မိဘပြစ်မှားသူ ဖြစ်ရပ်မှန် (စ-ဆုံး)

Posted on

Unicode Version

မိဘပြစ်မှားသူ ဖြစ်ရပ်မှန် (စ-ဆုံး)
ပဲခူးတိုင်းအတွင်းသာယာဝတီဘက်ကရွာတရွာမှာလွန်ခဲ့တဲ့
၁၀စုနှစ်လောက်ကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းပါ
အခုတော့ဒီအဖြစ်အပျက်ကလူတွေတယောက်မှမရှိကြတော့ပါဘူး
ဒါကြောင့်သံဝေဂရအောင်တင်ပေးတာပါ့
ရွာကသာသာယာယာမို့ရွာသာယာလို့ပဲမှတ်လိုက်ပါ
ရွာသာယာမှာဒေါ်စိန်ဆိုတဲ့အမျိုးသမီးတယောက်ရှိတယ်
သူမသည်ချောမောလှပလေသည်
သူ့မမှာသမီးအပျိုကလေးနှစ်ယောက်လဲရှိသည်
ဒေါ်စိန်ယောင်္ကျားကကုန်သည်ဆိုတော့
အိမ်မှာသိပ်မရှိနယ်တကာလှည့်သွားနေရသည်
ဒါကြောင့်ဒေါ်စိန်ကသမီးကလေးနှစ်ယောက်တာဝန်ကိုယူထားရလေသည့်
ဒေါ်စိန်အမျိုးသားကအရှာအဖွေကောင်းတော့
ဒေါ်စိန်ကရွာမှာပြေပြေလည်လည်နေနိုင်လေသည်
ပိုလျှံသောပိုက်စံများဖြင့်လယ်များဝယ်ကာအဌားချထားသည်အဲတော့
တောဓလေ့အတိုင်းစားရင်းဌားများလဲအဝင်အထွက်ရှိသည်
လေအဲမှာဇတ်လမ်းကစလေသည်
ဒေါ်စိန်ကချောတော့သမီးနှစ်ယောက်ကလဲရွာရဲ့
ကွမ်းတောင်ကိုင်များဖြစ်လာသည်
ရုပ်ရည်မှာအမေထက်သာချင်သောဒေါ်စိန်သမီးနှစ်ယောက်က
အကြီးမကကြည်ကြည်ဟုခေါ်ကာအငယ်မကခင်ခင်ဟုခေါ်လေသည့်
ရွာအလူပွဲတွင်ဒေါ်စိန်သမီးများကနေရာအရဆုံးကာလသားများမျက်စိ
အကျဆုံးဆိုလဲမမှားဘူးပေါ့ ဒါ့ကြောင့်ဒေါ်စိန်ကသမီးများကို
ချမ်းသာသောသဌေးသားများနှင့်နေရာချပေးရန်မျှော်လင့်ထားသည်
အဖေနဲ့အမေကလိုလေသေးမရှိထားတော့ကြည်ကြည်နဲ့ခင်ခင်ကလဲ
အားနေအလှပဲပြင်နေတတ်သည့် အတိတ်ကံဆိုတာပြောရခက်သား
ကိုယ်ဖြစ်ချင်သလိုဖြစ်ခွင့်မရှိတဲ့ကံကြမ္မာက
ဒေါ်စိန်ကိုစိတ်ဒုခ္ခပေးလေပြီ ဒေါ်စိန်သမီးအကြီးမကြည်ကြည်တယောက်
အိမ်ကခိုင်းသောလယ်စာရင်းဌားနဲ့လိုက်ပြေးလေသည်
ဒီမှာတင်ဒေါ်စိန်တယောက်ယမ်းပုံမီးကြဖြစ်ကာဒေါသပုန်ထတော့သည်
သူမှန်းထားတာကအချီကြီး အခုတော့ဘာမဟုတ်တဲ့
လယ်စာရင်းဌားနဲ့လိုက်ပြေးရမလားဆိုပြီးလိုက်ရှာလေသည့်
ဒေါ်စိန်အမျိုးသားကနားချပေမဲ့မရပေဒီလိုနဲ့ကြည်ကြည်ကို
ပြန်တွေ့တော့ဒေါ်စိန်ကနှစ်ယောက်လုံးပြောဆိုပြီးသူ့သမီးကို
ရိုက်နှက်ကာပြန်ခေါ်သည် မလိုက်တဲ့အဆုံးကြည့်ကြည့်ဆံပင်ကိုဆွဲ၍ခေါ်ရာ
ကြည်ကြည်တယောက်အမေကိုပါးပြန်ရိုက်လိုက်သည်
ထင်မှတ်မထားသောဖြစ်ရပ်မို့အားလုံးအံ့အားသင့်ကုန်၍ဒေါ်စိန်တယောက်
အရှက်ကြီးရှက်ကာ သမီးက်ုစိတ်နာ၍လှည့်ပြန်သွားတော့သည့်
သမီးကလဲမိုက်ရိုင်းပြီးလင်စိတ်မွန်နေတော့ကိုယ်ဘာလုပ်လို့
လုပ်မှန်းမသိအောင်မိုက်မဲလေသည် ဒီလိုနဲ့ဒေါ်စိန်သမီးအကြီးမကို
အမွေဖြတ်၍အငယ်မကိုတော့သဌေးသားတယောက်နှင့်ပေးစားလိုက်သည်
ကြည်ကြည်တယောက်မပြေလည်ဒုခ္ခရောက်နေသည်သတင်းကြားတော့ဒေါ်စိန်စိတ်နာ၍သတင်းနားမထောင်ပါ့ မိဘကိုကိုယ်ထိလက်ရောက်ပါးရိုက်ခဲ့သော
ကြည်ကြည်ဝဠ်လည်ပြီ ီဒေါ်စိန်ကိုဘယ်ဘက်ပါးရိုက်မိသောကြည်ကြည်ရဲ့
ဘယ်ဘက်ပါးတွင်အနားကြီးတလုံးပေါာက်လာကာ
ဆေးမီးတိုတွေနဲ့ကုပေမဲ့အနာကမသက်သာတနေ့တခြားဆိုးလာကာ
ပါးပေါက်နာကြီးဖြစ်သွားလေသည့် အားလုံးကအမေကိုစော်ကားလို့
ကံကြီးထိုက်တယ်ဝိုင်းပြောတော့ ကြည်ကြည်ဒေါ်စိန်ကိုသွားကန်တော့ရန်
သတိရသွားသည် ဒီလိုနဲ့အနာကြီးကအရည်တရွဲရွဲနဲ့ညတိုင်းအိပ်မရအောင်
ကိုက်လာသည့်ကြည်ကြည်ကန်တော့ပွဲရွက်ကာသူ့အမေကိုလာတောင်းပန်တော့
ဒေါ်စိန်စိတ်မကောင်းဖြစ်ကာခွင့်လွတ်လိုက်သည့် မိဘဆိုတော့သားသမီးဘယ်လောက်ဆိုးဆိုးခွင့်လွှတ်စမြဲမို့အခုလဲဒေါ်စိန်ကြည်ကြည်ကိုတတ်နိုင်သလောက်ကုပေးပေမဲ့
အစားမစားနိုင်သောကြည်ကြည်အိပ်ယာထဲလဲတော့သည်
ဆေးကုသူများအားလုံးလက်ရှော့ကာဝဠ်နာကံနာလို့သတ်မှတ်လိုက်လေသည်
အရင်ကချောလှပါတယ်ဆိုသောရုပ်သည်ပိန်ချုံးကာအနာကိုက်၍
အော်ရင်းဆုံးပါးသွားလေသည့် သမီးသေတော့ဒေါ်စိန်သံဝေဂများစွာရသွားလေသည်
သမီးအလောင်းကိုကြည့်ကာဒေါ်စိန်ပြောလိုက်သည်” ”
သမီးအမိုက်မရေအိပ်ရေးမဝတာကြာပြီဆိုတော့အခုတော့
အိပ်တော့ဝအောင်အိပ်ပါတော့” ကြည်ကြည်ဆုံးတော့
အနံ့အသက်မကောင်းပိုးများတွယ်နေတာကြောင့်နေချင်းချလိုက်သည့်
ကြည်ကြည်ဆုံးပြီးတော့အခြောက်အလှန့်ကြမ်းတယ်လို့ပြောကြတော့
ဒေါ်စိန်စိတ်မကောင်းပြန် ဒေါ်စိန်တညမှာတော့အိပ်နေရင်း
အပုတ်နံ့ကြီးနံကာလန့်နိုးသွားသည် ်ဒီအချိန်အိပ်ယာဘေးတွင်
ရပ်နေသောကြည်ကြည်ကိုမြင်တော့ရင်တုန်ပန်းတုန်ဖြစ်သွားသည်
””အမေသမီးမကျွတ်သေးဘူး””’ ”””’ကြည်ကြည်သမီးမကျွတ်ဘူးလား
အမေအမျှပေးတာမရဘူးလား—-”’ ””အမေသမီးသာဓုမခေါ်နိုင်ဘူး——–””
””””ဒါဆိုမနက်ဘုရားမှာအမေသွားလူပေးမယ်သမီးလိုက်ခဲ့’—–””” ””သမီးဘုရားတွေဘုန်းကြီးကျောင်းတွေလိုက်လို့မရဘူးအမေသမီးအကုသိုလ်ကကြီးတော့
သာဓုမခေါ်နိုင်ဘူး’—–”””” ””’သမီးအမိုက်မရယ်ဒုခ္ခတွေကြီးလိုက်တာ
အမေဘာလုပ်ပေးရမလဲ” ” ””’အမေသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီး
တပါးပင့်ပြီးကုသိုလ်လုပ်ကာအမျှဝေပါဒါမှသမီးဘဝကူးနိုင်မှာအမေ”
‘ ကြည်ကြည်ပြောပြီးပျောက်သွားးတော့ဒေါ်စိန်ငိုလေသည်
နောက်နေ့မှာသီလသမာဓိနဲ့ပြည့်စုံတဲ့ဘုန်းကြီးပင့်ကာကြည်ကြည်အတွက်
ကောင်းမှု့ကုသိုလ်လုပ်ကာအမျှဝေလေသည်
အဲဒီနောက်ပိုင်းကြည်ကြည်ခြောက်တဲ့အသံမကြားရတော့ပေ
ကြည်ကြည်တစ်ယောက်ဘယ်ဘဝရောက်သွားသည်ကိုတော့ဘယ်သူမှမသိနိုင်ပါ
ဒေါ်စိန်လဲဖြစ်ချင်းတိုင်းမဖြစ်သောကံတရားကြောင့်အသိတရားတွေရကာရိပ်သာဝင်လေသည် ——ပြီး———

Zawgyi Version

ကြည်ကြည်ဝဠ်လည်ပြီဒေါ်စိန်ကိုဘယ်ဘက်ပါးရိုက်မိသောကြည်ကြည်ရဲ့
အပုတ်နံ့ကြီးနံကာလန့်နိုးသွားသည်ဒီအချိန်အိပ်ယာဘေးတွင်