** လူစားတဲ့ချောင်း** (စ / ဆုံး)

Posted on

Unicode Version

** လူစားတဲ့ချောင်း** (စ / ဆုံး)
————————–
နေ့တာတိုပြီးညတာရှည်တဲ့
ဒီလိုဆောင်းရာသီတွေဆိုရင်
ထန်းတန်ရွာလေးက အေးချမ်းမှုနဲ့အတူ
တိတ်ဆိတ်မှုတွေနဲ့ပေါ့
တောင်အောက်တစ်လျှောက်ကိုအမှီပြုပြီး
ရွာတည်ထားတာမို့ ရွာမှာကျယ်သည်မဟုတ်ဘဲ
ဟိုတစသည်တစနဲ့
တစ်အိမ်နဲ့တစ်အိမ်က
တစ်ခေါ်စာလောက်ထိ ဆောက်ပြီးနေထိုင်ကြတာ
ရွာအောက်က တသွင်သွင်စီးဆင်းနေတဲ့
လမုန်ချောင်းလေးက ယခုလိုရာသီမျိုးရောက်လျှင် ရွာသားတွေအတွက် အကျိုးပြုတဲ့
ချောင်းတစ်စင်းဆိုလည်းမမှားပါဘူး
တစ်ခြားရာသီတွေဆို ငါးတွေသိပ်မပေါလှပေမယ့်
ဆောင်းရာသီရောက်ပြီဆို ငါးပြီတွေ ငါးသလောက်တွေ မျှင်ပုစွန်လေးတွေအတော်ပေါသည်
ရွာသားတိုင်းက ချောင်းထဲဖမ်းရသမျှ ငါးတွေကို
တစ်ခြားရွာဆီကို လက်လီလက်ကားရောင်း၀ယ်
ဖောက်ကားကြတာပေါ့ ရောင်းမကုန်တဲ့ငါးတွေဆို
ရာသီ ငါးပိတွေလုပ်ကြသည်
ဒါကြောင့်ထန်းတန်ရွာသားတွေက လက်ထဲငွေမပြတ်ပေ ငွေရွှင်သလို အလောင်းကစားတွေလည်းပေါသည်
ကြေးကိုယ်စီထည့်ပြီးလုပ်တဲ့ ကြက်ပွဲတို့ ဂျင်ပွဲတို့
ရွာထဲ၌ပြတ်သည်မရှိ
ခင်မေတစ်ယောက် မနက်အာရုံ လင်းကြက်တွန်ကတည်းက အလှည့်ဆွမ်းထချက်နေသည်
အိမ်က ချောင်းနဲ့မနီးမ​ေ၀းဆိုတော့ တစ်ခါတစ်ခါ ချောင်းဆီမှ ငါးပွက်သံတွေကိုအတိုင်းသားကြရ၏
အိပ်ခန်းထဲ ကြည့်လိုက်တော့ တခေါခေါနဲ့အိပ်မောကြနေတဲ့ ပီစိနဲ့ ဖိုးလုံးတို့
” ဟဲ့ ဟိုနှစ်ယောက် ထတော့လေ
ငါးစင်းဖို့ နှိုးထားတာခုထိမထကြသေးဘူး
ဟဲ့ ဖိုးလုံး “
ခင်မေက အဲ့လိုအော်ခေါ်တော့မှ ဖိုးလုံးတို့ညီအစ်ကိုနှစ်ယောက်မှာ အိပ်မှုန်စုံမွှားနဲ့ကပျာကယာထကာ မျက်နှာသစ်ရန်
အိမ်နောက်ဖေးဆီကိုထွက်လာခဲ့သည်
ထိုစဥ် သူတို့အိမ်နဲ့မနီးမ​ေ၀း လမုန်ချောင်းဆီမှ
“ဝါး…………………
ဆိုတဲ့ မပီမသ မိန်းမတစ်ယောက်အသံကို
တိတ်ဆိတ်တဲ့ အမှောင်ထုကိုခွင်း၍အတိုင်းသားကြားလိုက်ရသည်
” ပီစိကြားလိုက်လား”
” အေး ကြားတယ်ကွ
ဒီလိုအသံကြားတာ သုံးလေးခါရှိပြီ”
” အေးဟုတ်တယ်
ဘာအော်တာလဲမသိဘူး”
နှစ်ယောက်သား တိုးတိုးနဲ့ပြောနေကြတော့
ခင်မေမှာ ထရံကိုတံမြက်စည်းနဲ့
တဖုန်းဖုန်းထုကာ
” ငါနှယ် အာရုံဆွမ်းမမှီဘဲနေတော့မယ်
ဟိုနှစ်ကောင် တုတ်စာမိချင်ပြီလား”
ဆယ်နှစ်၀န်းကျင်ပဲရှိသေးတဲ့ ပီစိနဲ့ဖိုးလုံးတို့မှာ
သူ့အမေဟောက်လိုက်တော့မှ ခပ်မြန်မြန်မျက်နှာသစ်ကာ ငါးစင်းဖို့လုပ်ကြတော့တာပေါ့
*************
နောက်တစ်နေ့မိုးလင်းတော့
” ဒူ….. ဟူ …… ဟူ…..
ဒူ…… ဟူ ……. ဟူ……
” သူကြီးအိမ်ဆီက မောင်းထုနေတဲ့အသံမလား”
” ဟုတ်တယ်တော့ ဘာလုပ်မလို့လဲမသိဘူး”
“အေး အေး သွားကြည့်ကြမယ်”
နံနက် ရှစ်နာရီလောက်ရောက်တော့ ရွာလယ်သူကြီးအိမ်ရှေ့တွင် ရွာသားများအတော်ရောက်နေကြပြီ
လူတွေလည်း ဘာတွေများလဲလို့ တစ်ယောက်ကို
တစ်ယောက်အပြန်အလှန်မေးခွန်းထုတ်နေကြသည်
” အဟမ်း ကဲရွာသားတွေလည်း စုံပြီထင်ပါရဲ့”
” စုံပြီဆိုပြောကြရအောင် အခုဆို
လမုန်ချောင်းဆီက မနက်အာရုံဆို အော်အော်နေတဲ့ အသံကို ခများတို့တွေလည်း ကြားပြီးဖြစ်မှာပါ
ဒီအသံဟာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်အော်နေတာကြာပြီ
ကျုပ်တို့ဘိုးဘေးတုန်းက ဒီလိုအသံမျိုးတစ်ခါကြားဖူးတယ်တဲ့ အသံကြားပြီး
တစ်လအတွင်းမှာ ရွာကလူတွေ တနည်းမဟုတ်တနည်း ချောင်းထဲမှာသေကြရတယ်
ပြောရရင်တော့ ချောင်းစားတာပေါ့
ဒါကြောင့် ကိုယ့်အိမ်က ကလေးတွေကို
ချောင်းနားမသွားဖို့ အထူးသတိပေးပါရစေ
လူကြီးတွေလည်း မထီမဲ့ပြုပြီး ငါးဖမ်းတာတွေမလုပ်ဖို့ပါ”
သူကြီးကထိုသို့ပြောလိုက်တော့ လူတွေအားလုံးမှာ
လှုပ်လှုပ်ရွရွဖြစ်ကုန်ကြပြီး
“ဒါဆို ငါတို့ဘာနဲ့ သွားစားမှာလည်း”
” အေးလေ ဘာမဟုတ်တဲ့အသံနဲ့များ
ဒို့တွေအလုပ်ကို ပြုတ်ခံရမယ်တဲ့လား”
တစ်ယောက်တစ်ပေါက်နဲ့ ပြောဆိုနေကြသံက
ခြံ၀ိုင်းထဲ ဆူညံပွက်လောရိုက်နေကြသည်
” ကဲ အားလုံး တိတ်တိတ်လေးနေပေးပြီးရင်
မှာထားတာတွေကို လိုက်နာပေးပါ
မရောက်တဲ့ မသိတဲ့သူတွေကိုလည်း ပြောပြကြပါ
ဘယ်သူသိတယ် ဘယ်သူမသိဘူးဆိုပြီး
မပြောကြပါနဲ့”
ထိုစဥ် ရွာသားတွေက
“သူကြီးရယ် ကျုပ်တို့ရွာမှာက ဒီချောင်းကိုပဲ
အားကိုပြီး ရှာစားနေကြရတာလေ
ဒီချောင်းမှ မသွားရရင် ငတ်သေကြမှာပေါ့”
သူကြီး အောင်ဖေလှ မှာလည်း ရွာသားတွေ
ခေါင်းမှာမှန်းသိသည် သို့ပေမယ့်လည်း
အားလုံးကိုဘေးကင်းရအောင် သတိပေးရ၏
ဒါကို လက်ခံတဲ့ရွာသားတွေရှိသလို လက်မခံတဲ့ရွာသားတွေလည်းရှိသည်
” ကျုပ်က အားလုံးကိုသတိပေးတာပါ
ဒါကိုခများတို့က လက်မခံတော့
မတတ်နိုင်ဘူးဗျာ “
သူကြီးစကားဆုံးတော့ လူတွေမှာ ရူးရူးရှဲရှဲဖြစ်ကုန်ပြီး အိမ်၀ိုင်းထဲမှ အသီးသီးထွက်သွားကြသည်
သူကြီးမှာလည်း မုတ်ဆိတ်ကိုပွတ်သပ်ကာသာ
ကျန်နေခဲ့ရ၏
************
လဆုတ်ဆိုတော့ ချောင်းထဲမှာ ခါတိုင်းထက်ပိုမှောင်နေတာပေါ့ အကောင်ပလောင်မြည်သံမပြောနဲ့
တိတ်ဆိတ်မှုတွေနဲ့အတူ ငြိမ်ချက်သားကောင်းလှသည်
လရောင်ခပ်သဲ့သဲ့သာရှိသဖြင့် မပီ၀ိုးတ၀ါးအမှောင်ထုတွေက နေရောတိုင်း၌ဖုံးလွှမ်းလျက်
အဲ့သလိုတိတ်ဆိတ်မှုတွေက သိပ်မကြာပါ
ညသန်းခေါင်ရောက်တော့ ရွာထဲမှ လှေတွေမှာ
ချောင်းဆီသို့ တဒုတ်ဒုတ်မြည်သံပေးကာ
ထွက်လာကြသည်
လူတိုင်းကလောဘနဲ့ကင်းရိုးထုံးစံမှုမရှိသည်မှာ
အမှန်ပင် ယခုလည်း သူကြီးအတန်တန်တားတဲ့ကြားက ရွာသားတစ်ချို့လိုက်နာခြင်းမပြုပဲ လမုန်ချောင်းထဲမှာ ရောက်ရှိနေကြလေပြီ
” သာခင်ရေ ဘယ်လိုလဲကွ
အခြေအနေဟန်ရဲ့လား”
” မဆိုးဘူးကွ နှစ်ပိသာလောက်ရှိမယ်ထင်တယ်”
” ဘာတုန်း သာခင်ရ”
” ငါးပြီကြီးလေဗျာ ဒီနေ့အတွက်တော့ တွက်ချေ
ကိုက်ပြီဗျို့”
လှေတစ်စီးနဲ့တစ်စီး ပြောဆိုသံတွေက သန်းခေါင်ယံကြားထဲမှာ အတိုင်းသားထွက်ပေါ်နေတာပေါ့
ညနေနေရီတရောတုန်းကပင် မော်ရံပိုက်ကွန်တွေကို
လာချထားရာ ညသန်းခေါင် ဒီရေကျချိန်ဆို
လှေကိုယ်စီတွေနဲ့ ငါးတွေကောက်ကြခြင်းဖြစ်သည်
ဒီရေကျချိန်ဆိုတော့ ရေကသိပ်မနက်လှ
အလွန်ဆုံးနက် ခါးလောက်ပဲရှိ၏
ယခု သာခင်တို့မှာလည်း မော်ရံပိုက်ကွန်တွေ
လာဖော်ကြရာ ငါးကြီးငါးကောင်းတွေ အတော်
ပင်ရရှိလေသည်
” ဘယ့်နှယ်ကွာ ဘာမဟုတ်တာကို
ကြောက်ပြီး စီးပွားပျက်ခံနေကြတယ်
ခုကြည့် လူတွေသိပ်မလာတော့ ငါ့တို့
အတွက်အများကြီးရတာပေါ့”
မှိုရမျက်နှာတွေနဲ့ သာခင်တို့ အုပ်စုမှာ ရယ်လိုက်
အော်လိုက်လုပ်နေကြသည်
ဒီလိုနဲ့ မနက်အာရုံရောက်လာခဲ့ပြီပေါ့
အာရုံတတ်လာသည်နှင့်အမျှ နှင်းတွေကျလာကာ
ပတ်၀န်းကျင်တစ်ခုလုံး မြူတွေဆိုင်းလာတော့သည်
နာရီ၀က်ခန့်ကြာတော့ အနီးနားရှိလှေတွေကိုတောင်
သဲသဲကွဲကွဲ မမြင်ရတော့
သာခင်မှာ အလုပ်ကိစ္စကို မြန်မြန်လက်စသတ်ကာ
လှေပေါ်ကိုခုန်တတ်လိုက်သည်
” ကိုချမ်းသာ ပြန်ကြရအောင်ဗျာ”
သာခင်က ထိုသို့ပြောလိုက်ပေမယ့် ချမ်းသာဆီမှ
တစ်စုံတစ်ရာတုံ့ပြန်မှုထွက်မလာပေ
“ကိုချမ်းသာရေ ဗျို့ကိုချမ်းသာ
ပြန်ကြရအောင်လေ”
ဒုတိယတစ်ကြိမ်ပြောလိုက်တော့ ချမ်းသာလှေဘက်ဆီမှ
” အေး အေး ပြန်ကြမယ်
ငါ့ကိုခနစောင့်အုံး “
ဆိုတဲ့ အသံသြသြကြီးက ထွက်လာသည်
သာခင်မှာ ရုတ်တရက်လန့်သွားပြီး
” ကိုချမ်းသာ ခများအသံအမျိုးမျိုးလုပ်ပြီး
ကျုပ်ကို ခြောက်နေတာလား
ကျုပ်မကြောက်တတ်ပါဘူးဗျာ”
သာခင်အဲ့လိုပြောလိုက်ရာ ချမ်းသာလှေဆီမှ
တဒုတ်ဒုတ်ခုန်မြည်သံကို ထပ်မံကြားလိုက်ရ၏
ပြီးနောက် လှေဆီသို့ လှိုင်းတံပိုးလေးများ အဆက်မပြတ်ထွက်လာတော့ သာခင်မှာ
ချမ်းသာတစ်ခုခုဖြစ်ပြီအထင်နဲ့ လှေနားကို ကပ်သွားလိုက်သည်
လှေနားကိုရောက်တော့ လှေဆီမှာ ချမ်းသာအား
မတွေ့တော့ပေ လှေတစ်ခုလုံးမှာလည်း
ရွံ့တွေအလိမ်းလိမ်းပေကျံနေသည် လှေ၀မ်းဗိုက်မှာ
တဆတ်ဆတ်ခုန်နေတဲ့ ငါးရံ့နှစ်ကောင်
” ဟင် ကိုချမ်းသာ
ကိုချမ်းသာ “
သာခင်ထပ်ခေါ်ပေမယ့် ချမ်းသာကိုအစအနပင်မတွေ့တော့ပါ
လာတုန်းက တူတူပါလာတဲ့ တခြားလှေတွေမှာလည်း တစီးမှမရှိတော့ တိတ်ဆိတ်တဲ့ ချောင်းအလယ်မှာ သာခင်လှေရယ် ချမ်းသာရဲ့ လူမရှိတဲ့
လှေပဲရှိတော့သည်
သာခင်တစ်ယောက် ပြန်တွေးကြည့်တော့ သတ္တိရှိပါတယ်ဆိုတဲ့ မျက်နှာမှာဇီးရွက်လောက်သာရှိတော့၏
စိတ်ထဲမှာလည်း
” ဒါ ဒါဆို ခုနက
ပြန်ပြောတာ ကိုချမ်းသာမဟုတ်ဘူးပေါ့”
သာခင် ဆက်မတွေးရဲတော့ဘဲ ထိုနေရာမှ
လက်ကုန်လှော်ကာ ရွာဘက်ဆီကို တဟုန်ထိုး
သွားတော့သည်
နာရီ၀က်အထိကြာပေမယ့် ရွာဆီကိုရောက်မလာပေ သာခင်တဖြည်းဖြည်းမောလာပေမယ့်
ရောက်လိုရောက်ငြား မရပ်တန့်ဘဲ လှော်ခတ်နေဆဲ
သို့ပေမယ့် လှော်လေ​ေ၀းလေ ဆိုသလိုမျိုး
ရွာဘက်ဆီကို မရောက်တော့
သာခင်မောမောဖြင့် ချောင်းရဲ့ ပတ်၀န်းကျင်ကို
တစ်ချက်ကြည့်လိုက်ရာ ခေါင်းမွေးတွေထောင်ကာ
အသည်းတွေဗြောင်းဆန်သွားသလိုပင်
ဘာလို့လဲဆိုတော့ သူလှော်ခတ်နေသည်မှာ
အစောတုန်းက မော်ရံပိုက်ကွန်ချခဲ့သည့်နေရာမှာပဲ
လည်နေခြင်းကြောင့်ပင်
” ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ
မြတ်စွာဘုရား
ငါတော့
ဒုက္ခရောက်ပြီထင်တယ်
သူကြီးစကားကို မယုံတာ
အခုသူပြောသလိုဖြစ်ပြီလား”
အချမ်းဓာတ်က လွန်ကဲလာသည်နဲ့အမျှ
မြူတွေမှာ ပိုပိုဆိုင်းလာလေသည်
ပတ်၀န်းကျင်တစ်ခုလုံးမဆိုနှင့် မိမိလှေဦးပိုင်းကိုပင်
သေချာမမြင်ရတော့ပေ
ခနကြာတော့ သူ့လှေနားကို တစ်စုံတစ်ခုမျောပါလာနေသည်ကို တွေ့လိုက်ရသည်
သာခင်မှာ ကြောက်တဲ့စိတ်တွေကြောင့် လက်တွေတုန်ရီနေတာပေါ့ မျောပါလာတဲ့အရာက တဖြည်းဖြည်းသူ့လှေနားကိုရောက်လာသည်
သာခင် ငုံကြည့်လိုက်ရာ
“အမယ်လေး ဗုဒ္ဓမြတ်စွာ
ဘာ…… ဘာကြီးလဲ “
တခြားမဟုတ် တစ်ကိုယ်လုံးဖောရောင်နေပြီး
မျက်လုံးကြီးပြူးနေတဲ့ ချမ်းသာအလောင်းကောင်ကြီးပင်
ယင်းအလောင်းကောင်မှာ တစ်ခြားသို့မရွေ့တော့ဘဲ
လှေမှာကပ်နေသလိုမျိုးဖြစ်တော့
သာခင်လည်း ​ကြောက်အားနဲ့ အားကုန်အော်ချလိုက်သည်
အားးးးးးးးး
သူ့အော်သံက ချောင်းအလယ်တစ်ခွင်မှာ
ဆူညံသွား၏
သာခင်အော်သံဆုံးတော့ သူ့လှေနဲ့မနီးမ​ေ၀းဆီက
သူတို့ရွာသား ကြားနေရတဲ့ မိန်းမအော်သံကြီးက
ထွက်လာပြန်သည်
သာခင်မှာ စိတ်ကို ဒုန်းဒုန်းချကာ ကြိတ်ထားသည့်အံကို လျော့ချလိုက်၏
မျက်လုံးကတဖြည်းဖြည်းပြာ​ေ၀လာတော့
မှုန်ရံနေသည့်သူ့အမြင်ကြားမှ သူ့ရဲ့လှေဆီအား
တရွေ့ရွေ့လာနေတဲ့ မိန်းမတစ်ယောက်အား
မြင်လိုက်ရသည်
ထိုမိန်းမ အနားရောက်ခါနီးလေ ညှီနံ့တွေက
ပိုနံလာ၏ သာခင်လည်း အားယူပြီး
ကြည့်လိုက်ရာ ဆံပင်က ခြေထောက်ထိရောက်နေပြီး မျက်လုံးတစ်လုံးပဲပါတဲ့ ယင်းသတ္တ၀ါကြီးအား
တွေ့လိုက်ရသည်
ထိုမိန်းမလှေပေါ်ကို တတ်လာပြီး မေ့မျော့လုနီးပါးဖြစ်နေတဲ့သာခင်ကို တစူးတစိုက်ကြည့်ကာ
ခြေထောက်ကနေမပြီး ချောင်းထဲသို့ ၀ုန်းခနဲမြည်အောင်ပစ်ချလိုက်တော့သည်
***************
နှစ်တွေလတွေကြာတော့ ထန်းတန်ရွာမှာ
လူနေအိမ်တွေ သိပ်မရှိတော့ပေ သုံးလေးအိမ်သာ
ကျန်တော့တာပေါ့ အရင်က တသွင်သွင်းစီးဆင်းနေတဲ့ လမုန်ချောင်းမှာလည်း သာခင်တို့ ကိစ္စပြီးကတည်းက ​တောထူကာ ချောင်းကြီးမှာ
မြောင်းလေးအရွယ်သာသာပဲ ရှိတော့၏
လကွယ်ည အာရုံတတ်ချိန်ရောက်တိုင်း လမုန်ချောင်းဆီမှ ပရလောကသားတို့ရဲ့ အော်သံမျိုးစုံကို
အတိုင်းသားကြားနေရသည်
သာယာတဲ့ရွာလေးနဲ့ လမုန်ချောင်းက ယခုဆို
အေးစက်ခြောက်ကပ်နေတဲ့ စွန့်ပစ်နယ်မြေတစ်ခုပဲပေါ့
Zawgyi Version

** လူစားတဲ့ေခ်ာင္း** (စ / ဆုံး)
————————–
ေန႔တာတိုၿပီးညတာရွည္တဲ့
ဒီလိုေဆာင္းရာသီေတြဆိုရင္
ထန္းတန္႐ြာေလးက ေအးခ်မ္းမႈနဲ႔အတူ
တိတ္ဆိတ္မႈေတြနဲ႔ေပါ့
ေတာင္ေအာက္တစ္ေလွ်ာက္ကိုအမွီျပဳၿပီး
႐ြာတည္ထားတာမို႔ ႐ြာမွာက်ယ္သည္မဟုတ္ဘဲ
ဟိုတစသည္တစနဲ႔
တစ္အိမ္နဲ႔တစ္အိမ္က
တစ္ေခၚစာေလာက္ထိ ေဆာက္ၿပီးေနထိုင္ၾကတာ
႐ြာေအာက္က တသြင္သြင္စီးဆင္းေနတဲ့
လမုန္ေခ်ာင္းေလးက ယခုလိုရာသီမ်ိဳးေရာက္လွ်င္ ႐ြာသားေတြအတြက္ အက်ိဳးျပဳတဲ့
ေခ်ာင္းတစ္စင္းဆိုလည္းမမွားပါဘူး
တစ္ျခားရာသီေတြဆို ငါးေတြသိပ္မေပါလွေပမယ့္
ေဆာင္းရာသီေရာက္ၿပီဆို ငါးၿပီေတြ ငါးသေလာက္ေတြ မွ်င္ပုစြန္ေလးေတြအေတာ္ေပါသည္
႐ြာသားတိုင္းက ေခ်ာင္းထဲဖမ္းရသမွ် ငါးေတြကို
တစ္ျခား႐ြာဆီကို လက္လီလက္ကားေရာင္း၀ယ္
ေဖာက္ကားၾကတာေပါ့ ေရာင္းမကုန္တဲ့ငါးေတြဆို
ရာသီ ငါးပိေတြလုပ္ၾကသည္
ဒါေၾကာင့္ထန္းတန္႐ြာသားေတြက လက္ထဲေငြမျပတ္ေပ ေငြ႐ႊင္သလို အေလာင္းကစားေတြလည္းေပါသည္
ေၾကးကိုယ္စီထည့္ၿပီးလုပ္တဲ့ ၾကက္ပြဲတို႔ ဂ်င္ပြဲတို႔
႐ြာထဲ၌ျပတ္သည္မရွိ
ခင္ေမတစ္ေယာက္ မနက္အာ႐ုံ လင္းၾကက္တြန္ကတည္းက အလွည့္ဆြမ္းထခ်က္ေနသည္
အိမ္က ေခ်ာင္းနဲ႔မနီးမ​ေ၀းဆိုေတာ့ တစ္ခါတစ္ခါ ေခ်ာင္းဆီမွ ငါးပြက္သံေတြကိုအတိုင္းသားၾကရ၏
အိပ္ခန္းထဲ ၾကည့္လိုက္ေတာ့ တေခါေခါနဲ႔အိပ္ေမာၾကေနတဲ့ ပီစိနဲ႔ ဖိုးလုံးတို႔
” ဟဲ့ ဟိုႏွစ္ေယာက္ ထေတာ့ေလ
ငါးစင္းဖို႔ ႏႈိးထားတာခုထိမထၾကေသးဘူး
ဟဲ့ ဖိုးလုံး ”
ခင္ေမက အဲ့လိုေအာ္ေခၚေတာ့မွ ဖိုးလုံးတို႔ညီအစ္ကိုႏွစ္ေယာက္မွာ အိပ္မႈန္စုံမႊားနဲ႔ကပ်ာကယာထကာ မ်က္ႏွာသစ္ရန္
အိမ္ေနာက္ေဖးဆီကိုထြက္လာခဲ့သည္
ထိုစဥ္ သူတို႔အိမ္နဲ႔မနီးမ​ေ၀း လမုန္ေခ်ာင္းဆီမွ
“ဝါး…………………
ဆိုတဲ့ မပီမသ မိန္းမတစ္ေယာက္အသံကို
တိတ္ဆိတ္တဲ့ အေမွာင္ထုကိုခြင္း၍အတိုင္းသားၾကားလိုက္ရသည္
” ပီစိၾကားလိုက္လား”
” ေအး ၾကားတယ္ကြ
ဒီလိုအသံၾကားတာ သုံးေလးခါရွိၿပီ”
” ေအးဟုတ္တယ္
ဘာေအာ္တာလဲမသိဘူး”
ႏွစ္ေယာက္သား တိုးတိုးနဲ႔ေျပာေနၾကေတာ့
ခင္ေမမွာ ထရံကိုတံျမက္စည္းနဲ႔
တဖုန္းဖုန္းထုကာ
” ငါႏွယ္ အာ႐ုံဆြမ္းမမွီဘဲေနေတာ့မယ္
ဟိုႏွစ္ေကာင္ တုတ္စာမိခ်င္ၿပီလား”
ဆယ္ႏွစ္၀န္းက်င္ပဲရွိေသးတဲ့ ပီစိနဲ႔ဖိုးလုံးတို႔မွာ
သူ႔အေမေဟာက္လိုက္ေတာ့မွ ခပ္ျမန္ျမန္မ်က္ႏွာသစ္ကာ ငါးစင္းဖို႔လုပ္ၾကေတာ့တာေပါ့
*************
ေနာက္တစ္ေန႔မိုးလင္းေတာ့
” ဒူ….. ဟူ …… ဟူ…..
ဒူ…… ဟူ ……. ဟူ……
” သူႀကီးအိမ္ဆီက ေမာင္းထုေနတဲ့အသံမလား”
” ဟုတ္တယ္ေတာ့ ဘာလုပ္မလို႔လဲမသိဘူး”
“ေအး ေအး သြားၾကည့္ၾကမယ္”
နံနက္ ရွစ္နာရီေလာက္ေရာက္ေတာ့ ႐ြာလယ္သူႀကီးအိမ္ေရွ႕တြင္ ႐ြာသားမ်ားအေတာ္ေရာက္ေနၾကၿပီ
လူေတြလည္း ဘာေတြမ်ားလဲလို႔ တစ္ေယာက္ကို
တစ္ေယာက္အျပန္အလွန္ေမးခြန္းထုတ္ေနၾကသည္
” အဟမ္း ကဲ႐ြာသားေတြလည္း စုံၿပီထင္ပါရဲ႕”
” စုံၿပီဆိုေျပာၾကရေအာင္ အခုဆို
လမုန္ေခ်ာင္းဆီက မနက္အာ႐ုံဆို ေအာ္ေအာ္ေနတဲ့ အသံကို ခမ်ားတို႔ေတြလည္း ၾကားၿပီးျဖစ္မွာပါ
ဒီအသံဟာ တစ္ခါလည္းမဟုတ္ ႏွစ္ခါလည္းမဟုတ္ေအာ္ေနတာၾကာၿပီ
က်ဳပ္တို႔ဘိုးေဘးတုန္းက ဒီလိုအသံမ်ိဳးတစ္ခါၾကားဖူးတယ္တဲ့ အသံၾကားၿပီး
တစ္လအတြင္းမွာ ႐ြာကလူေတြ တနည္းမဟုတ္တနည္း ေခ်ာင္းထဲမွာေသၾကရတယ္
ေျပာရရင္ေတာ့ ေခ်ာင္းစားတာေပါ့
ဒါေၾကာင့္ ကိုယ့္အိမ္က ကေလးေတြကို
ေခ်ာင္းနားမသြားဖို႔ အထူးသတိေပးပါရေစ
လူႀကီးေတြလည္း မထီမဲ့ျပဳၿပီး ငါးဖမ္းတာေတြမလုပ္ဖို႔ပါ”
သူႀကီးကထိုသို႔ေျပာလိုက္ေတာ့ လူေတြအားလုံးမွာ
လႈပ္လႈပ္႐ြ႐ြျဖစ္ကုန္ၾကၿပီး
“ဒါဆို ငါတို႔ဘာနဲ႔ သြားစားမွာလည္း”
” ေအးေလ ဘာမဟုတ္တဲ့အသံနဲ႔မ်ား
ဒို႔ေတြအလုပ္ကို ျပဳတ္ခံရမယ္တဲ့လား”
တစ္ေယာက္တစ္ေပါက္နဲ႔ ေျပာဆိုေနၾကသံက
ၿခံ၀ိုင္းထဲ ဆူညံပြက္ေလာ႐ိုက္ေနၾကသည္
” ကဲ အားလုံး တိတ္တိတ္ေလးေနေပးၿပီးရင္
မွာထားတာေတြကို လိုက္နာေပးပါ
မေရာက္တဲ့ မသိတဲ့သူေတြကိုလည္း ေျပာျပၾကပါ
ဘယ္သူသိတယ္ ဘယ္သူမသိဘူးဆိုၿပီး
မေျပာၾကပါနဲ႔”
ထိုစဥ္ ႐ြာသားေတြက
“သူႀကီးရယ္ က်ဳပ္တို႔႐ြာမွာက ဒီေခ်ာင္းကိုပဲ
အားကိုၿပီး ရွာစားေနၾကရတာေလ
ဒီေခ်ာင္းမွ မသြားရရင္ ငတ္ေသၾကမွာေပါ့”
သူႀကီး ေအာင္ေဖလွ မွာလည္း ႐ြာသားေတြ
ေခါင္းမွာမွန္းသိသည္ သို႔ေပမယ့္လည္း
အားလုံးကိုေဘးကင္းရေအာင္ သတိေပးရ၏
ဒါကို လက္ခံတဲ့႐ြာသားေတြရွိသလို လက္မခံတဲ့႐ြာသားေတြလည္းရွိသည္
” က်ဳပ္က အားလုံးကိုသတိေပးတာပါ
ဒါကိုခမ်ားတို႔က လက္မခံေတာ့
မတတ္ႏိုင္ဘူးဗ်ာ ”
သူႀကီးစကားဆုံးေတာ့ လူေတြမွာ ႐ူး႐ူးရွဲရွဲျဖစ္ကုန္ၿပီး အိမ္၀ိုင္းထဲမွ အသီးသီးထြက္သြားၾကသည္
သူႀကီးမွာလည္း မုတ္ဆိတ္ကိုပြတ္သပ္ကာသာ
က်န္ေနခဲ့ရ၏
************
လဆုတ္ဆိုေတာ့ ေခ်ာင္းထဲမွာ ခါတိုင္းထက္ပိုေမွာင္ေနတာေပါ့ အေကာင္ပေလာင္ျမည္သံမေျပာနဲ႔
တိတ္ဆိတ္မႈေတြနဲ႔အတူ ၿငိမ္ခ်က္သားေကာင္းလွသည္
လေရာင္ခပ္သဲ့သဲ့သာရွိသျဖင့္ မပီ၀ိုးတ၀ါးအေမွာင္ထုေတြက ေနေရာတိုင္း၌ဖုံးလႊမ္းလ်က္
အဲ့သလိုတိတ္ဆိတ္မႈေတြက သိပ္မၾကာပါ
ညသန္းေခါင္ေရာက္ေတာ့ ႐ြာထဲမွ ေလွေတြမွာ
ေခ်ာင္းဆီသို႔ တဒုတ္ဒုတ္ျမည္သံေပးကာ
ထြက္လာၾကသည္
လူတိုင္းကေလာဘနဲ႔ကင္း႐ိုးထုံးစံမႈမရွိသည္မွာ
အမွန္ပင္ ယခုလည္း သူႀကီးအတန္တန္တားတဲ့ၾကားက ႐ြာသားတစ္ခ်ိဳ႕လိုက္နာျခင္းမျပဳပဲ လမုန္ေခ်ာင္းထဲမွာ ေရာက္ရွိေနၾကေလၿပီ
” သာခင္ေရ ဘယ္လိုလဲကြ
အေျခအေနဟန္ရဲ႕လား”
” မဆိုးဘူးကြ ႏွစ္ပိသာေလာက္ရွိမယ္ထင္တယ္”
” ဘာတုန္း သာခင္ရ”
” ငါးၿပီႀကီးေလဗ်ာ ဒီေန႔အတြက္ေတာ့ တြက္ေခ်
ကိုက္ၿပီဗ်ိဳ႕”
ေလွတစ္စီးနဲ႔တစ္စီး ေျပာဆိုသံေတြက သန္းေခါင္ယံၾကားထဲမွာ အတိုင္းသားထြက္ေပၚေနတာေပါ့
ညေနေနရီတေရာတုန္းကပင္ ေမာ္ရံပိုက္ကြန္ေတြကို
လာခ်ထားရာ ညသန္းေခါင္ ဒီေရက်ခ်ိန္ဆို
ေလွကိုယ္စီေတြနဲ႔ ငါးေတြေကာက္ၾကျခင္းျဖစ္သည္
ဒီေရက်ခ်ိန္ဆိုေတာ့ ေရကသိပ္မနက္လွ
အလြန္ဆုံးနက္ ခါးေလာက္ပဲရွိ၏
ယခု သာခင္တို႔မွာလည္း ေမာ္ရံပိုက္ကြန္ေတြ
လာေဖာ္ၾကရာ ငါးႀကီးငါးေကာင္းေတြ အေတာ္
ပင္ရရွိေလသည္
” ဘယ့္ႏွယ္ကြာ ဘာမဟုတ္တာကို
ေၾကာက္ၿပီး စီးပြားပ်က္ခံေနၾကတယ္
ခုၾကည့္ လူေတြသိပ္မလာေတာ့ ငါ့တို႔
အတြက္အမ်ားႀကီးရတာေပါ့”
မႈိရမ်က္ႏွာေတြနဲ႔ သာခင္တို႔ အုပ္စုမွာ ရယ္လိုက္
ေအာ္လိုက္လုပ္ေနၾကသည္
ဒီလိုနဲ႔ မနက္အာ႐ုံေရာက္လာခဲ့ၿပီေပါ့
အာ႐ုံတတ္လာသည္ႏွင့္အမွ် ႏွင္းေတြက်လာကာ
ပတ္၀န္းက်င္တစ္ခုလုံး ျမဴေတြဆိုင္းလာေတာ့သည္
နာရီ၀က္ခန္႔ၾကာေတာ့ အနီးနားရွိေလွေတြကိုေတာင္
သဲသဲကြဲကြဲ မျမင္ရေတာ့
သာခင္မွာ အလုပ္ကိစၥကို ျမန္ျမန္လက္စသတ္ကာ
ေလွေပၚကိုခုန္တတ္လိုက္သည္
” ကိုခ်မ္းသာ ျပန္ၾကရေအာင္ဗ်ာ”
သာခင္က ထိုသို႔ေျပာလိုက္ေပမယ့္ ခ်မ္းသာဆီမွ
တစ္စုံတစ္ရာတုံ႔ျပန္မႈထြက္မလာေပ
“ကိုခ်မ္းသာေရ ဗ်ိဳ႕ကိုခ်မ္းသာ
ျပန္ၾကရေအာင္ေလ”
ဒုတိယတစ္ႀကိမ္ေျပာလိုက္ေတာ့ ခ်မ္းသာေလွဘက္ဆီမွ
” ေအး ေအး ျပန္ၾကမယ္
ငါ့ကိုခနေစာင့္အုံး ”
ဆိုတဲ့ အသံၾသၾသႀကီးက ထြက္လာသည္
သာခင္မွာ ႐ုတ္တရက္လန္႔သြားၿပီး
” ကိုခ်မ္းသာ ခမ်ားအသံအမ်ိဳးမ်ိဳးလုပ္ၿပီး
က်ဳပ္ကို ေျခာက္ေနတာလား
က်ဳပ္မေၾကာက္တတ္ပါဘူးဗ်ာ”
သာခင္အဲ့လိုေျပာလိုက္ရာ ခ်မ္းသာေလွဆီမွ
တဒုတ္ဒုတ္ခုန္ျမည္သံကို ထပ္မံၾကားလိုက္ရ၏
ၿပီးေနာက္ ေလွဆီသို႔ လႈိင္းတံပိုးေလးမ်ား အဆက္မျပတ္ထြက္လာေတာ့ သာခင္မွာ
ခ်မ္းသာတစ္ခုခုျဖစ္ၿပီအထင္နဲ႔ ေလွနားကို ကပ္သြားလိုက္သည္
ေလွနားကိုေရာက္ေတာ့ ေလွဆီမွာ ခ်မ္းသာအား
မေတြ႕ေတာ့ေပ ေလွတစ္ခုလုံးမွာလည္း
႐ြံ႕ေတြအလိမ္းလိမ္းေပက်ံေနသည္ ေလွ၀မ္းဗိုက္မွာ
တဆတ္ဆတ္ခုန္ေနတဲ့ ငါးရံ႕ႏွစ္ေကာင္
” ဟင္ ကိုခ်မ္းသာ
ကိုခ်မ္းသာ ”
သာခင္ထပ္ေခၚေပမယ့္ ခ်မ္းသာကိုအစအနပင္မေတြ႕ေတာ့ပါ
လာတုန္းက တူတူပါလာတဲ့ တျခားေလွေတြမွာလည္း တစီးမွမရွိေတာ့ တိတ္ဆိတ္တဲ့ ေခ်ာင္းအလယ္မွာ သာခင္ေလွရယ္ ခ်မ္းသာရဲ႕ လူမရွိတဲ့
ေလွပဲရွိေတာ့သည္
သာခင္တစ္ေယာက္ ျပန္ေတြးၾကည့္ေတာ့ သတၱိရွိပါတယ္ဆိုတဲ့ မ်က္ႏွာမွာဇီး႐ြက္ေလာက္သာရွိေတာ့၏
စိတ္ထဲမွာလည္း
” ဒါ ဒါဆို ခုနက
ျပန္ေျပာတာ ကိုခ်မ္းသာမဟုတ္ဘူးေပါ့”
သာခင္ ဆက္မေတြးရဲေတာ့ဘဲ ထိုေနရာမွ
လက္ကုန္ေလွာ္ကာ ႐ြာဘက္ဆီကို တဟုန္ထိုး
သြားေတာ့သည္
နာရီ၀က္အထိၾကာေပမယ့္ ႐ြာဆီကိုေရာက္မလာေပ သာခင္တျဖည္းျဖည္းေမာလာေပမယ့္
ေရာက္လိုေရာက္ျငား မရပ္တန္႔ဘဲ ေလွာ္ခတ္ေနဆဲ
သို႔ေပမယ့္ ေလွာ္ေလ​ေ၀းေလ ဆိုသလိုမ်ိဳး
႐ြာဘက္ဆီကို မေရာက္ေတာ့
သာခင္ေမာေမာျဖင့္ ေခ်ာင္းရဲ႕ ပတ္၀န္းက်င္ကို
တစ္ခ်က္ၾကည့္လိုက္ရာ ေခါင္းေမြးေတြေထာင္ကာ
အသည္းေတြေျဗာင္းဆန္သြားသလိုပင္
ဘာလို႔လဲဆိုေတာ့ သူေလွာ္ခတ္ေနသည္မွာ
အေစာတုန္းက ေမာ္ရံပိုက္ကြန္ခ်ခဲ့သည့္ေနရာမွာပဲ
လည္ေနျခင္းေၾကာင့္ပင္
” ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ
ျမတ္စြာဘုရား
ငါေတာ့
ဒုကၡေရာက္ၿပီထင္တယ္
သူႀကီးစကားကို မယုံတာ
အခုသူေျပာသလိုျဖစ္ၿပီလား”
အခ်မ္းဓာတ္က လြန္ကဲလာသည္နဲ႔အမွ်
ျမဴေတြမွာ ပိုပိုဆိုင္းလာေလသည္
ပတ္၀န္းက်င္တစ္ခုလုံးမဆိုႏွင့္ မိမိေလွဦးပိုင္းကိုပင္
ေသခ်ာမျမင္ရေတာ့ေပ
ခနၾကာေတာ့ သူ႔ေလွနားကို တစ္စုံတစ္ခုေမ်ာပါလာေနသည္ကို ေတြ႕လိုက္ရသည္
သာခင္မွာ ေၾကာက္တဲ့စိတ္ေတြေၾကာင့္ လက္ေတြတုန္ရီေနတာေပါ့ ေမ်ာပါလာတဲ့အရာက တျဖည္းျဖည္းသူ႔ေလွနားကိုေရာက္လာသည္
သာခင္ ငုံၾကည့္လိုက္ရာ
“အမယ္ေလး ဗုဒၶျမတ္စြာ
ဘာ…… ဘာႀကီးလဲ ”
တျခားမဟုတ္ တစ္ကိုယ္လုံးေဖာေရာင္ေနၿပီး
မ်က္လုံးႀကီးျပဴးေနတဲ့ ခ်မ္းသာအေလာင္းေကာင္ႀကီးပင္
ယင္းအေလာင္းေကာင္မွာ တစ္ျခားသို႔မေ႐ြ႕ေတာ့ဘဲ
ေလွမွာကပ္ေနသလိုမ်ိဳးျဖစ္ေတာ့
သာခင္လည္း ​ေၾကာက္အားနဲ႔ အားကုန္ေအာ္ခ်လိုက္သည္
အားးးးးးးးး
သူ႔ေအာ္သံက ေခ်ာင္းအလယ္တစ္ခြင္မွာ
ဆူညံသြား၏
သာခင္ေအာ္သံဆုံးေတာ့ သူ႔ေလွနဲ႔မနီးမ​ေ၀းဆီက
သူတို႔႐ြာသား ၾကားေနရတဲ့ မိန္းမေအာ္သံႀကီးက
ထြက္လာျပန္သည္
သာခင္မွာ စိတ္ကို ဒုန္းဒုန္းခ်ကာ ႀကိတ္ထားသည့္အံကို ေလ်ာ့ခ်လိုက္၏
မ်က္လုံးကတျဖည္းျဖည္းျပာ​ေ၀လာေတာ့
မႈန္ရံေနသည့္သူ႔အျမင္ၾကားမွ သူ႔ရဲ႕ေလွဆီအား
တေ႐ြ႕ေ႐ြ႕လာေနတဲ့ မိန္းမတစ္ေယာက္အား
ျမင္လိုက္ရသည္
ထိုမိန္းမ အနားေရာက္ခါနီးေလ ညႇီနံ႔ေတြက
ပိုနံလာ၏ သာခင္လည္း အားယူၿပီး
ၾကည့္လိုက္ရာ ဆံပင္က ေျခေထာက္ထိေရာက္ေနၿပီး မ်က္လုံးတစ္လုံးပဲပါတဲ့ ယင္းသတၱ၀ါႀကီးအား
ေတြ႕လိုက္ရသည္
ထိုမိန္းမေလွေပၚကို တတ္လာၿပီး ေမ့ေမ်ာ့လုနီးပါးျဖစ္ေနတဲ့သာခင္ကို တစူးတစိုက္ၾကည့္ကာ
ေျခေထာက္ကေနမၿပီး ေခ်ာင္းထဲသို႔ ၀ုန္းခနဲျမည္ေအာင္ပစ္ခ်လိုက္ေတာ့သည္
***************
ႏွစ္ေတြလေတြၾကာေတာ့ ထန္းတန္႐ြာမွာ
လူေနအိမ္ေတြ သိပ္မရွိေတာ့ေပ သုံးေလးအိမ္သာ
က်န္ေတာ့တာေပါ့ အရင္က တသြင္သြင္းစီးဆင္းေနတဲ့ လမုန္ေခ်ာင္းမွာလည္း သာခင္တို႔ ကိစၥၿပီးကတည္းက ​ေတာထူကာ ေခ်ာင္းႀကီးမွာ
ေျမာင္းေလးအ႐ြယ္သာသာပဲ ရွိေတာ့၏
လကြယ္ည အာ႐ုံတတ္ခ်ိန္ေရာက္တိုင္း လမုန္ေခ်ာင္းဆီမွ ပရေလာကသားတို႔ရဲ႕ ေအာ္သံမ်ိဳးစုံကို
အတိုင္းသားၾကားေနရသည္
သာယာတဲ့႐ြာေလးနဲ႔ လမုန္ေခ်ာင္းက ယခုဆို
ေအးစက္ေျခာက္ကပ္ေနတဲ့ စြန္႔ပစ္နယ္ေျမတစ္ခုပဲေပါ့