လမ်းကြုံလိုက်တဲ့သေမင်း (စ-ဆုံး)

Posted on

Unicode Version

လမ်းကြုံလိုက်တဲ့သေမင်း (စ-ဆုံး)
ဖြစ်ရပ်မှန်ပါ
စာဖတ်သူများမကြာခဏလာတောင်းဆိုနေသူများအတွက်ပါစာမဖတ်ပဲwallထဲမျက်စိလည်ရောက်နေသူများလည်းမကြိုက်ပါကကျော်သွားပါ

အမေ့အတွက်အလူလုပ်တဲ့ရက်မှာအိမ်လာရင်းဦးလေးကျောင်းဆရာကစာရေးသူအား

””ငါ့တူမရေငါ့တူမကဂမ္ဘီရဖြစ်ရပ်မှန်တွေအပျင်းပြေရေးနေတာဦးလေးတွေ့ရတယ်ငါ့တူမကိုအားပေးတဲ့အနေနဲ့ဦးလေးကိုယ်တွေ့ဖြစ်ရပ်မှန်ကလေးတွေကိုပြောပြချင်ပါတယ်—-ငါတူမဆီမှာဖတ်နေတဲ့စာဖတ်သူတွေလည်းဗဟုသုတရတာပေါ့””’

ဦးလေးကပြောပြတဲ့အကြောင်းအရာတွေအကုန်လုံးကစိတ်ဝင်စားစရာအတော်ကောင်းပါတယ်

ဦးလေးကကျောင်းဆရာဆိုတော့စီကာပတ်ကုံးပြောပြလိုက်တာညနေစောင်းမှပြန်သွား၏

ထိုဦးလေးပြောပြသည်ထဲကအတိုဆုံးအကြောင်းအရာလေးကိုတင်ပေးလိုက်ပါသည်။

wallထဲကစာဖတ်သူတွေကလူဘယ်လောက်တိုးတိုးစာဖတ်သူတိုးမလာတဲ့အတွက်အခြားအကြောင်းအရာများအား
မဂ္ဂဇင်းတိုက်ပို့ရန်စီစဉ်ထားပါသည်။

//////////////////////?/////////////

ဦးကြည်စိုးသည်ကျောင်းဆရာတစ်ဦးဖြစ်ကာစာအသင်အပြအလွန်ကောင်း၏

စေတနာကောင်းကာစည်းကမ်းကြီး၍သူ့အတန်းကကျောင်းသားအများစုသည်ထူးချွန်ကြသည်။

လူချစ်လူခင်ပေါများလှ၏တစ်ရက်တွင်ဆရာဆရာမများအတွက်အထူးမွန်းမံသင်တန်းတစ်ခုတက်ရ၏

ထိုသင်တန်းတွင်အနယ်နယ်အရပ်ရပ်မှကျောင်းဆရာဆရာမများလည်းတက်ရောက်ကြ၏

သဘောကောင်းသောဦးကြည်စိုးနှင့်အနယ်နယ်အရပ်ရပ်ကဆရာဆရာမများခဏအတွင်းခင်မင်သွားကြ၏

ဦးကြည်စိုးကသူနှင့်ခင်မင်သည့်ဆရာဆရာမများနေသော၏မြို့များ၏ဒေသန္တရပတ်ဝန်းကျင်အခြေအနေများအားလေ့လာ၍ဗဟုသုတအနေဖြင့်မေးတတ်၏

ထိုအထဲမှခရမ်းသုံးခွဘက်ကလာတက်သောဆရာတစ်ယောက်နှင့်စကားလက်ဆုံကြရင်းသူတို့အရပ်ကအဖြစ်အပျက်တစ်ခုအားပြောပြ၏

ထိုကျောင်းဆရာတွင်မောင်တင်ဟုခေါ်သောမိတ်ဆွေတစ်ယောက်ရှိ၏

ထိုလူသည်အစအနောက်အလွန်သန်ကာမျက်နှာအလွန်ပြောင်၏

တစ်ရက်တွင်သန်လျှင်မြို့သို့ဆိုင်ကယ်ဖြင့်သွားရင်ညနေလောက်မှခရမ်းသုံးခွလမ်းအတိုင်းဆိုင်ကယ်စီးကာပြန်လာ၏

အချိန်ကာလကလည်းညနေစောင်းနေကျချိန်ဆိုတော့သာသာယာယာရှိ၏

ခရမ်းသုံးခွလမ်းကလူပြတ်သည့်နေရာအရောက်တွင်အမျိူ းသမီးတစ်ယောက်ကသူ့ဆိုင်ကယ်အားလှမ်းတားလိုက်၏

သူလည်းဆိုင်ကပ်ရပ်ကာအမျိူ းသမီးအားကြည့်လိုက်ရာအလွန်တစ်ရာချောမောလှပသည်ကိုတွေ့ရ၏

သူ့ဘဝတွင်ဒီလောက်လှသည့်အမျိူ းသမီးတစ်ခါမှမမြင်ဘူးပေသူ့ရင်တွေတောင်အတော်ခုန်သွား၏

”’ညီမဘယ်သွားမှာလဲ””

”’ကျွန်မမြို့ကိုလမ်းကြုံလိုက်ချင်လို့””

ထိုအမျိူ းသမီး၏အသံသည်ဆွဲငင်အားတစ်ခုခုပါနေသလိုထင်ရကာနဂိုကတည်းကအစအနောက်သန်၍

အဖော်ခေါ်ချင်နေသောသူ့အတွက်ရေငတ်တုန်းရေတွင်ထဲကျသလိုဖြစ်သွား၏

ဒါနဲ့အမျိူ းသမီးအားဆိုင်ကယ်ပေါ်တင်၍မောင်းလာ၏လမ်းတွင်တွေ့သည်အသိများနှင့်တွေ့သည့်အခါ

သူချောမောလှပသည့်မိန်းကလေးအားဆိုင်ကယ်ပေါ်တင်လာသညိကိုမြင်အောင်လှမ်းနှုတ်ဆက်လိုက်၏

ထိုသို့နှုတ်ဆက်ရာတွင်လည်းသူ့အားပို၍သတိထားမိအောင်ဆိုင်ကယ်ကိုလက်လွှတ်စီးလိုက်

မီးဖွင့်စီးလိုက်ဖြင့်အမျိူ းမျိူ းလုပ်ကာစီး၍လူမြင်အောင်ပြ၍နှုတ်မှလည်းရွှန်းရွှန်းဝေအောင်အော်၍နှုတ်ဆက်၏

‘ ”ဟေ့ကောင်မောင်ဇော်ရေငါဘယ်လောက်စွံတယ်ဆိုတာမြင်လားကွ””

ထိုအခါမျက်နှာချင်းဆိုင်ဘက်မှစီးလာသောဆိုင်ကယ်သမားကသူ့နောက်ကတင်လာသူအားမြင်သွားပုံရကာပါးစပ်ဟောင်းလောင်းဖြင့်မျက်လုံးကြီးပြူးကျယ်သွား၏

သူ့ဆိုင်ကယ်ကိုငေးရင်းလမ်းဘေးသို့ကျမတတ်ဖြစ်နေ၍မောင်တင်သည်အလွန်သဘောကျသွားကာအော်ရယ်လိုက်၏

””’ဟားးးးဟားးးဟားးး””

စိတ်ထဲမှလည်းဟိုကောင်သူခေါ်လာသည့်ကောင်မလေးကိုမြင်လို့ငန်းတာဆိုင်ကယ်တောင်မှောက်တော့မယ်ဟုထင်မိ၏

ဒီလိုနှင့်နောက်တစ်ယောက်အသိအားတွေ့ရာနှုတ်ဆက်ပြန်၏

”’ဦးလေးအောင်ဘယ်လဲဗျ””

ထိုအခါထိုလူကလည်းသူ့ဆိုင်ကယ်နောက်ကြည့်ရင်းအံ့သြစွာဖြင့်ပြန်မေးလိုက်၏

””’ဟေ့ကောင်မင်းဆိုင်ကယ်နောက်မှာဘာကြီးခေါ်တင်လာတာလည်းကွ””

ထိုအခါမောင်တင်ကသ့ူကိုပြန်နောက်သည်ထင်၍ပြန်ဖြေလိုက်ပြန်၏

”””ဦးလေးရေမနာလိုမဖြစ်နဲ့ဗျူကိုယ့်ကုသိုလ်ကံနဲ့ကိုယ်ပေါ့””

သို့ပေမဲ့သူနှုတ်ဆက်လိုက်တဲ့သူတိုင်းကသူ့အားတအံ့တသြအဆန်းတစ်ကြယ်ကြည့်ကာပြောကြသည်က

””ဟေ့ကောင်ရူးသွားပြီလား—မင်းနောက်ကဘာကြီးတုံး”’

””’ ‘သရဲမကြီးဟ” ””’

””’ဒီလောက်ရုပ်ဆိုးတာကြီးတင်လာပြီးဂေါက်သွားတာ””

အမှန်ကအများအမြင်တွင်သူ့ဆိုင်ကယ်နောက်ပါလာသူသည်အလွန်ကြောက်စရာကောင်းသော

ဆံပင်စုတ်ဖွားနှင့်မိန်းမကြီးတစ်ယောက်ဖြစ်သည်ထို့ကြောင့်လူအများရဲ့ပုံစံကိုကြည့်ပြီး

မောင်တင်ကမင်္သကာတော့ပဲသူ့ဆိုင်ကယ်ကိုရပ်ကာနောက်မှာတင်လာသောကောင်မလေးအားကြည့်လိုက်ရာ

သူခေါ်လာတုန်းကလိုချောမောလှပသည့်ကောင်းမလေးမဟုတ်တော့ပဲအလွန်အသည်းပျက်ဖွယ်

ကြောက်ရွံ့ထိတ်လန့်စရာအလွန်ကောင်းသောဆံပင်စုတ်ဖွားနှင့်သရဲမကြီးဖြစ်၍နေတာကိုမြင်ရတော့

မောင်တင်လည်းငယ်သံပါအောင်အော်လိုက်မိ၏ထိုအခါဆိုင်ကယ်နောက်ကမိန်းမကြီးလည်းပျောက်၍သွား၏

ဒါနဲ့မောင်တင်လည်းဆိုင်ကယ်ပေါ်တက်ကာအသကုန်စီးလာရင်းသရဲမကြီးလိုက်လာမှာစိုး၍ဘုရားတလာ၏

သူ့ဘဝတွင်ဒီလောက်ရုပ်ဆိုးသောသရဲမအားတစ်ခါမှမမြင်ဘူးသဖြင့်အသားများပင်တဆတ်ဆတ်တုန်လာ၏

ဒါနဲ့အိမ်ရောက်တဲ့ခါမောင်တင်သည်အပျင်းဖျားလိုက်တာမပြောပါနှင့်တော့ပါးစပ်ကလည်းကယောင်ကတန်းတွေအော်လိုက်တာမှစုံ၍နေသည်။

အိမ်သားများကဝိုင်းမေးသော်လည်းအဖြေမရအဖျားကြီးလျှက်ရှိနေ၏

မောင်တင်၏မိသားစုများကဆရာဝန်သွားပင့်၍ကုသော်လည်းအဖျားကမကျပေ

မောင်တင်နှင့်လမ်းမှာတွေ့ခဲ့သူများကလည်းမောင်တင်၏မိခင်အားညနေစောင်းကမောင်တင်ဆိုင်ကယ်နောက်တွင်

အလွန်ကြောက်စရာကောင်းသောမိန်းမကြီးတစ်ယောကအားခေါ်တင်လာပုံအားပြောပြရာ

မောင်တင်၏မိသားစုများအလွန်စိုးရီမ်သွားကြကာနောက်နေ့တွင်အထက်လမ်းဆရာကြီးတစ်ယောက်ကိုသွားပင့်ကြ၏

ဒါပေမဲ့ဆရာကြီးမရောက်ခင်တွင်မောင်တင်ဆုံးနှင့်လေပြီဖြစ်သည်။

မောင်တင်သည်စဖြစ်သည်နှင့်နှစ်ရက်သာခံ၍သေခြင်းဖြစ်၍သူတို့အရပ်မှာတော့မောင်တင်၏သတင်းသည်နံမည်ကြီးသွား၏

ပြီး

Zawgyi Version

လမ္းႀကဳံလိုက္တဲ့ေသမင္း (စ-ဆံုး)
ျဖစ္ရပ္မွန္ပါ
စာဖတ္သူမ်ားမၾကာခဏလာေတာင္းဆိုေနသူမ်ားအတြက္ပါစာမဖတ္ပဲwallထဲမ်က္စိလည္ေရာက္ေနသူမ်ားလည္းမႀကိဳက္ပါကေက်ာ္သြားပါ

အေမ့အတြက္အလူလုပ္တဲ့ရက္မွာအိမ္လာရင္းဦးေလးေက်ာင္းဆရာကစာေရးသူအား

””ငါ့တူမေရငါ့တူမကဂမၻီရျဖစ္ရပ္မွန္ေတြအပ်င္းေျပေရးေနတာဦးေလးေတြ႕ရတယ္ငါ့တူမကိုအားေပးတဲ့အေနနဲ႔ဦးေလးကိုယ္ေတြ႕ျဖစ္ရပ္မွန္ကေလးေတြကိုေျပာျပခ်င္ပါတယ္—-ငါတူမဆီမွာဖတ္ေနတဲ့စာဖတ္သူေတြလည္းဗဟုသုတရတာေပါ့””’

ဦးေလးကေျပာျပတဲ့အေၾကာင္းအရာေတြအကုန္လုံးကစိတ္ဝင္စားစရာအေတာ္ေကာင္းပါတယ္

ဦးေလးကေက်ာင္းဆရာဆိုေတာ့စီကာပတ္ကုံးေျပာျပလိုက္တာညေနေစာင္းမွျပန္သြား၏

ထိုဦးေလးေျပာျပသည္ထဲကအတိုဆုံးအေၾကာင္းအရာေလးကိုတင္ေပးလိုက္ပါသည္။

wallထဲကစာဖတ္သူေတြကလူဘယ္ေလာက္တိုးတိုးစာဖတ္သူတိုးမလာတဲ့အတြက္အျခားအေၾကာင္းအရာမ်ားအား
မဂၢဇင္းတိုက္ပို႔ရန္စီစဥ္ထားပါသည္။

//////////////////////?/////////////

ဦးၾကည္စိုးသည္ေက်ာင္းဆရာတစ္ဦးျဖစ္ကာစာအသင္အျပအလြန္ေကာင္း၏

ေစတနာေကာင္းကာစည္းကမ္းႀကီး၍သူ႔အတန္းကေက်ာင္းသားအမ်ားစုသည္ထူးခြၽန္ၾကသည္။

လူခ်စ္လူခင္ေပါမ်ားလွ၏တစ္ရက္တြင္ဆရာဆရာမမ်ားအတြက္အထူးမြန္းမံသင္တန္းတစ္ခုတက္ရ၏

ထိုသင္တန္းတြင္အနယ္နယ္အရပ္ရပ္မွေက်ာင္းဆရာဆရာမမ်ားလည္းတက္ေရာက္ၾက၏

သေဘာေကာင္းေသာဦးၾကည္စိုးႏွင့္အနယ္နယ္အရပ္ရပ္ကဆရာဆရာမမ်ားခဏအတြင္းခင္မင္သြားၾက၏

ဦးၾကည္စိုးကသူႏွင့္ခင္မင္သည့္ဆရာဆရာမမ်ားေနေသာ၏ၿမိဳ႕မ်ား၏ေဒသႏၲရပတ္ဝန္းက်င္အေျခအေနမ်ားအားေလ့လာ၍ဗဟုသုတအေနျဖင့္ေမးတတ္၏

ထိုအထဲမွခရမ္းသုံးခြဘက္ကလာတက္ေသာဆရာတစ္ေယာက္ႏွင့္စကားလက္ဆုံၾကရင္းသူတို႔အရပ္ကအျဖစ္အပ်က္တစ္ခုအားေျပာျပ၏

ထိုေက်ာင္းဆရာတြင္ေမာင္တင္ဟုေခၚေသာမိတ္ေဆြတစ္ေယာက္ရွိ၏

ထိုလူသည္အစအေနာက္အလြန္သန္ကာမ်က္ႏွာအလြန္ေျပာင္၏

တစ္ရက္တြင္သန္လွ်င္ၿမိဳ႕သို႔ဆိုင္ကယ္ျဖင့္သြားရင္ညေနေလာက္မွခရမ္းသုံးခြလမ္းအတိုင္းဆိုင္ကယ္စီးကာျပန္လာ၏

အခ်ိန္ကာလကလည္းညေနေစာင္းေနက်ခ်ိန္ဆိုေတာ့သာသာယာယာရွိ၏

ခရမ္းသုံးခြလမ္းကလူျပတ္သည့္ေနရာအေရာက္တြင္အမ်ိဴ းသမီးတစ္ေယာက္ကသူ႔ဆိုင္ကယ္အားလွမ္းတားလိုက္၏

သူလည္းဆိုင္ကပ္ရပ္ကာအမ်ိဴ းသမီးအားၾကည့္လိုက္ရာအလြန္တစ္ရာေခ်ာေမာလွပသည္ကိုေတြ႕ရ၏

သူ႔ဘဝတြင္ဒီေလာက္လွသည့္အမ်ိဴ းသမီးတစ္ခါမွမျမင္ဘူးေပသူ႔ရင္ေတြေတာင္အေတာ္ခုန္သြား၏

”’ညီမဘယ္သြားမွာလဲ””

”’ကြၽန္မၿမိဳ႕ကိုလမ္းႀကဳံလိုက္ခ်င္လို႔””

ထိုအမ်ိဴ းသမီး၏အသံသည္ဆြဲငင္အားတစ္ခုခုပါေနသလိုထင္ရကာနဂိုကတည္းကအစအေနာက္သန္၍

အေဖာ္ေခၚခ်င္ေနေသာသူ႔အတြက္ေရငတ္တုန္းေရတြင္ထဲက်သလိုျဖစ္သြား၏

ဒါနဲ႔အမ်ိဴ းသမီးအားဆိုင္ကယ္ေပၚတင္၍ေမာင္းလာ၏လမ္းတြင္ေတြ႕သည္အသိမ်ားႏွင့္ေတြ႕သည့္အခါ

သူေခ်ာေမာလွပသည့္မိန္းကေလးအားဆိုင္ကယ္ေပၚတင္လာသညိကိုျမင္ေအာင္လွမ္းႏႈတ္ဆက္လိုက္၏

ထိုသို႔ႏႈတ္ဆက္ရာတြင္လည္းသူ႔အားပို၍သတိထားမိေအာင္ဆိုင္ကယ္ကိုလက္လႊတ္စီးလိုက္

မီးဖြင့္စီးလိုက္ျဖင့္အမ်ိဴ းမ်ိဴ းလုပ္ကာစီး၍လူျမင္ေအာင္ျပ၍ႏႈတ္မွလည္း႐ႊန္း႐ႊန္းေဝေအာင္ေအာ္၍ႏႈတ္ဆက္၏

‘ ”ေဟ့ေကာင္ေမာင္ေဇာ္ေရငါဘယ္ေလာက္စြံတယ္ဆိုတာျမင္လားကြ””

ထိုအခါမ်က္ႏွာခ်င္းဆိုင္ဘက္မွစီးလာေသာဆိုင္ကယ္သမားကသူ႔ေနာက္ကတင္လာသူအားျမင္သြားပုံရကာပါးစပ္ေဟာင္းေလာင္းျဖင့္မ်က္လုံးႀကီးျပဴးက်ယ္သြား၏

သူ႔ဆိုင္ကယ္ကိုေငးရင္းလမ္းေဘးသို႔က်မတတ္ျဖစ္ေန၍ေမာင္တင္သည္အလြန္သေဘာက်သြားကာေအာ္ရယ္လိုက္၏

””’ဟားးးးဟားးးဟားးး””

စိတ္ထဲမွလည္းဟိုေကာင္သူေခၚလာသည့္ေကာင္မေလးကိုျမင္လို႔ငန္းတာဆိုင္ကယ္ေတာင္ေမွာက္ေတာ့မယ္ဟုထင္မိ၏

ဒီလိုႏွင့္ေနာက္တစ္ေယာက္အသိအားေတြ႕ရာႏႈတ္ဆက္ျပန္၏

”’ဦးေလးေအာင္ဘယ္လဲဗ်””

ထိုအခါထိုလူကလည္းသူ႔ဆိုင္ကယ္ေနာက္ၾကည့္ရင္းအံ့ၾသစြာျဖင့္ျပန္ေမးလိုက္၏

””’ေဟ့ေကာင္မင္းဆိုင္ကယ္ေနာက္မွာဘာႀကီးေခၚတင္လာတာလည္းကြ””

ထိုအခါေမာင္တင္ကသ့ူကိုျပန္ေနာက္သည္ထင္၍ျပန္ေျဖလိုက္ျပန္၏

”””ဦးေလးေရမနာလိုမျဖစ္နဲ႔ဗ်ဴကိုယ့္ကုသိုလ္ကံနဲ႔ကိုယ္ေပါ့””

သို႔ေပမဲ့သူႏႈတ္ဆက္လိုက္တဲ့သူတိုင္းကသူ႔အားတအံ့တၾသအဆန္းတစ္ၾကယ္ၾကည့္ကာေျပာၾကသည္က

””ေဟ့ေကာင္႐ူးသြားၿပီလား—မင္းေနာက္ကဘာႀကီးတုံး”’

””’ ‘သရဲမႀကီးဟ” ””’

””’ဒီေလာက္႐ုပ္ဆိုးတာႀကီးတင္လာၿပီးေဂါက္သြားတာ””

အမွန္ကအမ်ားအျမင္တြင္သူ႔ဆိုင္ကယ္ေနာက္ပါလာသူသည္အလြန္ေၾကာက္စရာေကာင္းေသာ

ဆံပင္စုတ္ဖြားႏွင့္မိန္းမႀကီးတစ္ေယာက္ျဖစ္သည္ထို႔ေၾကာင့္လူအမ်ားရဲ႕ပုံစံကိုၾကည့္ၿပီး

ေမာင္တင္ကမသၤကာေတာ့ပဲသူ႔ဆိုင္ကယ္ကိုရပ္ကာေနာက္မွာတင္လာေသာေကာင္မေလးအားၾကည့္လိုက္ရာ

သူေခၚလာတုန္းကလိုေခ်ာေမာလွပသည့္ေကာင္းမေလးမဟုတ္ေတာ့ပဲအလြန္အသည္းပ်က္ဖြယ္

ေၾကာက္႐ြံ႕ထိတ္လန႔္စရာအလြန္ေကာင္းေသာဆံပင္စုတ္ဖြားႏွင့္သရဲမႀကီးျဖစ္၍ေနတာကိုျမင္ရေတာ့

ေမာင္တင္လည္းငယ္သံပါေအာင္ေအာ္လိုက္မိ၏ထိုအခါဆိုင္ကယ္ေနာက္ကမိန္းမႀကီးလည္းေပ်ာက္၍သြား၏

ဒါနဲ႔ေမာင္တင္လည္းဆိုင္ကယ္ေပၚတက္ကာအသကုန္စီးလာရင္းသရဲမႀကီးလိုက္လာမွာစိုး၍ဘုရားတလာ၏

သူ႔ဘဝတြင္ဒီေလာက္႐ုပ္ဆိုးေသာသရဲမအားတစ္ခါမွမျမင္ဘူးသျဖင့္အသားမ်ားပင္တဆတ္ဆတ္တုန္လာ၏

ဒါနဲ႔အိမ္ေရာက္တဲ့ခါေမာင္တင္သည္အပ်င္းဖ်ားလိုက္တာမေျပာပါႏွင့္ေတာ့ပါးစပ္ကလည္းကေယာင္ကတန္းေတြေအာ္လိုက္တာမွစုံ၍ေနသည္။

အိမ္သားမ်ားကဝိုင္းေမးေသာ္လည္းအေျဖမရအဖ်ားႀကီးလွ်က္ရွိေန၏

ေမာင္တင္၏မိသားစုမ်ားကဆရာဝန္သြားပင့္၍ကုေသာ္လည္းအဖ်ားကမက်ေပ

ေမာင္တင္ႏွင့္လမ္းမွာေတြ႕ခဲ့သူမ်ားကလည္းေမာင္တင္၏မိခင္အားညေနေစာင္းကေမာင္တင္ဆိုင္ကယ္ေနာက္တြင္

အလြန္ေၾကာက္စရာေကာင္းေသာမိန္းမႀကီးတစ္ေယာကအားေခၚတင္လာပုံအားေျပာျပရာ

ေမာင္တင္၏မိသားစုမ်ားအလြန္စိုးရီမ္သြားၾကကာေနာက္ေန႔တြင္အထက္လမ္းဆရာႀကီးတစ္ေယာက္ကိုသြားပင့္ၾက၏

ဒါေပမဲ့ဆရာႀကီးမေရာက္ခင္တြင္ေမာင္တင္ဆုံးႏွင့္ေလၿပီျဖစ္သည္။

ေမာင္တင္သည္စျဖစ္သည္ႏွင့္ႏွစ္ရက္သာခံ၍ေသျခင္းျဖစ္၍သူတို႔အရပ္မွာေတာ့ေမာင္တင္၏သတင္းသည္နံမည္ႀကီးသြား၏

ၿပီး