ရိပ်သာမှာခြောက်သောသရဲ (စ-ဆုံး)

Posted on

Unicode Version

ရိပ်သာမှာခြောက်သောသရဲ (စ-ဆုံး)
———ဖြစ်ရပ်မှန်——–

စာရေးသူငယ်စဉ်ကကျောင်းပိတ်ရက်တစ်ရက်မှာတော့သူငယ်ချင်းနှင့်ရိပ်သာကြီးတစ်ခုတွင်တရားစခန်းဝင်ဖြစ်သည် ။

ရိပ်သာကရန်ကုန်မြို့ရဲ့နံမည်ကြီးရိပ်သာတစ်ခုဖြစ်၍စည်းကမ်အလွန်ကြီး၏

ရိပ်သာဝင်းကလည်းအတော်ကျယ်ပြီးအဆောင်များစွာရှိသည့်အနက်ကိုယ်နှင့်သူငယ်ချင်းကရိပ်သာနောက်ဘက်ရှိအစွန်ဆုံးအဆောင်တွင်နေရာရပေသည်။

အဆောင်သည်နှစ်ယောက်ခန်းများမျက်နှာချင်းဆိုင်ထားရှိကာလေးထောင့်ပုံစံအဆောက်အဦးဖြစ်၍အဆောင်၏
အလယ်တွင်မျက်ခင်းပြင်ပါရှိသောကြောင့်ကျယ်ကျယ်ဝန်းဝန်းရှိလှသည်။

မျက်နှာချင်းအခန်းများကမြက်ခင်းပြင်တစ်ဘက်တစ်ချက်တွင်ရှိ၍လေကောင်းလေသန့်ရအောင်ဆောက်ထားခြင်းဖြစ်သည် ။

ရိပ်သာသည်သက်တန်းကြာပြီဖြစ်၍အရိပ်ရအပင်ကြီးများလည်းရှိတာမို့အေးချမ်းဆိတ်ငြိမ်လှပေသည်။ရိပ်သာပတ်ဝန်းကျင်ကလည်းဆူဆူညံညံမရှိပါ

အဆောင်တိုင်းတွင်အဆောင်မှုးတစ်ဦးစီထားရှိကာအဆောင်မူးှကအဆောင်ရှိယောဂီများကိုအုပ်ချုပ်ရသည် ။

အဆောင်ထိပ်တွင်အဆောင်တံခါးရှိကာသော့ကိုအဆောင်းမှုးကကိုင်ထား၏ ။

အချိန်ဇယားအရမနက်၃နာရီထကာတရားထိုင်ရန်အဆောင်ကထွက်ကထဲကလူစစ်ကာအဆောင်တံခါးပိတ်ထားလိုက်၏။

မနက်အာရုံဆွမ်းစားပြီးသည်နှင့်အဆောင်ပြန်ခွင့်မရတော့ပေ

နေ့လည်ထမင်းစားချိန် ရေချိုးချိန် အပေါ့အပါးသွားချိန်မှလွဲ၍အဆောင်မပြန်ရညအိပ်ချိန်မှာသာပြန်ခွင့်ရလေသည် ။

တစ်နေကုန်တရားထိုင်လိုက်စင်္ကြန်ရှောက်လိုက်ဖြင့်မနားတမ်းတရားမှတ်ရ၏

တရားမှတ်နေရာတွင်လည်းဒီအတိုင်းလွှတ်မထားလိုက်၍ကြီးကြပ်သူများရှိနေသည်စည်းကမ်းတင်းကျပ်လွန်းသောကြောင့်ပြန်ပြေးသူများလည်းရှိပေသည်။

ဒီလိုနဲ့၆ရက်မြောက်တဲ့နေ့မှာတော့ လူကနေမကောင်းဖြစ်လာကာမနက်အိပ်ကထတော့ခေါင်းမူးပြီးမထနိုင်တော့ပါ

ရိပ်သာကလည်းစဝင်ကာစဆိုတော့အိပ်ရေးပျက်သည့်ဒဏ်ကိုမခံနိုင်ပေနဂိုကတည်းကလည်းကိုယ်ခံအားနည်းလှသည့်အတွက်စိတ်သွားတိုင်းကိုယ်မပါပေ။

ကျမ်းမာရေးမကောင်းသောအခြေအနေကြောင့်အတူပါလာသောသူငယ်ချင်းအားတိုင်ပင်မိ၏
””ငါတော့ဒီမနက်တရားထိုင်နိုင်မယ်မထင်ဘူးရင်ထဲမှာတလှပ်လှပ်နဲ့မူးပြီးအန်ချင်နေတယ်””

ဒါနဲ့သူငယ်ချင်းကအဆောင်မှုးသွားခေါ်လာပြီးပြတော့အဆောင်မှုးကဆေးများပေးပြီး

””မနက်ပိုင်းနေမကောင်းရင်နေခဲ့အားရှိအောင်အိပ်ရေးဝဝအိပ်လိုက်လုံခြုံရေးအရအဆောင်တံခါးတော့ပိတ်သွားရလိမ့်မယ်””

အဆောင်မှုူးကမနက်ပိုင်းအနားယူရန်ပြောကာအဆောင်တံခါးပိတ်၍ထွက်သွားကြသည် ။

ထို့ကြောင့်အဆောင်တွင်တစ်ယောက်ထဲကျန်ခဲ့၏အားလုံးထွက်သွားကြတော့အဆောင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားကဘာသံမှမကြားရတော့ပေ

စာရေးသူလည်းအခန်းတံခါးပိတ်ကာအိပ်လိုက်၏မိုးကသိပ်မလင်းသေးရိပ်သာဆိုတော့အားလုံးတိတ်ဆိတ်ငြိမ်သက်ကာပတ်ဝန်းကျင်ရှိကျေးဌက်အော်သံမှလွဲ၍ကိုယ့်အသက်ရှုသံပင်ပြန်ကြားနေ၏

စာရေးသူနေသောအဆောင်သည်တရားထိုင်သည့်ဓမ္မာရုံနှင့်အနည်းငယ်ဝေးသောကြောင့်ပို၍တိတ်ဆိတ်ငြိမ်သက်နေသည်ထင်ရတယ်

်တစ်ခါတစ်ခါဘာပန်းရနံမှန်းမသိသောပန်းရနံများ၏ရနံ့တွေရနေပြီးမွှေးပျံ့သောအနံ့ပေါင်းစုံကိုရှုမိ၏

သတိကပ်ကာတတ်နိုင်သလောက်တရားမှတ်နေရင်းမှေးကနဲပြန်အိပ်ပျော်မယ်ရှိသေး —ရှပ် ရှပ် ရှပ် —

လူတစ်ယောက်လမ်းရှောက်လာသံကိုအတိုင်းသားကြားတော့စိတ်ထဲမှာဇဝေဇဝါဖြစ်သွားသည်။

်တစ်ဆောင်းလုံးမှာတစ်ယောက်ထဲကျန်ခဲ့တာကိုဘယ်ကခြေသံလည်းတွေးနေတုန်းခြေသံကအခန်းရှေ့တွင်ရပ်သွား၏။

ဘာပါလိမ့်လို့ငြိမ်ပြီးနားထောင်နေတုန်းအခန်းရှေ့ကဆက်ရှောက်သွားပြန်သည် ။

စာရေးသူနေသောအခန်းဘေးတွင်ရေချိုးခန်းရှိသည်မို့ရေချိုးခန်းမှရေချိုးနေသံကြားရတော့စိတ်ထဲမှာအဆောင်မှုးများပြန်လာပြီးရေချိုးနေသလားလို့တွေးမိသွားသည် ။

ဒါပေမဲ့အဆောင်မှုးကသူများတွေပြန်မှသူပါပြန်လေ့ရှိကာစည်းကမ်းရှိသူမို့မဖြစ်နိုင်ဟုအတွေးရခက်သွားပြန်သည် ။

ဒါဆိုဘယ်သူများပြန်လာ၍စောစောစီးစီးရေချိူ းနေပါလိမ့်လို့တွေးရင်းခေါင်းတွေနောက်လာသည်။

တောင်တွေးမြောက်တွေးဖြစ်နေတုန်း ရေချိုးခန်းကပြန်ထွက်လာပြီးအခန်းရှေ့တွင်ခြေသံကရပ်နေပြန်သည်စာရေးသူလည်းဇောချွေးများပြန်လာပြီ

ခဏနေတော့ဆက်ရှောက်သွားကာတစ်ဆောင်လုံးပတ်ရှောက်နေသံကြားရပြန်သည်။
အဆောင်မှုးများနေမကောင်းလို့လာပြန်ကြည့်တယ်ထင်ပြီဆက်မတွေးတော့ပဲပြန်အိပ်လိုက်သည် ။

ထိုအချိန်မှာပဲရုတ်တရက်တံခါးလာခေါက်သံကြားတော့စိတ်ထဲသေချာပြီအဆောင်မှုးအခြေအနေသတင်းလာမေးတယ်ထင်ပြီးအခန်းတံခါးကိုထဖွင့်လိုက်သည်။

သို့ပေမဲ့အခန်းပြင်မှာဘယ်သူမှရှိမနေကိုယ်လည်းတအံ့တသြဖြစ်သွားပြီအဆောင်ကိုဝေ့ကြည့်တော့
လူ့တစ်ယောက်မှမရှိတံခါးခေါက်ချိန်နှင့်တံခါးထဖွင့်ချိန်ကသိပ်မကြာသောကြောင့်လူတစ်ယောက်ဆိုပါကဒီလောက်မြန်မြန်ပျောက်သွားစရာအကြောင်းမရှိ

အခန်းတံခါးများကလည်းအကုန်ပိတ်ထားပြီးအဆောင်အဝင်ဝတံခါးကလည်းပိတ်လျှက်သားရှိနေသည်။လူရိပ်လူယောင်မတွေ့ရပေ။

အဆောင်တံခါးတောင်သော့ဂလောက်နှင့်အပြင်ကကျကျနနပိတ်သွားခြင်းဖြစ်သည်။

ဒါဆိုအသံတွေကဘယ်ကကြားနေရတာလဲလို့မစဉ်းစားတတ်အောင်ရှိနေသည်။ခေါင်းမူးတာတောင်ဘယ်ရောက်သွားမှန်းမသိ

အခန်းတံခါးများအားလုံးလဲသော့ခတ်သွားတာမို့သေချာတာကတစ်ဆောင်လုံးမှာတစ်ယောက်ထဲရှိနေတာသေချာနေတာမို့ဘာဘာညာညာတွေးရင်းကြောက်စိတ်များဝင်လာမိသည်။

သို့ရာတွင်အခန်းအပြင်တွင်ရပ်ရင်းပတ်ဝန်းကျင်တွင်တစ်ယောက်ယောက်ရှိနေသလိုမျိူ းစိတ်ကခံစားနေရသည်။

တစ်ကိုယ်လုံးကြက်သီးများတဖျန်းဖျန်းထပြီးကြောက်နေတုန်းရှိသေးဘေးနားကိုလေဟပ်သွားသလိုခံစားရကာတစ်ယောက်ယောက်ရောက်လာသလိုဖြစ်ပြီးမမြင်ရတဲ့လက်အေးတစ်စုံကစာရေးသူလည်ပင်းကိုလာကိုင်တဲ့အခါမှာတော့

လည်ပင်းတွင်အေးစက်စက်အထိအတွေ့ကြောင့်အကြောက်လွန်ကာ

”’ အား”’
ငယ်သံပါအောင်အော်ပြီးဘာမှမမြင်တော့ပဲမေ့လဲသွားပေသည် ။

သတိပြန်ရတော့အနားမှာသူငယ်ချင်းနှင့်အတူလူစုံတွေ့ရကာစိုးရိမ်တကြီးမေးကြတော့၏

””ဘာဖြစ်တာလဲ—ဘာဖြစ်သွားတာလဲ””

ရောဂီအားလုံးကြောက်မှာစိုးလို့မပြောပဲအဆောင်မှုးကိုသာဖြစ်ကြောင်းကုန်စင်ပြောပြတော့အဆောင်မှုးကသက်ပျင်းချရင်း

”” ဒီအဆောင်ကအရင်အဆောင်မှုးဆုံးသွားတာမကြာသေးဘူးစဲ့ွလမ်းစိတ်ကြောင့်အဆောင်ကိုဆက်ပြီးစောင့်ရှောက်နေတယ်ထင်တယ်—””

””အရင်ကလည်းနည်းနည်းပါးပါးအခြောက်ခံရတယ်ပြောတာပဲ—
သေသွားသောအဆောင်မှုးကသူ့တာဝန်သူဆက်လုပ်နေပုံရတယ်စွဲလန်းစိတ်များသိပ်ကြောက်စရာကောင်းတာကိုသံဝေဂရမိပါတယ်””

အဆောင်မှုူးပြောမှဖြစ်ရပ်မှန်ကိုသိရပေမဲ့

သူကတော့သူအလုပ်သူဆက်လုပ်နေတာပါပဲဒါကိုလူတွေကခြောက်တယ်ထင်နေခြင်းဖြစ်သည်အခုလည်းအဆောင်မှာကျန်နေခဲ့သောစာရေးသူအားသတိပေးခြင်းလားမဆိုနိုင်ပါဘူး

ဒီနေရာမှာပြောချင်တာကတော့လူတစ်ယောက်သေခါနီးအချိန်ဟာအရမ်းကိုအရေးကြီးပါသည်။
ဒါ့ကြောင့်တစ်ချို့တွေကသေခါနီးအချိန်မှာတရားခွေဖွင့်ပေးခြင်းဘုရားစာရွတ်ပေးခြင်းပြုလုပ်ခဲ့တဲ့ကောင်းမှု့ကုသိုလ်များပြန်လည်ပြောပြခြင်းတို့ကိုလုပ်ဆောင်ပေးလေ့ရှိပါသည်။

ဘယ်လောက်ပဲကောင်းမှု့ကုသိုလ်တွေလုပ်နေပေမဲ့သေခါနီးမှာတစ်ခုခုကိုစွဲလမ်းစိတ်ဝင်သွားပါကအခိုက်အတန့်ပဲဖြစ်ဖြစ်ကာလတစ်ခုထိပဲဖြစ်ဖြစ်မကျွတ်မလွတ်ပဲဖြစ်နေတတ်သည်ဟုတရားစာအုပ်ထဲတွင်ဖတ်ဖူးပေသည်။
အခုလက်တွေ့မှာရိပ်သာကအဆောင်မှုးဟာသေခါနီးအဆောင်ကိုစွဲလမ်းတဲ့စိတ်ဖြစ်သွားတာကြောင့်သူ့တာဝန်ကိုဆက်လက်ထမ်းဆောင်နေခြင်းဖြစ်ပါတယ် ။

ဒါပေမဲ့စာရေးသူကတော့ဆက်ပြီးနေဖို့ဘယ်လိုမှမခံစားနိုင်တော့၍သူငယ်ချင်းကိုပြောမိရာ

ညနေပိုင်းမှာတော့သူငယ်ချင်းနှစ်ယောက်ကားဌားပြီးအိမ်ပြန်ကြတော့အိမ်ကလည်းတအံတသြပေါ့
၁၀ရက်လည်းမပြည့်သေးဘူးလေအဲဒီအချိန်ကစပြီးအဲ့ရိပ်သာမှာနောက်ထပ်မဝင်ဖြစ်တော့ပါ

ကိုယ့်လိုတော့လူတိုင်းဖြစ်မည်မထင်ပါကိုယ်ကတော့ကံနိမ့်နေ၍တိုက်ဆိုင်စွာကြုံတွေ့ခဲ့ခြင်းဖြစ်မည်ထင်ပါသည်။

တိမ်လွှာမိုး

Zawgyi Version

ရိပ္သာမွာေျခာက္ေသာသရဲ (စ-ဆံုး)
———ျဖစ္ရပ္မွန္——–

စာေရးသူငယ္စဥ္ကေက်ာင္းပိတ္ရက္တစ္ရက္မွာေတာ့သူငယ္ခ်င္းႏွင့္ရိပ္သာႀကီးတစ္ခုတြင္တရားစခန္းဝင္ျဖစ္သည္ ။

ရိပ္သာကရန္ကုန္ၿမိဳ႕ရဲ႕နံမည္ႀကီးရိပ္သာတစ္ခုျဖစ္၍စည္းကမ္အလြန္ႀကီး၏

ရိပ္သာဝင္းကလည္းအေတာ္က်ယ္ၿပီးအေဆာင္မ်ားစြာရွိသည့္အနက္ကိုယ္ႏွင့္သူငယ္ခ်င္းကရိပ္သာေနာက္ဘက္ရွိအစြန္ဆုံးအေဆာင္တြင္ေနရာရေပသည္။

အေဆာင္သည္ႏွစ္ေယာက္ခန္းမ်ားမ်က္ႏွာခ်င္းဆိုင္ထားရွိကာေလးေထာင့္ပုံစံအေဆာက္အဦးျဖစ္၍အေဆာင္၏
အလယ္တြင္မ်က္ခင္းျပင္ပါရွိေသာေၾကာင့္က်ယ္က်ယ္ဝန္းဝန္းရွိလွသည္။

မ်က္ႏွာခ်င္းအခန္းမ်ားကျမက္ခင္းျပင္တစ္ဘက္တစ္ခ်က္တြင္ရွိ၍ေလေကာင္းေလသန႔္ရေအာင္ေဆာက္ထားျခင္းျဖစ္သည္ ။

ရိပ္သာသည္သက္တန္းၾကာၿပီျဖစ္၍အရိပ္ရအပင္ႀကီးမ်ားလည္းရွိတာမို႔ေအးခ်မ္းဆိတ္ၿငိမ္လွေပသည္။ရိပ္သာပတ္ဝန္းက်င္ကလည္းဆူဆူညံညံမရွိပါ

အေဆာင္တိုင္းတြင္အေဆာင္မႈးတစ္ဦးစီထားရွိကာအေဆာင္မူးွကအေဆာင္ရွိေယာဂီမ်ားကိုအုပ္ခ်ဳပ္ရသည္ ။

အေဆာင္ထိပ္တြင္အေဆာင္တံခါးရွိကာေသာ့ကိုအေဆာင္းမႈးကကိုင္ထား၏ ။

အခ်ိန္ဇယားအရမနက္၃နာရီထကာတရားထိုင္ရန္အေဆာင္ကထြက္ကထဲကလူစစ္ကာအေဆာင္တံခါးပိတ္ထားလိုက္၏။

မနက္အာ႐ုံဆြမ္းစားၿပီးသည္ႏွင့္အေဆာင္ျပန္ခြင့္မရေတာ့ေပ

ေန႔လည္ထမင္းစားခ်ိန္ ေရခ်ိဳးခ်ိန္ အေပါ့အပါးသြားခ်ိန္မွလြဲ၍အေဆာင္မျပန္ရညအိပ္ခ်ိန္မွာသာျပန္ခြင့္ရေလသည္ ။

တစ္ေနကုန္တရားထိုင္လိုက္စၾကၤန္ေရွာက္လိုက္ျဖင့္မနားတမ္းတရားမွတ္ရ၏

တရားမွတ္ေနရာတြင္လည္းဒီအတိုင္းလႊတ္မထားလိုက္၍ႀကီးၾကပ္သူမ်ားရွိေနသည္စည္းကမ္းတင္းက်ပ္လြန္းေသာေၾကာင့္ျပန္ေျပးသူမ်ားလည္းရွိေပသည္။

ဒီလိုနဲ႔၆ရက္ေျမာက္တဲ့ေန႔မွာေတာ့ လူကေနမေကာင္းျဖစ္လာကာမနက္အိပ္ကထေတာ့ေခါင္းမူးၿပီးမထႏိုင္ေတာ့ပါ

ရိပ္သာကလည္းစဝင္ကာစဆိုေတာ့အိပ္ေရးပ်က္သည့္ဒဏ္ကိုမခံႏိုင္ေပနဂိုကတည္းကလည္းကိုယ္ခံအားနည္းလွသည့္အတြက္စိတ္သြားတိုင္းကိုယ္မပါေပ။

က်မ္းမာေရးမေကာင္းေသာအေျခအေနေၾကာင့္အတူပါလာေသာသူငယ္ခ်င္းအားတိုင္ပင္မိ၏
””ငါေတာ့ဒီမနက္တရားထိုင္ႏိုင္မယ္မထင္ဘူးရင္ထဲမွာတလွပ္လွပ္နဲ႔မူးၿပီးအန္ခ်င္ေနတယ္””

ဒါနဲ႔သူငယ္ခ်င္းကအေဆာင္မႈးသြားေခၚလာၿပီးျပေတာ့အေဆာင္မႈးကေဆးမ်ားေပးၿပီး

””မနက္ပိုင္းေနမေကာင္းရင္ေနခဲ့အားရွိေအာင္အိပ္ေရးဝဝအိပ္လိုက္လုံၿခဳံေရးအရအေဆာင္တံခါးေတာ့ပိတ္သြားရလိမ့္မယ္””

အေဆာင္မႈူးကမနက္ပိုင္းအနားယူရန္ေျပာကာအေဆာင္တံခါးပိတ္၍ထြက္သြားၾကသည္ ။

ထို႔ေၾကာင့္အေဆာင္တြင္တစ္ေယာက္ထဲက်န္ခဲ့၏အားလုံးထြက္သြားၾကေတာ့အေဆာင္တစ္ခုလုံးတိတ္ဆိတ္ၿငိမ္သက္သြားကဘာသံမွမၾကားရေတာ့ေပ

စာေရးသူလည္းအခန္းတံခါးပိတ္ကာအိပ္လိုက္၏မိုးကသိပ္မလင္းေသးရိပ္သာဆိုေတာ့အားလုံးတိတ္ဆိတ္ၿငိမ္သက္ကာပတ္ဝန္းက်င္ရွိေက်းဌက္ေအာ္သံမွလြဲ၍ကိုယ့္အသက္ရႈသံပင္ျပန္ၾကားေန၏

စာေရးသူေနေသာအေဆာင္သည္တရားထိုင္သည့္ဓမၼာ႐ုံႏွင့္အနည္းငယ္ေဝးေသာေၾကာင့္ပို၍တိတ္ဆိတ္ၿငိမ္သက္ေနသည္ထင္ရတယ္

္တစ္ခါတစ္ခါဘာပန္းရနံမွန္းမသိေသာပန္းရနံမ်ား၏ရနံ႔ေတြရေနၿပီးေမႊးပ်ံ႕ေသာအနံ႔ေပါင္းစုံကိုရႈမိ၏

သတိကပ္ကာတတ္ႏိုင္သေလာက္တရားမွတ္ေနရင္းေမွးကနဲျပန္အိပ္ေပ်ာ္မယ္ရွိေသး —ရွပ္ ရွပ္ ရွပ္ —

လူတစ္ေယာက္လမ္းေရွာက္လာသံကိုအတိုင္းသားၾကားေတာ့စိတ္ထဲမွာဇေဝဇဝါျဖစ္သြားသည္။

္တစ္ေဆာင္းလုံးမွာတစ္ေယာက္ထဲက်န္ခဲ့တာကိုဘယ္ကေျခသံလည္းေတြးေနတုန္းေျခသံကအခန္းေရွ႕တြင္ရပ္သြား၏။

ဘာပါလိမ့္လို႔ၿငိမ္ၿပီးနားေထာင္ေနတုန္းအခန္းေရွ႕ကဆက္ေရွာက္သြားျပန္သည္ ။

စာေရးသူေနေသာအခန္းေဘးတြင္ေရခ်ိဳးခန္းရွိသည္မို႔ေရခ်ိဳးခန္းမွေရခ်ိဳးေနသံၾကားရေတာ့စိတ္ထဲမွာအေဆာင္မႈးမ်ားျပန္လာၿပီးေရခ်ိဳးေနသလားလို႔ေတြးမိသြားသည္ ။

ဒါေပမဲ့အေဆာင္မႈးကသူမ်ားေတြျပန္မွသူပါျပန္ေလ့ရွိကာစည္းကမ္းရွိသူမို႔မျဖစ္ႏိုင္ဟုအေတြးရခက္သြားျပန္သည္ ။

ဒါဆိုဘယ္သူမ်ားျပန္လာ၍ေစာေစာစီးစီးေရခ်ိဴ းေနပါလိမ့္လို႔ေတြးရင္းေခါင္းေတြေနာက္လာသည္။

ေတာင္ေတြးေျမာက္ေတြးျဖစ္ေနတုန္း ေရခ်ိဳးခန္းကျပန္ထြက္လာၿပီးအခန္းေရွ႕တြင္ေျခသံကရပ္ေနျပန္သည္စာေရးသူလည္းေဇာေခြၽးမ်ားျပန္လာၿပီ

ခဏေနေတာ့ဆက္ေရွာက္သြားကာတစ္ေဆာင္လုံးပတ္ေရွာက္ေနသံၾကားရျပန္သည္။
အေဆာင္မႈးမ်ားေနမေကာင္းလို႔လာျပန္ၾကည့္တယ္ထင္ၿပီဆက္မေတြးေတာ့ပဲျပန္အိပ္လိုက္သည္ ။

ထိုအခ်ိန္မွာပဲ႐ုတ္တရက္တံခါးလာေခါက္သံၾကားေတာ့စိတ္ထဲေသခ်ာၿပီအေဆာင္မႈးအေျခအေနသတင္းလာေမးတယ္ထင္ၿပီးအခန္းတံခါးကိုထဖြင့္လိုက္သည္။

သို႔ေပမဲ့အခန္းျပင္မွာဘယ္သူမွရွိမေနကိုယ္လည္းတအံ့တၾသျဖစ္သြားၿပီအေဆာင္ကိုေဝ့ၾကည့္ေတာ့
လူ႔တစ္ေယာက္မွမရွိတံခါးေခါက္ခ်ိန္ႏွင့္တံခါးထဖြင့္ခ်ိန္ကသိပ္မၾကာေသာေၾကာင့္လူတစ္ေယာက္ဆိုပါကဒီေလာက္ျမန္ျမန္ေပ်ာက္သြားစရာအေၾကာင္းမရွိ

အခန္းတံခါးမ်ားကလည္းအကုန္ပိတ္ထားၿပီးအေဆာင္အဝင္ဝတံခါးကလည္းပိတ္လွ်က္သားရွိေနသည္။လူရိပ္လူေယာင္မေတြ႕ရေပ။

အေဆာင္တံခါးေတာင္ေသာ့ဂေလာက္ႏွင့္အျပင္ကက်က်နနပိတ္သြားျခင္းျဖစ္သည္။

ဒါဆိုအသံေတြကဘယ္ကၾကားေနရတာလဲလို႔မစဥ္းစားတတ္ေအာင္ရွိေနသည္။ေခါင္းမူးတာေတာင္ဘယ္ေရာက္သြားမွန္းမသိ

အခန္းတံခါးမ်ားအားလုံးလဲေသာ့ခတ္သြားတာမို႔ေသခ်ာတာကတစ္ေဆာင္လုံးမွာတစ္ေယာက္ထဲရွိေနတာေသခ်ာေနတာမို႔ဘာဘာညာညာေတြးရင္းေၾကာက္စိတ္မ်ားဝင္လာမိသည္။

သို႔ရာတြင္အခန္းအျပင္တြင္ရပ္ရင္းပတ္ဝန္းက်င္တြင္တစ္ေယာက္ေယာက္ရွိေနသလိုမ်ိဴ းစိတ္ကခံစားေနရသည္။

တစ္ကိုယ္လုံးၾကက္သီးမ်ားတဖ်န္းဖ်န္းထၿပီးေၾကာက္ေနတုန္းရွိေသးေဘးနားကိုေလဟပ္သြားသလိုခံစားရကာတစ္ေယာက္ေယာက္ေရာက္လာသလိုျဖစ္ၿပီးမျမင္ရတဲ့လက္ေအးတစ္စုံကစာေရးသူလည္ပင္းကိုလာကိုင္တဲ့အခါမွာေတာ့

လည္ပင္းတြင္ေအးစက္စက္အထိအေတြ႕ေၾကာင့္အေၾကာက္လြန္ကာ

”’ အား”’
ငယ္သံပါေအာင္ေအာ္ၿပီးဘာမွမျမင္ေတာ့ပဲေမ့လဲသြားေပသည္ ။

သတိျပန္ရေတာ့အနားမွာသူငယ္ခ်င္းႏွင့္အတူလူစုံေတြ႕ရကာစိုးရိမ္တႀကီးေမးၾကေတာ့၏

””ဘာျဖစ္တာလဲ—ဘာျဖစ္သြားတာလဲ””

ေရာဂီအားလုံးေၾကာက္မွာစိုးလို႔မေျပာပဲအေဆာင္မႈးကိုသာျဖစ္ေၾကာင္းကုန္စင္ေျပာျပေတာ့အေဆာင္မႈးကသက္ပ်င္းခ်ရင္း

”” ဒီအေဆာင္ကအရင္အေဆာင္မႈးဆုံးသြားတာမၾကာေသးဘူးစဲ့ြလမ္းစိတ္ေၾကာင့္အေဆာင္ကိုဆက္ၿပီးေစာင့္ေရွာက္ေနတယ္ထင္တယ္—””

””အရင္ကလည္းနည္းနည္းပါးပါးအေျခာက္ခံရတယ္ေျပာတာပဲ—
ေသသြားေသာအေဆာင္မႈးကသူ႔တာဝန္သူဆက္လုပ္ေနပုံရတယ္စြဲလန္းစိတ္မ်ားသိပ္ေၾကာက္စရာေကာင္းတာကိုသံေဝဂရမိပါတယ္””

အေဆာင္မႈူးေျပာမွျဖစ္ရပ္မွန္ကိုသိရေပမဲ့

သူကေတာ့သူအလုပ္သူဆက္လုပ္ေနတာပါပဲဒါကိုလူေတြကေျခာက္တယ္ထင္ေနျခင္းျဖစ္သည္အခုလည္းအေဆာင္မွာက်န္ေနခဲ့ေသာစာေရးသူအားသတိေပးျခင္းလားမဆိုႏိုင္ပါဘူး

ဒီေနရာမွာေျပာခ်င္တာကေတာ့လူတစ္ေယာက္ေသခါနီးအခ်ိန္ဟာအရမ္းကိုအေရးႀကီးပါသည္။
ဒါ့ေၾကာင့္တစ္ခ်ိဳ႕ေတြကေသခါနီးအခ်ိန္မွာတရားေခြဖြင့္ေပးျခင္းဘုရားစာ႐ြတ္ေပးျခင္းျပဳလုပ္ခဲ့တဲ့ေကာင္းမႈ႕ကုသိုလ္မ်ားျပန္လည္ေျပာျပျခင္းတို႔ကိုလုပ္ေဆာင္ေပးေလ့ရွိပါသည္။

ဘယ္ေလာက္ပဲေကာင္းမႈ႕ကုသိုလ္ေတြလုပ္ေနေပမဲ့ေသခါနီးမွာတစ္ခုခုကိုစြဲလမ္းစိတ္ဝင္သြားပါကအခိုက္အတန႔္ပဲျဖစ္ျဖစ္ကာလတစ္ခုထိပဲျဖစ္ျဖစ္မကြၽတ္မလြတ္ပဲျဖစ္ေနတတ္သည္ဟုတရားစာအုပ္ထဲတြင္ဖတ္ဖူးေပသည္။
အခုလက္ေတြ႕မွာရိပ္သာကအေဆာင္မႈးဟာေသခါနီးအေဆာင္ကိုစြဲလမ္းတဲ့စိတ္ျဖစ္သြားတာေၾကာင့္သူ႔တာဝန္ကိုဆက္လက္ထမ္းေဆာင္ေနျခင္းျဖစ္ပါတယ္ ။

ဒါေပမဲ့စာေရးသူကေတာ့ဆက္ၿပီးေနဖို႔ဘယ္လိုမွမခံစားႏိုင္ေတာ့၍သူငယ္ခ်င္းကိုေျပာမိရာ

ညေနပိုင္းမွာေတာ့သူငယ္ခ်င္းႏွစ္ေယာက္ကားဌားၿပီးအိမ္ျပန္ၾကေတာ့အိမ္ကလည္းတအံတၾသေပါ့
၁၀ရက္လည္းမျပည့္ေသးဘူးေလအဲဒီအခ်ိန္ကစၿပီးအဲ့ရိပ္သာမွာေနာက္ထပ္မဝင္ျဖစ္ေတာ့ပါ

ကိုယ့္လိုေတာ့လူတိုင္းျဖစ္မည္မထင္ပါကိုယ္ကေတာ့ကံနိမ့္ေန၍တိုက္ဆိုင္စြာႀကဳံေတြ႕ခဲ့ျခင္းျဖစ္မည္ထင္ပါသည္။

 

တိမ္လႊာမိုး