ကောင်းတယ်။ ဖန်လုံးလေးထဲမှာ ရောင်စုံမီးလေးတွေလဲပါတယ်။ ရောမကိန်းဂဏိန်းလေးတွေနဲ့ နာရီလေးလဲပါတယ်။ နာရီမှာ အလန်းပေးတဲ့ အသံချိုချိုလေးလဲပါတယ်။
အရမ်းကိုလှတာပဲဗျာ။ အပြုံးမျက်နှာလေးနဲ့ သူမက အဲ့ဒီ့ဖန်လုံးလေး ကျွန်တော့ဆီ လက်လှမ်းပေးလိုက်တယ်။ ကျွန်တော်လဲ လက်ကလေးလှမ်းပြီး ယူလိုက်တဲ့အချိန်မှာပဲ သူမနဲ့ကျွန်တော်လက်အလွဲ အဲ့ဒီဖန်လုံးလေး ချကွဲသွားတယ်။ သူမက နှမြောတသသနဲ့ ရုတ်တရက် ဖန်လုံးကွဲလေးတွေကို ကောက်ကိုင်လက်တဲ့အချိန်မှာပဲ သူမလက်ကို ဖန်ကွဲစတွေ စိုက်ဝင်သွားခဲ့တယ်။ သွေးတွေအရမ်းထွက်လာတယ်။ ကျွန်တော်ဘာလုပ်ပေးရမှန်းမသိဘူး။
နေဦးနော်။ ချစ်လေး။ ကိုယ်ပတ်တီးသွားဝယ်လိုက်ဦးမယ်။ ချစ်လေး ဒီမှာခဏစောင့်နေနော်။ ကိုယ်အခုချက်ချင်းပြန်လာခဲ့မယ်။
စိုးရိမ်တကြီးသူမကို ပြောပြီး။ ဆိုင်လေးထဲက ကျွန်တော်အပြေးထွက်သွားတယ်။ ဆေးဆိုင်နဲ့ ကျွန်တော်တို့နှစ်ယောက် ထိုင်နေတဲ့ဆိုင်လေးက တော်တော်လေးဝေးတယ်။ ကျွန်တော်အပြေးသွားလိုက်တယ်။ ပတ်တီးနှစ်လိပ်နဲ့ ထိခိုက်ရှနာဆေးဘူးလေး ဆေးဆိုင်မှာဝယ်တယ်။ ချစ်သူကိုအရမ်းစိုးရိမ်နေတယ်ဗျာ။ သူမအရမ်းနာကြင်နေမလား။ ချစ်လေးရေ ခဏလေးပါနော်။ ကိုဟ်မင်းဆီကိုအပြေးလာနေပါပြီ။
အရမ်းဝမ်းနည်းမိတယ်ဗျာ
ကျွန်တော်သူမဆီကိုပြေးသွားပါတယ်။ ရောက်လဲရောက်သွားခဲ့တယ်။ ဒါပေမယ့် ခန္ဓာကိုယ်မပါတဲ့ ဝိဥာဉ်ကပဲ သူမဆီရောက်သွားတာ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကြီးက ဆေးဆိုင်အရှေ့မှာ လဲကျကျန်နေခဲ့ပြီလေ။
ဟုတ်တယ်ဗျ… ကျွန်တော်ဆေးဆိုင်ကနေ အပြင်ကိုအလောတကြီး ပြေးထွက်သွားခဲ့တယ်။ ကားလမ်းမကြီးကနေ ဆိုင်ကယ်တစ်စီးကလဲ အရှိန်ပြင်းပြင်းမောင်းလာပြီး ကျွန်တော့်ကိုဝင်တိုက်မိသွားတယ်ဗျာ။ ဘယ်လိုပြောရမလဲ လွှင့်ထွက်သွားတာပေါ့။ ဆိုင်ကယ်ကလဲ အရှိန်မထိန်းနိုင်ပဲ ကျွန်တော့်လည်ပင်းကို နင်းကြိတ်လိုက်သေးတယ်လေ။ ကျွန်တော်အရမ်းနာကျင်တယ်ဗျာ။ တဆတ်ဆတ်နဲ့ကိုး အသားတွေတုန်နေတာ ကျွန်တော်သိနေရတယ်။ မြေပြင်ပေါ်ကနေ လူးလဲထမိသေးတယ်။ ဒါပေမယ့် ခြေလှမ်းတွေ မလှမ်းနိုင်တော့ပဲ ဆေးဘူးလေးရယ်၊ ပတ်တီးလိပ်လေးရယ်ကိုင်လျက်သား လဲကျသွားခဲ့ရတယ်လေ။
ချစ်သူကတော့ ဆိုင်လေးထဲမှာ ကျွန်တော့်ကိုတမျှော်မျှော်ငေးကြည့်နေတယ်။ ကျွန်တော်သူ့အနားမှာ ရှိနေပါတယ်ဗျာ။ သူမမြင်နိုင်တာ ကျွန်တော်အရမ်းဝမ်းနည်းသွားတယ်။
ကျွန်တော်ဆိုင်ကယ်တိုက်ခံရပြီး မြေပြင်ပေါ်ကနေ လူးလဲထလိုက်သေးတယ်လေ။ အဲ့ဒီ့အချိန်မှာ ညားခါစလင်မယားဗျ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်မသိပါဘူး။ နောက်မှသိတာ။ ဆိုင်ကယ်တိုက်သွားတဲ့ ကျွန်တော့်ကို သူတို့လင်မယားနှစ်ယောက်က ပတ်ဝန်းကျင်ကို အကူညီတောင်းပြီး ဆေးရုံပို့ပေးဖို့ အော်ပြောပေးခဲ့တယ်။ ကျေးဇူးတင်ပါတယ်အဖေနဲ့အမေ။
နောက်ဆုံးထွက်သက်အထိ သူတို့နှစ်ယောက်ကိုပဲ ကျွန်တော်မျက်နှာငယ်လေးနဲ့ ကြည့်နေမိရင်း အသက်ထွက်သွားခဲ့တာ။ သူတို့ကိုပဲ စိတ်စွဲသွားခဲ့တယ်။ သူတို့နဲ့နေချင်ပါတယ်လို့ ကျွန်တော်ပြောတယ်လေ။ အိပ်မက်တွေလဲ ခဏခဏပေးတယ်။ မတော်လိုက်ရတဲ့အမေ အမေကလဲ ကျွန်တော့်ကို လာနေလို့ခွင့်ပေးတယ်။ ကျွန်တော်အမေ့ဗိုက်ထဲမှာ ဝင်စားနေခဲ့တယ်။ ကံမကောင်းဘူးဗျာ။ အမေကျွန်တော့်ကို ကိုယ်ဝန်လွယ်ထားတဲ့ ၄လမှာပဲ ချော်လဲကျပြီး ကိုယ်ဝန်လဲပျက်ကျသွားခဲ့တယ်။
ကြားထဲမှာ နှစ်တွေတော်တော်ကြာတယ်ဗျ။ ကျွန်တော့်ကို လူပြည်အရောက်ပို့ပေးမယ့် အမေ့က်ိုရှာနေရတာ။ ကိုယ်ဝန်ရှိခါနီးအမျိုးသမီးတွေ တွေ့ရင် ကျွန်တော်နေပါရစေလို့ ခွင့်တောင်းဘူးတယ်။ ဒါပေမယ့် ကျွန်တော်သေခါနီး စိတ်စွဲခဲ့ရတဲ့ အမေ့လောက် သဘောမကောင်းကြဘူး။ ကျွန်တော့်ကိုသူတို့ဗိုက်ထဲ ဝင်စားခွင့်မပေးဘူး။ ဒါကြောင့်ကျွန်တော် အမှောင်ထဲမှာ နှစ်ကာလ တော်တော်များများ တစ်ယောက်တည်းနေခဲ့ရတယ်။
ကျွန်တော်လူပြန်ဖြစ်ချင်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါ။ ကျွန်တော့ချစ်သူကောင်မလေးကို တွေ့ပြီး ကျွန်တော်သေသွားခဲ့တဲ့အကြောင်း၊ အဲ့ဒီနေ့တုန်းက ကျွန်တော့်သူ့ဆီပြန်ရောက်လာခဲ့သေးတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြချင်သေးတယ်။ အဖေနဲ့အမေက မကောင်းဘူးဗျာ (အတိတ်ဘဝမှ အမေ၊ အဖေ) ကျွန်တော်သေသွားတဲ့အကြောင်း ချစ်သူကိုမပြောဘူး။ ချစ်သူကလဲ သေသွားပြီးဆိုတာ မသိသေးဘူး။ သူမကလဲ ပတ်ဝန်းကျင်မှာ ကျွန်တော့်အကြောင်း မဆုံစမ်းပဲ အစ်မပြောတဲ့စကားတစ်ခွန်းတည်းကို ယုံပြီး လက်လျော့သွားခဲ့တယ်။
အစ်မက ကျွန်တော်နိုင်ငံခြားကိုသွားပြီး အလုပ်သွားလုပ်ပြီလို့ ညာပြောခဲ့တယ်လေ။ ပြီးတော့ နေတဲ့ရပ်ကွက်ထဲကနေလဲ ပြောင်းသွားခဲ့တယ်။ ချစ်သူကောင်မလေး အသိုင်းဝိုင်းကလဲ ညီမလုပ်တဲ့သူ ခံစားနေရတာ မကြည့်ရက်လို့ဆိုပြီး တစ်ခြားနေရာကိုပြောင်းသွားတယ်။ သူမကျွန်တော့ကို စိတ်နာနေပြီလားဗျာ။
တော်သေးတာပေါ့။ ဒီကအမေကို ကျွန်တော်ဝင်စားပါရစေလို့ ခွင့်တောင်းတုန်းက အမေကကြည်ကြည်ဖြူဖြူနဲ့ နေခွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်စကား အခုလိုစကားပြောတတ်တဲ့ အရွယ်ရောက်တော့ ဒီအကြောင်းတွေ အဖေနဲ့အမေ့က်ို ပြောပြခဲ့တယ်။ အဖေနဲ့အမေက ဒီအကြောင်းတွေ ကျွန်တော်ပြောရင် သူတို့သိပ်ဘဝင်မကျဘူး။ ပြီးတော့ ကျွန်တော့်ချစ်သူက မြန်မာနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ယောက် ကျွန်တော်က အခုဗြိတိန်နိုင်ငံမှာ ဗြိတိန်နိုင်ငံသားတစ်ယောက်အဖြစ် အခြေနေတွေပြောင်းလဲ နေခဲ့တာရတာပဲ။
ဒါပေမယ့် အဖေနဲ့အမေက ကျွန်တော့ကိုသိပ်ချစ်ကြတယ်။ လိုလေးသေးမရှိ အခုလို ခုနစ်သားအရွယ်ထိ လူတန်းစေ့ထားပေးခဲ့တယ်လေ။ တစ်နေ့တစ်နေ့ ကျွန်တော်မှိုင်နေတာကိုတွေ့ပြီး ကျွန်တော်သွားချင်တဲ့ မြန်မာနိုင်ငံကို အခုလိုလိုက်ပို့ပေးခဲ့တာပဲ။
ချစ်!… ကိုယ်ပြောနေတာ အမှန်တွေပါပဲ။ ကိုယ်အခုမင်းဆီ ပြန်ရောက်လာခဲ့ပြီနော်။ ကိုယ်က ဗြိတိန်နိုင်ငံသား ကလေးလေးဆိုပေမယ့် တစ်ချိန်တုန်းက မင်းချစ်သူကောင်လေးအကြောင်း၊ တစ်ချိန်တုန်းက မင်းချစ်သူကောင်လေးရဲ့ စကားပြောပုံဆိုပုံတွေကို မင်းမှတ်မိသေးရဲ့လား။ မင်းဆီကို အခုလိုပြန်ရောက်လာဖို့ ကိုယ်နောက်ကျနေခဲ့တာ မင်းခွင့်လွတ်ပေးပါနော်။
ကျွန်မဘယ်လိုပြောရမလဲလေ။ ကျွန်မက အသက်(၇၀)ကျော်နေပြီ။ ကျွန်မလက်ကိုကိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀)ဝန်းကျင်က ကျေကွဲစရာအကြောင်းတွေ ဒီ(၇)နှစ်သားကလေးလေးက တစ်လုံးမကျန် ပြန်ပြောနေခဲ့တယ်။ ကျွန်မသိပ်ကိုး အံ့သြမိပါတယ်။ ပြီးတော့သူက လူဖြူမျိုးလေး။ ဗြတိန်နိုင်ငံသား။ မြန်မာစကားပြောနေတာကလဲ ရှင်းရှင်းလင်းလင်းနဲ့ကိုး ပီသလွန်းတယ်။ ကလေးလေးရဲ့ အဖေနဲ့အမေကတော့ မြန်မာစကားကို ကောင်းကောင်းနားမလည်ကြဘူး။ မြန်မာစကားပြန်တစ်ယောက် အနားမှာထားပြီး သူတို့သားလေးပြောတဲ့အကြောင်းတွေ နားထောင်နေခဲ့တယ်လေ။
ရှင်ရယ်။ ရှင်ပြောနေတဲ့ အမူယာလေးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀)က ကျွန်မချစ်သူရဲ့ အမူယာလေးတွေပါပဲ။ ကျွန်မရှင်သေသွားပြီးဆိုတာ တကယ်မသိခဲ့ဘူး။ ရှင့်ကိုစိတ်နာတယ်။ ရှင့်မိဘတွေနဲ့ ဝေးရာကို ကျွန်မအခုလိုထွက်သွားခဲ့တယ်။ ပတ်ဝန်းကျင်အဟောင်းမှာလဲ မနေချင်တော့တာနဲ့ အားလုံးကိုအဆက်သွယ်ဖြတ်ပြီး နေလာခဲ့တာ အခုဆို နှစ်ပေါင်း(၄၀)ကျော်နေခဲ့ပြီလေ။ ဒါပေမယ့် တစ်ချိန်ချိန်မှာ ရှင်ကျွန်မဆီ ပြန်ရောက်လာဦးမယ်ဆိုတာ ကျွန်မသိနေခဲ့တယ်။ ဒါကြောင့် အိမ်ထောင်မပြုပဲ ရှင်ပြန်လာရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးကလေးနဲ့ တစ်နေ့နေ့ ရှင့်ကိုမျှော်နေခဲ့ရတာ အခုဆိုရင် နှစ်ပေါင်း၃၀ကျော်နေပြီရှင့်ရဲ့ သိရဲ့လား။
ကြည့်စမ်းပါဦး။ ကိုယ့်ချစ်သူရဲ့ အသားအရည်လေးတွေ တွန့်ကြေနေပါလား။ ဒါပေမယ့် မင်းရဲ့အနံ့သတ်လေးတွေက အရင်လိုလက်ဆတ်နေတုန်းပါပဲနော်။ ကိုယ့်ကို အခုရွယ်ထိ မင်းအိမ်ထောင်မပြုပဲ စောင့်နေခဲ့တယ်ဆိုတာ ကိုယ်သိပါတယ်ချစ်လေးရယ်။ အခုကိုယ်မင်းနဲ့ အတူတူနေဖို့ပြန်လာခဲ့တာလေ။ ကိုယ်တို့နှစ်ယောက် ထားခဲ့တဲ့ ကတိအတိုင်း နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာပွဲလေး ကျင်းပပေးမယ်လို့ အဖေနဲ့အမေက ပြောတယ်။ ကိုယ်တို့နှစ်ယောက် အသက်အရွယ်လေးတွေ မေ့ဖျောက်ပြီး မကျင်းပခဲ့ရတဲ့ မင်္ဂလာပွဲလေး ကျင်ပလိုက်တော့မယ်ချစ်လေးရေ… … ။ ။
***
စာရေးသူ – ထီးကလေး။
(ရင်နှင့်ရင်း၍ရေးသားသည်)
Zawgyi Version
**လူဝင္စားႏွင့္ ႏွစ္ဘဝကလဲ့စား** (စ/ဆုံး)
————–—————————-
(ျဖစ္ရပ္မွန္)
စာေရးသူ-ထီးကေလး
(ရင္ႏွင့္ရင္း၍ေရးသားသည္)
******
အခ်ိန္ကား ၁၉၉၉ ဒီဇင္ဘာလ (၁)ရက္ေန႔။ အဲ့ဒီေန႔က အရမ္းေအးေနတယ္။ ျမန္မာႏိုင္ငံရဲ႕ ေဆာင္းရာသီဟာ တစ္ျခားႏိုင္ငံေတြလို ေအးခဲေနေလာက္ေအာင္ အေအးဓာတ္မျပင္းေပမယ့္ အဲ့ဒီ ဒီဇင္ဘာ(၁)ရက္ေန႔မွာ အေအးဓာတ္ေတြ အရမ္းလြန္ကဲေနတယ္။ ေရဒီယို၊ ႐ုပ္ျမင္သံၾကား အစရွိတဲ့ အသံလႊင့္ဌာနေတြမွာလည္း အေအးဓာတ္လြန္ကဲေနတာေၾကာင့္ ျပည္သူျပည္သားအားလုံး ေႏြးေႏြးေထြးေထြးေနထိုင္ရန္ တဆာဆာအသံလႊင့္ေနခဲ့တဲ့ ေန႔ရက္ကေလးေပါ့။
ကြၽန္ေတာ္က အသက္၂၈ႏွစ္ရွိၿပီ။ သူမက အသက္၂၇။ သူမဆိုတာ ကြၽန္ေတာ္အရမ္းခ်စ္ရတဲ့ ခ်စ္သူေလးပါ။ သူမကို ကြၽန္ေတာ္သိပ္ခ်စ္တယ္။ သူမက ကြၽန္ေတာ့္အတြက္ဆိုရင္ ဘာမွမဆိုရင္ဆိုင္ရဲတယ္။ သူမအတြက္ဆိုလဲ ကြၽန္ေတာ္ဘာမဆိုရင္ဆိုင္ရဲတယ္။ သူမနဲ႔ကြၽန္ေတာ္ ဒီေန႔ ဒီဇင္ဘာတစ္ရက္ေန႔ဆိုရင္ ခ်စ္သူေတြျဖစ္လာတာ (၃)ႏွစ္တင္းတင္းျပည့္ၿပီေလ။ သူမနဲ႔ေတြ႕ဖို႔ ကြၽန္ေတာ္အခုေစာင့္ေနတာ။
သူမလာရာလမ္းေလးကို ကြၽန္ေတာ္ေငးၾကည့္ေနမိရင္း ရင္တဒိတ္ဒိတ္ခုန္ေနတယ္။ အရမ္းလဲေအးေနတယ္။ သူမလာတာနဲ႔ သူမကိုေပြ႕ဖတ္ၿပီး အရမ္းေအးေနတဲ့ ေဆာင္းညေနေလးကို ျဖတ္ေက်ာ္ပစ္လိုက္မယ္။ သူမနဲ႔ကြၽန္ေတာ္စေတြ႕ခဲ့တာကလဲ။ ႐ုပ္ရွင္ဆန္ဆန္ အေဝးေျပးကားေပၚမွာ စေတြ႕ခဲ့တာ။ သူမက ကြၽန္ေတာ့္အေနာက္ခုံ။ ကြၽန္ေတာ္က သူမရဲ႕အေရွ႕ခုံမွာထိုင္ၾကရင္း တစ္ဦးနဲ႔တစ္ဦး အၾကည့္ခ်င္းဆုံ မိတ္ေဆြေတြျဖစ္ၿပီး ခင္မင္ရင္းႏွီးသြားခဲ့တယ္ေပါ့ေလ။
သူမနဲ႔ကြၽန္ေတာ္က တစ္ၿမိဳ႕တည္းမွာေနတာ။ သူမက ေျမာက္ဥကၠလာပၿမိဳ႕နယ္။ ႏြယ္သာကီဆိုတဲ့(က)ရက္ကြက္။ ကြၽန္ေတာ္က(ည)ရပ္ကြက္ နီးနီးေလးေတြဆိုေပမယ့္ နယ္ကိုသြားတဲ့ အေဝးေျပးကားေပၚမွာ ခင္သြားခဲ့တယ္။ အဲ့ဒီေနာက္ပိုင္း သူမဆီသြားရာကေန တျဖည္းျဖည္း အခုလိုခ်စ္သူဘဝေရာက္လာခဲ့တာ။
ဆိုးတယ္ဗ်ာ။ သိပ္ကိုဆိုးတယ္။ ကြၽန္ေတာ့္မိသားစုက သူမနဲ႔သေဘာမတူဘူး။ ဘာေၾကာင့္လဲဆို။ သူမရဲ႕ အစ္မေတြအားလုံးက ျပစ္တန္ဆာလုပ္စားၾကတာ။ သူမတို႔ညီမေတြအားလုံးက ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ေခ်ာေခ်ာေမာေမာေတြခ်ည္းပဲ။ ဆိုးတာက ဝမ္းေရးနဲ႔ ဘဝေပးအေျခေနေၾကာင့္ ျပစ္တန္ဆာလုပ္စားေနရတယ္ေလ။ ကြၽန္ေတာ့္ခ်စ္သူက လွ်ာေပၚျမတ္ေပါက္သြားပါေစ။ ဝတ္စရာ မရွိရင္ေနပါေစ။ ဒီလိုပစ္တန္ဆာအလုပ္မ်ိဳး သူမ မလုပ္ဘူးလို႔ ေျပာတယ္။
ကြၽန္ေတာ္လဲသူမတို႔မိသားစုအေၾကာင္းေတြသိရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္သူမကို အရမ္းခ်စ္တယ္။ သူမ ဘာပဲျဖစ္ေနပါေစ။ ကြၽန္ေတာ္သူမနဲ႔ ဘဝတစ္ခုထူေထာင္မယ္။ ဒါေပမယ့္ဗ်ာ။ လူဆိုတာက တစ္ဦးတစ္ေယာက္ မေနႏိုင္ေတာ့ခါ လူအသိုင္းအဝိုင္းေနရပါသည္ဟူေသာ ေဆာင္ပုဒ္ရွိတယ္ေလ။ သိပ္မွန္တယ္။ ကြၽန္ေတာ့္မွာ အေဖ။အေမ။ညီအစ္က္ို။ေမာင္ႏွမေတြရွိတယ္။ ကြၽန္ေတာ့္မိသားစုက ခ်စ္သူေကာင္မေလးရဲ႕ အသိုင္းဝိုင္းအေၾကာင္းက္ို သိလိုက္ရေတာ့ သူမနဲ႔ ကြၽန္ေတာ့္ကို ဘယ္လိုမွသေဘာမတူၾကဘူး။ လူမွာအမ်ိဳး ၾကက္မွာအ႐ိုးဆိုတဲ့ ေဆာင္ပုဒ္တိုင္းပဲေလ။ ခ်စ္သူေကာင္မလးအသိုင္းဝိုင္းက နာမည္ပ်က္ေတြရွိေနေတာ့ ကြၽန္ေတာ့္မိသားစုက သေဘာမတူၾကဘူး။
ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္သူမကို ခ်စ္တယ္။ မိသားစု သေဘာမတူလဲ ကြၽန္ေတာ္ဂ႐ုမစိုက္ဘူး။ သူမနဲ႔ အျမန္ဆုံးနီးစပ္ေအာင္ ကြၽန္ေတာ္ႀကိဳးစားေနခဲ့တယ္။ သူမနဲ႔ အတူတူေနခ်င္တဲ့ ကြၽန္ေတာ္ရဲ႕စိတ္က ရမၼက္စိတ္မဟုတ္။ တဏာရာဂစိတ္မ်ိဳးလဲမဟုတ္ဘူး။ ႏွစ္ဦးသား ဘဝတစ္ခုတည္းမွာ အတူတူေနခ်င္တဲ့ စိတ္ဆႏၵတစ္ခုတည္းပါ။ ကြၽန္ေတာ္တစ္ေယာက္တည္း ဒီလိုစိတ္မ်ိဳးရွိေနတာလား။ မဟုတ္ပါဘူး။ ခ်စ္သူေကာင္မေလးကလဲ ကြၽန္ေတာ့္လိုစိတ္မ်ိဳး သူမွာရွိေနခဲ့တာ ကြၽန္ေတာ္သိလိုက္ရေတာ့ သိပ္ကိုးအံ့ၾသမိတယ္။
မၾကာခင္အခ်ိန္ေတာတြင္းမွာလဲ ဘယ္သူမွ အသိမွတ္မျပဳရင္ေနပါေစ။ ႏွစ္ဦးသား လက္ထပ္မဂၤလာပြဲံေလး က်င္းပၾကမယ္လို႔ ဆုံးျဖတ္ထားခဲ့ၾကတယ္ေလ။ မဂၤလာပြဲေလးအတြက္လည္း လိုအပ္တာေလးေတြ ျပင္ဆင္ထားၿပီးၿပီး။ ေန႔ရက္ေလးေ႐ႊးၿပီး ႏွစ္ဦးသေဘာတူ လက္ထပ္ၾကဖို႔ပဲရွိေတာ့တယ္။ မိသားစုေတြ ခြင့္မျပဳလဲ ရပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေပါင္းစည္းႏိုင္ဖို႔အတြက္ ပိုက္ဆံေတြ ဆုထားတယ္။ အဲ့ဒီပိုက္ဆံေလးေတြနဲ႔ မဂၤလာပဲံေလးက်င္းပမယ္ေလ။
ႏွစ္ဦးႏွစ္ဖတ္ေပါင္းစည္းေရးအတြက္ နာမည္ႀကီးနတ္ဆရာမတစ္ေယာက္ဆီ သြားခဲ့ဘူးတယ္။ အဲ့ဒီနတ္ဆရာမက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ေသခ်ာစိုက္ၾကည့္ၿပီး သံသရာအဆက္ဆက္က ခ်စ္သူႏွစ္ဦးပါလားလို႔ နက္နက္ရႈိင္းရႈိင္းေျပာခဲ့တယ္။
နတ္ဆရာမေျပာတဲ့ သံသရာအဆက္ဆက္က ခ်စ္သူဆိုတာ ဘာပါလိမ့္?
ျဖစ္ေလရာဘဝတိုင္းမွာ ကြၽန္ေတာ္နဲ႔သူမက သိပ္ခ်စ္ခဲ့ၾကတဲ့ ခ်စ္သူေတြျဖစ္ခဲ့ဘူးတယ္။ သံသရာရဲ႕ တစ္ခ်ိဳးတစ္ေကြ႕ေလးမွာ သူမနဲ႔ကြၽန္ေတာ္က ဆုေတာင္းျပည့္ဘုရားတစ္ဆူမွာ သံသရာအဆက္ဆက္ သိပ္ခ်စ္ရတဲ့ခ်စ္သူေတြျဖစ္ပါေစလို႔ ဆုေတာင္းခဲ့တဲ့ ဆုေတာင္းအတိုင္း ျဖစ္ေလရာဘဝဆက္ဆက္မွာလဲ အခုလိုသိပ္ခ်စ္ၾကတဲ့ ခ်စ္သူေတြျဖစ္ေနတာလို႔ အဲ့ဒီ့နတ္ဆရာမက ေျပာတယ္။
နတ္ဆရာမေျပာျပတဲ့ သံသရာေတြ ဆုေတာင္းျပည့္ဘုရားေတြ ကြၽန္ေတာ္တို႔ဘဟ္လို ယုံၾကည္လက္ခံရမလဲ။ အေကာင္အထည္ဘယ္မွာလဲ။ သက္ေသအေထာက္ထားကေရာ ဘယ္မွာလဲ။ ဒါေၾကာင့္ ေခတ္လူငယ္ေတြပီပီ နတ္ဆရာမေျပာတဲ့ အေၾကာင္းေတြက္ို ပုံျပင္တစ္ပုဒ္လိုပဲ နားေထာင္ခဲ့ဘူးတယ္။
ဒီလိုနဲ႔ ေနထိုင္လာခဲ့တာ ဒီေန႔ဒီဇင္ဘာတစ္ရက္ေန႔ဆိုရင္ ကြၽန္ေတာ္တို႔ခ်စ္သက္တမ္း (၃)ႏွစ္တင္းတင္းျပည့္ခဲ့ၿပီေလ။ အတိတ္ကိုေငးေမာရင္း သူမလာရာလမ္းကို ကြၽန္ေတာ္ေငးၾကည့္ေနမိတယ္။ မၾကာပါဘူး။ သူမေရာက္လာတယ္။ ေမွာင္ရိပ္သန္းေနတဲ့ ေနရာေလးကေန သူမကြၽန္ေတာ္ရွိေနတဲ့ ေနရာဆီ ခပ္သုတ္သုတ္ေျပးလာတယ္။
တစ္ဦးနဲ႔တစ္ဦး အၿပဳံးပန္းေလးေတြ ေဝဆာေနရင္း ေထြးေပြ႕ထားမိတယ္။ ခ်စ္သူျဖစ္လာတာ သုံးႏွစ္ျပည့္တဲ့ အထိမ္းမွတ္နဲ႔ သူမက လက္ထဲမွာလည္း ပါဆယ္ဘူးေလး တစ္ဘူးကိုင္လာတယ္။ ဒါနဲ႔ပဲ ထိုင္ေနၾကဆိုင္ေလးဆီ ဦးတည္သြားခဲ့တယ္။ ဆိုင္ေလးက သာသာယာယာနဲ႔ ခ်စ္သူစုံတြဲေတြအတြက္ ေတာ္ေတာ္ေလး ထိုင္လို႔ေကာင္းတယ္။ အဲ့ဒီဆိုင္ေလးမွာ ထိုင္ရင္း ပါဆယ္ဘူးေလးကို သူမတျဖည္းျဖည္းဖြင့္ေနတယ္ေလ။
အထဲမွာ ဘာေတြပါလိမ့္။ ကြၽန္ေတာ္လဲ သိခ်င္စိတ္နဲ႔ စိတ္ဝင္တစားၾကည့္ေနမိတယ္။ မၾကာခင္မွာပဲ ပါဆယ္ဘူးအေပၚက ပါကင္းေလးဖြင့္လိုက္ေတာ့ အထဲမွာ သိပ္လွတဲ့ဖန္အလုံးေလး တစ္လုံး။ ဖန္လုံးေလးအထဲမွာလဲ သူမဓာတ္ပုံနဲ႔ ကြၽန္ေတာ္ဓာတ္ပုံပါေနတယ္။ ပုံစံေလးက ေတာ္ေတာ္ေလးကိုခ်စ္ဖို႔ေကာင္းတယ္။ ဖန္လုံးေလးထဲမွာ ေရာင္စုံမီးေလးေတြလဲပါတယ္။ ေရာမကိန္းဂဏိန္းေလးေတြနဲ႔ နာရီေလးလဲပါတယ္။ နာရီမွာ အလန္းေပးတဲ့ အသံခ်ိဳခ်ိဳေလးလဲပါတယ္။
အရမ္းကိုလွတာပဲဗ်ာ။ အၿပဳံးမ်က္ႏွာေလးနဲ႔ သူမက အဲ့ဒီ့ဖန္လုံးေလး ကြၽန္ေတာ့ဆီ လက္လွမ္းေပးလိုက္တယ္။ ကြၽန္ေတာ္လဲ လက္ကေလးလွမ္းၿပီး ယူလိုက္တဲ့အခ်ိန္မွာပဲ သူမနဲ႔ကြၽန္ေတာ္လက္အလြဲ အဲ့ဒီဖန္လုံးေလး ခ်ကြဲသြားတယ္။ သူမက ႏွေျမာတသသနဲ႔ ႐ုတ္တရက္ ဖန္လုံးကြဲေလးေတြကို ေကာက္ကိုင္လက္တဲ့အခ်ိန္မွာပဲ သူမလက္ကို ဖန္ကြဲစေတြ စိုက္ဝင္သြားခဲ့တယ္။ ေသြးေတြအရမ္းထြက္လာတယ္။ ကြၽန္ေတာ္ဘာလုပ္ေပးရမွန္းမသိဘူး။
ေနဦးေနာ္။ ခ်စ္ေလး။ ကိုယ္ပတ္တီးသြားဝယ္လိုက္ဦးမယ္။ ခ်စ္ေလး ဒီမွာခဏေစာင့္ေနေနာ္။ ကိုယ္အခုခ်က္ခ်င္းျပန္လာခဲ့မယ္။
စိုးရိမ္တႀကီးသူမကို ေျပာၿပီး။ ဆိုင္ေလးထဲက ကြၽန္ေတာ္အေျပးထြက္သြားတယ္။ ေဆးဆိုင္နဲ႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ထိုင္ေနတဲ့ဆိုင္ေလးက ေတာ္ေတာ္ေလးေဝးတယ္။ ကြၽန္ေတာ္အေျပးသြားလိုက္တယ္။ ပတ္တီးႏွစ္လိပ္နဲ႔ ထိခိုက္ရွနာေဆးဘူးေလး ေဆးဆိုင္မွာဝယ္တယ္။ ခ်စ္သူကိုအရမ္းစိုးရိမ္ေနတယ္ဗ်ာ။ သူမအရမ္းနာၾကင္ေနမလား။ ခ်စ္ေလးေရ ခဏေလးပါေနာ္။ ကိုဟ္မင္းဆီကိုအေျပးလာေနပါၿပီ။
အရမ္းဝမ္းနည္းမိတယ္ဗ်ာ
ကြၽန္ေတာ္သူမဆီကိုေျပးသြားပါတယ္။ ေရာက္လဲေရာက္သြားခဲ့တယ္။ ဒါေပမယ့္ ခႏၶာကိုယ္မပါတဲ့ ဝိဥာဥ္ကပဲ သူမဆီေရာက္သြားတာ။ ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္ႀကီးက ေဆးဆိုင္အေရွ႕မွာ လဲက်က်န္ေနခဲ့ၿပီေလ။
ဟုတ္တယ္ဗ်… ကြၽန္ေတာ္ေဆးဆိုင္ကေန အျပင္ကိုအေလာတႀကီး ေျပးထြက္သြားခဲ့တယ္။ ကားလမ္းမႀကီးကေန ဆိုင္ကယ္တစ္စီးကလဲ အရွိန္ျပင္းျပင္းေမာင္းလာၿပီး ကြၽန္ေတာ့္ကိုဝင္တိုက္မိသြားတယ္ဗ်ာ။ ဘယ္လိုေျပာရမလဲ လႊင့္ထြက္သြားတာေပါ့။ ဆိုင္ကယ္ကလဲ အရွိန္မထိန္းႏိုင္ပဲ ကြၽန္ေတာ့္လည္ပင္းကို နင္းႀကိတ္လိုက္ေသးတယ္ေလ။ ကြၽန္ေတာ္အရမ္းနာက်င္တယ္ဗ်ာ။ တဆတ္ဆတ္နဲ႔ကိုး အသားေတြတုန္ေနတာ ကြၽန္ေတာ္သိေနရတယ္။ ေျမျပင္ေပၚကေန လူးလဲထမိေသးတယ္။ ဒါေပမယ့္ ေျခလွမ္းေတြ မလွမ္းႏိုင္ေတာ့ပဲ ေဆးဘူးေလးရယ္၊ ပတ္တီးလိပ္ေလးရယ္ကိုင္လ်က္သား လဲက်သြားခဲ့ရတယ္ေလ။
ခ်စ္သူကေတာ့ ဆိုင္ေလးထဲမွာ ကြၽန္ေတာ့္ကိုတေမွ်ာ္ေမွ်ာ္ေငးၾကည့္ေနတယ္။ ကြၽန္ေတာ္သူ႔အနားမွာ ရွိေနပါတယ္ဗ်ာ။ သူမျမင္ႏိုင္တာ ကြၽန္ေတာ္အရမ္းဝမ္းနည္းသြားတယ္။
ကြၽန္ေတာ္ဆိုင္ကယ္တိုက္ခံရၿပီး ေျမျပင္ေပၚကေန လူးလဲထလိုက္ေသးတယ္ေလ။ အဲ့ဒီ့အခ်ိန္မွာ ညားခါစလင္မယားဗ်။ အဲ့ဒီအခ်ိန္တုန္းက ကြၽန္ေတာ္မသိပါဘူး။ ေနာက္မွသိတာ။ ဆိုင္ကယ္တိုက္သြားတဲ့ ကြၽန္ေတာ့္ကို သူတို႔လင္မယားႏွစ္ေယာက္က ပတ္ဝန္းက်င္ကို အကူညီေတာင္းၿပီး ေဆး႐ုံပို႔ေပးဖို႔ ေအာ္ေျပာေပးခဲ့တယ္။ ေက်းဇူးတင္ပါတယ္အေဖနဲ႔အေမ။
ေနာက္ဆုံးထြက္သက္အထိ သူတို႔ႏွစ္ေယာက္ကိုပဲ ကြၽန္ေတာ္မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္ေနမိရင္း အသက္ထြက္သြားခဲ့တာ။ သူတို႔ကိုပဲ စိတ္စြဲသြားခဲ့တယ္။ သူတို႔နဲ႔ေနခ်င္ပါတယ္လို႔ ကြၽန္ေတာ္ေျပာတယ္ေလ။ အိပ္မက္ေတြလဲ ခဏခဏေပးတယ္။ မေတာ္လိုက္ရတဲ့အေမ အေမကလဲ ကြၽန္ေတာ့္ကို လာေနလို႔ခြင့္ေပးတယ္။ ကြၽန္ေတာ္အေမ့ဗိုက္ထဲမွာ ဝင္စားေနခဲ့တယ္။ ကံမေကာင္းဘူးဗ်ာ။ အေမကြၽန္ေတာ့္ကို ကိုယ္ဝန္လြယ္ထားတဲ့ ၄လမွာပဲ ေခ်ာ္လဲက်ၿပီး ကိုယ္ဝန္လဲပ်က္က်သြားခဲ့တယ္။
ၾကားထဲမွာ ႏွစ္ေတြေတာ္ေတာ္ၾကာတယ္ဗ်။ ကြၽန္ေတာ့္ကို လူျပည္အေရာက္ပို႔ေပးမယ့္ အေမ့က္ိုရွာေနရတာ။ ကိုယ္ဝန္ရွိခါနီးအမ်ိဳးသမီးေတြ ေတြ႕ရင္ ကြၽန္ေတာ္ေနပါရေစလို႔ ခြင့္ေတာင္းဘူးတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ေသခါနီး စိတ္စြဲခဲ့ရတဲ့ အေမ့ေလာက္ သေဘာမေကာင္းၾကဘူး။ ကြၽန္ေတာ့္ကိုသူတို႔ဗိုက္ထဲ ဝင္စားခြင့္မေပးဘူး။ ဒါေၾကာင့္ကြၽန္ေတာ္ အေမွာင္ထဲမွာ ႏွစ္ကာလ ေတာ္ေတာ္မ်ားမ်ား တစ္ေယာက္တည္းေနခဲ့ရတယ္။
ကြၽန္ေတာ္လူျပန္ျဖစ္ခ်င္တယ္။ ရည္႐ြယ္ခ်က္က တစ္ခုတည္းပါ။ ကြၽန္ေတာ့ခ်စ္သူေကာင္မေလးကို ေတြ႕ၿပီး ကြၽန္ေတာ္ေသသြားခဲ့တဲ့အေၾကာင္း၊ အဲ့ဒီေန႔တုန္းက ကြၽန္ေတာ့္သူ႔ဆီျပန္ေရာက္လာခဲ့ေသးတယ္ဆိုတဲ့ အေၾကာင္းေတြ ေျပာျပခ်င္ေသးတယ္။ အေဖနဲ႔အေမက မေကာင္းဘူးဗ်ာ (အတိတ္ဘဝမွ အေမ၊ အေဖ) ကြၽန္ေတာ္ေသသြားတဲ့အေၾကာင္း ခ်စ္သူကိုမေျပာဘူး။ ခ်စ္သူကလဲ ေသသြားၿပီးဆိုတာ မသိေသးဘူး။ သူမကလဲ ပတ္ဝန္းက်င္မွာ ကြၽန္ေတာ့္အေၾကာင္း မဆုံစမ္းပဲ အစ္မေျပာတဲ့စကားတစ္ခြန္းတည္းကို ယုံၿပီး လက္ေလ်ာ့သြားခဲ့တယ္။
အစ္မက ကြၽန္ေတာ္ႏိုင္ငံျခားကိုသြားၿပီး အလုပ္သြားလုပ္ၿပီလို႔ ညာေျပာခဲ့တယ္ေလ။ ၿပီးေတာ့ ေနတဲ့ရပ္ကြက္ထဲကေနလဲ ေျပာင္းသြားခဲ့တယ္။ ခ်စ္သူေကာင္မေလး အသိုင္းဝိုင္းကလဲ ညီမလုပ္တဲ့သူ ခံစားေနရတာ မၾကည့္ရက္လို႔ဆိုၿပီး တစ္ျခားေနရာကိုေျပာင္းသြားတယ္။ သူမကြၽန္ေတာ့ကို စိတ္နာေနၿပီလားဗ်ာ။
ေတာ္ေသးတာေပါ့။ ဒီကအေမကို ကြၽန္ေတာ္ဝင္စားပါရေစလို႔ ခြင့္ေတာင္းတုန္းက အေမကၾကည္ၾကည္ျဖဴျဖဴနဲ႔ ေနခြင့္ေပးခဲ့တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္စကား အခုလိုစကားေျပာတတ္တဲ့ အ႐ြယ္ေရာက္ေတာ့ ဒီအေၾကာင္းေတြ အေဖနဲ႔အေမ့က္ို ေျပာျပခဲ့တယ္။ အေဖနဲ႔အေမက ဒီအေၾကာင္းေတြ ကြၽန္ေတာ္ေျပာရင္ သူတို႔သိပ္ဘဝင္မက်ဘူး။ ၿပီးေတာ့ ကြၽန္ေတာ့္ခ်စ္သူက ျမန္မာႏိုင္ငံမွာ ျမန္မာအမ်ိဳးသမီးတစ္ေယာက္ ကြၽန္ေတာ္က အခုၿဗိတိန္ႏိုင္ငံမွာ ၿဗိတိန္ႏိုင္ငံသားတစ္ေယာက္အျဖစ္ အေျခေနေတြေျပာင္းလဲ ေနခဲ့တာရတာပဲ။
ဒါေပမယ့္ အေဖနဲ႔အေမက ကြၽန္ေတာ့ကိုသိပ္ခ်စ္ၾကတယ္။ လိုေလးေသးမရွိ အခုလို ခုနစ္သားအ႐ြယ္ထိ လူတန္းေစ့ထားေပးခဲ့တယ္ေလ။ တစ္ေန႔တစ္ေန႔ ကြၽန္ေတာ္မႈိင္ေနတာကိုေတြ႕ၿပီး ကြၽန္ေတာ္သြားခ်င္တဲ့ ျမန္မာႏိုင္ငံကို အခုလိုလိုက္ပို႔ေပးခဲ့တာပဲ။
ခ်စ္!… ကိုယ္ေျပာေနတာ အမွန္ေတြပါပဲ။ ကိုယ္အခုမင္းဆီ ျပန္ေရာက္လာခဲ့ၿပီေနာ္။ ကိုယ္က ၿဗိတိန္ႏိုင္ငံသား ကေလးေလးဆိုေပမယ့္ တစ္ခ်ိန္တုန္းက မင္းခ်စ္သူေကာင္ေလးအေၾကာင္း၊ တစ္ခ်ိန္တုန္းက မင္းခ်စ္သူေကာင္ေလးရဲ႕ စကားေျပာပုံဆိုပုံေတြကို မင္းမွတ္မိေသးရဲ႕လား။ မင္းဆီကို အခုလိုျပန္ေရာက္လာဖို႔ ကိုယ္ေနာက္က်ေနခဲ့တာ မင္းခြင့္လြတ္ေပးပါေနာ္။
ကြၽန္မဘယ္လိုေျပာရမလဲေလ။ ကြၽန္မက အသက္(၇၀)ေက်ာ္ေနၿပီ။ ကြၽန္မလက္ကိုကိုင္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၄၀)ဝန္းက်င္က ေက်ကြဲစရာအေၾကာင္းေတြ ဒီ(၇)ႏွစ္သားကေလးေလးက တစ္လုံးမက်န္ ျပန္ေျပာေနခဲ့တယ္။ ကြၽန္မသိပ္ကိုး အံ့ၾသမိပါတယ္။ ၿပီးေတာ့သူက လူျဖဴမ်ိဳးေလး။ ျဗတိန္ႏိုင္ငံသား။ ျမန္မာစကားေျပာေနတာကလဲ ရွင္းရွင္းလင္းလင္းနဲ႔ကိုး ပီသလြန္းတယ္။ ကေလးေလးရဲ႕ အေဖနဲ႔အေမကေတာ့ ျမန္မာစကားကို ေကာင္းေကာင္းနားမလည္ၾကဘူး။ ျမန္မာစကားျပန္တစ္ေယာက္ အနားမွာထားၿပီး သူတို႔သားေလးေျပာတဲ့အေၾကာင္းေတြ နားေထာင္ေနခဲ့တယ္ေလ။
ရွင္ရယ္။ ရွင္ေျပာေနတဲ့ အမူယာေလးေတြက လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၄၀)က ကြၽန္မခ်စ္သူရဲ႕ အမူယာေလးေတြပါပဲ။ ကြၽန္မရွင္ေသသြားၿပီးဆိုတာ တကယ္မသိခဲ့ဘူး။ ရွင့္ကိုစိတ္နာတယ္။ ရွင့္မိဘေတြနဲ႔ ေဝးရာကို ကြၽန္မအခုလိုထြက္သြားခဲ့တယ္။ ပတ္ဝန္းက်င္အေဟာင္းမွာလဲ မေနခ်င္ေတာ့တာနဲ႔ အားလုံးကိုအဆက္သြယ္ျဖတ္ၿပီး ေနလာခဲ့တာ အခုဆို ႏွစ္ေပါင္း(၄၀)ေက်ာ္ေနခဲ့ၿပီေလ။ ဒါေပမယ့္ တစ္ခ်ိန္ခ်ိန္မွာ ရွင္ကြၽန္မဆီ ျပန္ေရာက္လာဦးမယ္ဆိုတာ ကြၽန္မသိေနခဲ့တယ္။ ဒါေၾကာင့္ အိမ္ေထာင္မျပဳပဲ ရွင္ျပန္လာရင္ သိပ္ေကာင္းမွာပဲဆိုတဲ့ အေတြးကေလးနဲ႔ တစ္ေန႔ေန႔ ရွင့္ကိုေမွ်ာ္ေနခဲ့ရတာ အခုဆိုရင္ ႏွစ္ေပါင္း၃၀ေက်ာ္ေနၿပီရွင့္ရဲ႕ သိရဲ႕လား။
ၾကည့္စမ္းပါဦး။ ကိုယ့္ခ်စ္သူရဲ႕ အသားအရည္ေလးေတြ တြန္႔ေၾကေနပါလား။ ဒါေပမယ့္ မင္းရဲ႕အနံ႔သတ္ေလးေတြက အရင္လိုလက္ဆတ္ေနတုန္းပါပဲေနာ္။ ကိုယ့္ကို အခု႐ြယ္ထိ မင္းအိမ္ေထာင္မျပဳပဲ ေစာင့္ေနခဲ့တယ္ဆိုတာ ကိုယ္သိပါတယ္ခ်စ္ေလးရယ္။ အခုကိုယ္မင္းနဲ႔ အတူတူေနဖို႔ျပန္လာခဲ့တာေလ။ ကိုယ္တို႔ႏွစ္ေယာက္ ထားခဲ့တဲ့ ကတိအတိုင္း ႏွစ္ဦးသေဘာတူ လက္ထပ္မဂၤလာပြဲေလး က်င္းပေပးမယ္လို႔ အေဖနဲ႔အေမက ေျပာတယ္။ ကိုယ္တို႔ႏွစ္ေယာက္ အသက္အ႐ြယ္ေလးေတြ ေမ့ေဖ်ာက္ၿပီး မက်င္းပခဲ့ရတဲ့ မဂၤလာပြဲေလး က်င္ပလိုက္ေတာ့မယ္ခ်စ္ေလးေရ… … ။ ။
***
စာေရးသူ – ထီးကေလး။
(ရင္ႏွင့္ရင္း၍ေရးသားသည္)