မသူတော်မြွေ (စ-ဆုံး)

Posted on

Unicode Version

မသူတော်မြွေ (စ-ဆုံး)
————————-
#ဖိုးကျော့
ဦးထွန်းလှ၏လယ်တဲက ညောင်ပင်ချောင်း ကွင်းစပ်နားတွင်ရှိသည်။ လယ်တဲအောက်ဘက်တွင် သပေါ့စာချုံပုတ်များနှင့် ချောင်းရိုးလေးတစ်ခုရှိ၏။
တစ်နေ့၌ ထိုချောင်းရိုးဘေးနားမှ ဖားတစ်ကောင် မြွေကိုက်၍ အော်နေသံကို ဦးထွန်းလှကြားရသည်။
သူတို့ လယ်တောထဲ၌ မြွေကိုက်၍ ဖားအော်သံ၊ ဖားမြည်သံ၊ မြွေတွန်သံ၊ အခြားပိုးမွှားတိရစ္ဆာန်များ၏ အော်မြည်သံတို့မှာ သူတို့အတွက် အထူးအဆန်း မဟုတ်တော့။
မကြာ မကြာကြားနေကျအသံဖြစ်သဖြင့် ဦးထွန်းလှက ခမောက်ရက်ရန် နှီးဖြာမပျက်ရှိနေသည်။
သို့သော် ယခင်က ဖားကိုမြွေကိုက်၍ ဖားအော်သံလို ရုတ်တရက် ပျောက်မသွား။ ဖားအော်သံမှာ သူ့လယ်တဲနှင့် ပိုနီးလာသည်။ သပေါ့စာ ချုံနားဘက်မှသည် သူ့လယ်တဲအောက်ဘက်နား ရောက်လာ၏။
ထိုအခါ ဦးထွန်းလှက သူ့မိသားစုအတွက် အထူးသဖြင့် ကလေးများအတွက် မြွေပါးကင်းပါး စိုးရိမ်လာသည်။ ထို့ကြောင့်
“ဒီမြွေ ဖားကိုကိုက်ပြီး ငါ့တဲနားဘက်ချီလာပါလား
မြွေဆိုးလား မြွေကောင်းလား သွားကြည့်ဦးမှ”
ဟု နှီးဖြာနေရာက ဝါးလုံးပိုင်းတစ်ပိုင်းကို ကောက်ဆွဲကာ ထလာသည်။
ဖားအော်နေသံကြားရာဘက်သို့လည်း အသာချောင်းပြီး လိုက်လာ၏။
တဲအောက်ဘက် တောင်လမုချုံစပ်နားသို့ ဦးထွန်းလှ ရောက်လာသည်။ မြွေကို မမြင်ရသေးသော်လည်း မြက်ဖုတ်မြက်ပင်များ လှုပ်ရှားနေသည်နှင့် ဖားအော်သံတို့ကြောင့် မြွေက ဖားကို ကိုက်ချီလာသော လမ်းကြောင်းကို ကောင်းကောင်းသိနေရသည်။ ထို့ကြောင့် ဦးထွန်းလှ ဆက်လိုက်လာ၏။
မြက်တောဆုံးသည်နှင့် မြွေကိုမြင်ရ၏။ လက်မ သာသာရှိသော ရေမြွေတစ်ကောင်သည် ဂျင်လုံးနီးပါးခန့်ရှိသော ဖားတစ်ကောင်ကို ကိုက်ချီလာသည်။ ဖား မြွေစကိုက်ခံရတုန်းကပင် အော်မြည်လာပုံရသော ဖားမှာ ဦးထွန်းလှမြင်ချိန်၌ အော်ရလွန်း၍ အသံပင် ကောင်းစွာမထွက်နိုင်တော့။
ရေမြွေက ဖား၏ခါးလယ်ပိုင်းကို ကိုက်ချီလာရာ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းတို့မှာ ဆန့်ငင်ဆန့်ငင်နှင့် ပါလာနေသည်။
အစကမူ မြွေပါးကင်းပါး ကလေးများအတွက် စိုးရိမ်၍သာ ထလိုက်လာမိသော်လည်း လမ်းတစ်ဝက်လောက်အရောက်မှာတော့ အကယ်၍ ဖားက စားဖားလည်းဖြစ်မည်၊ ကြီးလည်း ကြီးမည်ဆိုလျှင် မြွေကိုသတ်၍ ဖားကို သူချက်စားမည်ဟုလည်း အကြံဖြစ်လာသေးသည်။
ယခု ဖားက ဂျင်လုံးနီးပါးခန့်သာရှိ၍ တစ်ကောင်တည်းနှင့် တစ်နပ်စာမပြည့်။ ချက်စား၍လည်းမရ။ သို့သော် ဖားကိုကိုက်ချီလာသောမြွေက သူ့တဲအောက်ဘက်မှ တဲခေါင်းရင်းဘက် ဂူတလိုင်းချုံနားသို့ ချီသွားနေပြန်သဖြင့် သူလိုက်ကြည့်မိသည်။
ရုတ်တရက် ဦးထွန်းလှ အံ့သြသွားသည်။
ဂူတလိုင်းချုံစနားတွင် လူကြီးလက်ကောက်ဝတ်နီးပါးခန့်ရှိသော မြွေသူတော်ကြီးတစ်ကောင်သည် မလှုပ်မယှက်နှင့် စန့်စန့်ကြီး ငြိမ်နေသည်။
ဖားကို ကိုက်ချီလာသော ရေမြွေသည် မြွေသူတော်ကြီးရှေ့ ရောက်သောအခါ သူကိုက်ချီ လာသောဖားကို မြွေသူတော်ကြီးပါးစပ်ရှေ့ ချပေးလိုက်သည်။ ရေမြွေချပေးလိုက်သောဖားကို မြွေသူတော်ကြီးက မစားသေးဘဲ သူ့ခေါင်းကို တစ်ဖက်သို့ လှည့်ပစ်လိုက်၏။
ထိုအခါ ရေမြွေက မသေမရှင်ဖြစ်နေသော ဖားကို မြွေသူတော်ကြီးပါးစပ်နားသို့ ချပေးနေပြန်၏။ ထိုအခါမှာလည်း မြွေသူတော်ကြီးက ရေမြွေယူလာပေးသော ဖားကို မစားဘဲ ငြင်းပယ်သည့်သဘောနှင့် တစ်ဖက်သို့ ခေါင်းလှည့်သွားပြန်၏။
ရေမြွေကမူ နောက်တစ်ခါ ဖားကိုကောက်ကိုက်ပြီး မြွေသူတော်ကြီး ပါးစပ်နား ချပေးပြန်သည်။ ဤတစ်ခါလည်း မြွေသူတော်ကြီးသည် ရေမြွေကိုက်ချီ လာပေးသော ဖားကို မစားဘဲ တစ်ဖက်သို့ သူ့ခေါင်းကို ရွှေ့ထားလိုက်ပြန်၏။
“ဘယ်လိုပါလိမ့်”
ဟု မကြုံစဖူး ထူးကဲလှသောအဖြစ်ကို ဦးထွန်းလှက အံ့သြတကြီး ငေးကြည့်နေမိသည်။
သူ ရှာဖွေကိုက်ချီလာသော ဖားကို သူ့ပါးစပ်နား သုံးကြိမ် သုံးခါ ချချပေးသော်လည်း မြွေသူတော်ကြီးက မစားသောအခါ ရေမြွေသည် မြွေသူတော်ကြီးအနားမှ ချောင်းရိုးလေးဘက် ချက်ချင်းပြေးထွက်သွား လေသည်။
“မြွေသူတော်” ဟု ခေါ်ကြသော မြွေများနှင့်ပတ်သက်၍ ဦးထွန်းလှ ငယ်စဉ်က ကြားဖူးနားဝပုံပြင်များကို အမှတ်ရမိသွားသည်။
ယခင်က မြွေသူတော်သည် မြွေများထဲတွင် ဘုရင်ဖြစ်သည်။ အလွန်အဆိပ်ပြင်းသဖြင့် မည်သည့်မြွေမဆို မြွေသူတော်ခေါ်လျှင် ချက်ချင်းလာ၍ ခစားရသည်။ မည်သည့်သက်ရှိသတ္တဝါမဆို (သို့မဟုတ်) မည်သည့် သက်ရှိသတ္တဝါတစ်ကောင်ကောင်၏ အရိပ်ကိုပင် မြွေသူတော်ကြီးက ပေါက်လိုက်ရုံနှင့် ထိုသတ္တဝါချက်ချင်းသေသွားသည်။ မြွေသူတော် ကား ဤမျှအဆိပ်ပြင်း၏။
တစ်နေ့သ၌ နွားကျောင်းသားလေးတစ်ယောက်သည် လူတစ်ရပ်နီးပါးခန့်မြင့်သော သစ်ပင်ခွကြားတစ်ခုကို မှီထိုင်ကာ ခါးထိုးလာသော ပလွေကို ရှေ့တိုးနောက်ငင် ကျူမှုတ်နေသည်။ နွားကျောင်းသား၏ ပလွေရိပ်က မြေပြင်တွင် ရှေ့တိုးနောက်ငင် ယိမ်းလှုပ်ကျနေသည်။
ဤသည်ကို မြွေသူတော်ကြီးကတွေ့ ရာ ဤသစ်ပင်ပေါ်က ဤတိရစ္ဆာန် မြည်တွန်နေသည်မှာ ငါ့ကို အန်တုသဘော။ နားညည်းဖွယ်ကောင်းလှသည်ဟု ပလွေရိပ်ကို လှမ်းပေါက်လိုက်သည်။ သို့သော် နွားကျောင်းသားမှုတ်နေသော ပလွေရိပ်ကား အသံတိတ်မသွား၊ မြည်မြဲမြည်နေ၏။
ထိုအခါ မြွေသူတော်ကြီးမှာ အလွန်ဒေါသဖြင့် စိတ်ဆိုးလာကာ နောက်ထပ်တစ်ကြိမ် ပလွေရိပ်ကို ထပ်ပေါက်ပြန်သည်။ ထိုအခါမှာလည်း ပလွေမြည်နေသံက ရပ်မသွား၊ မြည်မြဲသာ မြည်နေ၏။
သုံးကြိမ်သုံးခါ ပေါက်သော်လည်း နွားကျောင်းသားငယ် မှုတ်ကျူနေသော ပလွေမြည်သံ မရပ်သောအခါ
“ငါ့ကိုယ်ငါ မြွေထဲမှာ အဆိပ်အပြင်းဆုံး၊ တန်ခိုးအကြီးဆုံးဆိုပြီး မြွေဘုရင်လုပ်နေတာ အလကားပဲ။ ခု သစ်ပင်ပေါ်က ငါ့ကို သရော်စော်ကား လှုပ်ရှားမြည်တွန်နေတဲ့ တိရစ္ဆာန်ရဲ့အရိပ်ကို ငါ သုံးကြိမ် သုံးခါပေါက်ပေမယ့် ဒီတိရစ္ဆာန် မသေဘူး။ အအော်အမြည်တောင် မရပ်ဘူး။ ဒီတော့ ဒီလောက်အသုံးမကျတဲ့ အဆိပ်တွေကို ငါထိန်းသိမ်း ထားလို့လည်း အလကားပဲ။ ဒီနေ့ ဒီချိန်ကစပြီး ဒီအဆိပ်တွေကို ငါ စွန့်ပစ်လိုက်တော့မယ်”
ဟု စိတ်ဆိုးမာန်ဆိုးနှင့် ဆုံးဖြတ်ချက်ချကာ သူ့အဆိပ်တွေကို ကျောက်ဖျာတစ်ခုထက်၌ စွန့်အန်ပစ်လိုက်လေသည်။
မြွေသူတော်ကြီး စွန့်အန်ပစ်သော အဆိပ်တွေကို ဦးဆုံးသောက်ကြရသော မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေများမှာ အဆိပ်ပြင်းသော မြွေများဖြစ်လာကြသည်။ နောက်မှရောက်လာပြီး အဆိပ်မရှိတော့သော
ကျောက်ဖျာကို လျှာနှင့်လျက်ကြသော မြွေများမှာ အဆိပ်မရှိမြွေများ ဖြစ်လာကြသည်ဟုဆိုသည်။
ထို့ကြောင့် မြွေသူတော်မှာ ယခုအခါ အဆိပ်ဆို၍ လုံးဝမရှိ။ သို့သော် အစဉ်အလာအရ မြွေဘုရင်ကြီးဖြစ်ခဲ့သော မြွေသူတော်ကို အဆိပ်မရှိသောမြွေများက ယခုထိခစားကာ အစာတောင်းလျှင် ရှာဖွေပေးရသည်ဟု ပုံပြင်ကဆိုသည်။
ယခု မြွေသူတော်ကြီးကို ရေမြွေက ဖားတစ်ကောင် ကိုက်ချီလာ ပေးနေသည်မှာ ဤသဘောပင်လော။
သို့သော် ရေမြွေကိုက်ချီလာပေးသော ဖားကို ဤမြွေသူတော်သည် အဘယ်ကြောင့် မစားသေးသနည်းဟု ဦးထွန်းလှ တွေးနေချိန်မှာပင် ရေမြွေသည် ငါးကလေးတစ်ကောင်ကို ကိုက်ချီပြီး ပြန်ရောက်လာပြန်၏။
ထိုအခါ ဦးထွန်းလှမှာ ပို၍ အံ့ဩသွားပြန်၏။ ဖားကိုမစားချင်ဟု ငြင်းပယ်သဖြင့် မြွေဘုရင်ကြီးကို ရေမြွေက ငါးရှာလာပေးသည်ဟု ဦးထွန်းလှ နားလည်လိုက်သည်။
သို့သော် အံ့ဩစရာကောင်းနေပြန်သည်မှာ ရေမြွေရှာလာပေးသော လက်သန်းခန့်ရှိ ငါးလေးကို ရေမြွေက မြွေသူတော်ကြီးပါးစပ်နားသို့ ချပေးလိုက်သော် လည်း မြွေသူတော်ကြီးကား မစားပြန်။ တစ်ဖက်သို့သာ ခေါင်းလှည့် သွားပြန်၏။
ငါးသေကို သုံးကြိမ်သုံးခါပေးသော်လည်း မစားသောအခါ ကြံရာမရဖြစ်သွားပုံရသော ရေမြွေခမျာမှာ အနားတွင်ရှိနေသော ဖားသေကို တစ်ခါကိုက်ကောက်၍ ပေးနေပြန်၏။ ဤသည်ကို မြွေ သူတော်ကြီးက ပို၍ဒေါသဖြစ်လာသလိုနှင့် သူ့ခေါင်းကို တစ်ဖက်သို့ လှည့်သွားရုံမက တစ်ချိန်လုံး ငြိမ်ချက်သားကောင်းနေသော သူ့အမြီးနှင့်ပါ ရေမြွေကို လှမ်းရိုက်ပစ်လိုက်လေသည်။
ထိုအခါ ရေမြွေခမျာမှာ ကြောက်လန့်တကြားနှင့် ချက်ချင်း မြွေသူတော်ကြီးအနားက ထွက်ပြေး သွားသည်။
ဖားကိုလည်းမစား ငါးကိုလည်းမစားသော မြွေသူတော်ကြီးကို ဤတစ်ခါ ရေမြွေသည် မည်သည့်အကောင်ပလောင် တစ်ကောင်ကောင်ကို ကိုက်ချီယူလာပြီး ဆက်သလေဦးမည်နည်းဟု ဦးထွန်းလှလည်း ကြည့်ကောင်းကောင်းနှင့် မတ်တတ်ရပ် ချောင်းကြည့်နေလေသည်။
မည်သည့်အကောင်ကို သွားရှာနေသည်မသိ၊ ဤတစ်ခါရေမြွေ သည် ကွမ်းတစ်ယာညက်နီးပါးပင် ကြာသွား၏။ မြွေသူတော်ကြီးမှာလည်း သူ့အမြင်ရှေ့၌ ဖားသေတစ်ကောင် ငါးသေတစ်ကောင်နှင့် ငြိမ်ချက်သား ကောင်းနေသည်။
ဤမြွေသူတော်ကို လက်ထဲပါလာသော ဝါးလုံးပိုင်းနှင့် ရိုက်သတ်ပစ်ရလျှင် ကောင်းမည်လားဟု တွေးပြီးမှ လူကြီးသူမတွေ ပြောစကားကို ဦးထွန်းလှ သတိရသွားပြန်သည်။
မြွေသူတော်မည်သော မြွေကိုတွေ့လျှင် မသတ်ကောင်း။ မြွေသူတော်၏ အစာစားရက်မှာ တစ်ပတ်လျှင် တစ်ရက်သာရှိသည်။ အဆိပ်မရှိသလို လူနှင့် အခြားတိရစ္ဆာန်များကိုလည်း လုံးဝအန္တရာယ်မပြုတတ်၊ မကိုက်တတ်။ ထို့ကြောင့် မြွေ သူတော်ကိုသတ်လျှင် သတ်သူ၌ ဘေးဥပဒ်အန္တရာယ်တစ်ခုခု ကျရောက် တတ်သည်ဟူသော ရှေးလူကြီးသူမတို့၏စကားကို သတိရ၍ လက်တွန့် သွားသည်။
“ရေမြွေလည်းပြေးပြီ။ ငါလည်း တဲပြန်တာပဲ ကောင်းပါတယ်”
ဟု တွေးလိုက်စဉ် ရေမြွေသည် မြွေသူတော်ကြီးရှေ့ ရောက်လာပြန်၏။
သို့သော် ဤတစ်ခါတွင် ရေမြွေတွင် မြွေသူတော်ကြီးကိုဆက်သရန် မည်သည့် ဖား ငါးမှ ပါမလာတော့ပေ။ အတော်ကလေးကြာမှ ပြန်ရောက်လာသော ရေမြွေသည် မြွေသူတော်ကြီး၏ ပါးစပ်နားတွင် ရှိခိုးဦးချသလို သူ့ခေါင်းကိုနှိမ့်ချလိုက် နောက်ပြန်ဆုတ်လိုက် တစ်ခါရှေ့တိုးလာပြီး သူ့ခေါင်းကို မြွေသူတော်ကြီးပါးစပ်နား ချလိုက်နှင့် ကြည့်ရသည်မှာ ဆောက်တည်ရာမရသလို ဖြစ်နေသည်။
ဦးထွန်းလှမှာ တစ်ခါတစ်ထူး မမြင်ဖူးမကြုံဖူးသော မြွေသူတော်နှင့် ရေမြွေတို့၏အဖြစ်သနစ်ကို ငေးကြည့်ကာ မှင်တက်မိ အံ့အားသင့်နေသည်။
ထိုစဉ်မှာပင် မလှုပ်မယှက်ငြိမ်သက်နေသော မြွေသူတော်ကြီး၏ ပါးစပ်ဟလာ၏။
သူ့ခေါင်းကို မြွေသူတော်ကြီးပါးစပ်နား ထိုးချပေးလိုက် နောက်ပြန်ဆုတ်လိုက်နှင့် ရေမြွေမှာ ကိုယ်ကိုကျုံ့၍ လူးလွန့် တွန့်ဆုတ်နေ၏။
မြွေသူတော်ကြီးကမူ မြေပြင်တွင် အောက်နှုတ်ခမ်းကို ချ၍ ဟထားသောပါးစပ်ကို ပြန်မပိတ်တော့ဘဲ ဟမြဲဟထား၏။
ရေမြွေကလေးကသာ ခေါင်းချလိုက် နောက်ပြန်ဆုတ်လိုက်နှင့် လှုပ်ရှားနေသော်လည်း မြွေသူတော်ကြီးကား ပါးစပ်ကို ဟဖြဲထားပြီး တစ်ကိုယ်လုံးငြိမ်နေသည်။ လျှာတစ်ခုသာ ထွက်လိုက် ဝင်လိုက်နှင့် လှုပ်ရှားနေ၏။
မကြာပါချေ။ မြွေသူတော်ကြီး၏ ဟဖြဲထားသော ပါးစပ်ပေါက်ထဲသို့ ရေမြွေက သူ့ဦးခေါင်းကို ထိုးဝင်ပေးလိုက်ရသည်။ ထိုအခါမှ မြွေသူတော်ကြီးသည် ဟဖြဲထားသော သူ့ပါးစပ်ကို စေ့ပိတ်လိုက်ပြီး ရေမြွေကို တဖြည်းဖြည်းချင်း စမျိုတော့သည်။
ရေမြွေမှာ အမြီးတဖျတ်ဖျတ်လှုပ်ပြီး တဖြည်းဖြည်း အမျိုခံနေရသလို ယခုမှ မြွေသူတော်ကြီး၏ တစ်ကိုယ်လုံးမှာလည်း လှုပ်ရှားလာပြီး ရေမြွေကို စိမ်ပြေနပြေ မျိုသွင်းနေလေသည်။
“တောက် ရေမြွေက ဖားတွေ ငါးတွေ ရှာလာပေးတာတောင် မစားဘဲ ဇာတ်တူသားမှ စားချင်တဲ့မြွေယုတ်၊ နင်ဟာ မြွေသူတော်မဟုတ်ဘူး၊ မြွေမသူတော်ပဲ။
ကဲ ဇာတ်တူသားစားဦးဟ၊ စားဦး၊ စားဦး”
ဦးထွန်းလှမှာ ကြည့်နေရင်း ဒေါသဖြစ်လာကာ မြွေသူတော်ကြီး၏ ခါးလယ်ကို လက်ထဲပါလာသော ဝါးပိုင်းတုတ်နှင့် အဆက်မပြတ် ရိုက်သတ်လိုက်လေသည်။
ထိုအခါမှ မြွေမသူတော်ကြီးက ရေမြွေကလေးကို အန်ထုတ်ပစ်လိုက်သည်။ ရေမြွေခမျာမှာ သွေးရူးသွေးတန်းနှင့် တောင်လမုချုံတောဘက် ထွက်ပြေးသွားသည်။
ထိုအချိန်ထိ ဦးထွန်းလှ၏ တုတ်ချက်ကမူ မြွေမသူတော်ကြီး၏ ကိုယ်ပေါ်သို့ တဖြောင်းဖြောင်း ကျနေ တုန်းပင်။

Zawgyi Version

မသူေတာ္ေႁမြ (စ-ဆံုး)
————————-
#ဖိုးေက်ာ့
ဦးထြန္းလွ၏လယ္တဲက ေညာင္ပင္ေခ်ာင္း ကြင္းစပ္နားတြင္ရွိသည္။ လယ္တဲေအာက္ဘက္တြင္ သေပါ့စာခ်ဳံပုတ္မ်ားႏွင့္ ေခ်ာင္း႐ိုးေလးတစ္ခုရွိ၏။
တစ္ေန႔၌ ထိုေခ်ာင္း႐ိုးေဘးနားမွ ဖားတစ္ေကာင္ ေႁမြကိုက္၍ ေအာ္ေနသံကို ဦးထြန္းလွၾကားရသည္။
သူတို႔ လယ္ေတာထဲ၌ ေႁမြကိုက္၍ ဖားေအာ္သံ၊ ဖားျမည္သံ၊ ေႁမြတြန္သံ၊ အျခားပိုးမႊားတိရစာၦန္မ်ား၏ ေအာ္ျမည္သံတို႔မွာ သူတို႔အတြက္ အထူးအဆန္း မဟုတ္ေတာ့။
မၾကာ မၾကာၾကားေနက်အသံျဖစ္သျဖင့္ ဦးထြန္းလွက ခေမာက္ရက္ရန္ ႏွီးျဖာမပ်က္ရွိေနသည္။
သို႔ေသာ္ ယခင္က ဖားကိုေႁမြကိုက္၍ ဖားေအာ္သံလို ႐ုတ္တရက္ ေပ်ာက္မသြား။ ဖားေအာ္သံမွာ သူ႔လယ္တဲႏွင့္ ပိုနီးလာသည္။ သေပါ့စာ ခ်ဳံနားဘက္မွသည္ သူ႔လယ္တဲေအာက္ဘက္နား ေရာက္လာ၏။
ထိုအခါ ဦးထြန္းလွက သူ႔မိသားစုအတြက္ အထူးသျဖင့္ ကေလးမ်ားအတြက္ ေႁမြပါးကင္းပါး စိုးရိမ္လာသည္။ ထို႔ေၾကာင့္
“ဒီေႁမြ ဖားကိုကိုက္ၿပီး ငါ့တဲနားဘက္ခ်ီလာပါလား
ေႁမြဆိုးလား ေႁမြေကာင္းလား သြားၾကည့္ဦးမွ”
ဟု ႏွီးျဖာေနရာက ဝါးလုံးပိုင္းတစ္ပိုင္းကို ေကာက္ဆြဲကာ ထလာသည္။
ဖားေအာ္ေနသံၾကားရာဘက္သို႔လည္း အသာေခ်ာင္းၿပီး လိုက္လာ၏။
တဲေအာက္ဘက္ ေတာင္လမုခ်ဳံစပ္နားသို႔ ဦးထြန္းလွ ေရာက္လာသည္။ ေႁမြကို မျမင္ရေသးေသာ္လည္း ျမက္ဖုတ္ျမက္ပင္မ်ား လႈပ္ရွားေနသည္ႏွင့္ ဖားေအာ္သံတို႔ေၾကာင့္ ေႁမြက ဖားကို ကိုက္ခ်ီလာေသာ လမ္းေၾကာင္းကို ေကာင္းေကာင္းသိေနရသည္။ ထို႔ေၾကာင့္ ဦးထြန္းလွ ဆက္လိုက္လာ၏။
ျမက္ေတာဆုံးသည္ႏွင့္ ေႁမြကိုျမင္ရ၏။ လက္မ သာသာရွိေသာ ေရေႁမြတစ္ေကာင္သည္ ဂ်င္လုံးနီးပါးခန႔္ရွိေသာ ဖားတစ္ေကာင္ကို ကိုက္ခ်ီလာသည္။ ဖား ေႁမြစကိုက္ခံရတုန္းကပင္ ေအာ္ျမည္လာပုံရေသာ ဖားမွာ ဦးထြန္းလွျမင္ခ်ိန္၌ ေအာ္ရလြန္း၍ အသံပင္ ေကာင္းစြာမထြက္ႏိုင္ေတာ့။
ေရေႁမြက ဖား၏ခါးလယ္ပိုင္းကို ကိုက္ခ်ီလာရာ ေျခႏွစ္ေခ်ာင္း၊ လက္ႏွစ္ေခ်ာင္းတို႔မွာ ဆန႔္ငင္ဆန႔္ငင္ႏွင့္ ပါလာေနသည္။
အစကမူ ေႁမြပါးကင္းပါး ကေလးမ်ားအတြက္ စိုးရိမ္၍သာ ထလိုက္လာမိေသာ္လည္း လမ္းတစ္ဝက္ေလာက္အေရာက္မွာေတာ့ အကယ္၍ ဖားက စားဖားလည္းျဖစ္မည္၊ ႀကီးလည္း ႀကီးမည္ဆိုလွ်င္ ေႁမြကိုသတ္၍ ဖားကို သူခ်က္စားမည္ဟုလည္း အႀကံျဖစ္လာေသးသည္။
ယခု ဖားက ဂ်င္လုံးနီးပါးခန႔္သာရွိ၍ တစ္ေကာင္တည္းႏွင့္ တစ္နပ္စာမျပည့္။ ခ်က္စား၍လည္းမရ။ သို႔ေသာ္ ဖားကိုကိုက္ခ်ီလာေသာေႁမြက သူ႔တဲေအာက္ဘက္မွ တဲေခါင္းရင္းဘက္ ဂူတလိုင္းခ်ဳံနားသို႔ ခ်ီသြားေနျပန္သျဖင့္ သူလိုက္ၾကည့္မိသည္။
႐ုတ္တရက္ ဦးထြန္းလွ အံ့ၾသသြားသည္။
ဂူတလိုင္းခ်ဳံစနားတြင္ လူႀကီးလက္ေကာက္ဝတ္နီးပါးခန႔္ရွိေသာ ေႁမြသူေတာ္ႀကီးတစ္ေကာင္သည္ မလႈပ္မယွက္ႏွင့္ စန႔္စန႔္ႀကီး ၿငိမ္ေနသည္။
ဖားကို ကိုက္ခ်ီလာေသာ ေရေႁမြသည္ ေႁမြသူေတာ္ႀကီးေရွ႕ ေရာက္ေသာအခါ သူကိုက္ခ်ီ လာေသာဖားကို ေႁမြသူေတာ္ႀကီးပါးစပ္ေရွ႕ ခ်ေပးလိုက္သည္။ ေရေႁမြခ်ေပးလိုက္ေသာဖားကို ေႁမြသူေတာ္ႀကီးက မစားေသးဘဲ သူ႔ေခါင္းကို တစ္ဖက္သို႔ လွည့္ပစ္လိုက္၏။
ထိုအခါ ေရေႁမြက မေသမရွင္ျဖစ္ေနေသာ ဖားကို ေႁမြသူေတာ္ႀကီးပါးစပ္နားသို႔ ခ်ေပးေနျပန္၏။ ထိုအခါမွာလည္း ေႁမြသူေတာ္ႀကီးက ေရေႁမြယူလာေပးေသာ ဖားကို မစားဘဲ ျငင္းပယ္သည့္သေဘာႏွင့္ တစ္ဖက္သို႔ ေခါင္းလွည့္သြားျပန္၏။
ေရေႁမြကမူ ေနာက္တစ္ခါ ဖားကိုေကာက္ကိုက္ၿပီး ေႁမြသူေတာ္ႀကီး ပါးစပ္နား ခ်ေပးျပန္သည္။ ဤတစ္ခါလည္း ေႁမြသူေတာ္ႀကီးသည္ ေရေႁမြကိုက္ခ်ီ လာေပးေသာ ဖားကို မစားဘဲ တစ္ဖက္သို႔ သူ႔ေခါင္းကို ေ႐ႊ႕ထားလိုက္ျပန္၏။
“ဘယ္လိုပါလိမ့္”
ဟု မႀကဳံစဖူး ထူးကဲလွေသာအျဖစ္ကို ဦးထြန္းလွက အံ့ၾသတႀကီး ေငးၾကည့္ေနမိသည္။
သူ ရွာေဖြကိုက္ခ်ီလာေသာ ဖားကို သူ႔ပါးစပ္နား သုံးႀကိမ္ သုံးခါ ခ်ခ်ေပးေသာ္လည္း ေႁမြသူေတာ္ႀကီးက မစားေသာအခါ ေရေႁမြသည္ ေႁမြသူေတာ္ႀကီးအနားမွ ေခ်ာင္း႐ိုးေလးဘက္ ခ်က္ခ်င္းေျပးထြက္သြား ေလသည္။
“ေႁမြသူေတာ္” ဟု ေခၚၾကေသာ ေႁမြမ်ားႏွင့္ပတ္သက္၍ ဦးထြန္းလွ ငယ္စဥ္က ၾကားဖူးနားဝပုံျပင္မ်ားကို အမွတ္ရမိသြားသည္။
ယခင္က ေႁမြသူေတာ္သည္ ေႁမြမ်ားထဲတြင္ ဘုရင္ျဖစ္သည္။ အလြန္အဆိပ္ျပင္းသျဖင့္ မည္သည့္ေႁမြမဆို ေႁမြသူေတာ္ေခၚလွ်င္ ခ်က္ခ်င္းလာ၍ ခစားရသည္။ မည္သည့္သက္ရွိသတၱဝါမဆို (သို႔မဟုတ္) မည္သည့္ သက္ရွိသတၱဝါတစ္ေကာင္ေကာင္၏ အရိပ္ကိုပင္ ေႁမြသူေတာ္ႀကီးက ေပါက္လိုက္႐ုံႏွင့္ ထိုသတၱဝါခ်က္ခ်င္းေသသြားသည္။ ေႁမြသူေတာ္ ကား ဤမွ်အဆိပ္ျပင္း၏။
တစ္ေန႔သ၌ ႏြားေက်ာင္းသားေလးတစ္ေယာက္သည္ လူတစ္ရပ္နီးပါးခန႔္ျမင့္ေသာ သစ္ပင္ခြၾကားတစ္ခုကို မွီထိုင္ကာ ခါးထိုးလာေသာ ပေလြကို ေရွ႕တိုးေနာက္ငင္ က်ဴမႈတ္ေနသည္။ ႏြားေက်ာင္းသား၏ ပေလြရိပ္က ေျမျပင္တြင္ ေရွ႕တိုးေနာက္ငင္ ယိမ္းလႈပ္က်ေနသည္။
ဤသည္ကို ေႁမြသူေတာ္ႀကီးကေတြ႕ ရာ ဤသစ္ပင္ေပၚက ဤတိရစာၦန္ ျမည္တြန္ေနသည္မွာ ငါ့ကို အန္တုသေဘာ။ နားညည္းဖြယ္ေကာင္းလွသည္ဟု ပေလြရိပ္ကို လွမ္းေပါက္လိုက္သည္။ သို႔ေသာ္ ႏြားေက်ာင္းသားမႈတ္ေနေသာ ပေလြရိပ္ကား အသံတိတ္မသြား၊ ျမည္ၿမဲျမည္ေန၏။
ထိုအခါ ေႁမြသူေတာ္ႀကီးမွာ အလြန္ေဒါသျဖင့္ စိတ္ဆိုးလာကာ ေနာက္ထပ္တစ္ႀကိမ္ ပေလြရိပ္ကို ထပ္ေပါက္ျပန္သည္။ ထိုအခါမွာလည္း ပေလြျမည္ေနသံက ရပ္မသြား၊ ျမည္ၿမဲသာ ျမည္ေန၏။
သုံးႀကိမ္သုံးခါ ေပါက္ေသာ္လည္း ႏြားေက်ာင္းသားငယ္ မႈတ္က်ဴေနေသာ ပေလြျမည္သံ မရပ္ေသာအခါ
“ငါ့ကိုယ္ငါ ေႁမြထဲမွာ အဆိပ္အျပင္းဆုံး၊ တန္ခိုးအႀကီးဆုံးဆိုၿပီး ေႁမြဘုရင္လုပ္ေနတာ အလကားပဲ။ ခု သစ္ပင္ေပၚက ငါ့ကို သေရာ္ေစာ္ကား လႈပ္ရွားျမည္တြန္ေနတဲ့ တိရစာၦန္ရဲ႕အရိပ္ကို ငါ သုံးႀကိမ္ သုံးခါေပါက္ေပမယ့္ ဒီတိရစာၦန္ မေသဘူး။ အေအာ္အျမည္ေတာင္ မရပ္ဘူး။ ဒီေတာ့ ဒီေလာက္အသုံးမက်တဲ့ အဆိပ္ေတြကို ငါထိန္းသိမ္း ထားလို႔လည္း အလကားပဲ။ ဒီေန႔ ဒီခ်ိန္ကစၿပီး ဒီအဆိပ္ေတြကို ငါ စြန႔္ပစ္လိုက္ေတာ့မယ္”
ဟု စိတ္ဆိုးမာန္ဆိုးႏွင့္ ဆုံးျဖတ္ခ်က္ခ်ကာ သူ႔အဆိပ္ေတြကို ေက်ာက္ဖ်ာတစ္ခုထက္၌ စြန႔္အန္ပစ္လိုက္ေလသည္။
ေႁမြသူေတာ္ႀကီး စြန႔္အန္ပစ္ေသာ အဆိပ္ေတြကို ဦးဆုံးေသာက္ၾကရေသာ ေႁမြေပြး၊ ေႁမြေဟာက္၊ ငန္းေႁမြမ်ားမွာ အဆိပ္ျပင္းေသာ ေႁမြမ်ားျဖစ္လာၾကသည္။ ေနာက္မွေရာက္လာၿပီး အဆိပ္မရွိေတာ့ေသာ
ေက်ာက္ဖ်ာကို လွ်ာႏွင့္လ်က္ၾကေသာ ေႁမြမ်ားမွာ အဆိပ္မရွိေႁမြမ်ား ျဖစ္လာၾကသည္ဟုဆိုသည္။
ထို႔ေၾကာင့္ ေႁမြသူေတာ္မွာ ယခုအခါ အဆိပ္ဆို၍ လုံးဝမရွိ။ သို႔ေသာ္ အစဥ္အလာအရ ေႁမြဘုရင္ႀကီးျဖစ္ခဲ့ေသာ ေႁမြသူေတာ္ကို အဆိပ္မရွိေသာေႁမြမ်ားက ယခုထိခစားကာ အစာေတာင္းလွ်င္ ရွာေဖြေပးရသည္ဟု ပုံျပင္ကဆိုသည္။
ယခု ေႁမြသူေတာ္ႀကီးကို ေရေႁမြက ဖားတစ္ေကာင္ ကိုက္ခ်ီလာ ေပးေနသည္မွာ ဤသေဘာပင္ေလာ။
သို႔ေသာ္ ေရေႁမြကိုက္ခ်ီလာေပးေသာ ဖားကို ဤေႁမြသူေတာ္သည္ အဘယ္ေၾကာင့္ မစားေသးသနည္းဟု ဦးထြန္းလွ ေတြးေနခ်ိန္မွာပင္ ေရေႁမြသည္ ငါးကေလးတစ္ေကာင္ကို ကိုက္ခ်ီၿပီး ျပန္ေရာက္လာျပန္၏။
ထိုအခါ ဦးထြန္းလွမွာ ပို၍ အံ့ဩသြားျပန္၏။ ဖားကိုမစားခ်င္ဟု ျငင္းပယ္သျဖင့္ ေႁမြဘုရင္ႀကီးကို ေရေႁမြက ငါးရွာလာေပးသည္ဟု ဦးထြန္းလွ နားလည္လိုက္သည္။
သို႔ေသာ္ အံ့ဩစရာေကာင္းေနျပန္သည္မွာ ေရေႁမြရွာလာေပးေသာ လက္သန္းခန႔္ရွိ ငါးေလးကို ေရေႁမြက ေႁမြသူေတာ္ႀကီးပါးစပ္နားသို႔ ခ်ေပးလိုက္ေသာ္ လည္း ေႁမြသူေတာ္ႀကီးကား မစားျပန္။ တစ္ဖက္သို႔သာ ေခါင္းလွည့္ သြားျပန္၏။
ငါးေသကို သုံးႀကိမ္သုံးခါေပးေသာ္လည္း မစားေသာအခါ ႀကံရာမရျဖစ္သြားပုံရေသာ ေရေႁမြခမ်ာမွာ အနားတြင္ရွိေနေသာ ဖားေသကို တစ္ခါကိုက္ေကာက္၍ ေပးေနျပန္၏။ ဤသည္ကို ေႁမြ သူေတာ္ႀကီးက ပို၍ေဒါသျဖစ္လာသလိုႏွင့္ သူ႔ေခါင္းကို တစ္ဖက္သို႔ လွည့္သြား႐ုံမက တစ္ခ်ိန္လုံး ၿငိမ္ခ်က္သားေကာင္းေနေသာ သူ႔အၿမီးႏွင့္ပါ ေရေႁမြကို လွမ္း႐ိုက္ပစ္လိုက္ေလသည္။
ထိုအခါ ေရေႁမြခမ်ာမွာ ေၾကာက္လန႔္တၾကားႏွင့္ ခ်က္ခ်င္း ေႁမြသူေတာ္ႀကီးအနားက ထြက္ေျပး သြားသည္။
ဖားကိုလည္းမစား ငါးကိုလည္းမစားေသာ ေႁမြသူေတာ္ႀကီးကို ဤတစ္ခါ ေရေႁမြသည္ မည္သည့္အေကာင္ပေလာင္ တစ္ေကာင္ေကာင္ကို ကိုက္ခ်ီယူလာၿပီး ဆက္သေလဦးမည္နည္းဟု ဦးထြန္းလွလည္း ၾကည့္ေကာင္းေကာင္းႏွင့္ မတ္တတ္ရပ္ ေခ်ာင္းၾကည့္ေနေလသည္။
မည္သည့္အေကာင္ကို သြားရွာေနသည္မသိ၊ ဤတစ္ခါေရေႁမြ သည္ ကြမ္းတစ္ယာညက္နီးပါးပင္ ၾကာသြား၏။ ေႁမြသူေတာ္ႀကီးမွာလည္း သူ႔အျမင္ေရွ႕၌ ဖားေသတစ္ေကာင္ ငါးေသတစ္ေကာင္ႏွင့္ ၿငိမ္ခ်က္သား ေကာင္းေနသည္။
ဤေႁမြသူေတာ္ကို လက္ထဲပါလာေသာ ဝါးလုံးပိုင္းႏွင့္ ႐ိုက္သတ္ပစ္ရလွ်င္ ေကာင္းမည္လားဟု ေတြးၿပီးမွ လူႀကီးသူမေတြ ေျပာစကားကို ဦးထြန္းလွ သတိရသြားျပန္သည္။
ေႁမြသူေတာ္မည္ေသာ ေႁမြကိုေတြ႕လွ်င္ မသတ္ေကာင္း။ ေႁမြသူေတာ္၏ အစာစားရက္မွာ တစ္ပတ္လွ်င္ တစ္ရက္သာရွိသည္။ အဆိပ္မရွိသလို လူႏွင့္ အျခားတိရစာၦန္မ်ားကိုလည္း လုံးဝအႏၲရာယ္မျပဳတတ္၊ မကိုက္တတ္။ ထို႔ေၾကာင့္ ေႁမြ သူေတာ္ကိုသတ္လွ်င္ သတ္သူ၌ ေဘးဥပဒ္အႏၲရာယ္တစ္ခုခု က်ေရာက္ တတ္သည္ဟူေသာ ေရွးလူႀကီးသူမတို႔၏စကားကို သတိရ၍ လက္တြန႔္ သြားသည္။
“ေရေႁမြလည္းေျပးၿပီ။ ငါလည္း တဲျပန္တာပဲ ေကာင္းပါတယ္”
ဟု ေတြးလိုက္စဥ္ ေရေႁမြသည္ ေႁမြသူေတာ္ႀကီးေရွ႕ ေရာက္လာျပန္၏။
သို႔ေသာ္ ဤတစ္ခါတြင္ ေရေႁမြတြင္ ေႁမြသူေတာ္ႀကီးကိုဆက္သရန္ မည္သည့္ ဖား ငါးမွ ပါမလာေတာ့ေပ။ အေတာ္ကေလးၾကာမွ ျပန္ေရာက္လာေသာ ေရေႁမြသည္ ေႁမြသူေတာ္ႀကီး၏ ပါးစပ္နားတြင္ ရွိခိုးဦးခ်သလို သူ႔ေခါင္းကိုႏွိမ့္ခ်လိုက္ ေနာက္ျပန္ဆုတ္လိုက္ တစ္ခါေရွ႕တိုးလာၿပီး သူ႔ေခါင္းကို ေႁမြသူေတာ္ႀကီးပါးစပ္နား ခ်လိုက္ႏွင့္ ၾကည့္ရသည္မွာ ေဆာက္တည္ရာမရသလို ျဖစ္ေနသည္။
ဦးထြန္းလွမွာ တစ္ခါတစ္ထူး မျမင္ဖူးမႀကဳံဖူးေသာ ေႁမြသူေတာ္ႏွင့္ ေရေႁမြတို႔၏အျဖစ္သနစ္ကို ေငးၾကည့္ကာ မွင္တက္မိ အံ့အားသင့္ေနသည္။
ထိုစဥ္မွာပင္ မလႈပ္မယွက္ၿငိမ္သက္ေနေသာ ေႁမြသူေတာ္ႀကီး၏ ပါးစပ္ဟလာ၏။
သူ႔ေခါင္းကို ေႁမြသူေတာ္ႀကီးပါးစပ္နား ထိုးခ်ေပးလိုက္ ေနာက္ျပန္ဆုတ္လိုက္ႏွင့္ ေရေႁမြမွာ ကိုယ္ကိုက်ဳံ႕၍ လူးလြန႔္ တြန႔္ဆုတ္ေန၏။
ေႁမြသူေတာ္ႀကီးကမူ ေျမျပင္တြင္ ေအာက္ႏႈတ္ခမ္းကို ခ်၍ ဟထားေသာပါးစပ္ကို ျပန္မပိတ္ေတာ့ဘဲ ဟၿမဲဟထား၏။
ေရေႁမြကေလးကသာ ေခါင္းခ်လိုက္ ေနာက္ျပန္ဆုတ္လိုက္ႏွင့္ လႈပ္ရွားေနေသာ္လည္း ေႁမြသူေတာ္ႀကီးကား ပါးစပ္ကို ဟၿဖဲထားၿပီး တစ္ကိုယ္လုံးၿငိမ္ေနသည္။ လွ်ာတစ္ခုသာ ထြက္လိုက္ ဝင္လိုက္ႏွင့္ လႈပ္ရွားေန၏။
မၾကာပါေခ်။ ေႁမြသူေတာ္ႀကီး၏ ဟၿဖဲထားေသာ ပါးစပ္ေပါက္ထဲသို႔ ေရေႁမြက သူ႔ဦးေခါင္းကို ထိုးဝင္ေပးလိုက္ရသည္။ ထိုအခါမွ ေႁမြသူေတာ္ႀကီးသည္ ဟၿဖဲထားေသာ သူ႔ပါးစပ္ကို ေစ့ပိတ္လိုက္ၿပီး ေရေႁမြကို တျဖည္းျဖည္းခ်င္း စမ်ိဳေတာ့သည္။
ေရေႁမြမွာ အၿမီးတဖ်တ္ဖ်တ္လႈပ္ၿပီး တျဖည္းျဖည္း အမ်ိဳခံေနရသလို ယခုမွ ေႁမြသူေတာ္ႀကီး၏ တစ္ကိုယ္လုံးမွာလည္း လႈပ္ရွားလာၿပီး ေရေႁမြကို စိမ္ေျပနေျပ မ်ိဳသြင္းေနေလသည္။
“ေတာက္ ေရေႁမြက ဖားေတြ ငါးေတြ ရွာလာေပးတာေတာင္ မစားဘဲ ဇာတ္တူသားမွ စားခ်င္တဲ့ေႁမြယုတ္၊ နင္ဟာ ေႁမြသူေတာ္မဟုတ္ဘူး၊ ေႁမြမသူေတာ္ပဲ။
ကဲ ဇာတ္တူသားစားဦးဟ၊ စားဦး၊ စားဦး”
ဦးထြန္းလွမွာ ၾကည့္ေနရင္း ေဒါသျဖစ္လာကာ ေႁမြသူေတာ္ႀကီး၏ ခါးလယ္ကို လက္ထဲပါလာေသာ ဝါးပိုင္းတုတ္ႏွင့္ အဆက္မျပတ္ ႐ိုက္သတ္လိုက္ေလသည္။
ထိုအခါမွ ေႁမြမသူေတာ္ႀကီးက ေရေႁမြကေလးကို အန္ထုတ္ပစ္လိုက္သည္။ ေရေႁမြခမ်ာမွာ ေသြး႐ူးေသြးတန္းႏွင့္ ေတာင္လမုခ်ဳံေတာဘက္ ထြက္ေျပးသြားသည္။
ထိုအခ်ိန္ထိ ဦးထြန္းလွ၏ တုတ္ခ်က္ကမူ ေႁမြမသူေတာ္ႀကီး၏ ကိုယ္ေပၚသို႔ တေျဖာင္းေျဖာင္း က်ေန တုန္းပင္။