လူဝင်စားနှင့် ဂျိုးမန္ဓေ (စ-ဆုံး)

Posted on

Unicode Version

လူဝင်စားနှင့် ဂျိုးမန္ဓေ (စ-ဆုံး)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ဖြစ်ရပ်မှန်
ဖွင့်ဖြိုးခါစ နယ်မြို့လေးတစ်မြို့၏ ကျေးရွာလေးတွင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ကာလများ၌ လျပ်စစ်မီးများနှင့် ရေများကောင်းစွာ မရရှိခဲ့သော်လည်း ယခုအခါတွင်မူ ထိုကျေးရွာလေးအတွင်း၌ လျပ်စစ်မီးများနှင့် ရေများသည်လည်း လုံလောက်စွာရရှိလာခဲ့ပြီးဖြစ်သည်။ မြို့ကြီးနှင့် လွန်စွာအလှမ်းဝေးလှသည်။ ရွာအဝင်ထိပ်တွင် ထန်းတောကြီးရှိပြီး၊ ထန်းရည်ကြိုက်တတ်သူများအဖို့ ထိုထန်းတောထဲတွင် အရိပ်ကောင်းကောင်းဖြင့် တစ်နေ့ကုန်အပမ်းဖြေစေနိုင်သည်။ ထိုကျေးရွာလေးသည် ရှေးယခင် သမိုင်းများထဲမှ တောရွာများ၏ဓလေ့အား အထင်သားမြင်တွေ့စေနိုင်သည့် ကျေးရွာလေးတစ်ခုပင် ဖြစ်ပေသည်။ အလုပ်ကိုင်မယ်မယ်ရရ မရှိသည့် ရွာသားလူငယ်တစ်ချို့မှာ ထန်းတောကြီးအတွင်း၌ပင် သောက်စားနေခဲ့သည့်မြင်ကွင်း၊ ကြက်တိုက်နေခဲ့သော မြင်ကွင်းများနှင့် အပျော်တမ်းလောင်းကစား ဝိုင်းများအားလည်း မြင်တွေ့စေနိုင်ပေသည်။
ထိုကျေးရွာလေးတွင် ငယ်မွေးခြံပေါက် နေထိုင်လာကြသည့် ရွာသားလူငယ်နှစ်ဦးရှိပေသည်။ တစ်ဦးမှာ ဇော်မင်း(ခေါ်)ဇော်ကြီး၊ သူဟာ မိခင်ဝမ်းအတွင်းမှ လူ့လောကဆီသို့ ရောက်ရှိလာခဲ့သည့်အချိန်မှစတင်ပြီး ထိုရွာထိပ်တွင် အစွန့်ပစ်ခံခဲ့ရသည့် လူတစ်ဦးပင်ဖြစ်သည်။ ရွာဦးဆရာတော်ဘုရားမှ သူ့အား မွေးစားထားခဲ့ရင်း ဘုန်းကြီးကျောင်းအတွင်း၌ပင် ကြီးပြင်းလာခဲ့ရသူဖြစ်ပေ၏။ ဆရာတော်ဘုရား ပျံလွန်တော်မူပြီးသည့်နောက်တွင်မူ ရွာထိပ်နားလေးတွင်သာ တဲလေးထိုး၍ တစ်ကိုယ်တည်း နေထိုင်လာခဲ့ရပေသည်။ ကျန်တစ်ဦးမှာ အေးမောင်ဟုခေါ်တွင်သော ရွာသားတစ်ဦးပင်ဖြစ်၏။ ထိုသူဟာ ထိုကျေးရွာလေးနှင့် သူငယ်ချင်းများကိုပင် လွန်စွာခင်တွယ်နေခဲ့ပြီး၊ မိဘညီအစ်ကိုမောင်နှမများမှာ မြို့ကြီးဆီသို့ ပြောင်းရွှေ့သွားခဲ့ကြသော်လည်း လိုက်ပါမသွားပဲ၊ ထိုကျေးရွာလေးတွင်သာ နေထိုင်ကျန်ရစ်နေခဲ့ခြင်းဖြစ်ပေသည်။
အေးမောင်နှင့်ဇော်မင်းမှာ ငယ်စဉ်ကတည်းမှ ပေါင်းသင်းနေထိုင်လာခဲ့ကြသည့် ငယ်သူငယ်ချင်းများဖြစ်သည့်အလား ညီအစ်ကိုအရင်းသဖွယ် ခင်မင်ကြပေသည်။ အရွယ်ရောက်လာသည်နှင့် ထိုသူနှစ်ဦးအား စောင့်ရှောက်ပေးနေခဲ့သော ဆရာတော်ဘုရားမှာလည်း မရှိတော့သည်ကြောင့် ဆိုးချင်တိုင်းသာလျင် ဆိုးသွမ်းနေခဲ့ကြလေသည်။ ရွာအတွင်း၌နေထိုင်လျက်ရှိသော လူကြီးများသည်လည်း မိမိတို့၏မျက်စိအောက်တွင် ကြီးပြင်းလာကြသည့် ကလေးများဖြစ်သည့်အလျောက်၊ အေးမောင်နှင့် ဇော်မင်းတို့ကိုပင် ထိခိုက်နစ်နာအောင်မလုပ်၊ ခြိမ်းခြောက်ရုံလောက်လေးသာလျင် ဆုံးမနေတတ်ခဲ့ပေသည်။ နံနက်မိုးလင်းလာပြီဆိုသည်နှင့် အေးမောင်နှင့်ဇော်မင်းတို့မှာ ထန်းတောဆီသို့ ရောက်ရှိနေတတ်ကြလေပြီး၊ ဖဲရိုက်၊ ကြက်တိုက်၊ လောင်းကစားမျိုးစံကိုပင် ပြုလုပ်လေ့ရှိကြသည်။
ရွာအတွင်းရှိ ရွာသူ၊ရွာသားများမှ အေးမောင်နှင့်ဇော်မင်းတို့အား ဆိုးသွမ်းကြသည်ဟု သတ်မှတ်ထားကြသော်လည်း ထိုသူတို့မှာ ခိုးဆိုးလုယက်၊ ရွာအတွင်းရှိ မိန်းမပျိုလေးများကိုပင် အကြမ်းဖက်ရိုင်းပြနေခဲ့ခြင်းမဟုတ်၊ ရွာအတွင်းရှိ မိန်းမပျိုလေးများအားလည်း ရှိသည်လို့တောင်မထင်၊ အလောင်းကစား၊ အသောက်အစား အရက်တစ်ခွက်မျှပင် စိတ်မဝင်စားခဲ့ပေ။ ထိုသူနှစ်ဦး၏ အလုပ်ကိုင် ပိုက်ဆံရှာသော နည်းလမ်းမှာ တောကြီးအတွင်းသို့ ထင်းခွေထွက်ကြပြီး၊ ရွာအတွင်းသို့ ပြန်လည်ရောက်ချခြင်းဖြစ်ပေသည်။ ထင်းစည်းများစွာ ရောင်းချ၍ရရှိလာခဲ့သည့် ငွေလေးများဖြင့်သာ ထိုသူနှစ်ဦးမှာ အသောက်အစား၊ လောင်ကစားများစွာ ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုနေ့တွင်မူ အေးမောင်နှင့်ဇော်မင်းတို့မှာ ထင်းခွေထွက်လာခဲ့ကြရင်း တောနက်တစ်နေရာအတွင်းသို့အရောက်၊ အပင်ကြီးတစ်ပင်အောက်တွင် ခေတ္တအနားယူကြရင်း ဇော်မင်းတစ်ယောက် သစ်ပင်ကြီးအပေါ်သို့ မော့ကြည့်မိလိုက်လေသည်။
“အေးမောင်… အပင်ပေါ်မှာ ငှက်သိုက်တွေ့တယ်ကွ၊ တို့ပြန်ရင် ထန်းရည်နဲ့မြည်းလို့ရတယ်၊ ငါတတ်နှိုက်လိုက်ဦးမယ်”
“ဟ.. ဖြစ်ပါ့မလားကွ၊ အပင်က အမြင့်ကြီးပဲ၊ မင်းပြုတ်ကျတော့ ဘယ့်နှဲ့လုပ်မတုန်း”
“အေးဆေးပါကွာ… မင်းသာအောက်ကနေ ငါပစ်ချတဲ့ ငှက်ဥတွေကို မကွဲအောင်ဖမ်း၊ အသိုက်ကကြီးတယ်ကွာ၊ ငှက်ဥတွေ အများကြီးနေမှာ…”
ပြောပြောဆိုဆိုနှင့် ဇော်မင်းတစ်ယောက် ပုဆိုးခထောင်းကျိုတ်စေရင်း အပင်ကြီးအပေါ်သို့ စတင်တတ်ရောက်လေခဲ့သည်။ ငှက်သိုက်ရှိနေခဲ့သော သစ်ကိုင်းနေရာဆီအသို့အရောက် အပင်ကြီးအောက်တွင် မော့ကြည့်နေခဲ့သော သူငယ်ချင်းဖြစ်သူ အေးမောင်ကိုပင် စိတ်ညစ်သွားခဲ့သည့် လေသံတို့ဖြင့် ထိုသို့ပြောဆိုလိုက်လေသည်။
“ဟာ… သွားပါပြီအေးမောင်ရာ… အသိုက်ကြီးက ကြီးလို့များ ဥတွေအများကြီးထင်တယ်။ တစ်လုံးတည်းရှိနေတယ်ကွ”
“မင်းငှက်က ဒီနေ့မှ စဥတာဖြစ်မှာပေါ့ကွ၊ ခြေယာလက်ယာမပျက်ထားခဲ့၊ နောက်နေ့ကြမှ ငါတို့လာပြန်နှိုက်ကြတာပေါ့”
“မဟုတ်ဘူးကွ… အသိုက်က ချိုး(ဂျိုး)သိုက်ကွ၊ ဝွပ်ထားတဲ့အရာတွေ့တယ်၊ ဝွပ်ပြီးသားဖြစ်လိမ့်မယ်နဲ့ထင်တယ်။ အကောင်ပေါက်သွားတဲ့ ဥအခွံတွေလည်းတွေ့တယ်ကွ။ င့ါအထင်၊ ဒီဥက အကောင်မပေါက်နိုင်တာဖြစ်လိမ့်မယ်။”
“ဒါဆိုနှိုက်လာခဲ့လေကွာ၊ တစ်လုံးရလည်း မနည်းဘူး”
“ဟင်… အေးမောင်၊ ဥက မာမာကြီးကွ၊ ကျောက်ခဲတုန်းကြီး ကြနေတာပဲ။ ရော့…. ငါပစ်ချလိုက်မယ်။”
“ဟာ… ဟေ့ကောင်၊ ပစ်မချနဲ့လေ၊ ကွဲသွားဦးမယ်။”
“မကွဲပါဘူးကွ၊ မင်းဟာက ကျောက်ခဲထက်တောင် မာနေတာချည်း”
ထိုသို့ပင်ပြောဆိုလိုက်လေရင်း၊ အပင်ပေါ်မှနေခါ အေးမောင်ရှိနေရာ အပင်အောက်ဆီသို့ ဇော်မင်းတစ်ယောက် ပစ်ချပေးလိုက်လေတော့သည်။ အပင်ကြီးဟာ အနည်းငယ်မြင့်မားနေသည်ကြောင့် အပင်အောက်၌ရှိနေခဲ့သော အေးမောင်မှာ ထိုဥကိုပင် ဖမ်းမမိခဲ့ချေ။ ချော်ထွက်သွားခဲ့ရင်း အပင်အောက်ရှိ ကျောက်ခဲတုံးနှင့်တောင် ထိမိသွားခဲ့ရလေသည်။ သို့သော်လည်း ငှက်ဥကြီးမှာ ကွဲရှသွားခြင်းမျိုးကိုပင် မဖြစ်ပေါ်ခဲ့ပေ။ ထို့ကြောင့် ဇော်မင်းသည်လည်း အပင်ပေါ်မှနေခါ လျင်မြန်စွာဖြင့် ပြန်လည်ဆင်းသတ်လာခဲ့ပြီး။
“ဟ… မင်းဟာက ငှက်ဥမှ ဟုတ်ရဲ့လားကွာ။ ဒီလောက်မာတာကြီး”
“ပြစမ်း… ဟုတ်တယ်ကွ၊ ငှက်ဥတော့ ငှက်ဥပဲ၊ ဒါ…ဒါမန္ဓေဥဖြစ်လိမ့်မယ်ထင်တယ်။ ဥပုံစံက ချိုးငှက်ရဲ့ဥ ပြီးတော့ အသိုက်ကလည်း ချိုးသိုက်ပုံစံ၊ သေချာသွားပြီး၊ ဒါ… ဒါဆိုဒီဥက ချိုးမန္ဓေပဲဖြစ်ရမယ်။”
“ဟင်… ဂျိုးမန္ဓေဟုတ်လား။ ဂျိုးမန္ဓေက ဘာလုပ်လို့ရလဲ၊ ဘာအသုံးဝင်တာလဲ”
“ဘကြီးဘုန်းကြီးရှိတုန်းကတော့ ပြောတာကြားဘူးတယ်ကွ၊ ချိုးမန္ဓေက ကာယသိဒ္ဓိပြီးတယ်တဲ့”
“ဟင်… ဟုတ်လား”
“သိပ်ဟုတ်တာပေါ့ကွ၊ ပေးစမ်းငါ့ကို… အဲ့ဒီဥ၊ ရော့… ဒီထင်းခုတ်ဓားနဲ့ မင်းငါ့ကိုခုတ်ကြည့်”
“ဟာ… မင်းရူးနေလား၊ ဓားနဲ့ခုတ်မှတော့ မင်းသေသွားမှာပေါ့ကွ”
“ခုတ်ပါဆိုကွာ၊ ခုတ်”
“ဟင့်…ဟင့်အင်း၊ ငါမခုတ်ရဲဘူး”
“ရော့… ဒါဆို မင်းဥကိုယူထားတယ်။ မင်းကိုငါ ဓားနဲ့ခုတ်ပြမယ်။”
“အောင်မလေး… မ…မလုပ်နဲ့ဟေ့ကောင်၊ ငါ…ငါမသေချင်သေးဘူး”
“ဟာ… ဒုက္ခပဲ၊ ပေးပေး ဓားပေး၊ ငါ့ဟာငါ ခုတ်ပြမယ်ကြည့်ထား”
“ဟာ… ဟေ့ကောင်၊ ဇော်…ဇော်ကြီး၊ မလုပ်..မလုပ်နဲ့လေ”
အေးမောင်ဟာ ငယ်စဉ်ကတည်းမှ ကြောက်တတ်သူတစ်ဦးဖြစ်သည့်အလား၊ ဇော်မင်း၏ပြောစကားများကိုပင် မယုံကြည်ခဲ့၊ ထို့ကြောင့် ဇော်မင်းမှာ အေးမောင်လက်အတွင်းမှ ထင်းခွေဓားကိုပင် လုယူလိုက်လေပြီး၊ မိမိကိုယ်မိမိ လည်ပင်းဆီသို့ အားပြင်းစွာ ခုတ်ပြလိုက်လေတော့သည်။
“ဟင်… ဇော်မင်း၊ မင်း… မင်းဘာမှမဖြစ်ဘူးနော်”
“ကဲ… တွေ့ပြီလား၊ ငါတို့ချိုးမန္ဓေရလိုက်တာကွ၊ ပြီးတော့ မန္ဓေဆိုတဲ့ ပစ္စည်းမျိုးက ထိုက်သူစံကွ၊ အခုဟာက ငါတို့နှစ်ယောက်နဲ့ထိုက်လို့ ငါတို့ရလိုက်တာပဲ။ ငါတို့မှာဒီပစ္စည်းရှိနေတာ၊ ရွာကလူတွေ သိသွားကြလို့မဖြစ်ဘူးနော်”
“အေးပါကွ… ဒါဆိုငါတို့အခု ဒီပစ္စည်းကို ဘာလုပ်ကြမှာလဲ”
“ဟ… ဘာလုပ်ရမှာတုန်းကွ၊ ဒီလောက်အစွမ်းထက်တဲ့ ပစ္စည်း၊ မင်းကိုယ်တွေ့ပဲလေ၊ ဒီတော့ ဒီပစ္စည်းကို ဈေးကောင်းပေးတဲ့သူရှိရင်၊ ငါတို့ရောင်းမယ်။ ပြီးရင် မင်းနဲ့ငါနဲ့ တစ်ယောက်တစ်ဝက်ဆီ တို့ခွဲယူကြတာပေါ့။ ဘယ်လိုလဲ မင်းသဘောတူလား။”
“လုပ်ကွာ… ဒါဆိုလည်း မင်းသဘောပဲ။”
နှစ်ဦးသား တိုင်ပင်ပြောဆိုလေခဲ့ရင်း၊ မိမိတို့၏ရွာလေးဆီသို့ပင် ပြန်လည်ဦးတည်လာခဲ့ကြလေသည်။ ထင်းခွေရောင်း၍ ရရှိလာခဲ့သော ငွေလေးများဖြင့် ထန်းတောကြီးအတွင်း၌ တစ်နေ့ကုန်ခါ၊ လက်ထဲ၌ရှိနေခဲ့သော ငွေများစွာ မကုန်မချင်း ရွာလည်မှ ကြက်ဝိုင်းလေးအားလည်း ဝင်ရောက်နွှဲလိုက်လေသေးသည်။ ကြက်ဝိုင်းတွင်လည်း လောင်းကြေးများစွာ ရှုံးနိမ့်ခဲ့ရ၏။ ဖဲဝိုင်းဆီသိုပ ရောက်ပြန်တော့လည်း မည်သို့ပင် ဖဲလိမ်ရိုက်ခဲ့ပါစေ ပါလာသမျှ ငွေလေးများစွာ ဆုံးရှုံးသွားခဲ့ရလေ၏။ ထိုနေ့တစ်နေ့လုံးတွင် ပြုလုပ်သည့် လောင်းကစားပေါင်းစုံသည်လည်း တစ်ပွဲလေးမျှမနိုင်၊ ရှုံးနိမ့်နေခဲ့ရသည်ကြောင့် ဇော်မင်းနှင့်အေးမောင်တို့မှာ ရွာထိပ်ကောက်ရိုးပုံအနီး၌ နှစ်ဦးသား စိတ်ပျက်စွာဖြင့် ထိုင်ချလိုက်လေပြီး။
“ဟူး… ဘယ်နှဲ့ဖြစ်ရတာတုန်းကွာ၊ ခါတိုင်းနေ့တွေနဲ့ မတူပါလား။ ညနေ ထန်းရည်ဖိုးတောင်မရှိတော့ဘူး။ စိတ်ညစ်တယ် အေးမောင်ရေ။ ဘယ့်နှဲ့လုပ်ကြမတုန်း။ ငါထင်တာတော့ ဒီဥကြောင့်များလားမသိဘူး။ ဆရာတော်ဘုရားပြောဘူးတယ်ကွ။ ချိုးမန္ဓေက ကာယသိဒ္ဓိပြီးပေမယ့် လာဒ်အရမ်းပိတ်တာတဲ့၊ ဒီဥကြောင့်များလား”
“ဟာကွာ… ဘာဆိုင်လို့တုန်း။ ငါတို့ဟာ ငါတို့ကံမကောင်းလို့ ရှုံးရတာ၊ မဆိုင်တဲ့ ဥကိုသွားပြောနေတယ်။”
“ဒါဆိုလည်း တစ်ခုခုကြံပါဦးကွ၊ ညနေ ထန်းရည်မသောက်ရရင် မင်းနေနိုင်လို့လား”
“မနေနိုင်ဘူးကွ၊ နေပါဦးကွာ၊ ဒီနားမှာ တစ်ရေးလောက်အိပ်ပြီးမှ ညနေအတွက် ငွေလေးဘာလေး ရှာကြတာပေ့ါ။”
“အိပ်ကွာ… ငါလည်းအိပ်မယ်။ ညနေမှ ထန်းရည်ဖိုးမရရင်၊ ထုံးစံအတိုင်း ကိုတွကြီးဆီမှာ အကြွေးသောက်ရတော့မှာပေါ့”
စိတ်ပျက်၊လက်ပျက်ဖြင့် နှစ်ဦးသားပြောဆိုလေကြရင်း၊ ကောက်ရိုးပုံလေး နံဘေးတွင်မူ ကျောခင်းချလိုက်လေသည်။ ထိုချိန်မှစတင်လေရင်း တစ်ရွာလုံးတွင်လည်း ကောင်းမွန်စွာ ရရှိနေခဲ့သည့် ရေများမှ လျပ်တပျက် ပျက်တောက်သွားခဲ့ရလေတော့သည်။ ထို့ကြောင့် ရွာသားများသည်လည်း ရွာလူကြီးထံသို့ သွားရောက်ကြလေပြီး၊ ရွာထိပ်တွင် ရှိနေခဲ့သော ပင်ရင်းဂျိုးဖြူ ရေပိုက်ကြီးဆီမှ တစ်စုံတစ်ခု ဖြစ်နေခဲ့ပြီဟူ၍ လာရောက်ကြည့်ရှု့ကြလေသည်။ ရွာလူကြီးအပါအဝင် ရွာသားများသည်လည်း ရွာထိပ်ဆီသို့ရောက်ရှိလာကြခါ၊ ရွာထိပ်ကောက်ရိုးပုံနံဘေး လဲလျောင်းနေကြသော ဇော်မင်းနှင့်အေးမောင်တို့ကိုပင် မြင်တွေ့လိုက်ရ၏။
“ဟာ… ဟေ့ကောင်တွေ ထကြစမ်း”
“ဟင်… ဘယ်သူတုန်”
“သြော်… လူကြီး၊ ဘာတုန်းဗျ”
“ဘာဖြစ်ရမှာတုန်းက ရွာထဲမှာရေမလာတော့ဘူး၊ ဖယ်ကြစမ်း”
“ဟင်… ရွာထဲမှာရေမလာတာနဲ့ ကျုပ်တို့အိပ်နေတာနဲ့ ဘာဆိုင်လို့တုန်းဗျ”
“ဟ… မင်းတို့အိပ်နေတဲ့ အောက်၊ မြေကြီးထဲမှာ ပင်ရင်းပိုက်ဇုံရှိနေတယ်ကွ၊ ဘာဖြစ်နေလဲဆိုတာ ကြည့်မလို့…”
“အောင်မလေးကွာ.. ဒီနေ့ကံမကောင်းချက်ကတော့ တစ်နေ့ကုန်ပါပဲလား။ အိပ်တာတောင် ကောင်းကောင်းမအိပ်ရဘူး”
ထိုသို့ညည်းထွားပြောဆိုလေခဲ့ပြီး ဇော်မင်းနှင့်အေးမောင်တို့သည်လည်း ထိုနေရာဆီမှ ခေတ္တဖယ်ရှားပေးလိုက်၏။ ထို့ကြောင့် ရွာသားတစ်ဦးသည်လည်း မြေကြီးအောက်တွင် ရှိနေခဲ့သော ရေပိုက်ဘားကိုပင် ကြည့်ရှု့ရန်အတွက် အသင့်ယူဆောင်လာခဲ့သော ပေါက်တူးဖြင့် စတင်တူးဆွလေခဲ့သည်။ ထိုအချိန်တွင်းမှာပင် ရေလာ/မလာ စမ်းသပ်နေခဲ့သည့် ရွာထိပ်ရေပိုက်ခေါင်းမှ ရွာသားတစ်ဦးမှ ထိုကဲ့သို့ပင် အော်ဟစ်ပြောဆိုလိုက်လေသည်။
“ထွန်းမောင်.. ဆက်မတူးနဲ့တော့ကွ၊ ရေပြန်လာနေပြီ”
“ဟေ”
မြေကြီးဆီသို့ ပေါက်တူးလေးဖြင့် သုံးလေးချက်မျှ ပေါက်လိုက်ရသေးသည်။ ပျက်တောက်နေခဲ့သော ရေလိုင်းများမှ ချက်ချင်းသာလျင် ပြန်လည်ရရှိလာခဲ့၏။
“ရပြီဟေ့ကောင်တွေ၊ မင်းတို့နေရာ မင်းတို့ပြန်အိပ်ကြတော့၊ ရေဘာဖြစ်သွားမှန်းမသိဘူး”
“ပြီးရောဗျာ… ခတ်တယ်၊ခတ်တယ်၊ ကိုယ့်ဟာကို စည်းစိမ်လေးယူပြီး အိပ်နေကြတုန်းရှိသေးတယ်။ ငါတို့အိပ်မိနေတဲ့နေရာက အဓိကနေရာဖြစ်နေရတယ်လို့…”
“ဟုတ်ပါ့ကွာ… မင်းပြောသလိုပဲ၊ ဒီနေ့ ငါတို့တော်တော်ကံနိမ့်နေကြပါလား”
ထိုသို့ပင်ညည်းထွားပြောဆိုနေကြပြီး ထိုနေရာလေးတွင်သာ ပြန်လည်အိပ်စက်လိုက်ကြပြန်သည်။ မကြာခင်အချိန်တွင်းမှာ ထိုနေရာလေးဆီသို့ ရွာလူကြီးနှင့် ရွာသားများသည်လည်း ထပ်မံရောက်ရှိလာခဲ့ကြပြန်သည်။
“ဟေ့ကောင်တွေ… ထကြဦး၊ ရေပြန်ပျက်သွားပြန်ပြီး၊ မဟုတ်မှလွဲရော… မင်းတို့နှစ်ကောင် နောက်နေကြတာလား”
“ဟာဗျာ… ပေါက်ပေါက်ရှာရှာ၊ လူကြီးကလည်း ကျုပ်တို့က ဘာလို့နောက်ရမှာတုန်းဗျ။”
“အေးကွ… အခုန၊ ရေပြန်လာလို့ ငါတို့ရွာထဲပြန်ဝင်တုန်းရှိသေးတယ်။ အခုရေပြန်ပျက်သွားတာနဲ့ ထပ်လာကြည့်တာ။ ဒီမှာအိပ်မနေကြပါနဲ့ကွာ၊ ဟုတ်ပြီ မင်းတို့ကြည့်ရတာ ပိုက်ဆံပျက်နေကြပြီနဲ့ထင်တယ်။ ဟုတ်လား”
“ဒါပေါ့ဗျ၊ ပိုက်ဆံမရှိလို့ ဒီမှာကျုပ်တို့လာအိပ်နေကြတာ၊ မဟုတ်လို့ကတော့ ငဇော်နဲ့ငအေးကို ခင်ဗျားတို့ ဖမ်းမိမှာတောင် မဟုတ်ဘူး။ လူကြီး… ဘဘ.. သားတို့ကို ဘဘမုန့်ဖိုးမပေးတာ တော်တော်ကြာနေပြီနော်။ သားတို့ကိုမုန့်ဖိုးပေးပါလား။”
“အောင်မာ… ဟေ့ကောင်တွေ လာမဖားကြနဲ့ ပုံမှန်တိုင်းဆက်ဆံ၊ ရော့..ရော့၊ မင်းတို့အရပ်တကာ လှည့်ပြီးမူးမနေကြနဲ့ဦး”
“ဟ… ကျေးဇူးပဲလူကြီးရာ၊ မမူးပါဘူးဗျ။ ကျေးဇူးပဲ သွားပြီးဗျို့”
ငယ်စဉ်ကတည်းမှ မိမိ၏သားသမီးများကဲ့သို့ သဘောထားခါ မုန့်ဖိုးပေးနေတတ်သည့် ရွာလူကြီးသည်လည်း အေးမောင်နှင့်ဇော်မင်းကိုမူ မုန့်ဖိုးပေးလျက်၊ ထိုနေရာဆီမှ ထွက်ခွာသွားပေးရန် ပြောဆိုခဲ့ရလေတော့သည်။ ထိုသူတို့၏လက်အတွင်းသို့ ငွေလေးအနည်းငယ် ရရှိလာပါက အပြေးသွားရောက်တတ်သည်က ရွာလည်မှကိုငြိမ်းချမ်း၏ ဖဲဝိုင်းဆီသို့ပင်ဖြစ်သည်။
“ဟ… ကိုးပဲဟေ့”
“ကဲကဲ… ကိုးထက်ကြီးတာ မရှိရင်စားမယ်နော်’
“ဟ… သေလိုက်ပါတော့ ဇော်မင်းရာ… ဒီအလှည့်မှ ရှစ်လာဖြစ်နေတယ်။”
“ကဲ.. ဇော်မင်း… ဘယ်လောက်လဲ၊’
“ဘာမှမေးမနဲ့ကွာ… စား၊ ရှစ်ပေါက်ပဲရှိတယ်။”
“ကဲကဲ… တစ်ဝိုင်းလုံးစားပြီနော်”
ထိုနေ့တစ်နေ့လုံး ကံဆိုးနေခဲ့သည်က အေးမောင်နှင့်ဇော်မင်းတို့ပင်ဖြစ်လေသည်။ ဒိုင်ကိုင်သူဟာ နှစ်ပေါက်ဆိုလျင်၊ ထိုသူတို့မှာ တစ်ပေါက်တည်းဖြင့်ရှုံးနိမ့်ခဲ့ရပြီး၊ ဒိုင်ကိုင်သူမှာ ကိုးပေါက်ဆိုလျင်၊ အေးမောင်တို့မှာ ရှစ်ပေါက်တည်းနှင့် ရှုံးနိမ့်ခဲ့ရသည်ကြောင့် လွန်စွာဒေါသထွက်လာခဲ့လေပြီဖြစ်သည်။ လက်အတွင်း၌ရှိနေခဲ့သော ငွေများသည်လည်း တစ်ပွဲမှမနိုင်၊ ရှုံးနိမ့်ခဲ့ရသည်ကြောင့် တပြားတစ်ချပ်မှမရှိတော့ချေ။ နှစ်ဦးသား ချွေးသီး၊ချွေးပေါက်များသည်လည်း စီးကျနေခဲ့ကြလေ၏။
“ကဲ… အေးမောင်နဲ့ဇော်မင်း၊ ရှိသေးလား။ ငွေမရှိတော့ရင် ဝိုင်းထဲကနေ ဖယ်ပေးတော့”
“ဖယ်ဖယ်… ဟေ့ကောင်တွေ၊ ငါတို့ဝင်မယ်။”
“ကိုသာဒင်… ကျုပ်တို့ကိုငွေနည်းနည်းလောက် ချေးပါလားဗျ၊ ကျုပ်တို့မပြန်ချင်သေးဘူး။ ဆက်ကစားချင်သေးတယ်။”
“ဘာ… ဘာပြောလိုက်တယ်။ မင်းတို့ကို ငါက ငွေချေးရမယ်ဟုတ်လား။ ဟားဟားဟား…. အလုပ်မရှိမကိုင်မရှိ၊ မင်းတို့လိုကောင်မျိုးတွေကို ငါကချေးစရာလားကွ၊ သွားသွားရှုံးရင်လည်း ပြန်အိပ်ကြတော့…”
“ဖယ်စမ်းကွာ… ဘူကောင်တွေ၊ ငွေမရှိရင် ဝိုင်းထဲကဖယ်ကြတော့….”
ဖဲရှုံးထားသည်ကြောင့် ညစ်နေသည်က တစ်ကြောင်း၊ ယခုအခါ မိမိတို့အား နိမ့်ချပြောဆိုလိုက်သည်က တစ်ကြောင်း၊ ဝိုင်းအတွင်းမှ ဝိုင်းဝန်းနှင်ထုတ်နေကြသည်က တစ်ကြောင်း ထို့ကြောင့် အေးမောင်နှင့်ဇော်မင်းတို့သည်လည်း ရှုံးမဲ မဲလျက် ဖဲဝိုင်းအတွင်း၌ ထိုးကြိတ်ရန်ဖြစ်ကြလေတော့သည်။ ချိုးမန္ဓေသိမ်းဆည်းထားခဲ့သော ဇော်မင်းအား ဖဲသမားတစ်ဦးမှ ဝါးရင်းတုတ်ဖြင့် ဦးခေါင်းဆီသို့ ရိုက်ချလိုက်လေသည်။ သို့သော် ဇော်မင်းမှာ နာကျင်သွားခဲ့ခြင်းမျိုးမရှိ၊ ခေါင်းသည်လည်း ပေါက်ပြဲသွားခြင်းမရှိခဲ့ချေ။ ထို့ကြောင့် ရိုက်နှပ်လိုက်သူသည်လည်း ကြောင်တောင်တောင်ဖြစ်သွားခဲ့ရ၏။ ထိုတင်မကသေး လူမိုက်တစ်ဦးမှ အသင့်ဆောင်ထားခဲ့သော ဓားမြောင်ဖြင့် ဇော်မင်း၏နောက်ကျောဆီသို့ အားကုန်ထိုးသွင်းလိုက်လေသည်။ ထိုအခါတွင်လည်း ဇော်မင်းတစ်ယောက် ဒဏ်ရာအနည်းငယ်လေးမျှတောင် မဖြစ်ခဲ့ပဲ၊ ထိုသူများကိုမူ ပြန်လည်ထိုးကြိတ်နိုင်ခဲ့ပေသည်။
ထို့ကြောင့် လူမိုက်များမှာ ဇော်မင်းနှင့်အေးမောင်တို့အား ဓားပြီး၊တုတ်ပြီးနေသည်ဟု အော်ဟစ်ပြောဆိုလျက် ပြေးကုန်ကြတော့သည်။ သို့မှသာလျင် ဖဲဝိုင်းအတွင်းမှ ပိုက်ဆံများအား အသာကလေး ကောက်ယူလျက် ထန်းတောအတွင်းသို့ ဦးတည်သွားခဲ့ကြလေ၏။ ထိုအချိန်မှ စတင်လေခဲ့ရင်း အေးမောင်နှင့်ဇော်မင်းတို့မှာ ဓားပြီး၊တုတ်ပြီးကြသည်ဟူ၍ ရွာနီးခြောက်စပ်၊ ရွာတိုင်းလိုလိုတွင် နာမည်များစွာထွက်ပေါ်လာခဲ့ရလေတော့သည်။ မည်သည့်နေရာ၌ ခိုက်ရန်ဖြစ်ပွားနေကြသည်။ မည်သူများနည်း။ သွားရောက်ကြည့်ရှု့နေစရာ မလို၊ အေးမောင်နှင့်ဇော်မင်း။ မည်သည့်ရွာအတွင်းရှိ ကြက်ဝိုင်းတွင် ခိုက်ရန်ဖြစ်ပွားနေခဲ့ကြပေသည်။ မည်သူများနည်း။ သွားရောက်ကြည့်ရှု့နေစရာ မလို၊ အေးမောင်နှင့် ဇော်မင်းတို့ပင်ဖြစ်ကြလေသည်။ ခိုက်ရန်ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများမှာလည်း အေးမောင်နှင့် ဇော်မင်းတို့မှာ မိုက်ကြေးခွဲလျက်၊ ချိုးမန္ဓေအစွမ်းဖြင့် လိုက်လံအနိုင်ကျင့်နေခဲ့ခြင်းမဟုတ်။
နာမည်ကြီး လူမိုက်များမှာ ဓားပြီး၊တုတ်ပြီးသည်ဟူသော ထိုသူတို့အား စမ်းသပ်သည့်အနေဖြင့်၊ စတင်ရန်စရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သော ရန်ပွဲများပင်ဖြစ်သည်။ မီးလိုင်းပင်မဇုံနှင့် ရေလိုင်းပင်မဇုံတို့ အနီးသို့ ထိုသူနှစ်ဦး ဖြတ်သန်းသွားရောက်ခဲ့ပါက အားကောင်းစွာ ရရှိနေခဲ့သော လျပ်စစ်မီးများနှင့် ဂျိုးဖြူရေတို့မှာ ချက်ချင်းသာလျင် ရပ်တန့်ပျက်တောက်သွားခဲ့ရပေသည်။ ထိုသူတို့ထံ၌ ရှိနေခဲ့ကြသော ချိုးမန္ဓေ၏အစွမ်းများကြောင့်ဟူ၍ မည်သူများမှ မရိပ်စားမိခဲ့ချေ။ အရက်ဖိုးငွေမရှိ၊ လောင်းကစားလုပ်ရန်အတွက် ထိုသူတို့ထံတွင် ငွေများပျက်တောက်သွားပါက အေးမောင်နှင့်ဇော်မင်းတို့မှာ ရေလိုင်းဇုံ၊ မီးလိုင်းဇုံအနီးတွင် အိပ်စက်နေခဲ့သည်။ ထိုအခါ ရွာနီးခြောက်စပ်တစ်ခုလုံးတွင် ရေ၊မီးပျက်တောက်သွားခဲ့ပြီဖြစ်သည်။ ရွာသူရွာသားများသည်လည်း ရေ၊မီးပျက်တောက်သွားပါက အေးမောင်နှင့်ဇော်မင်းမှာ ရေလိုင်းဇုံ၊ မီးလိုင်းဇုံ အနီးတွင် အရက်ဖိုးမရှိပါသောကြောင့် လာရောက်အိပ်စက်နေကြပြီဟု ကောင်းစွာသိရှိလေခဲ့သည်။
ထိုအခါ ရွာသားများမှာ စုပေါင်းလျက်၊ ထိုသူနှစ်ဦးကိုပင် အရက်ဖိုးပေးလိုက်ပါက ထိုအနီးနားမှနေ၍ ထွက်ခွာသွားခဲ့ပြန်လေသည်။ သို့မှသာလျင် ရေ၊မီးများသည်လည်း ချက်ချင်းဆိုသကဲ့သို့ ပြန်လည်ရရှိလာခဲ့သည်။ ချိုးမန္ဓေ၏သိဒ္ဓိအစွမ်းဖြင့် ထိုသူနှစ်ဦးမှာ မည်သည့်မကောင်းမှု့ ဒုစရိုက်တစ်ခုမှ မပြုလုပ်ခဲ့ပေ။ ကာယသိဒ္ဓိအစွမ်းဖြင့် ခိုးဆိုးလုယက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်း စသည့်အလုပ်များအားလည်း ပြုလုပ်ခဲ့ခြင်းမရှိ။ ငွေမရှိပါက မည်သူကိုမှ ဒုက္ခမပေး၊ ရေလိုင်းဇုံ၊ မီးလိုင်းဇုံအနီးတွင်သာ အိပ်စက်လျက် ဆန္ဒပြလေခါ တောင်းယူတတ်ခြင်းပင်ဖြစ်လေသည်။ သို့သော် ကာယသိဒ္ဓိပြီးမြောက်သည့် ချိုးမန္ဓေရရှိခဲ့သည့်နောက်ပိုင်း အေးမောင်နှင့်ဇော်မင်းတို့မှာ ကိုယ်ပိုင်ချွေးနည်းစာဖြင့် မည်သို့မှပင် ပိုက်ဆံရှာမရခဲ့ပေ။
ထို့ကြောင့် ဇော်မင်းမှာမူ ကိုယ်ပိုင်အိမ်ယာလေးများ ရောင်းချထားခဲ့သော သူငယ်ချင်းဖြစ်သူ အေးမောင်ဆီမှ ဆန်၊ဆီ၊ဆေး စသည့်ပစ္စည်းများကိုပင် နေ့ရက်တိုင်း ချေးငှားနေခဲ့ရလေသည်။ သူငယ်ချင်းဖြစ်သူ အေးမောင်မှ ဇော်မင်းကိုပင် ချေးငှားခြင်းမဟုတ်၊ အလကားပေးခြင်းဟု ပြောဆိုလာခဲ့သော်လည်း ဇော်မင်းမှာမူ အလကားယူခြင်းသာမဟုတ်၊ သူတစ်ယောက်ပြေလည်သည့် အချိန်ခါမျိုးတွင် ပြန်လည်ပေးဆပ်ပါမည် ပြောဆိုထားခဲ့ပေသည်။ အေးမောင်သည်လည်း ဇော်မင်းထံသို့ ချေးငှားထားသည့် ပိုက်ဆံများကိုပင်၊ ပြန်ဆပ်လာလျင် ယူပါမည်။ ပြန်လည်မဆပ်ခဲ့လျင်လည်း သူငယ်ချင်းဖြစ်သူထံမှ တောင်းယူနေမည်မဟုတ်ဟု ဆုံးဖြတ်ချက်ချထားလေခဲ့၏။
တစ်နေ့.. ရွာထိပ်တွင် တည်ထားလျက်ရှိသော ရွာဦးစေတီတော်ကြီးမှာ အနည်းငယ် ပျက်စီးယိုယွင်းနေပြီဖြစ်သောကြောင့် ပြန်လည်ပြုပြင်ရန်အတွက် မြို့ကြီးဆီမှ ဘုန်ကြီးတစ်ပါးကိုပင် သွားရောက်ပင့်ဆောင်လာခဲ့ရပေသည်။ ထိုဘုန်းကြီးမှာ ဗဟုသုတလွန်စွာကြွယ်ဝသော ရဟန်းတစ်ပါးပင်ဖြစ်ပေသည်။ ရွာလူကြီးများနှင့် စကားဆက်စပ်မိရာမှ မိမိတို့ရွာတွင် လူထူးလူဆန်းနှစ်ဦးရှိကြောင်း ဘုန်းဘုန်းကိုပင် လျောက်တင်မိလေသည်။ ထိုအခါ ဘုန်းကြီးသည်လည်း ထိုသူနှစ်ဦးကိုပင် မြင်တွေ့ချင်ပါသည်ဟု မိန့်ကြားလာခဲ့သည်ကြောင့် ရွာသားများမှာ အေးမောင်နှင့်ဇော်မင်းတို့ကိုပင် နေရာအနံ့သွားရောက် ရှာဖွေလာခဲ့ရပေသည်။ ထို့နောက် ဘုန်းကြီး၏အရှေ့မှောက်ဆီသို့ ခေါ်ဆောင်လာခဲ့ရလေပြီး၊ ဘုန်းကြီးနှင့်ထိုသူနှစ်ဦးမှာ စကားများစွာ ပြောဆိုဖြစ်ခဲ့ကြလေ၏။
“တင်ပါ့ဘုရား၊ ဇော်မင်းနဲ့အေးမောင်ဆိုတာ သူတို့ပါပဲ”
“ဟဲ့… ဒကာကြီးတို့.. ဘယ်နှဲ့ဖြစ်နေကြတာတုန်းကွယ့်”
“တင်…တင်ပါ့ဘုရား၊ တပည့်တော်တို့… ဒါ…ဒါသောက်ထားကြလို့.. အရှင်… အရှင်ဘုရားကို အားနားလို့ပါဘုရား”
“အားနာရင် အစကတည်းက မလုပ်နဲ့ပေါ့ကွယ်”
“တပည့်တော်တို့ ညစ်နေလို့ပါဘုရား”
“ဟုတ်ပါတယ်ဘုရား၊ တပည့်တော်တို့ ညစ်လုံးလုံးပြီး၊ သောက်ထားကြတာပါ”
“ဟော့… ဒါဆိုဒကာကြီးတို့ကို ဘုန်းကြီးတစ်ခုမေးမယ်”
“မေး… မေးပါဘုရား..”
“တကာကြီးတို့ အကျီတွေညစ်ပတ်ရင် ဘာလုပ်ကြလဲ”
“လျော်ပါတယ်ဘုရား..”
“ခေါင်းညစ်ပတ်ရင်ရော…”
“လျော်ရတာပါပဲဘုရား..”
“ဟုတ်ပြီ၊ ဒါဆိုဒကာကြီးတို့ အခုညစ်နေကြတာကို ဘာဖြစ်လို့ မလျော်ပဲညစ်လုံးလုံးနေရတာလဲ”
“တင်ပါ့ဘုရား၊ တပည့်တော်တို့နှစ်ယောက်ကို ဘယ်သူကမှ အကောင်းမမြင်ကြဘူးဘုရား”
“တပည့်တော်တို့နှစ်ယောက်ကို ဘယ်သူကမှလည်း လူရာမသွင်းကြဘူးဘုရား… တပည့်တော်တို့နှစ်ယောက်ကို အသုံးမကျဘူးလို့ ထင်နေကြတယ်ဘုရား”
“အသုံးကျတဲ့သူဖြစ်ချင်ရင် အသုံးကျအောင်နေပေါ့ဒကာတို့ရ၊ အလုပ်မမြဲတာဟာ… အမြဲမလုပ်လို့ပေါ့၊ လူတွေက အကောင်းမမြင်တာဟာ… ကိုယ်က အကောင်းမလုပ်လို့ပေါ့”
“အရှင်ဘုရား… လူတွေက တပည့်တော်တို့နှစ်ယောက်ကို ဘယ်သူကမှ တန်ဖိုးရှိတယ်လို့ မထင်ကြဘူး။”
“ဟုတ်ပါတယ်ဘုရား၊ တပည့်တော်တို့ပြောတဲ့ စကားဆိုရင် ဘယ်သူကမှ တန်ဖိုးမထားကြဘူး”
“ဟုတ်ပြီ… လူက တန်ဖိုးမရှိရင်တော့ ပြောတဲ့စကားကလည်း တန်ဖိုးရှိမှာမဟုတ်ဘူး။ တန်ဖိုးရှိတဲ့လူတစ်ယောက်က ပြောလို့ရှိရင် တရေးနိုးထပြောလည်း အဲ့ဒီစကားက တန်ဖိုးရှိတယ်။”
“တင်…တင်ပါ့ဘုရား၊ ဒါဆိုတပည့်တော်တို့ တန်ဖိုးရှိတဲ့သူတွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဘုရား”
“ဒါကလွယ်ပါတယ် ဒကာတို့ရာ… တန်ဖိုးမရှိတဲ့ ရွှံ့တုံးကြီးကို လုပ်အားထည့်ပြီး လောက်စလုံး လုံးလိုက်မယ်ဆိုရင် အဲ့ဒီလောက်စလုံးက တန်ဖိုးရှိသွားတာပဲမဟုတ်လား၊ အချောင်ခို အချိန်ပြုံး၊ အလကားနေ အလုပ်ရွေးနေတဲ့ သူကတော့ လောကကြီးမှာ ဘယ်တော့မှ အသုံးကျလာမှာမဟုတ်ဘူး။”
“ဟင်… ဟုတ်..ဟုတ်သားပဲဗျ။ တပည့်တော်တို့က တပည့်တော်တို့ကိုယ်ကို ပါရမီနည်းတဲ့ သူတွေလို့သတ်မှတ်ပြီး၊ ညစ်လုံးလုံးနေကြတာ”
“ဟော့ဗျာ… ပါရမီကောင်းဖို့က လွယ်ပါတယ်…ဒကာတို့ရ၊ ထက်မြတ်တဲ့ ဦးနှောက်တစ်ကျပ်သားကို ချွေးစက်ကိုးကျပ်သားနဲ့ ရောမွှေလိုက်လို့ရှိရင် ပါရမီဆိုတာဖြစ်လာရော… အဲ့ဒါဘုန်းကြီးပြောတာမဟုတ်ဘူးနော်၊ နိုင်ငံခြားက သော့မတ်အက်ဒီဆင်ဆိုတဲ့ လူကြီးပြောတာ…”
“ဦးဇင်းနောက်ဆုံးပြောချင်တာကတော့ လောကကြီးမှာ ကောင်းကောင်းနေချင်ရင်… ကောင်ကောင်းနေ၊ ကောင်းကောင်းမနေချင်ရင်… ကောင်းကောင်းမနေနဲ့။ ဘုန်းကြီးပြောတာ ရှင်းရဲ့လား။”
“ရှင်း… ရှင်းပါတယ်ဘုရား”
နဂိုကတည်းမှ လိမ်မာပြီးသားဖြစ်လျက်နှင့် ဆိုးပေချင်သော အေးမောင်နှင့်ဇော်မင်းတို့အား ဘုန်းကြီးမှာ စကားများတစ်ချို့ မိန့်ကြားလိုက်သည်နှင့် ထိုသူတို့သည်လည်း အကျွတ်တရားကိုပင် ရရှိသွားခဲ့လေတော့သည်။ ထို့နောက် ထိုသူတို့ထံတွင် ကာယသိဒ္ဓိပြီးမြောက်သည့် ချိုးမန္ဓေရှိနေခဲ့သည်များအားလည်း ဘုန်းကြီးထံသို့ အကြောင်းစုံ လျောက်တင်လိုက်လေသည်။
“သြော်… ဒါကြောင့် ဒကာကြီးတို့နှစ်ယောက်က ရွာထဲမှာ ဓားပြီး၊ တုတ်ပြီးတယ်ဆိုပြီး၊ နာမည်ကြီးနေကြတာကိုး”
“အဲ့ဒီ… ချိုးမန္ဓေက ပထဝီ၊ တေဇော၊ အာဘော၊ ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးကို ပိုင်သလို ကာရသိဒ္ဓိမှာလဲ အင်မတန်အစွမ်းထက်တယ်။ ပင်မရေထွက်တဲ့နေရာ၊ ပင်မမီးထွက်တဲ့နေရာကို ဂျိုးမန္ဓေဆောင်သွားလို့ရှိရင် ဓာတ်ပြေပြီး အာလုံးရပ်တန့်သွားတတ်တယ်။ ဓားပြီး၊တုတ်ပြီးရုံတင်မကဘူး၊ သေနတ်တောင်ပြီးတယ်ကွယ့်။ ဒါပေမယ့် စီးပွားရေးလုပ်ကိုင်လို့ကတော့ ဂျိုးမန္ဓေရှိနေရင် ဘယ်စီးပွားရေးမှ လုပ်လို့ကိုမရတော့ဘူး။ ဒကာကြီးတို့ ဒီပစ္စည်းကို ဘုန်းဘုန်းဆီလှူပါ။ ရွာဦးစေတီတော် ပြန်လည်မွမ်းမံတဲ့အခါကြရင် ဘုန်းကြီး ဌာပဏာထည့်ပေးပါ့မယ်။ ဒကာကြီးတို့လဲ မွေးကတည်းက သာသနာ့ဘောင်ကို မဝင်ဘူးသေးတဲ့ သူတွေလို့ ဘုန်းကြီးသိထားရတယ်။ ဒီတော့ ဌာပနာပိတ်ပွဲရောက်ရင် ဒကာကြီးတို့ရဲ့ ချိုးမန္ဓေကိုဘုန်းကြီး ဌာပနာပြီး၊ ဒကာတို့လဲ သာသနာ့ဘောင်မှာ ပျော်သလောက်နေပြီး ကုသိုလ်ယူလိုက်ကြပေါ့”
“တင်ပါ့ဘုရား… တပည့်တော်တို့ သဘောတူပါတယ်ဘုရား။”
“အေးကွယ်… သာဓု…သာဓု…သာဓု”
ထိုသူတို့ထံ၌ရှိနေခဲ့ကြသော ကာယသိဒ္ဓိပြီးမြောက်သည့် ချိုးမန္ဓေကိုပင် ဘုန်းကြီးထံသို့ကြည်ဖြူစွာ လှူဒါန်းလိုက်လေပြီး၊ သာသနာ့ဘောင်သို့ ဝင်ရောက်ရန်အတွက် မြို့ကြီးဆီသို့ တတ်ရောက်လေခါ၊ လိုအပ်သည့်ပစ္စည်းများစွာ ဝယ်ယူလာကြရင်း ရွာလေးဆီသို့ ပြန်လည်ဦးတည်လာခဲ့ကြလေသည်။ မနက်အချိန်ခါကတည်းမှ ထွက်ခွာသွားခဲ့ကြသော အေးမောင်နှင့်ဇော်မင်းတို့မှာ ရွာအဝင်လမ်းဆီသို့ ညမှောင်ရီပျိုးချိန်မှသာလျင် ပြန်လည်ရောက်ရှိလာခဲ့ကြပေသည်။ ထိုအခါ ရွာအဝင်လမ်း ရွာအပြင်စပ်၌ ထိုသူများကိုပင် အသင့်စောင့်နေခဲ့ကြသော လူတစ်စုမှ ဓားရှည်များ ကိုယ်ဆီကိုင်ဆောင်ထားကြပြီး၊ ထွက်ခွာလာခဲ့ကြလေသည်။ သေချာသည်က အေးမောင်နှင့်ဇော်မင်း လူမိုက်ကြီးများကိုပင် ချိုးမန္ဓေ၏အစွမ်းဖြင့် အနိုင်ယူထားခဲ့သည်ကြောင့် ထိုသူများမှာ မကျေနပ်၊ ပြန်လည်လက်စားချေရန်ပင် စောင့်စားနေခဲ့ခြင်းဖြစ်လေတော့သည်။
“ဟားဟားဟား… မင်းတို့နှစ်ကောင်က လိမ်မာကြတော့မယ်ပေါ့ဟုတ်လား”
“မင်းတို့ဘယ်သူတွေလဲ”
“အေး… ငါတို့က မန်ကျည်းစုရွာနဲ့ ထန်းပင်စုရွာရဲ့ လူမိုက်တွေပဲ၊ မင်းတို့နှစ်ကောင် ငါတို့ရွာကိုလာပြီး၊ ငါတို့ရွာသားတွေအရှေ့မှာ ငါတို့ကိုအရှက်ခွဲသွားခဲ့တယ်… မှတ်မိကြသေးလား။ အခု မင်းတို့ကို လက်စားပြန်ချေဖို့ ငါတို့ရောက်လာရတာပဲ”
“ဟေ့ကောင်တွေ… ငါတို့တောင်းပန်ပါတယ်ကွာ။ ငါတို့အရင်လို မမိုက်ချင်တော့ဘူး။ မင်းတို့ကို ငါတို့တောင်းပန်ပါတယ်နော်။ ငါတို့ကိုရန်မရှာကြပါနဲ့။ ငါတို့တောင်းပန်ပါတယ်။”
“ဟားဟားဟား…. တောင်းပန်ရုံနဲ့ ငါတို့က ကျေနပ်ရမှာတဲ့လား၊ ဟေ့ကောင်တွေ ဒီကောင်နှစ်ကောင်ကို အသေသတ်ပစ်ကွာ… ကြာတယ်။”
မည်သို့ပင်တောင်းပန်နေပါစေ၊ လူမိုက်များမှာ လက်မခံ၊ အေးမောင်နှင့်ဇော်မင်းတို့ကိုပင် ဓားရှည်များဖြင့် ဝင်ရောက်ခုတ်ပိုင်းလေတော့သည်။ ဇော်မင်းသည်လည်း ပြန်လည်ခုခံတိုက်ခိုက်၏၊ အေးမောင်သည်လည်း ထို့အတူ လူမိုက်များကိုပင် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါသည်။ သို့သော်လည်း အများနှင့်နှစ်ယောက်၊ ထိုတင်မကသေး တစ်ဖက်မှ ဓားရှည်များနှင့်လည်း ဝိုင်းဝန်းတိုက်ခိုက်ကြသည်ကြောင့် အပြင်းအထန် ဒဏ်ရာများပင် ရရှိခဲ့ရလေတော့သည်။ အဆုံးတွင် အေးမောင်နှင့်ဇော်မင်း နှစ်ဦးအနက်၊ တစ်ဦးသာလျင် သေချင်သေပါစေ၊ နှစ်ဦးစလုံး အသေမခံနိုင်၊ ထို့ကြောင့် ဇော်မင်းမှာမူ လူမိုက်များအား အသေခံတားဆီးလျက် သူငယ်ချင်းဖြစ်သူ အေးမောင်ကိုပင် လွတ်ရာဆီသို့ ပြေးစေခိုင်းခဲ့သည်။ အေးမောင်သည်လည်း သူငယ်ချင်းဖြစ်သူ ဇော်မင်းကိုပင် လူမိုက်များမှ ဝိုင်းသတ်နေကြသည့် နေရာအနားဆီမှ ရင်နာနာဖြင့် ပြေးရှောင်လွတ်မြောက်သွားခဲ့ရလေတော့သည်။
******
(၄)နှစ်ခန့်ကြာပြီးနောက်….
“ချကွ… ဖေ့သားကြီးကွ၊ ချကွ…”
“ဟာ… ကိုအေးမောင်၊ ခင်ဗျားကြက်ကြီးက ကောင်းလှချည်လားဗျ”
“ဟားဟားဟား… သိတယ်မဟုတ်လား၊ အေးမောင်ကိုင်တဲ့ ကြက်ပါကွ၊ ပွဲတိုင်းကျော်တဲ့ဟေ့… ပွဲတိုင်းကျော်တဲ့ဟ”
“ဒါကြောင့်မေးတာပေါ့ဗျ ဒီကောင်ကြီးက ခင်ဗျားကိုပိုက်ဆံရှာပေးတာ တော်တော်များနေပြီနော်။ ခင်ဗျား အခုလိုပွဲတိုင်းနိုင်နေတာ ကိုဇော်ကြီးတစ်ယောက်သာ သိရင်ဘယ်လောက်ထိ ပျော်နေလိုက်မလဲမသိဘူး”
“ဟူး… အေးကွာ… မင်းတို့ပြောမှ ငါ့သူငယ်ချင်းကြီးကို လွမ်းလိုက်တာ။ ဘယ်တတ်နိုင်ပါ့မလဲကွာ ငါလဲ သူ့ကို နေ့တိုင်းသတိရနေတာပါပဲ”
(၄)နှစ်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်သည်။ လိမ်မာစေရန် ဆုံးဖြတ်ချက် ချက်ထားခဲ့ပြီးမှ သူငယ်ချင်းဖြစ်သူ ဇော်မင်းမှာ လူမိုက်များ၏ သတ်ဖြတ်ခြင်းကိုပင် ခံလိုက်ရသည်ကြောင့်၊ အေးမောင်သည်လည်း မိုက်တွင်းထဲသို့ ခြေစုံပစ်ဝင်ရောက်လိုက်လေသည်။ လိမ်မာစေရန်အတွက် မည်သူမှ တရားပြပြ အေးမောင်တစ်ယောက် နားမထောင်တော့၊ တစ်ရွာလုံးတွင်လည်း အေးမောင်မှာ လောင်းကစားခေါင်းဆောင်၊ လူမိုက်ခေါင်းဆောင်အဖြစ်နှင့်ပင် ဆိုးသွမ်းနေခဲ့လေတော့သည်။ လောင်းကစားသမား၊ လူမိုက်ဘဝဖြင့် အေးမောင်တစ်ယောက် အကျိုးပေးလေသလား။ တိုက်ကြက်ကြီးတစ်ကောင်မှာ အေးမောင်ထံသို့ ပိုင်ရှင်မဲ့အဖြစ် ရောက်ရှိလာခဲ့ပြီး၊ သူသည်လည်း ထိုတိုက်ကြက်ကြီးနှင့် ကြက်တိုက်စားလာခဲ့သည်မှာ တစ်နှစ်ကျော်ပင် ရှိလာခဲ့ပြီဖြစ်လေသည်။ တိုက်ကြက်ကြီးသည်လည်း ရှုံးပွဲမရှိ၊ အေးမောင်ကိုပင် ငွေရှာပေးနေခဲ့သည်က ပွဲတိုင်းကျော်ဟူသော ကြက်၏အမည်ကိုပင် ကြားလိုက်ရသည်နှင့် ကြက်သမားတိုင်းမှ အရှုံးပေးနေခဲ့ရလေသည်။
တစ်နေ့တွင် အေးမောင်၏ တိုက်ကြက်ဖကြီး ပွဲတိုင်းကျော်နှင့် ကြက်တိုက်ပွဲပြုလုပ်ပါမည်ဟု ကြက်သမားတစ်ဦးမှ လာရောက်ချိန်းဆိုသွားခဲ့ပေသည်။ အေးမောင်သည်လည်း ပွဲတိုင်းကျော် ဆင်နွှဲလာခဲ့သည့် သူ၏တိုက်ကြက်ကြီးကိုပင် လွန်စွာယုံကြည်ထားခဲ့လေရင်း၊ ပွဲကြီးပွဲကောင်း ကြက်တိုက်ပွဲကြီး စတင်ဆင်နွှဲလေခဲ့သည်။ အေးမောင်သည်လည်း လောင်းကြေးများကိုပင် ရှိသမျှပုံအော၍ လောင်းပစ်ခဲ့လေရာ၊ ကြက်ပွဲအပြီးတွင် သူ၏ပွဲတိုင်းကျော် တိုက်ကြက်ဖကြီး ရှုံးနိမ့်သွားခဲ့ရပေတော့သည်။ အဆိပ်ခွက်ကြီးအတွင်းသို့ နွားနို့တစ်စက် ကျရောက်သွားခဲ့လျင်၊ ထိုအဆိပ်ရည်များမှာ နွားနို့မဖြစ်သွားနိုင်၊ သို့သော် နွားနို့ခွက်ကြီးအတွင်းသို့ အဆိပ်တစ်စက် ကျရောက်သွားခဲ့ပါက နွားနို့ခွက်ကြီးမှာ အဆိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရပေသည်။ ထို့အတူ တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါး ပွဲတိုင်းအနိုင်ယူပေးလျက် ငွေရှာပေးခဲ့သော တိုက်ကြက်ဖကြီးကိုပင် ထိုတစ်ပွဲရှုံးနိမ့်သွားခဲ့သည်နှင့် အေးမောင်မှာ ရိုက်သတ်ချက်စားပစ်လိုက်လေတော့သည်။
(၅)နှစ်ခန့်ကြာပြီးနောက်…
လူမိုက်ကြီးအေးမောင်၊ လောင်းကစားသမားကြီး အေးမောင်သည်လည်း အသက်ရွယ်ရရှိလာခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင်းမှာပင် တစ်နှစ်သား ခွေးလေးတစ်ကောင်မှာ အေးမောင်နေထိုင်ရာ တဲလေးဆီသို့ ရောက်ရှိလာခဲ့ပြီး၊ အထုပ်ကလေး တစ်ထုပ်ကိုပင် ကိုက်ချီလာခဲ့ပေးသည်။ အေးမောင်သည်လည်း မည်သည့်နေရာဆီမှ မည်သူ၏ ခွေးလေးမှန်းမသိ၊ ထိုခွေးလေး ကိုက်ချီလာခဲ့သော အထုတ်ကလေးကိုပင် ဖြီကြည့်လိုက်သည့်အခါတွင် ငွေကျပ်များစွာဖြစ်နေကြောင်း သိရှိလိုက်ရပေသည်။ ထိုငွေကျပ်လေးဖြင့် အေးမောင်တစ်ယောက် လုပ်ကိုင်စားသောက်လာခဲ့သည်မှာ ယခုအခါတွင် ကိုယ်ပိုင်လယ်ယာလေးများဖြင့် နေထိုင်၊ စားသောက်လာနိုင်ပြီဖြစ်သည်။ ခွေးလေးဖိုးထုတ်အားလည်း တဲလေးအတွင်း၌ မိမိနှင့်အတူတူ နေထိုင်လာခဲ့ပြီး၊ တစ်နှစ်ခန့်အကြာတွင် ခွေးလေးဖိုးထုတ်မှာ ပိုးထိလျက် သေဆုံးသွားခဲ့ရပေသည်။ ပိုးထိသေဆုံးသွားခဲ့ရခြင်းမှာလည်း သခင်ဖြစ်သူ ကိုအေးမောင်ကြီး တဲလေးအပေါ်၌ အိပ်စက်နေခဲ့ချိန်တွင် မြွေဟောက်ကြီးတစ်ကောင်မှာ တတ်ရောက်လာခဲ့ပြီး၊ ကိုအေးမောင်အား ကိုက်သတ်မည်အလုပ်၊ ခွေးလေးဖိုးထောင်မှ ဝင်ရောက်တိုက်ခိုက်ပေးလျက် သေဆုံးသွားခဲ့ရခြင်းဖြစ်လေတော့သည်။
*****
“ဖေဖေ၊ မေမေ… သားဇီးကုန်းရွာကို သွားချင်တယ်။ သားကိုလိုက်ပို့ပေးပါလားဟင်”
“ဟင်… ဘယ်က ဇီးကုန်းရွာတုန်းသားရဲ့”
“သား… အရင်ဘဝတုန်းက နေခဲ့တဲ့ ရွာလေးဖေဖေရဲ့… အဲ့ဒီမှာ သားသူငယ်ချင်းတစ်ယောက် ရှိတယ်။ သားသူ့ကိုတွေ့ချင်လို့…”
ငါးနှစ်သားအရွယ် ကလေးလေး၏ ပြောစကားများပင်ဖြစ်သည်။ မိဘနှစ်ပါးမှာ ရန်ကုန်သူ၊ ရန်ကုန်သားစစ်စစ် ဖြစ်ပါလျက်နှင့် သားလေးမှာ မည်သည့်နေရာ၊ မည်သည့်တိုင်းဒေသကြီးတွင် တည်ရှိနေမှန်းမသိသော ဇီးကုန်ရွာဟူ၍ ပြောဆိုလာခဲ့လေသည်။ ထူးဆန်းသည့် စကားများသည်လည်း ပါရှိနေခဲ့ပြန်လေသည်။ အရင်ဘဝတုန်းကဟူသော စကားလုံးများပင်ဖြစ်၏။ နေ့စဉ်နှင့်အမျှ မိဘဖြစ်သူများကိုပင် ဂျစ်တိုက်တောင်းဆိုနေခဲ့ခြင်းကြောင့် မိဘများသည်လည်း သားလေးကိုပင် ထိုကဲ့သို့မေးခွန်းများစွာ မေးမြန်းလာခဲ့ကြတော့သည်။
“သားက… အဲ့ဒီရွာလေးကို ဘာဖြစ်လို့သွားချင်ရတာလဲ”
“အဲ့ဒီရွာလေးမှာ သားသူငယ်ချင်းရှိတယ်မေမေရဲ့… သူ့ကိုသား အကြွေးဆပ်စရာလည်း ရှိသေးတယ်။ အဲ့ဒါကြောင့် သားကိုလိုက်ပို့ပေးပါနော်”
မေးခွန်းများစွာ မေးမြန်းခဲ့ပါသည်။ မိဘနှစ်ပါးမှ သို့သော် ကလေးဖြစ်သူမှာ မည်သည့်မေးခွန်းကိုမျှ မယ်မယ်ရရအဖြေမပေး။ အချိန်ပြည့်သာလျင် ဇီးကုန်းရွာဆီသို့ လိုက်လံပို့ဆောင်ခိုင်းနေခဲ့ပေသည်။ ထို့ကြောင့် မိဘများသည်လည်း ဇီးကုန်ရွာတည်ရှိရာ တိုင်းဒေသကြီးဆီသို့ အဆင့်ဆင့်မေးမြန်းဆုံစမ်းလေခဲ့ပြီး၊ သားဖြစ်သူ၏ ဆန္ဒအတိုင်း လိုက်လံပို့ဆောင်ပေးခဲ့ကြလေတော့သည်။ ဇီးကုန်ရွာတည်ရှိရာ မြို့ကြီးအပေါ်သို့အရောက် ငါးနှစ်သား ကလေးလေးမှာ မိဘများကိုပင် ဇီးကုန်းရွာလေးဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်က မိဘနှစ်ပါးအဖို့ လွန်စွာအံ့အားသင့်နေခဲ့ပေသည်။
ဇီးကုန်းရွာသို့ ဟူသော ဆိုင်းပုဒ်ကလေးအနားတွင် ငါးနှစ်သားကလေးမှာ မပီသပီသော စကားလုံးများဖြင့် လူကြီးဆန်ဆန်ပြောဆိုလိုက်သည်က….
“သြော်… ငါမရှိတဲ့ ဆယ့်ငါးနှစ်အတောအတွင်းမှာ ငါတို့ရွာလေးတောင် တော်တော်လေးစည်ကားလာပါလား”
ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့မှာ တစ်ဦးမျက်နှာတစ်ဦး ကြည့်မိခဲ့ကြရင်း လွန်စွာအံသြနေခဲ့ကြပေသည်။ ထို့နောက် ဆက်လက်ဦးတည်ခဲ့ကြရင်း ရွာထိပ်နားရှိ တဲလေးတစ်လုံးအရှေ့သို့ ရောက်ရှိလာခဲ့ကြလေ၏်။ ထိုတဲလေးအရှေ့နားတွင် ကလေးလေးမှာ ခါးလေးကိုပင် ထောက်လိုက်ရင်း လူကြီးဆန်ဆန်လေသံ သို့မဟုတ် ပျက်သားကြမ်းတမ်းလှသော လေသံတို့ဖြင့် ထိုသို့ပင် တမ်းတအော်ခေါ်လိုက်လေသည်။
“ဟေး… ငအေး၊ အေးမောင်”
ထိုကလေးလေး အော်ခေါ်နေခဲ့သော တဲလေးမှာ လူမိုက်ကြီးအေးမောင်၏ တဲလေးပင်ဖြစ်သည်။ တဲလေးအတွင်း၌ရှိနေခဲ့သော ဦးအေးမောင်သည်လည်း ထိုကဲ့သို့သော ခေါ်သံကိုပင်ကြားလိုက်ရသည်နှင့် တဲအတွင်းမှနေ၍ မျက်မှောင်ကိုပင် ကြုတ်လိုက်မိစေသည်။ အသံ၏ အနေအထားမှာ နုနယ်သေးသွယ်၍ ကလေးတို့၏အသံပင်ဖြစ်သော်လည်း လေယူလေသိမ်းနှင့် စကားအကျအနများမှာမူ လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်မှ သေဆုံးသွားခဲ့သော မိမိ၏ဆိုးဖော်ဆိုးဖက် သူငယ်ချင်းဖြစ်သူ ဇော်မင်း၏ လေယူလေသိမ်းပင်ဖြစ်လေသည်။ ထို့ကြောင့် ဦးအေးမောင်သည်လည်း တဲလေးအတွင်းမှနေ၍ တဲလေးအဝဆီသို့ ထွက်ရောက်လာခါ…
“ဟေး… ဘယ်သူတုန်းကွယ့်”
“ဟ… ငအေးမောင်… ငါလေကွ၊ မင်းသူငယ်ချင်း ဇော်မင်းလေ”
ထိုကဲ့သို့သော် ပြောစကားများနှင့်အတူ ထိုကလေးလေးမှာ မိဘများကိုပင် လက်ဆွဲလျက် တဲလေးအတွင်းသို့ ခပ်ဆွာဆွာဝင်ရောက်လာခဲ့လေသည်။ ဦးအေးမောင်သည်လည်း မှုံဝါးနေခဲ့သော အမြင်များကိုပင် စူးစိုက်ကြည့်လျက် တဲလေးအတွင်းသို့ ဝင်ရောက်လာကြသည့် မိသားတစ်စုကိုပင် ကြောင်တောင်တောင်ကြည့်ရှု့နေခဲ့လေသည်။ ထိုမိသားစုမှာ မြို့ကြီးပြကြီးမှ လူရည်သန့်မိသားတစ်စုပင် ဖြစ်နေလေခဲ့ရင်း အဘယ့်ကြောင့် ဂျောင်ဂျိုဂျောင်ကြား၌ နေထိုင်လျက်ရှိသော မိမိထံသို့ ရောက်ရှိလာကြသနည်း မသိရှိခဲ့ပေ။ ထို့ကြောင့်…
“ဘယ်သူတွေတုန်းကွယ်”
“ဟ… အဖိုးကြီး၊ အေးမောင်၊ ငါလေကွ၊ မင်းသူငယ်ချင်းဇော်မင်း၊ မင်းဆီကို ငါရောက်လာပြီလေ”
“ဟင်… ကလေး… ဘာတွေပြောနေတာတုန်း”
“အေးမောင်ကြီး၊ သူငယ်ချင်း မင်းတောင် တော်တော်လေး အိုသွားပြီနော်၊ သူငယ်ချင်းရယ်… မင်းကိုငါ ဆယ့်ငါးနှစ်လုံးလုံး စကားတွေပြောချင်နေတာကွ”
“ဟင်… ကလေး၊ အဘကို ရှင်းအောင်ပြောစမ်း၊ မင်းပြောနေတာတွေ အဘ ဘာတစ်ခုမှနားမလည်ဘူး”
“ဟေ့ကောင်၊ ငအေး၊ ငါ့ကို ကလေးလို့မခေါ်နဲ့စမ်း၊ အေးကွ၊ မင်းဘယ်သိပါ့မလဲ၊ ငါက မင်းသူငယ်ချင်းဇော်မင်း ဝင်စားတာကွ”
“ဟင်… ကလေး၊ အဲ့… မင်း.. မင်းက.. မင်းက ဇော်မင်း… ဇော်မင်းဝင်စားတာဟုတ်လား”
“ဟုတ်တာပေါ့သူငယ်ချင်းရာ…. မင်းအပေါ်ကို ငါအကြွေးတွေ ပြန်မဆပ်နိုင်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် မင်းကို ငါကြက်ဘဝနဲ့လည်း အလုပ်ကျွေးပြုခဲ့ဘူးတယ်။ ခွေးလေးဖိုးတုတ်ဘဝနဲ့လည်း မင်းကိုအလုပ်ကျွေးပြုခဲ့ရတယ်။ မင်းမှတ်မိသေးလား။ ပြီးခဲ့တဲ့ အချိန်ကာလတွေတုန်းက မင်းရိုက်သတ်လိုက်လို့် သေသွားရတဲ့ တိုက်ကြက်ဖကြီးက ငါပဲဇော်မင်းရ။ မင်းကိုမြွေကိုက်မှာဆိုးလို့ အကာကွယ်ပေးရင် သေသွားခဲ့ရတဲ့ ခွေးလေးဖိုးတုတ်ကလည်း ငါပဲအေးမောင်.. ငါပဲ…”
“ဘာ… ဇော်မင်း၊ သူငယ်ချင်း… မင်း… မင်းတကယ်ပြောနေတာလား”
“တကယ်ပြောနေတာပေါ့ကွ”
“ဟာ…. သူငယ်ချင်းရာ… ငါတို့…ငါတို့ပြန်ဆုံကြရပြီနော်။ ငါမင်းကို အမြဲတမ်းသတိရနေတာပါ၊ ငါမင်းကို အမြဲတမ်းလွမ်းနေတာပါသူငယ်ချင်းရာ။ အခုတော့ မင်းငါ့ဆီကို ပြန်လာတယ်နော်။”
“ပြန်လာရတာပေါ့ကွ၊ ငါ့အပေါ်မှာ မင်းအကြွေးတွေ ရှိနေသေးတယ်လေ။ အဲ့ဒီအကြွေးတွေကြောင့် သံသရာမှာ မင်းကိုငါဘဝတွေနဲ့ ပေးဆပ်နေခဲ့ရတာ။ ငါတို့ချိုးမန္ဓေလေး လှူခဲ့ဘူးတဲ့ ကုသိုလ်ကံကြောင့် သံသရာတစ်ကွေ့မှာ ငါ…အခုလူပြန်ဖြစ်လာပြန်ပြီ။ ဒီဘဝမှာတော့ ငါ့အပေါ်တင်နေတဲ့ မင်းအကြွေးတွေကို အကုန်ဆပ်တော့မယ်သူငယ်ချင်းရာ၊ ငါအကုန်ဆပ်တော့မယ်”
“ဇော်မင်းရာ… သူငယ်ချင်း၊ မင်းကိုငါ ချေးငှားခဲ့တယ်လို့ တစ်ခါမှ မသတ်မှတ်ခဲ့ဘူး။ ငါ့အကြွေးလည်း မင်းအပေါ်မှာရှိနေတယ်လို့ ငါတစ်ခါမှမတွေးခဲ့ဖူးပါဘူးကွာ။”
“ဟုတ်တယ်သူငယ်ချင်း၊ ဒါပေမယ့် ငါရဲ့ မာနလေးတစ်ချက်ကြောင့် မင်းဆီက ဆန်၊ဆီ၊ဆေး အစစအရာရာကို ငါချေးထားတာ၊ ပြေလည်ရင်ပြန်ပေးမယ်ဆိုပြီး ငါသတ်မှတ်ခဲ့တယ်။ ဒါပေမယ့် မင်းကိုငါ ဘာတစ်ခုမှ ပြန်မဆပ်လိုက်ရပဲ၊ ငါသေသွားခဲ့ရတယ်။ ဒါကြောင့် ငါကိုယ်တိုင်သတ်မှတ်ခဲ့လို့ ငါကိုယ်တိုင် မင်းကို သံသရာအဆက်ဆက် ပြန်ဆပ်ပေးနေခဲ့ရတာပေါ့”
“ဖြစ်မှဖြစ်ရလေ… သူငယ်ချင်းရာ.. ဖြစ်မှဖြစ်ရလေကွာ…”
ဆယ့်ငါ့နှစ်ကျော်ကျော် ကွဲကွာနေကြသည့် ငယ်သူငယ်ချင်းနှစ်ဦး၊ တစ်ဦးမှာ အဖိုးအိုအဖြစ်သို့ပင် စတင်ပြောင်းလဲနေခဲ့ပြီဖြစ်ပြီး၊ ကျန်တစ်ဦးမှာမူ လူဝင်စားဘဝနှင့် ငါးနှစ်အရွယ် ကလေးလေးတစ်ဦး၊ ထိုသူနှစ်ဦး၏မျက်ဝန်းများဆီမှ မျက်ရည်များစွာ စီးကျနေခဲ့ရင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှ အဖြစ်အပျက်များကိုပင် ပြန်လည်ပြောဆိုနေခဲ့ကြလေသည်။ ကလေးလေး၏စကားသံများမှာ မပီတပီဖြင့် ပြောဆိုနေခဲ့သော်လည်း လူကြီးဆန်လွန်းလှသည့် ဇော်မင်း၏လေယူလေသိမ်း ပြောပုံဆိုပုံများနှင့်ပင် ဖြစ်လေတော့သတည်း။ ။
(မြစ်ဝကျွန်းပေါ်ဒေသလေး၏ ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်သော ထူးဆန်းသည့် အဖြစ်အပျက်လေးတစ်ခုကိုပင် အခြေခံလျက် စာရေးသူမှရေးသား တင်ပြလိုက်ရပါသည်။ ဂီတစာဆို ဆရာကြီးမောင်ကြေးမုံ၏ စကားလုံးများအနည်းငယ် ထည့်သုံးထားပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

Zawgyi Version

လူဝင္စားႏွင့္ ဂ်ိဳးမေႏၶ (စ-ဆံုး)
စာေရးသူ-ထီးကေလး
(ရင္ႏွင့္ရင္း၍ေရးသားသည္။)
ျဖစ္ရပ္မွန္
ဖြင့္ျဖိဳးခါစ နယ္ျမိဳ႕ေလးတစ္ျမိဳ႕၏ ေက်းရြာေလးတြင္ျဖစ္သည္။ လြန္ခဲ႔ေသာ ႏွစ္ကာလမ်ား၌ လ်ပ္စစ္မီးမ်ားႏွင့္ ေရမ်ားေကာင္းစြာ မရရွိခဲ႔ေသာ္လည္း ယခုအခါတြင္မူ ထိုေက်းရြာေလးအတြင္း၌ လ်ပ္စစ္မီးမ်ားႏွင့္ ေရမ်ားသည္လည္း လံုေလာက္စြာရရွိလာခဲ့ျပီးျဖစ္သည္။ ျမိဳ႕ၾကီးႏွင့္ လြန္စြာအလွမ္းေဝးလွသည္။ ရြာအဝင္ထိပ္တြင္ ထန္းေတာၾကီးရွိျပီး၊ ထန္းရည္ၾကိဳက္တတ္သူမ်ားအဖို႔ ထိုထန္းေတာထဲတြင္ အရိပ္ေကာင္းေကာင္းျဖင့္ တစ္ေန႔ကုန္အပမ္းေျဖေစနိုင္သည္။ ထိုေက်းရြာေလးသည္ ေရွးယခင္ သမိုင္းမ်ားထဲမွ ေတာရြာမ်ား၏ဓေလ့အား အထင္သားျမင္ေတြ႕ေစနိုင္သည့္ ေက်းရြာေလးတစ္ခုပင္ ျဖစ္ေပသည္။ အလုပ္ကိုင္မယ္မယ္ရရ မရွိသည့္ ရြာသားလူငယ္တစ္ခ်ိဳ႕မွာ ထန္းေတာၾကီးအတြင္း၌ပင္ ေသာက္စားေနခဲ႔သည့္ျမင္ကြင္း၊ ၾကက္တိုက္ေနခဲ႔ေသာ ျမင္ကြင္းမ်ားႏွင့္ အေပ်ာ္တမ္းေလာင္းကစား ဝိုင္းမ်ားအားလည္း ျမင္ေတြ႔ေစနိုင္ေပသည္။
ထိုေက်းရြာေလးတြင္ ငယ္ေမြးျခံေပါက္ ေနထိုင္လာၾကသည့္ ရြာသားလူငယ္ႏွစ္ဦးရွိေပသည္။ တစ္ဦးမွာ ေဇာ္မင္း(ေခၚ)ေဇာ္ၾကီး၊ သူဟာ မိခင္ဝမ္းအတြင္းမွ လူ႔ေလာကဆီသို႔ ေရာက္ရွိလာခဲ႔သည့္အခ်ိန္မွစတင္ျပီး ထိုရြာထိပ္တြင္ အစြန္႔ပစ္ခံခဲ႔ရသည့္ လူတစ္ဦးပင္ျဖစ္သည္။ ရြာဦးဆရာေတာ္ဘုရားမွ သူ႔အား ေမြးစားထားခဲ႔ရင္း ဘုန္းၾကီးေက်ာင္းအတြင္း၌ပင္ ၾကီးျပင္းလာခဲ႔ရသူျဖစ္ေပ၏။ ဆရာေတာ္ဘုရား ပ်ံလြန္ေတာ္မူျပီးသည့္ေနာက္တြင္မူ ရြာထိပ္နားေလးတြင္သာ တဲေလးထိုး၍ တစ္ကိုယ္တည္း ေနထိုင္လာခဲ႔ရေပသည္။ က်န္တစ္ဦးမွာ ေအးေမာင္ဟုေခၚတြင္ေသာ ရြာသားတစ္ဦးပင္ျဖစ္၏။ ထိုသူဟာ ထိုေက်းရြာေလးနွင့္ သူငယ္ခ်င္းမ်ားကိုပင္ လြန္စြာခင္တြယ္ေနခဲ႔ျပီး၊ မိဘညီအစ္ကိုေမာင္ႏွမမ်ားမွာ ျမိဳ႕႔ၾကီးဆီသို႔ ေျပာင္းေရႊ႕သြားခဲ႔ၾကေသာ္လည္း လိုက္ပါမသြားပဲ၊ ထိုေက်းရြာေလးတြင္သာ ေနထုိင္က်န္ရစ္ေနခဲ႔ျခင္းျဖစ္ေပသည္။
ေအးေမာင္ႏွင့္ေဇာ္မင္းမွာ ငယ္စဥ္ကတည္းမွ ေပါင္းသင္းေနထိုင္လာခဲ႔ၾကသည့္ ငယ္သူငယ္ခ်င္းမ်ားျဖစ္သည့္အလား ညီအစ္ကိုအရင္းသဖြယ္ ခင္မင္ၾကေပသည္။ အရြယ္ေရာက္လာသည္ႏွင့္ ထိုသူႏွစ္ဦးအား ေစာင့္ေရွာက္ေပးေနခဲ႔ေသာ ဆရာေတာ္ဘုရားမွာလည္း မရွိေတာ့သည္ေၾကာင့္ ဆိုးခ်င္တိုင္းသာလ်င္ ဆိုးသြမ္းေနခဲ႔ၾကေလသည္။ ရြာအတြင္း၌ေနထိုင္လ်က္ရွိေသာ လူၾကီးမ်ားသည္လည္း မိမိတို႔၏မ်က္စိေအာက္တြင္ ၾကီးျပင္းလာၾကသည့္ ကေလးမ်ားျဖစ္သည့္အေလ်ာက္၊ ေအးေမာင္ႏွင့္ ေဇာ္မင္းတို႔ကိုပင္ ထိခိုက္နစ္နာေအာင္မလုပ္၊ ျခိမ္းေျခာက္ရံုေလာက္ေလးသာလ်င္ ဆံုးမေနတတ္ခဲ႔ေပသည္။ နံနက္မိုးလင္းလာျပီဆိုသည္ႏွင့္ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔မွာ ထန္းေတာဆီသို႔ ေရာက္ရွိေနတတ္ၾကေလျပီး၊ ဖဲရိုက္၊ ၾကက္တိုက္၊ ေလာင္းကစားမ်ိဳးစံကိုပင္ ျပဳလုပ္ေလ့ရွိၾကသည္။
ရြာအတြင္းရွိ ရြာသူ၊ရြာသားမ်ားမွ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔အား ဆိုးသြမ္းၾကသည္ဟု သတ္မွတ္ထားၾကေသာ္လည္း ထိုသူတို႔မွာ ခိုးဆိုးလုယက္၊ ရြာအတြင္းရွိ မိန္းမပ်ိဳေလးမ်ားကိုပင္ အၾကမ္းဖက္ရိုင္းျပေနခဲ႔ျခင္းမဟုတ္၊ ရြာအတြင္းရွိ မိန္းမပ်ိဳေလးမ်ားအားလည္း ရွိသည္လို႔ေတာင္မထင္၊ အေလာင္းကစား၊ အေသာက္အစား အရက္တစ္ခြက္မွ်ပင္ စိတ္မဝင္စားခဲ့ေပ။ ထိုသူႏွစ္ဦး၏ အလုပ္ကိုင္ ပိုက္ဆံရွာေသာ နည္းလမ္းမွာ ေတာၾကီးအတြင္းသို႔ ထင္းေခြထြက္ၾကျပီး၊ ရြာအတြင္းသုိ႔ ျပန္လည္ေရာက္ခ်ျခင္းျဖစ္ေပသည္။ ထင္းစည္းမ်ားစြာ ေရာင္းခ်၍ရရွိလာခဲ႔သည့္ ေငြေလးမ်ားျဖင့္သာ ထိုသူႏွစ္ဦးမွာ အေသာက္အစား၊ ေလာင္ကစားမ်ားစြာ ျပဳလုပ္ျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္ ထိုေန႔တြင္မူ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔မွာ ထင္းေခြထြက္လာခဲ႔ၾကရင္း ေတာနက္တစ္ေနရာအတြင္းသို႔အေရာက္၊ အပင္ၾကီးတစ္ပင္ေအာက္တြင္ ေခတၱအနားယူၾကရင္း ေဇာ္မင္းတစ္ေယာက္ သစ္ပင္ၾကီးအေပၚသို႔ ေမာ့ၾကည့္မိလိုက္ေလသည္။
“ေအးေမာင္… အပင္ေပၚမွာ ငွက္သိုက္ေတြ႕တယ္ကြ၊ တို႔ျပန္ရင္ ထန္းရည္နဲ႔ျမည္းလို႔ရတယ္၊ ငါတတ္နႈိက္လိုက္ဦးမယ္”
“ဟ.. ျဖစ္ပါ့မလားကြ၊ အပင္က အျမင့္ၾကီးပဲ၊ မင္းျပဳတ္က်ေတာ့ ဘယ့္ႏွဲ႔လုပ္မတုန္း”
“ေအးေဆးပါကြာ… မင္းသာေအာက္ကေန ငါပစ္ခ်တဲ႔ ငွက္ဥေတြကို မကြဲေအာင္ဖမ္း၊ အသိုက္ကၾကီးတယ္ကြာ၊ ငွက္ဥေတြ အမ်ားၾကီးေနမွာ…”
ေျပာေျပာဆိုဆိုႏွင့္ ေဇာ္မင္းတစ္ေယာက္ ပုဆိုးခေထာင္းက်ိဳတ္ေစရင္း အပင္ၾကီးအေပၚသို႔ စတင္တတ္ေရာက္ေလခဲ႔သည္။ ငွက္သိုက္ရွိေနခဲ႔ေသာ သစ္ကိုင္းေနရာဆီအသို႔အေရာက္ အပင္ၾကီးေအာက္တြင္ ေမာ့ၾကည့္ေနခဲ႔ေသာ သူငယ္ခ်င္းျဖစ္သူ ေအးေမာင္ကိုပင္ စိတ္ညစ္သြားခဲ႔သည့္ ေလသံတို႔ျဖင့္ ထိုသို႔ေျပာဆိုလိုက္ေလသည္။
“ဟာ… သြားပါျပီေအးေမာင္ရာ… အသိုက္ၾကီးက ၾကီးလို႔မ်ား ဥေတြအမ်ားၾကီးထင္တယ္။ တစ္လံုးတည္းရွိေနတယ္ကြ”
“မင္းငွက္က ဒီေန႔မွ စဥတာျဖစ္မွာေပါ့ကြ၊ ေျခယာလက္ယာမပ်က္ထားခဲ႔၊ ေနာက္ေန႔ၾကမွ ငါတို႔လာျပန္နႈိက္ၾကတာေပါ့”
“မဟုတ္ဘူးကြ… အသိုက္က ခ်ိဳး(ဂ်ိဳး)သိုက္ကြ၊ ဝြပ္ထားတဲ့အရာေတြ႔တယ္၊ ဝြပ္ျပီးသားျဖစ္လိမ့္မယ္နဲ႔ထင္တယ္။ အေကာင္ေပါက္သြားတဲ႔ ဥအခြံေတြလည္းေတြ႔တယ္ကြ။ င့ါအထင္၊ ဒီဥက အေကာင္မေပါက္နိုင္တာျဖစ္လိမ့္မယ္။”
“ဒါဆိုႏႈိက္လာခဲ႔ေလကြာ၊ တစ္လံုးရလည္း မနည္းဘူး”
“ဟင္… ေအးေမာင္၊ ဥက မာမာၾကီးကြ၊ ေက်ာက္ခဲတုန္းၾကီး ၾကေနတာပဲ။ ေရာ့…. ငါပစ္ခ်လိုက္မယ္။”
“ဟာ… ေဟ့ေကာင္၊ ပစ္မခ်နဲ႔ေလ၊ ကြဲသြားဦးမယ္။”
“မကြဲပါဘူးကြ၊ မင္းဟာက ေက်ာက္ခဲထက္ေတာင္ မာေနတာခ်ည္း”
ထိုသုိ႔ပင္ေျပာဆိုလိုက္ေလရင္း၊ အပင္ေပၚမွေနခါ ေအးေမာင္ရွိေနရာ အပင္ေအာက္ဆီသို႔ ေဇာ္မင္းတစ္ေယာက္ ပစ္ခ်ေပးလိုက္ေလေတာ့သည္။ အပင္ၾကီးဟာ အနည္းငယ္ျမင့္မားေနသည္ေၾကာင့္ အပင္ေအာက္၌ရွိေနခဲ့ေသာ ေအးေမာင္မွာ ထိုဥကိုပင္ ဖမ္းမမိခဲ႔ေခ်။ ေခ်ာ္ထြက္သြားခဲ႔ရင္း အပင္ေအာက္ရွိ ေက်ာက္ခဲတံုးနွင့္ေတာင္ ထိမိသြားခဲ႔ရေလသည္။ သို႔ေသာ္လည္း ငွက္ဥၾကီးမွာ ကြဲရွသြားျခင္းမ်ိဳးကိုပင္ မျဖစ္ေပၚခဲ့ေပ။ ထို႔ေၾကာင့္ ေဇာ္မင္းသည္လည္း အပင္ေပၚမွေနခါ လ်င္ျမန္စြာျဖင့္ ျပန္လည္ဆင္းသတ္လာခဲ႔ျပီး။
“ဟ… မင္းဟာက ငွက္ဥမွ ဟုတ္ရဲ့လားကြာ။ ဒီေလာက္မာတာၾကီး”
“ျပစမ္း… ဟုတ္တယ္ကြ၊ ငွက္ဥေတာ့ ငွက္ဥပဲ၊ ဒါ…ဒါမေႏၶဥျဖစ္လိမ့္မယ္ထင္တယ္။ ဥပံုစံက ခ်ိဳးငွက္ရဲ့ဥ ျပီးေတာ့ အသိုက္ကလည္း ခ်ိဳးသိုက္ပံုစံ၊ ေသခ်ာသြားျပီး၊ ဒါ… ဒါဆိုဒီဥက ခ်ိဳးမေႏၶပဲျဖစ္ရမယ္။”
“ဟင္… ဂ်ိဳးမေႏၶဟုတ္လား။ ဂ်ိဳးမေႏၶက ဘာလုပ္လို႔ရလဲ၊ ဘာအသံုးဝင္တာလဲ”
“ဘၾကီးဘုန္းၾကီးရွိတုန္းကေတာ့ ေျပာတာၾကားဘူးတယ္ကြ၊ ခ်ိဳးမေႏၶက ကာယသိဒိၶျပီးတယ္တဲ႔”
“ဟင္… ဟုတ္လား”
“သိပ္ဟုတ္တာေပါ့ကြ၊ ေပးစမ္းငါ့ကို… အဲ႔ဒီဥ၊ ေရာ့… ဒီထင္းခုတ္ဓားနဲ႔ မင္းငါ့ကိုခုတ္ၾကည့္”
“ဟာ… မင္းရူးေနလား၊ ဓားနဲ႔ခုတ္မွေတာ့ မင္းေသသြားမွာေပါ့ကြ”
“ခုတ္ပါဆိုကြာ၊ ခုတ္”
“ဟင့္…ဟင့္အင္း၊ ငါမခုတ္ရဲဘူး”
“ေရာ့… ဒါဆို မင္းဥကိုယူထားတယ္။ မင္းကိုငါ ဓားနဲ႔ခုတ္ျပမယ္။”
“ေအာင္မေလး… မ…မလုပ္နဲ႔ေဟ့ေကာင္၊ ငါ…ငါမေသခ်င္ေသးဘူး”
“ဟာ… ဒုကၡပဲ၊ ေပးေပး ဓားေပး၊ ငါ့ဟာငါ ခုတ္ျပမယ္ၾကည့္ထား”
“ဟာ… ေဟ့ေကာင္၊ ေဇာ္…ေဇာ္ၾကီး၊ မလုပ္..မလုပ္နဲ႔ေလ”
ေအးေမာင္ဟာ ငယ္စဥ္ကတည္းမွ ေၾကာက္တတ္သူတစ္ဦးျဖစ္သည့္အလား၊ ေဇာ္မင္း၏ေျပာစကားမ်ားကိုပင္ မယံုၾကည္ခဲ့၊ ထို႔ေၾကာင့္ ေဇာ္မင္းမွာ ေအးေမာင္လက္အတြင္းမွ ထင္းေခြဓားကိုပင္ လုယူလိုက္ေလျပီး၊ မိမိကိုယ္မိမိ လည္ပင္းဆီသို႔ အားျပင္းစြာ ခုတ္ျပလိုက္ေလေတာ့သည္။
“ဟင္… ေဇာ္မင္း၊ မင္း… မင္းဘာမွမျဖစ္ဘူးေနာ္”
“ကဲ… ေတြ႔ျပီလား၊ ငါတို႔ခ်ိဳးမေႏၶရလိုက္တာကြ၊ ျပီးေတာ့ မေႏၶဆိုတဲ့ ပစၥည္းမ်ိဳးက ထိုက္သူစံကြ၊ အခုဟာက ငါတို႔ႏွစ္ေယာက္နဲ႔ထိုက္လို႔ ငါတို႔ရလိုက္တာပဲ။ ငါတို႔မွာဒီပစၥည္းရွိေနတာ၊ ရြာကလူေတြ သိသြားၾကလို႔မျဖစ္ဘူးေနာ္”
“ေအးပါကြ… ဒါဆိုငါတို႔အခု ဒီပစၥည္းကို ဘာလုပ္ၾကမွာလဲ”
“ဟ… ဘာလုပ္ရမွာတုန္းကြ၊ ဒီေလာက္အစြမ္းထက္တဲ႔ ပစၥည္း၊ မင္းကို္ယ္ေတြ႔ပဲေလ၊ ဒီေတာ့ ဒီပစၥည္းကို ေစ်းေကာင္းေပးတဲ႔သူရွိရင္၊ ငါတို႔ေရာင္းမယ္။ ျပီးရင္ မင္းနဲ႔ငါနဲ႔ တစ္ေယာက္တစ္ဝက္ဆီ တို႔ခဲြယူၾကတာေပါ့။ ဘယ္လိုလဲ မင္းသေဘာတူလား။”
“လုပ္ကြာ… ဒါဆိုလည္း မင္းသေဘာပဲ။”
ႏွစ္ဦးသား တိုင္ပင္ေျပာဆိုေလခဲ႔ရင္း၊ မိမိတို႔၏ရြာေလးဆီသုိ႔ပင္ ျပန္လည္ဦးတည္လာခဲ႔ၾကေလသည္။ ထင္းေခြေရာင္း၍ ရရွိလာခဲ႔ေသာ ေငြေလးမ်ားျဖင့္ ထန္းေတာၾကီးအတြင္း၌ တစ္ေန႔ကုန္ခါ၊ လက္ထဲ၌ရွိေနခဲ႔ေသာ ေငြမ်ားစြာ မကုန္မခ်င္း ရြာလည္မွ ၾကက္ဝိုင္းေလးအားလည္း ဝင္ေရာက္ႏႊဲလိုက္ေလေသးသည္။ ၾကက္ဝိုင္းတြင္လည္း ေလာင္းေၾကးမ်ားစြာ ရံႈးနိမ့္ခဲ႔ရ၏။ ဖဲဝိုင္းဆီသိုပ ေရာက္ျပန္ေတာ့လည္း မည္သုိ႔ပင္ ဖဲလိမ္ရိုက္ခဲ႔ပါေစ ပါလာသမွ် ေငြေလးမ်ားစြာ ဆံုးရႈံးသြားခဲ႔ရေလ၏။ ထိုေန႔တစ္ေန႔လံုးတြင္ ျပဳလုပ္သည့္ ေလာင္းကစားေပါင္းစံုသည္လည္း တစ္ပြဲေလးမွ်မနိုင္၊ ရႈံးနိမ့္ေနခဲ႔ရသည္ေၾကာင့္ ေဇာ္မင္းႏွင့္ေအးေမာင္တို႔မွာ ရြာထိပ္ေကာက္ရိုးပံုအနီး၌ ႏွစ္ဦးသား စိတ္ပ်က္စြာျဖင့္ ထိုင္ခ်လိုက္ေလျပီး။
“ဟူး… ဘယ္ႏွဲ႔ျဖစ္ရတာတုန္းကြာ၊ ခါတိုင္းေန႔ေတြနဲ႔ မတူပါလား။ ညေန ထန္းရည္ဖိုးေတာင္မရွိေတာ့ဘူး။ စိတ္ညစ္တယ္ ေအးေမာင္ေရ။ ဘယ့္ႏွဲ႔လုပ္ၾကမတုန္း။ ငါထင္တာေတာ့ ဒီဥေၾကာင့္မ်ားလားမသိဘူး။ ဆရာေတာ္ဘုရားေျပာဘူးတယ္ကြ။ ခ်ိဳးမေႏၶက ကာယသိဒိၶျပီးေပမယ့္ လာဒ္အရမ္းပိတ္တာတဲ႔၊ ဒီဥေၾကာင့္မ်ားလား”
“ဟာကြာ… ဘာဆိုင္လို႔တုန္း။ ငါတို႔ဟာ ငါတို႔ကံမေကာင္းလို႔ ရံႈးရတာ၊ မဆိုင္တဲ့ ဥကိုသြားေျပာေနတယ္။”
“ဒါဆိုလည္း တစ္ခုခုၾကံပါဦးကြ၊ ညေန ထန္းရည္မေသာက္ရရင္ မင္းေနနိုင္လို႔လား”
“မေနနိုင္ဘူးကြ၊ ေနပါဦးကြာ၊ ဒီနားမွာ တစ္ေရးေလာက္အိပ္ျပီးမွ ညေနအတြက္ ေငြေလးဘာေလး ရွာၾကတာေပ့ါ။”
“အိပ္ကြာ… ငါလည္းအိပ္မယ္။ ညေနမွ ထန္းရည္ဖိုးမရရင္၊ ထံုးစံအတိုင္း ကိုတြၾကီးဆီမွာ အေၾကြးေသာက္ရေတာ့မွာေပါ့”
စိတ္ပ်က္၊လက္ပ်က္ျဖင့္ ႏွစ္ဦးသားေျပာဆိုေလၾကရင္း၊ ေကာက္ရိုးပံုေလး နံေဘးတြင္မူ ေက်ာခင္းခ်လိုက္ေလသည္။ ထိုခ်ိန္မွစတင္ေလရင္း တစ္ရြာလံုးတြင္လည္း ေကာင္းမြန္စြာ ရရွိေနခဲ႔သည့္ ေရမ်ားမွ လ်ပ္တပ်က္ ပ်က္ေတာက္သြားခဲ႔ရေလေတာ့သည္။ ထို႔ေၾကာင့္ ရြာသားမ်ားသည္လည္း ရြာလူၾကီးထံသို႔ သြားေရာက္ၾကေလျပီး၊ ရြာထိပ္တြင္ ရွိေနခဲ႔ေသာ ပင္ရင္းဂ်ိဳးျဖဴ ေရပိုက္ၾကီးဆီမွ တစ္စံုတစ္ခု ျဖစ္ေနခဲ႔ျပီဟူ၍ လာေရာက္ၾကည့္ရႈ႕ၾကေလသည္။ ရြာလူၾကီးအပါအဝင္ ရြာသားမ်ားသည္လည္း ရြာထိပ္ဆီသို႔ေရာက္ရွိလာၾကခါ၊ ရြာထိပ္ေကာက္ရိုးပံုနံေဘး လဲေလ်ာင္းေနၾကေသာ ေဇာ္မင္းႏွင့္ေအးေမာင္တို႔ကိုပင္ ျမင္ေတြ႔လိုက္ရ၏။
“ဟာ… ေဟ့ေကာင္ေတြ ထၾကစမ္း”
“ဟင္… ဘယ္သူတုန္”
“ေၾသာ္… လူၾကီး၊ ဘာတုန္းဗ်”
“ဘာျဖစ္ရမွာတုန္းက ရြာထဲမွာေရမလာေတာ့ဘူး၊ ဖယ္ၾကစမ္း”
“ဟင္… ရြာထဲမွာေရမလာတာနဲ႔ က်ဳပ္တို႔အိပ္ေနတာနဲ႔ ဘာဆိုင္လို႔တုန္းဗ်”
“ဟ… မင္းတို႔အိပ္ေနတဲ႔ ေအာက္၊ ေျမၾကီးထဲမွာ ပင္ရင္းပိုက္ဇံုရွိေနတယ္ကြ၊ ဘာျဖစ္ေနလဲဆိုတာ ၾကည့္မလို႔…”
“ေအာင္မေလးကြာ.. ဒီေန႔ကံမေကာင္းခ်က္ကေတာ့ တစ္ေန႔ကုန္ပါပဲလား။ အိပ္တာေတာင္ ေကာင္းေကာင္းမအိပ္ရဘူး”
ထိုသို႔ညည္းထြားေျပာဆိုေလခဲ႔ျပီး ေဇာ္မင္းႏွင့္ေအးေမာင္တို႔သည္လည္း ထိုေနရာဆီမွ ေခတၱဖယ္ရွားေပးလိုက္၏။ ထို႔ေၾကာင့္ ရြာသားတစ္ဦးသည္လည္း ေျမၾကီးေအာက္တြင္ ရွိေနခဲ႔ေသာ ေရပိုက္ဘားကိုပင္ ၾကည့္ရႈ႕ရန္အတြက္ အသင့္ယူေဆာင္လာခဲ႔ေသာ ေပါက္တူးျဖင့္ စတင္တူးဆြေလခဲ႔သည္။ ထိုအခ်ိန္တြင္းမွာပင္ ေရလာ/မလာ စမ္းသပ္ေနခဲ႔သည့္ ရြာထိပ္ေရပိုက္ေခါင္းမွ ရြာသားတစ္ဦးမွ ထိုကဲ႔သို႔ပင္ ေအာ္ဟစ္ေျပာဆိုလိုက္ေလသည္။
“ထြန္းေမာင္.. ဆက္မတူးနဲ႔ေတာ့ကြ၊ ေရျပန္လာေနျပီ”
“ေဟ”
ေျမၾကီးဆီသို႔ ေပါက္တူးေလးျဖင့္ သံုးေလးခ်က္မွ် ေပါက္လိုက္ရေသးသည္။ ပ်က္ေတာက္ေနခဲ႔ေသာ ေရလိုင္းမ်ားမွ ခ်က္ခ်င္းသာလ်င္ ျပန္လည္ရရွိလာခဲ႔၏။
“ရျပီေဟ့ေကာင္ေတြ၊ မင္းတို႔ေနရာ မင္းတို႔ျပန္အိပ္ၾကေတာ့၊ ေရဘာျဖစ္သြားမွန္းမသိဘူး”
“ျပီးေရာဗ်ာ… ခတ္တယ္၊ခတ္တယ္၊ ကိုယ့္ဟာကို စည္းစိမ္ေလးယူျပီး အိပ္ေနၾကတုန္းရွိေသးတယ္။ ငါတို႔အိပ္မိေနတဲ႔ေနရာက အဓိကေနရာျဖစ္ေနရတယ္လို႔…”
“ဟုတ္ပါ့ကြာ… မင္းေျပာသလိုပဲ၊ ဒီေန႔ ငါတို႔ေတာ္ေတာ္ကံနိမ့္ေနၾကပါလား”
ထိုသို႔ပင္ညည္းထြားေျပာဆိုေနၾကျပီး ထိုေနရာေလးတြင္သာ ျပန္လည္အိပ္စက္လိုက္ၾကျပန္သည္။ မၾကာခင္အခ်ိန္တြင္းမွာ ထိုေနရာေလးဆီသို႔ ရြာလူၾကီးႏွင့္ ရြာသားမ်ားသည္လည္း ထပ္မံေရာက္ရွိလာခဲ႔ၾကျပန္သည္။
“ေဟ့ေကာင္ေတြ… ထၾကဦး၊ ေရျပန္ပ်က္သြားျပန္ျပီး၊ မဟုတ္မွလြဲေရာ… မင္းတို႔ႏွစ္ေကာင္ ေနာက္ေနၾကတာလား”
“ဟာဗ်ာ… ေပါက္ေပါက္ရွာရွာ၊ လူၾကီးကလည္း က်ဳပ္တို႔က ဘာလို႔ေနာက္ရမွာတုန္းဗ်။”
“ေအးကြ… အခုန၊ ေရျပန္လာလို႔ ငါတို႔ရြာထဲျပန္ဝင္တုန္းရွိေသးတယ္။ အခုေရျပန္ပ်က္သြားတာနဲ႔ ထပ္လာၾကည့္တာ။ ဒီမွာအိပ္မေနၾကပါနဲ႔ကြာ၊ ဟုတ္ျပီ မင္းတို႔ၾကည့္ရတာ ပိုက္ဆံပ်က္ေနၾကျပီနဲ႔ထင္တယ္။ ဟုတ္လား”
“ဒါေပါ့ဗ်၊ ပိုက္ဆံမရွိလို႔ ဒီမွာက်ဳပ္တို႔လာအိပ္ေနၾကတာ၊ မဟုတ္လို႔ကေတာ့ ငေဇာ္နဲ႔ငေအးကို ခင္ဗ်ားတို႔ ဖမ္းမိမွာေတာင္ မဟုတ္ဘူး။ လူၾကီး… ဘဘ.. သားတို႔ကို ဘဘမုန္႔ဖိုးမေပးတာ ေတာ္ေတာ္ၾကာေနျပီေနာ္။ သားတို႔ကိုမုန္႔ဖိုးေပးပါလား။”
“ေအာင္မာ… ေဟ့ေကာင္ေတြ လာမဖားၾကနဲ႔ ပံုမွန္တိုင္းဆက္ဆံ၊ ေရာ့..ေရာ့၊ မင္းတို႔အရပ္တကာ လွည့္ျပီးမူးမေနၾကနဲ႔ဦး”
“ဟ… ေက်းဇူးပဲလူၾကီးရာ၊ မမူးပါဘူးဗ်။ ေက်းဇူးပဲ သြားျပီးဗ်ိဳ႕”
ငယ္စဥ္ကတည္းမွ မိမိ၏သားသမီးမ်ားကဲ႔သို႔ သေဘာထားခါ မုန္႔ဖိုးေပးေနတတ္သည့္ ရြာလူၾကီးသည္လည္း ေအးေမာင္ႏွင့္ေဇာ္မင္းကိုမူ မုန္႔ဖိုးေပးလ်က္၊ ထိုေနရာဆီမွ ထြက္ခြာသြားေပးရန္ ေျပာဆိုခဲ႔ရေလေတာ့သည္။ ထိုသူတို႔၏လက္အတြင္းသို႔ ေငြေလးအနည္းငယ္ ရရွိလာပါက အေျပးသြားေရာက္တတ္သည္က ရြာလည္မွကိုျငိမ္းခ်မ္း၏ ဖဲဝိုင္းဆီသို႔ပင္ျဖစ္သည္။
“ဟ… ကိုးပဲေဟ့”
“ကဲကဲ… ကိုးထက္ၾကီးတာ မရွိရင္စားမယ္ေနာ္’
“ဟ… ေသလိုက္ပါေတာ့ ေဇာ္မင္းရာ… ဒီအလွည့္မွ ရွစ္လာျဖစ္ေနတယ္။”
“ကဲ.. ေဇာ္မင္း… ဘယ္ေလာက္လဲ၊’
“ဘာမွေမးမနဲ႔ကြာ… စား၊ ရွစ္ေပါက္ပဲရွိတယ္။”
“ကဲကဲ… တစ္ဝိုင္းလံုးစားျပီေနာ္”
ထိုေန႔တစ္ေန႔လံုး ကံဆိုးေနခဲ႔သည္က ေအးေမာင္ႏွင့္ေဇာ္မင္းတို႔ပင္ျဖစ္ေလသည္။ ဒိုင္ကိုင္သူဟာ ႏွစ္ေပါက္ဆိုလ်င္၊ ထိုသူတို႔မွာ တစ္ေပါက္တည္းျဖင့္ရံႈးနိမ့္ခဲ႔ရျပီး၊ ဒိုင္ကိုင္သူမွာ ကိုးေပါက္ဆိုလ်င္၊ ေအးေမာင္တို႔မွာ ရွစ္ေပါက္တည္းႏွင့္ ရံႈးနိမ့္ခဲ႔ရသည္ေၾကာင့္ လြန္စြာေဒါသထြက္လာခဲ႔ေလျပီျဖစ္သည္။ လက္အတြင္း၌ရွိေနခဲ႔ေသာ ေငြမ်ားသည္လည္း တစ္ပြဲမွမနိုင္၊ ရႈံးနိမ့္ခဲ႔ရသည္ေၾကာင့္ တျပားတစ္ခ်ပ္မွမရွိေတာ့ေခ်။ ႏွစ္ဦးသား ေခြ်းသီး၊ေခြ်းေပါက္မ်ားသည္လည္း စီးက်ေနခဲ႔ၾကေလ၏။
“ကဲ… ေအးေမာင္နဲ႔ေဇာ္မင္း၊ ရွိေသးလား။ ေငြမရွိေတာ့ရင္ ဝိုင္းထဲကေန ဖယ္ေပးေတာ့”
“ဖယ္ဖယ္… ေဟ့ေကာင္ေတြ၊ ငါတို႔ဝင္မယ္။”
“ကိုသာဒင္… က်ဳပ္တို႔ကိုေငြနည္းနည္းေလာက္ ေခ်းပါလားဗ်၊ က်ဳပ္တို႔မျပန္ခ်င္ေသးဘူး။ ဆက္ကစားခ်င္ေသးတယ္။”
“ဘာ… ဘာေျပာလိုက္တယ္။ မင္းတို႔ကို ငါက ေငြေခ်းရမယ္ဟုတ္လား။ ဟားဟားဟား…. အလုပ္မရွိမကိုင္မရွိ၊ မင္းတို႔လိုေကာင္မ်ိဳးေတြကို ငါကေခ်းစရာလားကြ၊ သြားသြားရံႈးရင္လည္း ျပန္အိပ္ၾကေတာ့…”
“ဖယ္စမ္းကြာ… ဘူေကာင္ေတြ၊ ေငြမရွိရင္ ဝိုင္းထဲကဖယ္ၾကေတာ့….”
ဖဲရံႈးထားသည္ေၾကာင့္ ညစ္ေနသည္က တစ္ေၾကာင္း၊ ယခုအခါ မိမိတို႔အား နိမ့္ခ်ေျပာဆိုလိုက္သည္က တစ္ေၾကာင္း၊ ဝိုင္းအတြင္းမွ ဝုိင္းဝန္းနွင္ထုတ္ေနၾကသည္က တစ္ေၾကာင္း ထို႔ေၾကာင့္ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔သည္လည္း ရံႈးမဲ မဲလ်က္ ဖဲဝိုင္းအတြင္း၌ ထိုးၾကိတ္ရန္ျဖစ္ၾကေလေတာ့သည္။ ခ်ိဳးမေႏၶသိမ္းဆည္းထားခဲ႔ေသာ ေဇာ္မင္းအား ဖဲသမားတစ္ဦးမွ ဝါးရင္းတုတ္ျဖင့္ ဦးေခါင္းဆီသို႔ ရိုက္ခ်လိုက္ေလသည္။ သို႔ေသာ္ ေဇာ္မင္းမွာ နာက်င္သြားခဲ႔ျခင္းမ်ိဳးမရွိ၊ ေခါင္းသည္လည္း ေပါက္ျပဲသြားျခင္းမရွိခဲ႔ေခ်။ ထို႔ေၾကာင့္ ရိုက္ႏွပ္လိုက္သူသည္လည္း ေၾကာင္ေတာင္ေတာင္ျဖစ္သြားခဲ႔ရ၏။ ထိုတင္မကေသး လူမိုက္တစ္ဦးမွ အသင့္ေဆာင္ထားခဲ႔ေသာ ဓားေျမာင္ျဖင့္ ေဇာ္မင္း၏ေနာက္ေက်ာဆီသို႔ အားကုန္ထိုးသြင္းလိုက္ေလသည္။ ထိုအခါတြင္လည္း ေဇာ္မင္းတစ္ေယာက္ ဒဏ္ရာအနည္းငယ္ေလးမွ်ေတာင္ မျဖစ္ခဲ႔ပဲ၊ ထိုသူမ်ားကိုမူ ျပန္လည္ထိုးၾကိတ္နိုင္ခဲ႔ေပသည္။
ထို႔ေၾကာင့္ လူမိုက္မ်ားမွာ ေဇာ္မင္းႏွင့္ေအးေမာင္တို႔အား ဓားျပီး၊တုတ္ျပီးေနသည္ဟု ေအာ္ဟစ္ေျပာဆိုလ်က္ ေျပးကုန္ၾကေတာ့သည္။ သို႔မွသာလ်င္ ဖဲဝိုင္းအတြင္းမွ ပိုက္ဆံမ်ားအား အသာကေလး ေကာက္ယူလ်က္ ထန္းေတာအတြင္းသို႔ ဦးတည္သြားခဲ႔ၾကေလ၏။ ထိုအခ်ိန္မွ စတင္ေလခဲ႔ရင္း ေအးေမာင္ႏွင့္ေဇာ္မင္းတို႔မွာ ဓားျပီး၊တုတ္ျပီးၾကသည္ဟူ၍ ရြာနီးေျခာက္စပ္၊ ရြာတိုင္းလိုလိုတြင္ နာမည္မ်ားစြာထြက္ေပၚလာခဲ႔ရေလေတာ့သည္။ မည္သည့္ေနရာ၌ ခိုက္ရန္ျဖစ္ပြားေနၾကသည္။ မည္သူမ်ားနည္း။ သြားေရာက္ၾကည့္ရႈ႕ေနစရာ မလို၊ ေအးေမာင္ႏွင့္ေဇာ္မင္း။ မည္သည့္ရြာအတြင္းရွိ ၾကက္ဝိုင္းတြင္ ခိုက္ရန္ျဖစ္ပြားေနခဲ႔ၾကေပသည္။ မည္သူမ်ားနည္း။ သြားေရာက္ၾကည့္ရႈ႕ေနစရာ မလို၊ ေအးေမာင္ႏွင့္ ေဇာ္မင္းတို႔ပင္ျဖစ္ၾကေလသည္။ ခိုက္ရန္ျဖစ္ပြားရျခင္း၏ အေၾကာင္းအရင္းမ်ားမွာလည္း ေအးေမာင္ႏွင့္ ေဇာ္မင္းတို႔မွာ မိုက္ေၾကးခြဲလ်က္၊ ခ်ိဳးမေႏၶအစြမ္းျဖင့္ လိုက္လံအနိုင္က်င့္ေနခဲ႔ျခင္းမဟုတ္။
နာမည္ၾကီး လူမိုက္မ်ားမွာ ဓားျပီး၊တုတ္ျပီးသည္ဟူေသာ ထိုသူတို႔အား စမ္းသပ္သည့္အေနျဖင့္၊ စတင္ရန္စရာမွ ခိုက္ရန္ျဖစ္ပြားခဲ႔ေသာ ရန္ပြဲမ်ားပင္ျဖစ္သည္။ မီးလိုင္းပင္မဇံုႏွင့္ ေရလိုင္းပင္မဇံုတို႔ အနီးသို႔ ထိုသူႏွစ္ဦး ျဖတ္သန္းသြားေရာက္ခဲ႔ပါက အားေကာင္းစြာ ရရွိေနခဲ့ေသာ လ်ပ္စစ္မီးမ်ားႏွင့္ ဂ်ိဳးျဖဴေရတို႔မွာ ခ်က္ခ်င္းသာလ်င္ ရပ္တန္႔ပ်က္ေတာက္သြားခဲ႔ရေပသည္။ ထိုသူတို႔ထံ၌ ရွိေနခဲ႔ၾကေသာ ခ်ိဳးမေႏၶ၏အစြမ္းမ်ားေၾကာင့္ဟူ၍ မည္သူမ်ားမွ မရိပ္စားမိခဲ႔ေခ်။ အရက္ဖိုးေငြမရွိ၊ ေလာင္းကစားလုပ္ရန္အတြက္ ထိုသူတို႔ထံတြင္ ေငြမ်ားပ်က္ေတာက္သြားပါက ေအးေမာင္ႏွင့္ေဇာ္မင္းတို႔မွာ ေရလိုင္းဇံု၊ မီးလိုင္းဇံုအနီးတြင္ အိပ္စက္ေနခဲ႔သည္။ ထိုအခါ ရြာနီးေျခာက္စပ္တစ္ခုလံုးတြင္ ေရ၊မီးပ်က္ေတာက္သြားခဲ႔ျပီျဖစ္သည္။ ရြာသူရြာသားမ်ားသည္လည္း ေရ၊မီးပ်က္ေတာက္သြားပါက ေအးေမာင္ႏွင့္ေဇာ္မင္းမွာ ေရလိုင္းဇံု၊ မီးလိုင္းဇံု အနီးတြင္ အရက္ဖိုးမရွိပါေသာေၾကာင့္ လာေရာက္အိပ္စက္ေနၾကျပီဟု ေကာင္းစြာသိရွိေလခဲ့သည္။
ထိုအခါ ရြာသားမ်ားမွာ စုေပါင္းလ်က္၊ ထိုသူႏွစ္ဦးကိုပင္ အရက္ဖိုးေပးလိုက္ပါက ထိုအနီးနားမွေန၍ ထြက္ခြာသြားခဲ႔ျပန္ေလသည္။ သို႔မွသာလ်င္ ေရ၊မီးမ်ားသည္လည္း ခ်က္ခ်င္းဆိုသကဲ႔သို႔ ျပန္လည္ရရွိလာခဲ႔သည္။ ခ်ိဳးမေႏၶ၏သိဒိၶအစြမ္းျဖင့္ ထိုသူႏွစ္ဦးမွာ မည္သည့္မေကာင္းမႈ႕ ဒုစရိုက္တစ္ခုမွ မျပဳလုပ္ခဲ႔ေပ။ ကာယသိဒိၶအစြမ္းျဖင့္ ခိုးဆိုးလုယက္ျခင္း၊ အနိုင္က်င့္ျခင္း၊ အၾကမ္းဖက္ျခင္း စသည့္အလုပ္မ်ားအားလည္း ျပဳလုပ္ခဲ႔ျခင္းမရွိ။ ေငြမရွိပါက မည္သူကိုမွ ဒုကၡမေပး၊ ေရလိုင္းဇံု၊ မီးလိုင္းဇံုအနီးတြင္သာ အိပ္စက္လ်က္ ဆႏၵျပေလခါ ေတာင္းယူတတ္ျခင္းပင္ျဖစ္ေလသည္။ သို႔ေသာ္ ကာယသိဒိၶျပီးေျမာက္သည့္ ခ်ိဳးမေႏၶရရွိခဲ႔သည့္ေနာက္ပိုင္း ေအးေမာင္ႏွင့္ေဇာ္မင္းတို႔မွာ ကိုယ္ပိုင္ေခြ်းနည္းစာျဖင့္ မည္သုိ႔မွပင္ ပိုက္ဆံရွာမရခဲ႔ေပ။
ထို႔ေၾကာင့္ ေဇာ္မင္းမွာမူ ကိုယ္ပုိင္အိမ္ယာေလးမ်ား ေရာင္းခ်ထားခဲ့ေသာ သူငယ္ခ်င္းျဖစ္သူ ေအးေမာင္ဆီမွ ဆန္၊ဆီ၊ေဆး စသည့္ပစၥည္းမ်ားကိုပင္ ေန႔ရက္တိုင္း ေခ်းငွားေနခဲ႔ရေလသည္။ သူငယ္ခ်င္းျဖစ္သူ ေအးေမာင္မွ ေဇာ္မင္းကိုပင္ ေခ်းငွားျခင္းမဟုတ္၊ အလကားေပးျခင္းဟု ေျပာဆိုလာခဲ႔ေသာ္လည္း ေဇာ္မင္းမွာမူ အလကားယူျခင္းသာမဟုတ္၊ သူတစ္ေယာက္ေျပလည္သည့္ အခ်ိန္ခါမ်ိဳးတြင္ ျပန္လည္ေပးဆပ္ပါမည္ ေျပာဆိုထားခဲ႔ေပသည္။ ေအးေမာင္သည္လည္း ေဇာ္မင္းထံသို႔ ေခ်းငွားထားသည့္ ပိုက္ဆံမ်ားကိုပင္၊ ျပန္ဆပ္လာလ်င္ ယူပါမည္။ ျပန္လည္မဆပ္ခဲ႔လ်င္လည္း သူငယ္ခ်င္းျဖစ္သူထံမွ ေတာင္းယူေနမည္မဟုတ္ဟု ဆံုးျဖတ္ခ်က္ခ်ထားေလခဲ့၏။
တစ္ေန႔.. ရြာထိပ္တြင္ တည္ထားလ်က္ရွ္ိေသာ ရြာဦးေစတီေတာ္ၾကီးမွာ အနည္းငယ္ ပ်က္စီးယိုယြင္းေနျပီျဖစ္ေသာေၾကာင့္ ျပန္လည္ျပဳျပင္ရန္အတြက္ ျမိဳ႕ၾကီးဆီမွ ဘုန္ၾကီးတစ္ပါးကိုပင္ သြားေရာက္ပင့္ေဆာင္လာခဲ႔ရေပသည္။ ထိုဘုန္းၾကီးမွာ ဗဟုသုတလြန္စြာၾကြယ္ဝေသာ ရဟန္းတစ္ပါးပင္ျဖစ္ေပသည္။ ရြာလူၾကီးမ်ားႏွင့္ စကားဆက္စပ္မိရာမွ မိမိတို႔ရြာတြင္ လူထူးလူဆန္းႏွစ္ဦးရွိေၾကာင္း ဘုန္းဘုန္းကိုပင္ ေလ်ာက္တင္မိေလသည္။ ထိုအခါ ဘုန္းၾကီးသည္လည္း ထိုသူႏွစ္ဦးကိုပင္ ျမင္ေတြ႕႔ခ်င္ပါသည္ဟု မိန္႔ၾကားလာခဲ႔သည္ေၾကာင့္ ရြာသားမ်ားမွာ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔ကိုပင္ ေနရာအနံ႔သြားေရာက္ ရွာေဖြလာခဲ႔ရေပသည္။ ထို႔ေနာက္ ဘုန္းၾကီး၏အေရွ႕ေမွာက္ဆီသုိ႔ ေခၚေဆာင္လာခဲ႔ရေလျပီး၊ ဘုန္းၾကီးႏွင့္ထိုသူႏွစ္ဦးမွာ စကားမ်ားစြာ ေျပာဆိုျဖစ္ခဲ႔ၾကေလ၏။
“တင္ပါ့ဘုရား၊ ေဇာ္မင္းနဲ႔ေအးေမာင္ဆိုတာ သူတို႔ပါပဲ”
“ဟဲ့… ဒကာၾကီးတို႔.. ဘယ္ႏွဲ႔ျဖစ္ေနၾကတာတုန္းကြယ့္”
“တင္…တင္ပါ့ဘုရား၊ တပည့္ေတာ္တို႔… ဒါ…ဒါေသာက္ထားၾကလို႔.. အရွင္… အရွင္ဘုရားကို အားနားလို႔ပါဘုရား”
“အားနာရင္ အစကတည္းက မလုပ္နဲ႔ေပါ့ကြယ္”
“တပည့္ေတာ္တို႔ ညစ္ေနလို႔ပါဘုရား”
“ဟုတ္ပါတယ္ဘုရား၊ တပည့္ေတာ္တို႔ ညစ္လံုးလံုးျပီး၊ ေသာက္ထားၾကတာပါ”
“ေဟာ့… ဒါဆိုဒကာၾကီးတို႔ကို ဘုန္းၾကီးတစ္ခုေမးမယ္”
“ေမး… ေမးပါဘုရား..”
“တကာၾကီးတို႔ အက်ီေတြညစ္ပတ္ရင္ ဘာလုပ္ၾကလဲ”
“ေလ်ာ္ပါတယ္ဘုရား..”
“ေခါင္းညစ္ပတ္ရင္ေရာ…”
“ေလ်ာ္ရတာပါပဲဘုရား..”
“ဟုတ္ျပီ၊ ဒါဆိုဒကာၾကီးတို႔ အခုညစ္ေနၾကတာကို ဘာျဖစ္လို႔ မေလ်ာ္ပဲညစ္လံုးလံုးေနရတာလဲ”
“တင္ပါ့ဘုရား၊ တပည့္ေတာ္တို႔ႏွစ္ေယာက္ကို ဘယ္သူကမွ အေကာင္းမျမင္ၾကဘူးဘုရား”
“တပည့္ေတာ္တို႔ႏွစ္ေယာက္ကို ဘယ္သူကမွလည္း လူရာမသြင္းၾကဘူးဘုရား… တပည့္ေတာ္တို႔ႏွစ္ေယာက္ကို အသံုးမက်ဘူးလို႔ ထင္ေနၾကတယ္ဘုရား”
“အသံုးက်တဲ႔သူျဖစ္ခ်င္ရင္ အသံုးက်ေအာင္ေနေပါ့ဒကာတို႔ရ၊ အလုပ္မျမဲတာဟာ… အျမဲမလုပ္လို႔ေပါ့၊ လူေတြက အေကာင္းမျမင္တာဟာ… ကိုယ္က အေကာင္းမလုပ္လို႔ေပါ့”
“အရွင္ဘုရား… လူေတြက တပည့္ေတာ္တို႔ႏွစ္ေယာက္ကို ဘယ္သူကမွ တန္ဖိုးရွိတယ္လို႔ မထင္ၾကဘူး။”
“ဟုတ္ပါတယ္ဘုရား၊ တပည့္ေတာ္တို႔ေျပာတဲ့ စကားဆိုရင္ ဘယ္သူကမွ တန္ဖိုးမထားၾကဘူး”
“ဟုတ္ျပီ… လူက တန္ဖိုးမရွိရင္ေတာ့ ေျပာတဲ႔စကားကလည္း တန္ဖိုးရွိမွာမဟုတ္ဘူး။ တန္ဖိုးရွိတဲ႔လူတစ္ေယာက္က ေျပာလို႔ရွိရင္ တေရးနိုးထေျပာလည္း အဲ႔ဒီစကားက တန္ဖိုးရွိတယ္။”
“တင္…တင္ပါ့ဘုရား၊ ဒါဆိုတပည့္ေတာ္တို႔ တန္ဖိုးရွိတဲ႔သူေတြျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဘုရား”
“ဒါကလြယ္ပါတယ္ ဒကာတို႔ရာ… တန္ဖိုးမရွိတဲ႔ ရႊံ႕တုံုးၾကီးကို လုပ္အားထည့္ျပီး ေလာက္စလံုး လံုးလိုက္မယ္ဆိုရင္ အဲ့ဒီေလာက္စလံုးက တန္ဖိုးရွိသြားတာပဲမဟုတ္လား၊ အေခ်ာင္ခို အခ်ိန္ျပံဳး၊ အလကားေန အလုပ္ေရြးေနတဲ႔ သူကေတာ့ ေလာကၾကီးမွာ ဘယ္ေတာ့မွ အသံုးက်လာမွာမဟုတ္ဘူး။”
“ဟင္… ဟုတ္..ဟုတ္သားပဲဗ်။ တပည့္ေတာ္တို႔က တပည့္ေတာ္တို႔ကိုယ္ကို ပါရမီနည္းတဲ႔ သူေတြလို႔သတ္မွတ္ျပီး၊ ညစ္လံုးလံုးေနၾကတာ”
“ေဟာ့ဗ်ာ… ပါရမီေကာင္းဖို႔က လြယ္ပါတယ္…ဒကာတို႔ရ၊ ထက္ျမတ္တဲ႔ ဦးေႏွာက္တစ္က်ပ္သားကို ေခြ်းစက္ကိုးက်ပ္သားနဲ႔ ေရာေမႊလိုက္လို႔ရွိရင္ ပါရမီဆိုတာျဖစ္လာေရာ… အဲ႔ဒါဘုန္းၾကီးေျပာတာမဟုတ္ဘူးေနာ္၊ နိုင္ငံျခားက ေသာ့မတ္အက္ဒီဆင္ဆိုတဲ႔ လူၾကီးေျပာတာ…”
“ဦးဇင္းေနာက္ဆံုးေျပာခ်င္တာကေတာ့ ေလာကၾကီးမွာ ေကာင္းေကာင္းေနခ်င္ရင္… ေကာင္ေကာင္းေန၊ ေကာင္းေကာင္းမေနခ်င္ရင္… ေကာင္းေကာင္းမေနနဲ႔။ ဘုန္းၾကီးေျပာတာ ရွင္းရဲ့လား။”
“ရွင္း… ရွင္းပါတယ္ဘုရား”
နဂိုကတည္းမွ လိမ္မာျပီးသားျဖစ္လ်က္ႏွင့္ ဆိုးေပခ်င္ေသာ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔အား ဘုန္းၾကီးမွာ စကားမ်ားတစ္ခ်ိဳ႕႔ မိန္႔ၾကားလိုက္သည္ႏွင့္ ထိုသူတို႔သည္လည္း အကြ်တ္တရားကိုပင္ ရရွိသြားခဲ႔ေလေတာ့သည္။ ထို႔ေနာက္ ထိုသူတို႔ထံတြင္ ကာယသိဒိၶျပီးေျမာက္သည့္ ခ်ိဳးမေႏၶရွိေနခဲ႔သည္မ်ားအားလည္း ဘုန္းၾကီးထံသို႔ အေၾကာင္းစံု ေလ်ာက္တင္လိုက္ေလသည္။
“ေၾသာ္… ဒါေၾကာင့္ ဒကာၾကီးတို႔ႏွစ္ေယာက္က ရြာထဲမွာ ဓားျပီး၊ တုတ္ျပီးတယ္ဆိုျပီး၊ နာမည္ၾကီးေနၾကတာကိုး”
“အဲ့ဒီ… ခ်ိဳးမေႏၶက ပထဝီ၊ ေတေဇာ၊ အာေဘာ၊ ဝါေယာဆိုတဲ႔ ဓာတ္ၾကီးေလးပါးကို ပိုင္သလို ကာရသိဒိၶမွာလဲ အင္မတန္အစြမ္းထက္တယ္။ ပင္မေရထြက္တဲ႔ေနရာ၊ ပင္မမီးထြက္တဲ့ေနရာကို ဂ်ိဳးမေႏၶေဆာင္သြားလို႔ရွိရင္ ဓာတ္ေျပျပီး အာလံုးရပ္တန္႔သြားတတ္တယ္။ ဓားျပီး၊တုတ္ျပီးရံုတင္မကဘူး၊ ေသနတ္ေတာင္ျပီးတယ္ကြယ့္။ ဒါေပမယ့္ စီးပြားေရးလုပ္ကိုင္လို႔ကေတာ့ ဂ်ိဳးမေႏၶရွိေနရင္ ဘယ္စီးပြားေရးမွ လုပ္လို႔ကိုမရေတာ့ဘူး။ ဒကာၾကီးတို႕ ဒီပစၥည္းကို ဘုန္းဘုန္းဆီလွဴပါ။ ရြာဦးေစတီေတာ္ ျပန္လည္မြမ္းမံတဲ႔အခါၾကရင္ ဘုန္းၾကီး ဌာပဏာထည့္ေပးပါ့မယ္။ ဒကာၾကီးတို႕လဲ ေမြးကတည္းက သာသနာ့ေဘာင္ကို မဝင္ဘူးေသးတဲ႔ သူေတြလို႔ ဘုန္းၾကီးသိထားရတယ္။ ဒီေတာ့ ဌာပနာပိတ္ပြဲေရာက္ရင္ ဒကာၾကီးတို႔ရဲ့ ခ်ိဳးမေႏၶကိုဘုန္းၾကီး ဌာပနာျပီး၊ ဒကာတို႕လဲ သာသနာ့ေဘာင္မွာ ေပ်ာ္သေလာက္ေနျပီး ကုသိုလ္ယူလိုက္ၾကေပါ့”
“တင္ပါ့ဘုရား… တပည့္ေတာ္တို႔ သေဘာတူပါတယ္ဘုရား။”
“ေအးကြယ္… သာဓု…သာဓု…သာဓု”
ထိုသူတို႔ထံ၌ရွိေနခဲ႔ၾကေသာ ကာယသိဒိၶျပီးေျမာက္သည့္ ခ်ိဳးမေႏၶကိုပင္ ဘုန္းၾကီးထံသို႔ၾကည္ျဖဴစြာ လွဴဒါန္းလိုက္ေလျပီး၊ သာသနာ့ေဘာင္သို႔ ဝင္ေရာက္ရန္အတြက္ ျမိဳ႕ၾကီးဆီသို႔ တတ္ေရာက္ေလခါ၊ လိုအပ္သည့္ပစၥည္းမ်ားစြာ ဝယ္ယူလာၾကရင္း ရြာေလးဆီသို႔ ျပန္လည္ဦးတည္လာခဲ႔ၾကေလသည္။ မနက္အခ်ိန္ခါကတည္းမွ ထြက္ခြာသြားခဲ႔ၾကေသာ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔မွာ ရြာအဝင္လမ္းဆီသို႔ ညေမွာင္ရီပ်ိဳးခ်ိန္မွသာလ်င္ ျပန္လည္ေရာက္ရွိလာခဲ႔ၾကေပသည္။ ထိုအခါ ရြာအဝင္လမ္း ရြာအျပင္စပ္၌ ထိုသူမ်ားကိုပင္ အသင့္ေစာင့္ေနခဲ႔ၾကေသာ လူတစ္စုမွ ဓားရွည္မ်ား ကိုယ္ဆီကိုင္ေဆာင္ထားၾကျပီး၊ ထြက္ခြာလာခဲ႔ၾကေလသည္။ ေသခ်ာသည္က ေအးေမာင္ႏွင့္ေဇာ္မင္း လူမိုက္ၾကီးမ်ားကိုပင္ ခ်ိဳးမေႏၶ၏အစြမ္းျဖင့္ အနိုင္ယူထားခဲ႔သည္ေၾကာင့္ ထိုသူမ်ားမွာ မေက်နပ္၊ ျပန္လည္လက္စားေခ်ရန္ပင္ ေစာင့္စားေနခဲ႔ျခင္းျဖစ္ေလေတာ့သည္။
“ဟားဟားဟား… မင္းတို႔ႏွစ္ေကာင္က လိမ္မာၾကေတာ့မယ္ေပါ့ဟုတ္လား”
“မင္းတို႔ဘယ္သူေတြလဲ”
“ေအး… ငါတို႔က မန္က်ည္းစုရြာနဲ႔ ထန္းပင္စုရြာရဲ့ လူမိုက္ေတြပဲ၊ မင္းတို႔ႏွစ္ေကာင္ ငါတို႔ရြာကိုလာျပီး၊ ငါတို႔ရြာသားေတြအေရွ႕မွာ ငါတို႔ကိုအရွက္ခြဲသြားခဲ႔တယ္… မွတ္မိၾကေသးလား။ အခု မင္းတို႔ကို လက္စားျပန္ေခ်ဖို႔ ငါတို႔ေရာက္လာရတာပဲ”
“ေဟ့ေကာင္ေတြ… ငါတို႔ေတာင္းပန္ပါတယ္ကြာ။ ငါတို႔အရင္လို မမိုက္ခ်င္ေတာ့ဘူး။ မင္းတို႔ကို ငါတို႔ေတာင္းပန္ပါတယ္ေနာ္။ ငါတို႔ကိုရန္မရွာၾကပါနဲ႔။ ငါတို႔ေတာင္းပန္ပါတယ္။”
“ဟားဟားဟား…. ေတာင္းပန္ရံုနဲ႔ ငါတို႔က ေက်နပ္ရမွာတဲ႔လား၊ ေဟ့ေကာင္ေတြ ဒီေကာင္ႏွစ္ေကာင္ကို အေသသတ္ပစ္ကြာ… ၾကာတယ္။”
မည္သို႔ပင္ေတာင္းပန္ေနပါေစ၊ လူမိုက္မ်ားမွာ လက္မခံ၊ ေအးေမာင္ႏွင့္ေဇာ္မင္းတို႔ကိုပင္ ဓားရွည္မ်ားျဖင့္ ဝင္ေရာက္ခုတ္ပိုင္းေလေတာ့သည္။ ေဇာ္မင္းသည္လည္း ျပန္လည္ခုခံတိုက္ခိုက္၏၊ ေအးေမာင္သည္လည္း ထို႔အတူ လူမိုက္မ်ားကိုပင္ ျပန္လည္ခုခံတိုက္ခိုက္ခဲ႔ပါသည္။ သို႔ေသာ္လည္း အမ်ားႏွင့္ႏွစ္ေယာက္၊ ထိုတင္မကေသး တစ္ဖက္မွ ဓားရွည္မ်ားႏွင့္လည္း ဝိုင္းဝန္းတိုက္ခုိက္ၾကသည္ေၾကာင့္ အျပင္းအထန္ ဒဏ္ရာမ်ားပင္ ရရွိခဲ႔ရေလေတာ့သည္။ အဆံုးတြင္ ေအးေမာင္ႏွင့္ေဇာ္မင္း ႏွစ္ဦးအနက္၊ တစ္ဦးသာလ်င္ ေသခ်င္ေသပါေစ၊ ႏွစ္ဦးစလံုး အေသမခံနိုင္၊ ထို႔ေၾကာင့္ ေဇာ္မင္းမွာမူ လူမိုက္မ်ားအား အေသခံတားဆီးလ်က္ သူငယ္ခ်င္းျဖစ္သူ ေအးေမာင္ကိုပင္ လြတ္ရာဆီသို႔ ေျပးေစခိုင္းခဲ႔သည္။ ေအးေမာင္သည္လည္း သူငယ္ခ်င္းျဖစ္သူ ေဇာ္မင္းကိုပင္ လူမိုက္မ်ားမွ ဝိုင္းသတ္ေနၾကသည့္ ေနရာအနားဆီမွ ရင္နာနာျဖင့္ ေျပးေရွာင္လြတ္ေျမာက္သြားခဲ႔ရေလေတာ့သည္။
******
(၄)ႏွစ္ခန္႔ၾကာျပီးေနာက္….
“ခ်ကြ… ေဖ့သားၾကီးကြ၊ ခ်ကြ…”
“ဟာ… ကိုေအးေမာင္၊ ခင္ဗ်ားၾကက္ၾကီးက ေကာင္းလွခ်ည္လားဗ်”
“ဟားဟားဟား… သိတယ္မဟုတ္လား၊ ေအးေမာင္ကိုင္တဲ့ ၾကက္ပါကြ၊ ပြဲတိုင္းေက်ာ္တဲ့ေဟ့… ပြဲတိုင္းေက်ာ္တဲ႔ဟ”
“ဒါေၾကာင့္ေမးတာေပါ့ဗ် ဒီေကာင္ၾကီးက ခင္ဗ်ားကိုပိုက္ဆံရွာေပးတာ ေတာ္ေတာ္မ်ားေနျပီေနာ္။ ခင္ဗ်ား အခုလိုပြဲတိုင္းနိုင္ေနတာ ကိုေဇာ္ၾကီးတစ္ေယာက္သာ သိရင္ဘယ္ေလာက္ထိ ေပ်ာ္ေနလိုက္မလဲမသိဘူး”
“ဟူး… ေအးကြာ… မင္းတို႔ေျပာမွ ငါ့သူငယ္ခ်င္းၾကီးကို လြမ္းလိုက္တာ။ ဘယ္တတ္နိုင္ပါ့မလဲကြာ ငါလဲ သူ႔ကို ေန႔တိုင္းသတိရေနတာပါပဲ”
(၄)ႏွစ္ခန္႔ၾကာျမင့္လာခဲ့ျပီျဖစ္သည္။ လိမ္မာေစရန္ ဆံုးျဖတ္ခ်က္ ခ်က္ထားခဲ႔ျပီးမွ သူငယ္ခ်င္းျဖစ္သူ ေဇာ္မင္းမွာ လူမိုက္မ်ား၏ သတ္ျဖတ္ျခင္းကိုပင္ ခံလိုက္ရသည္ေၾကာင့္၊ ေအးေမာင္သည္လည္း မိုက္တြင္းထဲသို႔ ေျခစံုပစ္ဝင္ေရာက္လိုက္ေလသည္။ လိမ္မာေစရန္အတြက္ မည္သူမွ တရားျပျပ ေအးေမာင္တစ္ေယာက္ နားမေထာင္ေတာ့၊ တစ္ရြာလံုးတြင္လည္း ေအးေမာင္မွာ ေလာင္းကစားေခါင္းေဆာင္၊ လူမိုက္ေခါင္းေဆာင္အျဖစ္ႏွင့္ပင္ ဆိုးသြမ္းေနခဲ႔ေလေတာ့သည္။ ေလာင္းကစားသမား၊ လူမိုက္ဘဝျဖင့္ ေအးေမာင္တစ္ေယာက္ အက်ိဳးေပးေလသလား။ တိုက္ၾကက္ၾကီးတစ္ေကာင္မွာ ေအးေမာင္ထံသို႔ ပိုင္ရွင္မဲ့အျဖစ္ ေရာက္ရွိလာခဲ႔ျပီး၊ သူသည္လည္း ထိုတိုက္ၾကက္ၾကီးႏွင့္ ၾကက္တိုက္စားလာခဲ႔သည္မွာ တစ္ႏွစ္ေက်ာ္ပင္ ရွိလာခဲ႔ျပီျဖစ္ေလသည္။ တိုက္ၾကက္ၾကီးသည္လည္း ရံႈးပြဲမရွိ၊ ေအးေမာင္ကိုပင္ ေငြရွာေပးေနခဲ႔သည္က ပြဲတိုင္းေက်ာ္ဟူေသာ ၾကက္၏အမည္ကိုပင္ ၾကားလိုက္ရသည္ႏွင့္ ၾကက္သမားတိုင္းမွ အရံႈးေပးေနခဲ႔ရေလသည္။
တစ္ေန႔တြင္ ေအးေမာင္၏ တိုက္ၾကက္ဖၾကီး ပြဲတိုင္းေက်ာ္ႏွင့္ ၾကက္တိုက္ပြဲျပဳလုပ္ပါမည္ဟု ၾကက္သမားတစ္ဦးမွ လာေရာက္ခ်ိန္းဆိုသြားခဲ့ေပသည္။ ေအးေမာင္သည္လည္း ပြဲတိုင္းေက်ာ္ ဆင္ႏႊဲလာခဲ႔သည့္ သူ၏တိုက္ၾကက္ၾကီးကိုပင္ လြန္စြာယံုၾကည္ထားခဲ႔ေလရင္း၊ ပြဲၾကီးပြဲေကာင္း ၾကက္တိုက္ပြဲၾကီး စတင္ဆင္ႏႊဲေလခဲ႔သည္။ ေအးေမာင္သည္လည္း ေလာင္းေၾကးမ်ားကိုပင္ ရွိသမွ်ပံုေအာ၍ ေလာင္းပစ္ခဲ႔ေလရာ၊ ၾကက္ပြဲအျပီးတြင္ သူ၏ပြဲတိုင္းေက်ာ္ တိုက္ၾကက္ဖၾကီး ရံႈးနိမ့္သြားခဲ႔ရေပေတာ့သည္။ အဆိပ္ခြက္ၾကီးအတြင္းသို႔ ႏြားနို႔တစ္စက္ က်ေရာက္သြားခဲ႔လ်င္၊ ထိုအဆိပ္ရည္မ်ားမွာ ႏြားနို႔မျဖစ္သြားနိုင္၊ သို႔ေသာ္ ႏြားနို႔ခြက္ၾကီးအတြင္းသို႔ အဆိပ္တစ္စက္ က်ေရာက္သြားခဲ႔ပါက ႏြားနို႔ခြက္ၾကီးမွာ အဆိပ္အျဖစ္သို႔ ေျပာင္းလဲသြားခဲ႔ရေပသည္။ ထို႔အတူ တစ္ႏွစ္ေက်ာ္၊ ႏွစ္ႏွစ္နီးပါး ပြဲတိုင္းအနိုင္ယူေပးလ်က္ ေငြရွာေပးခဲ႔ေသာ တိုက္ၾကက္ဖၾကီးကိုပင္ ထိုတစ္ပြဲရံႈးနိမ့္သြားခဲ႔သည္ႏွင့္ ေအးေမာင္မွာ ရိုက္သတ္ခ်က္စားပစ္လိုက္ေလေတာ့သည္။
(၅)ႏွစ္ခန္႔ၾကာျပီးေနာက္…
လူမိုက္ၾကီးေအးေမာင္၊ ေလာင္းကစားသမားၾကီး ေအးေမာင္သည္လည္း အသက္ရြယ္ရရွိလာခဲ႔ျပီျဖစ္သည္။ ထိုအခ်ိန္တြင္းမွာပင္ တစ္ႏွစ္သား ေခြးေလးတစ္ေကာင္မွာ ေအးေမာင္ေနထိုင္ရာ တဲေလးဆီသို႔ ေရာက္ရွိလာခဲ႔ျပီး၊ အထုပ္ကေလး တစ္ထုပ္ကိုပင္ ကိုက္ခ်ီလာခဲ႔ေပးသည္။ ေအးေမာင္သည္လည္း မည္သည့္ေနရာဆီမွ မည္သူ၏ ေခြးေလးမွန္းမသိ၊ ထိုေခြးေလး ကိုက္ခ်ီလာခဲ႔ေသာ အထုတ္ကေလးကိုပင္ ျဖီၾကည့္လိုက္သည့္အခါတြင္ ေငြက်ပ္မ်ားစြာျဖစ္ေနေၾကာင္း သိရွိလိုက္ရေပသည္။ ထိုေငြက်ပ္ေလးျဖင့္ ေအးေမာင္တစ္ေယာက္ လုပ္ကိုင္စားေသာက္လာခဲ႔သည္မွာ ယခုအခါတြင္ ကိုယ္ပိုင္လယ္ယာေလးမ်ားျဖင့္ ေနထိုင္၊ စားေသာက္လာနိုင္ျပီျဖစ္သည္။ ေခြးေလးဖိုးထုတ္အားလည္း တဲေလးအတြင္း၌ မိမိႏွင့္အတူတူ ေနထိုင္လာခဲ႔ျပီး၊ တစ္ႏွစ္ခန္႔အၾကာတြင္ ေခြးေလးဖိုးထုတ္မွာ ပိုးထိလ်က္ ေသဆံုးသြားခဲ႔ရေပသည္။ ပိုးထိေသဆံုးသြားခဲ႔ရျခင္းမွာလည္း သခင္ျဖစ္သူ ကိုေအးေမာင္ၾကီး တဲေလးအေပၚ၌ အိပ္စက္ေနခဲ႔ခ်ိန္တြင္ ေျမြေဟာက္ၾကီးတစ္ေကာင္မွာ တတ္ေရာက္လာခဲ႔ျပီး၊ ကိုေအးေမာင္အား ကိုက္သတ္မည္အလုပ္၊ ေခြးေလးဖိုးေထာင္မွ ဝင္ေရာက္တိုက္ခိုက္ေပးလ်က္ ေသဆံုးသြားခဲ႔ရျခင္းျဖစ္ေလေတာ့သည္။
*****
“ေဖေဖ၊ ေမေမ… သားဇီးကုန္းရြာကို သြားခ်င္တယ္။ သားကိုလိုက္ပုိ႔ေပးပါလားဟင္”
“ဟင္… ဘယ္က ဇီးကုန္းရြာတုန္းသားရဲ့”
“သား… အရင္ဘဝတုန္းက ေနခဲ႔တဲ႔ ရြာေလးေဖေဖရဲ့… အဲ႔ဒီမွာ သားသူငယ္ခ်င္းတစ္ေယာက္ ရွိတယ္။ သားသူ႔ကိုေတြ႕ခ်င္လို႔…”
ငါးႏွစ္သားအရြယ္ ကေလးေလး၏ ေျပာစကားမ်ားပင္ျဖစ္သည္။ မိဘႏွစ္ပါးမွာ ရန္ကုန္သူ၊ ရန္ကုန္သားစစ္စစ္ ျဖစ္ပါလ်က္ႏွင့္ သားေလးမွာ မည္သည့္ေနရာ၊ မည္သည့္တိုင္းေဒသၾကီးတြင္ တည္ရွိေနမွန္းမသိေသာ ဇီးကုန္ရြာဟူ၍ ေျပာဆိုလာခဲ႔ေလသည္။ ထူးဆန္းသည့္ စကားမ်ားသည္လည္း ပါရွိေနခဲ႔ျပန္ေလသည္။ အရင္ဘဝတုန္းကဟူေသာ စကားလံုးမ်ားပင္ျဖစ္၏။ ေန႔စဥ္ႏွင့္အမွ် မိဘျဖစ္သူမ်ားကိုပင္ ဂ်စ္တိုက္ေတာင္းဆိုေနခဲ႔ျခင္းေၾကာင့္ မိဘမ်ားသည္လည္း သားေလးကိုပင္ ထိုကဲ႔သို႔ေမးခြန္းမ်ားစြာ ေမးျမန္းလာခဲ႔ၾကေတာ့သည္။
“သားက… အဲ႔ဒီရြာေလးကို ဘာျဖစ္လို႔သြားခ်င္ရတာလဲ”
“အဲ႔ဒီရြာေလးမွာ သားသူငယ္ခ်င္းရွိတယ္ေမေမရဲ့… သူ႔ကိုသား အေၾကြးဆပ္စရာလည္း ရွိေသးတယ္။ အဲ႔ဒါေၾကာင့္ သားကိုလိုက္ပို႔ေပးပါေနာ္”
ေမးခြန္းမ်ားစြာ ေမးျမန္းခဲ႔ပါသည္။ မိဘႏွစ္ပါးမွ သို႔ေသာ္ ကေလးျဖစ္သူမွာ မည္သည့္ေမးခြန္းကိုမွ် မယ္မယ္ရရအေျဖမေပး။ အခ်ိန္ျပည့္သာလ်င္ ဇီးကုန္းရြာဆီသုိ႔ လိုက္လံပို႔ေဆာင္ခိုင္းေနခဲ႔ေပသည္။ ထို႔ေၾကာင့္ မိဘမ်ားသည္လည္း ဇီးကုန္ရြာတည္ရွိရာ တိုင္းေဒသၾကီးဆီသို႔ အဆင့္ဆင့္ေမးျမန္းဆံုစမ္းေလခဲ႔ျပီး၊ သားျဖစ္သူ၏ ဆႏၵအတိုင္း လိုက္လံပို႔ေဆာင္ေပးခဲ႔ၾကေလေတာ့သည္။ ဇီးကုန္ရြာတည္ရွိရာ ျမိဳ႕ၾကီးအေပၚသို႔အေရာက္ ငါးႏွစ္သား ကေလးေလးမွာ မိဘမ်ားကိုပင္ ဇီးကုန္းရြာေလးဆီသို႔ လမ္းျပေခၚေဆာင္သြားခဲ႔သည္က မိဘႏွစ္ပါးအဖို႔ လြန္စြာအံ့အားသင့္ေနခဲ႔ေပသည္။
ဇီးကုန္းရြာသို႔ ဟူေသာ ဆိုင္းပုဒ္ကေလးအနားတြင္ ငါးႏွစ္သားကေလးမွာ မပီသပီေသာ စကားလံုးမ်ားျဖင့္ လူၾကီးဆန္ဆန္ေျပာဆိုလိုက္သည္က….
“ေၾသာ္… ငါမရွိတဲ႔ ဆယ့္ငါးႏွစ္အေတာအတြင္းမွာ ငါတို႔ရြာေလးေတာင္ ေတာ္ေတာ္ေလးစည္ကားလာပါလား”
ဖခင္ျဖစ္သူႏွင့္ မိခင္ျဖစ္သူတို႔မွာ တစ္ဦးမ်က္ႏွာတစ္ဦး ၾကည့္မိခဲ႔ၾကရင္း လြန္စြာအံၾသေနခဲ႔ၾကေပသည္။ ထို႔ေနာက္ ဆက္လက္ဦးတည္ခဲ႔ၾကရင္း ရြာထိပ္နားရွိ တဲေလးတစ္လံုးအေရွ႕သို႔ ေရာက္ရွိလာခဲ႔ၾကေလ၏္။ ထိုတဲေလးအေရွ႔နားတြင္ ကေလးေလးမွာ ခါးေလးကိုပင္ ေထာက္လိုက္ရင္း လူၾကီးဆန္ဆန္ေလသံ သို႔မဟုတ္ ပ်က္သားၾကမ္းတမ္းလွေသာ ေလသံတို႔ျဖင့္ ထိုသို႔ပင္ တမ္းတေအာ္ေခၚလိုက္ေလသည္။
“ေဟး… ငေအး၊ ေအးေမာင္”
ထိုကေလးေလး ေအာ္ေခၚေနခဲ႔ေသာ တဲေလးမွာ လူမိုက္ၾကီးေအးေမာင္၏ တဲေလးပင္ျဖစ္သည္။ တဲေလးအတြင္း၌ရွိေနခဲ့ေသာ ဦးေအးေမာင္သည္လည္း ထိုကဲ႔သို႔ေသာ ေခၚသံကိုပင္ၾကားလိုက္ရသည္ႏွင့္ တဲအတြင္းမွေန၍ မ်က္ေမွာင္ကိုပင္ ၾကဳတ္လိုက္မိေစသည္။ အသံ၏ အေနအထားမွာ နုနယ္ေသးသြယ္၍ ကေလးတို႔၏အသံပင္ျဖစ္ေသာ္လည္း ေလယူေလသိမ္းႏွင့္ စကားအက်အနမ်ားမွာမူ လြန္ခဲ႔သည့္ ဆယ့္ငါးႏွစ္ခန္႔မွ ေသဆံုးသြားခဲ႔ေသာ မိမိ၏ဆိုးေဖာ္ဆိုးဖက္ သူငယ္ခ်င္းျဖစ္သူ ေဇာ္မင္း၏ ေလယူေလသိမ္းပင္ျဖစ္ေလသည္။ ထုိ႔ေၾကာင့္ ဦးေအးေမာင္သည္လည္း တဲေလးအတြင္းမွေန၍ တဲေလးအဝဆီသုိ႔ ထြက္ေရာက္လာခါ…
“ေဟး… ဘယ္သူတုန္းကြယ့္”
“ဟ… ငေအးေမာင္… ငါေလကြ၊ မင္းသူငယ္ခ်င္း ေဇာ္မင္းေလ”
ထိုကဲ႔သုိ႔ေသာ္ ေျပာစကားမ်ားႏွင့္အတူ ထုိကေလးေလးမွာ မိဘမ်ားကိုပင္ လက္ဆြဲလ်က္ တဲေလးအတြင္းသို႔ ခပ္ဆြာဆြာဝင္ေရာက္လာခဲ႔ေလသည္။ ဦးေအးေမာင္သည္လည္း မံႈဝါးေနခဲ႔ေသာ အျမင္မ်ားကိုပင္ စူးစုိက္ၾကည့္လ်က္ တဲေလးအတြင္းသို႔ ဝင္ေရာက္လာၾကသည့္ မိသားတစ္စုကိုပင္ ေၾကာင္ေတာင္ေတာင္ၾကည့္ရႈ႕ေနခဲ႔ေလသည္။ ထိုမိသားစုမွာ ျမိဳ႕ၾကီးျပၾကီးမွ လူရည္သန္႔မိသားတစ္စုပင္ ျဖစ္ေနေလခဲ႔ရင္း အဘယ့္ေၾကာင့္ ေဂ်ာင္ဂ်ိဳေဂ်ာင္ၾကား၌ ေနထုိင္လ်က္ရွိေသာ မိမိထံသုိ႔ ေရာက္ရွိလာၾကသနည္း မသိရွိခဲ႔ေပ။ ထို႔ေၾကာင့္…
“ဘယ္သူေတြတုန္းကြယ္”
“ဟ… အဖိုးၾကီး၊ ေအးေမာင္၊ ငါေလကြ၊ မင္းသူငယ္ခ်င္းေဇာ္မင္း၊ မင္းဆီကို ငါေရာက္လာျပီေလ”
“ဟင္… ကေလး… ဘာေတြေျပာေနတာတုန္း”
“ေအးေမာင္ၾကီး၊ သူငယ္ခ်င္း မင္းေတာင္ ေတာ္ေတာ္ေလး အိုသြားျပီေနာ္၊ သူငယ္ခ်င္းရယ္… မင္းကိုငါ ဆယ့္ငါးႏွစ္လံုးလံုး စကားေတြေျပာခ်င္ေနတာကြ”
“ဟင္… ကေလး၊ အဘကို ရွင္းေအာင္ေျပာစမ္း၊ မင္းေျပာေနတာေတြ အဘ ဘာတစ္ခုမွနားမလည္ဘူး”
“ေဟ့ေကာင္၊ ငေအး၊ ငါ့ကို ကေလးလို႔မေခၚနဲ႔စမ္း၊ ေအးကြ၊ မင္းဘယ္သိပါ့မလဲ၊ ငါက မင္းသူငယ္ခ်င္းေဇာ္မင္း ဝင္စားတာကြ”
“ဟင္… ကေလး၊ အဲ႔… မင္း.. မင္းက.. မင္းက ေဇာ္မင္း… ေဇာ္မင္းဝင္စားတာဟုတ္လား”
“ဟုတ္တာေပါ့သူငယ္ခ်င္းရာ…. မင္းအေပၚကို ငါအေၾကြးေတြ ျပန္မဆပ္နိုင္ခဲ႔ဘူးေလ။ အဲ႔ဒါေၾကာင့္ မင္းကို ငါၾကက္ဘဝနဲ႔လည္း အလုပ္ေကြ်းျပဳခဲ႔ဘူးတယ္။ ေခြးေလးဖိုးတုတ္ဘဝနဲ႔လည္း မင္းကိုအလုပ္ေကြ်းျပဳခဲ့ရတယ္။ မင္းမွတ္မိေသးလား။ ျပီးခဲ႔တဲ႔ အခ်ိန္ကာလေတြတုန္းက မင္းရိုက္သတ္လိုက္လို႔္ ေသသြားရတဲ႔ တိုက္ၾကက္ဖၾကီးက ငါပဲေဇာ္မင္းရ။ မင္းကိုေျမြကိုက္မွာဆိုးလို႔ အကာကြယ္ေပးရင္ ေသသြားခဲ႔ရတဲ႔ ေခြးေလးဖိုးတုတ္ကလည္း ငါပဲေအးေမာင္.. ငါပဲ…”
“ဘာ… ေဇာ္မင္း၊ သူငယ္ခ်င္း… မင္း… မင္းတကယ္ေျပာေနတာလား”
“တကယ္ေျပာေနတာေပါ့ကြ”
“ဟာ…. သူငယ္ခ်င္းရာ… ငါတို႔…ငါတို႔ျပန္ဆံုၾကရျပီေနာ္။ ငါမင္းကို အျမဲတမ္းသတိရေနတာပါ၊ ငါမင္းကို အျမဲတမ္းလြမ္းေနတာပါသူငယ္ခ်င္းရာ။ အခုေတာ့ မင္းငါ့ဆီကို ျပန္လာတယ္ေနာ္။”
“ျပန္လာရတာေပါ့ကြ၊ ငါ့အေပၚမွာ မင္းအေၾကြးေတြ ရွိေနေသးတယ္ေလ။ အဲ့ဒီအေၾကြးေတြေၾကာင့္ သံသရာမွာ မင္းကိုငါဘဝေတြနဲ႔ ေပးဆပ္ေနခဲ႔ရတာ။ ငါတို႔ခ်ိဳးမေႏၶေလး လွဴခဲ႔ဘူးတဲ႔ ကုသိုလ္ကံေၾကာင့္ သံသရာတစ္ေကြ႔မွာ ငါ…အခုလူျပန္ျဖစ္လာျပန္ျပီ။ ဒီဘဝမွာေတာ့ ငါ့အေပၚတင္ေနတဲ့ မင္းအေၾကြးေတြကို အကုန္ဆပ္ေတာ့မယ္သူငယ္ခ်င္းရာ၊ ငါအကုန္ဆပ္ေတာ့မယ္”
“ေဇာ္မင္းရာ… သူငယ္ခ်င္း၊ မင္းကိုငါ ေခ်းငွားခဲ့တယ္လို႔ တစ္ခါမွ မသတ္မွတ္ခဲ႔ဘူး။ ငါ့အေၾကြးလည္း မင္းအေပၚမွာရွိေနတယ္လို႔ ငါတစ္ခါမွမေတြးခဲ႔ဖူးပါဘူးကြာ။”
“ဟုတ္တယ္သူငယ္ခ်င္း၊ ဒါေပမယ့္ ငါရဲ့ မာနေလးတစ္ခ်က္ေၾကာင့္ မင္းဆီက ဆန္၊ဆီ၊ေဆး အစစအရာရာကို ငါေခ်းထားတာ၊ ေျပလည္ရင္ျပန္ေပးမယ္ဆိုျပီး ငါသတ္မွတ္ခဲ႔တယ္။ ဒါေပမယ့္ မင္းကိုငါ ဘာတစ္ခုမွ ျပန္မဆပ္လိုက္ရပဲ၊ ငါေသသြားခဲ႔ရတယ္။ ဒါေၾကာင့္ ငါကိုယ္တိုင္သတ္မွတ္ခဲ႔လို႔ ငါကိုယ္တိုင္ မင္းကို သံသရာအဆက္ဆက္ ျပန္ဆပ္ေပးေနခဲ႔ရတာေပါ့”
“ျဖစ္မွျဖစ္ရေလ… သူငယ္ခ်င္းရာ.. ျဖစ္မွျဖစ္ရေလကြာ…”
ဆယ့္ငါ့ႏွစ္ေက်ာ္ေက်ာ္ ကြဲကြာေနၾကသည့္ ငယ္သူငယ္ခ်င္းႏွစ္ဦး၊ တစ္ဦးမွာ အဖိုးအိုအျဖစ္သို႔ပင္ စတင္ေျပာင္းလဲေနခဲ႔ျပီျဖစ္ျပီး၊ က်န္တစ္ဦးမွာမူ လူဝင္စားဘဝႏွင့္ ငါးႏွစ္အရြယ္ ကေလးေလးတစ္ဦး၊ ထိုသူႏွစ္ဦး၏မ်က္ဝန္းမ်ားဆီမွ မ်က္ရည္မ်ားစြာ စီးက်ေနခဲ႔ရင္း၊ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာမွ အျဖစ္အပ်က္မ်ားကိုပင္ ျပန္လည္ေျပာဆိုေနခဲ႔ၾကေလသည္။ ကေလးေလး၏စကားသံမ်ားမွာ မပီတပီျဖင့္ ေျပာဆိုေနခဲ႔ေသာ္လည္း လူၾကီးဆန္လြန္းလွသည့္ ေဇာ္မင္း၏ေလယူေလသိမ္း ေျပာပံုဆိုပံုမ်ားႏွင့္ပင္ ျဖစ္ေလေတာ့သတည္း။ ။
(ျမစ္ဝကြ်န္းေပၚေဒသေလး၏ ျဖစ္ရပ္မွန္ေလးတစ္ခုျဖစ္ေသာ ထူးဆန္းသည့္ အျဖစ္အပ်က္ေလးတစ္ခုကိုပင္ အေျခခံလ်က္ စာေရးသူမွေရးသား တင္ျပလိုက္ရပါသည္။ ဂီတစာဆို ဆရာၾကီးေမာင္ေၾကးမံု၏ စကားလံုးမ်ားအနည္းငယ္ ထည့္သံုးထားပါသည္။)
စာေရးသူ-ထီးကေလး
(ရင္ႏွင့္ရင္း၍ေရးသားသည္။)