ဘဝမကူးသောဝဋ် (စ-ဆုံး)

Posted on

Unicode Version

ဘဝမကူးသောဝဋ် (စ-ဆုံး)
ဖြစ်ရပ်မှန်
{ 150 } ပုဒ်မြောက်

လွန်ခဲ့သည့်နှစ်များစွာကဖြစ်ရပ်မှန်အမည်များလွှဲထားပါသည်။

””’ချောင်းထဲမှာအလောင်းတစ်လောင်းတွေ့တယ်ဗျို့—””

”””ချောင်းထဲမှာယောင်္ကျားအလောင်းပေါ်နေတယ်—-””’

ပျဉ်းမမြိုင်ရွာသားများဆူဆူညံညံအုပ်အော်သောင်းရငး့်ဖြင့်အလောင်းအားသွားကြည့်ကြလေသည်။

ထိုချောင်းသည်နံမည်ကြီးချောင်းတစ်ချောင်းဖြစ်ကာနှစ်စဉ်လူစားသည်ဟုလည်းသတင်းကြီးနေသည်။

လူအများကအလောင်းအားဆယ်ကာကမ်းပေါ်တင်၍ကြည့်လိုက်ကြသောအခါ

””’ဟာဒါဦးအောင်ကြည်-ဒေါ်သန်းသန်းတို့သားငမူးမဟုတ်လား—-””

””’ဒါ—အရက်သမားလူရမ်းကားငမူးပဲ—–သေအေးတာဘဲ”””’

””’သေတာတောင်နောက်ကျသေး—-စောစောသေရမှာခုမှရွာသန့်သွားတာ””’

””မိဘကိုကိုယ်ထိလက်ရောက်စော်ကားလို့သေတာ””’

””ငရဲကမနေဘူးလေ—””

ဦးအောင်ကြည်ဒေါ်သန်းသန်းတို့လင်မယားသည်းအညာဒေသကရွာကြီးတရွာတွင်နေထိုင်ကြသည်။

သူတို့ရွာသည်ချောင်းတစ်ချောင်းနှင့်နီးသည်။သူတို့လင်မယားသည်ထိုရွာတွင်တော့သဌေးများဖြစ်သည်။

သူတိုတွင်ရှားရှားပါးပါးသားတစ်ယောက်ရှိကာအချိန်ပြည့်မူးနေသဖြင့်ငမူးဟုခေါ်လေသည်

သူတို့လင်မယားသည်လယ်ဧကများစွာပိုင်ဆိုင်၍နွားမွေးမြူရေးလုပ်သည်။နွားအကောင်ရေများစွာပိုင်ဆိုင်သည်။

သို့ပေမဲ့သူ့တို့ဘဝကိုအထင်ကြီးကာဘဝင်လေဟပ်နေသဖြင့်သူတို့သားငမူးအားငယ်စဉ်ကထဲကဆုံးမသည်မှာ

””ငါ့သားးးးးးမင်းဘယ်သူနဲ့ပဲရန်ဖြစ်ဖြစ်—-ကိုယ်ကအရင်ဦးအောင်သာချလာခဲ့—-ခံလာတာငါမလိုချင်ဘူး—–မင်းခံလာရတယ်ဆိုရင်တော့မင်းကိုထပ်ရိုက်မယ်–””’

”””ဟုတ်တယ်ငါ့သားမင်းသာအနိုင်ရလာပါစေ—–မင်းနောက်မှာအမေတို့အဖေတို့ရှိတယ်——ငွေရှိတယ်—”””

”” မင်းသာလက်ဦးအောင်ဆော်လာလို့ကတော့—-ငွေဘယ်လောက်ကုန်ကုန်—–ဘယ်ပဲလိုက်ရလိုက်ရငါဖြေရှင်းပေးမယ်”””

ထိုကဲ့သို့လွဲမှားသောမိဘများရဲ့ပုံသွင်းကောင်းမှု့ကြောင့်ကလေးကိုချစ်ရာမရောက်နှစ်ရာရောက်ပေသည်။

ငမူးသည်အရပ်ထဲပွဲတိုင်းကျော်ဖြစ်လာကာထစ်ကနဲဆိုလက်ပါပြီးသားဖြစ်သည်။

စီကနဲဆိုသွားကြည့်စရာမလိုငမူးရန်ပွဲပင်ဖြစ်သည်။

ငမူးကမိဘများလုပ်စာထိုင်စားရင်းအရက်သောက်ဖဲရိုက်လောင်းကစားအလုပ်များနှင့်အချိန်ကုန်နေသည်။

ဒီကြားထဲမိန်းမပါသေး၍သူ့အမေကငွေထုတ်ပိုက်ကာလိုက်ရှင်းရသည်ကလဲအမော

ငမူးမလုပ်ဘူးသောအကုသိုလ်အလုပ်ကမရှိသလောက်ရှားလေသည်။

တနေ့တွင်ဘေးအိမ်ကကြောင်ထီးတစ်ကောင်ငမူးအိမ်ရောက်လာရာငမူးလဲအရက်နှင့်မည်းရန်အကြံရသွားလေသည်။

ကြောင်ကလဲဆူဖြိုး၍ငမူးမျက်စိကြနေတာကြာပြီဖြစ်သည်။

ထိုကြောင်အားခေါင်းကိုခဲနှင့်ထု၍သတ်လိုက်ရာလက်လွဲသွား၍တခါထဲမသေပေ

ထိုအခါကြောင်သည်ငယ်သံပါအောင်အော်ရင်းလဲသွားကာဆန့်ငင်ဆန့်ငင်ဖြစ်၍နေသည်

””’ညောင်~~~ညောင်~~””

ကြောင်သည်မသေမရှင်ဖြစ်နေတုန်းငမူးကနောက်ထပ်ထုရန်ရွယ်တုန်းရှိသေး

””သားကြီးပူစီ~~~ပူစီ””’

ကြောင်ပိုင်ရှင်ကသူ့ကြောင်လိုက်ရှာရင်းငမူးတို့ခြံဝရောက်လာရာငမူးလဲ

မသေမရှင်ဖြစ်နေသောကြောင်အားနောက်ဖေးရေပုံးထဲရေထည်၍နှစ်ထားကာဖွက်ထားလိုက်သည်။

ကြောင်လဲဘာသံမှထွက်မလာနိုင်တော့ပေဒဏ်ရာနှင့်ရေမွန်းနေခြင်းဖြစ်သည်။

””ကိုငမူးကျွန်တော်တို့အိမ်ကကြောင်ဒီဘက်လာသေးလားဗျ~~ကြောင်အော်သံကြားမိလို့~~~”’

ထိုအခါငမူးကခပ်တည်တည်လိမ်လိုက်သည်။

””ဟ~~မင်းကြောင်လိုက်ကြည့်နေတာမဟုတ်ဘူးကွ~~ဘယ်အလေလိုက်နေသလဲမှမသိတာ~~~ရှုတ်ရှုတ်ရှက်ရှက်ကွာ”””

”’ကြောင်ပျောက်နေလို့ဗျ~~~အဲဒီကြောင်ကအရမ်းလိမ္မာတာဗျ~~~””

””’အပိုတွေမင်းတို့ကောင်တွေကအလုပ်မရှိကြောင်ရေချိူ းနေတဲ့ကောင်တွေ—အပိုအလုပ်တွေ””

ထိုအခါကြောင်ပိုင်ရှင်လဲသူနှင့်ရန်ဖြစ်မည်စိုးသဖြင့်ဆက်မပြောတော့ပဲအကျေမနပ်ပြန်သွားလေသည်။

ငမူးလဲရေပုံးထဲနှစ်ထားသောကြောင်ကိုကြည့်လိုက်ရာကြောင်သည်သေနေပြီဖြစ်တာကြောင့်

အိတ်တလုံးထဲထည့်ကာအရက်နှင့်မည်းရန်အရက်ဆိုင်သို့ယူသွားလေသည်။

အရက်ဆိုင်ရောက်တော့မီးဖိုထဲကြောင်ကိုပစ်ထည့်လိုက်ကာ

”’ငါ့ကိုကြောင်သားအမည်းအမြန်လုပ်ပေးဟေ့””’

အရက်ဆိုင်ကလဲငမူးလိုဖောက်သည်ကောင်းစိတ်တိုင်းကျအမြန်ဖျက်ကြလေသည်။

ထိုနေ့ကငမူးကြောင်းသားနှင့်အရက်အမုန်းဆွဲကာလူမှန်းသူမှန်းပင်မသိပေ

ဒီလိုနဲ့ရွာထဲကကြောင်များလက်သည်မပေါ်ပဲပျောက်ကုန်ကြသည်။

အများစုကရိပ်မိပေမဲ့လူရမ်းကားနှင့်ဖက်မဖြစ်ချင်၍မပြောကြပေ

ငမူးကတခါတရံအိမ်ကနွားများကျောင်းသည်ငမူးနွားကျောင်းတာအကြံနှင့်ဖြစ်သည်။

နွားကျောင်းရင်းနွားတစ်ကောင်အလစ်ရောင်းကာလောင်းကစားလုပ်သည်။

နွားကများတော့သူ့မိဘများလဲမရိပ်မိပေဒီလိုလုပ်ပါများလာတော့နွားများလျှော့လာသည်။

ကြာတော့ငမူးအဖေသည်ရိပ်မိသွားကာငမူးအားဆူ၍နရင်းအုပ်ထည့်လိုက်ရာ

ငမူးကအဖေအားဝါးလုံးနှင့်ပြန်ရိုက်လိုက်သည့်အတွက်သူ့အဖေသည်ခေါင်းကွဲသွားလေသည်။

ဒါနဲ့ငမူးလဲအိမ်ကထွက်ပြေးလာကာမိုးတွင်းအလွန်ရေစီးသန်နေသော

ချောင်းကိုဖြတ်ကူးလေသည်သူငယ်ချင်းများတားသော်လည်းမရပေ

မိဘကိုစော်ကားသောအကုသိုလ်ကံသည်ချက်ချင်းလက်ငင်းအကျိူ းပေးသည်ဟုဆိုရမလိုပင်

ငမူးသည်ရေစီးနဲ့အတူမျောပါသွားရင်းသေဆုံးသွားလေသည်။

အရပ်ထဲကလူများကတော့တတောရှင်းသည်ဟုသဘောထားကြသည်။

ငမူးအသုဘချတော့အကုသိုလ်ကြီး၍ထင်သည်မိုးတွေချိန်းလိုက်မိုးကြိုးပစ်လိုက်ဖြင့်ကြောက်စရာကောင်းနေသည်။

မိုးတွင်းကာလကြီးဖြစ်သဖြင့်င်္သချိူင်းတွင်ရွံ့များရေများဖြင့်ပြည့်နေသည်။

ငမူးအလောင်းမြေမြုပ်သည့်အချိန်တွင်မိုးကသဲကြီးမဲကြီးရွာချလိုက်ရာအသုဘလိုက်ပို့သူများ

ရွံဗွက်တောထဲမနဲနင်းကာချော်မလဲအောင်ထိန်းကာလိုက်ပို့ရလေသည်။

အလောင်ထမ်းသူများသတိထားနေသည့်ကြားကရှေ့ကတစ်ယောက်ချော်လဲ၍ငမူးအလောင်းကြီးရွံ့ထဲပြုတ်ကျသွားလေသည်။

ဒါနဲ့အလောင်းအားပြန်မ၍မြေမြုပ်မည့်တွင်းထဲထည့်လိုက်ချိန်တွင်ကောင်းကင်မှ

””ဂျိမ်း””

ဟုကျယ်လောင်စွာမည်ဟီး၍ငမူးအလောင်းအားမိုးကြိုးပစ်ချလိုက်ရာလိုက်ပို့သူရွာသားများပြန်ပြေးကုန်ကြလေသည်။

””ပြေးကြဟေ့~~~တော်ကြာစက်ကွင်းမလွတ်ဖြစ်နေမယ်””

ရွာသူရွာသားများပြေးလိုက်ကြသည်မှာရွံ့တောထဲအလဲလဲအကွဲကွဲနှင့်ရုန်းရင်းဆန်ခတ်ဖြစ်၍သွားလေသည်။

င်္သချိူ းကုန်းထဲငမူးမိဘများမှလွဲ၍တစ်ယောက်မှမကျန်တော့ပေ

ငမူးအလောင်းကတော့မီးသွေးခဲကဲသို့မဲတူးနေကာကျန်ခဲ့လေသည်။

ငမူးအလောင်းအားမြေမြုပ်ပြီးသည့်နောက်ပိုင်းသုသာန်တွင်ခွေးတစီစီဖြင့်အူလိုက်

ဟောင်လိုက်သည်မှာရွာကလူများခြောက်ခြားစရာဖြစ်နေသည်။

ငမူးတစ်ယောက်မိဘစော်ကားကာအကုသိုလ်များသဖြင့်မကျွတ်တာသေချာသည်။

အသေချာဆုံးကတော့ငရဲသို့သွားမည်မှာဧကန်မလွဲပေ

ပြီး

Zawgyi Version

ဘဝမကူးေသာဝဋ္ (စ-ဆုံး)
ျဖစ္ရပ္မွန္
{ 150 } ပုဒ္ေျမာက္

လြန္ခဲ့သည့္ႏွစ္မ်ားစြာကျဖစ္ရပ္မွန္အမည္မ်ားလႊဲထားပါသည္။

””’ေခ်ာင္းထဲမွာအေလာင္းတစ္ေလာင္းေတြ႕တယ္ဗ်ိဳ႕—””

”””ေခ်ာင္းထဲမွာေယာက်ၤားအေလာင္းေပၚေနတယ္—-””’

ပ်ဥ္းမၿမိဳင္႐ြာသားမ်ားဆူဆူညံညံအုပ္ေအာ္ေသာင္းရငး့္ျဖင့္အေလာင္းအားသြားၾကည့္ၾကေလသည္။

ထိုေခ်ာင္းသည္နံမည္ႀကီးေခ်ာင္းတစ္ေခ်ာင္းျဖစ္ကာႏွစ္စဥ္လူစားသည္ဟုလည္းသတင္းႀကီးေနသည္။

လူအမ်ားကအေလာင္းအားဆယ္ကာကမ္းေပၚတင္၍ၾကည့္လိုက္ၾကေသာအခါ

””’ဟာဒါဦးေအာင္ၾကည္-ေဒၚသန္းသန္းတို႔သားငမူးမဟုတ္လား—-””

””’ဒါ—အရက္သမားလူရမ္းကားငမူးပဲ—–ေသေအးတာဘဲ”””’

””’ေသတာေတာင္ေနာက္က်ေသး—-ေစာေစာေသရမွာခုမွ႐ြာသန႔္သြားတာ””’

””မိဘကိုကိုယ္ထိလက္ေရာက္ေစာ္ကားလို႔ေသတာ””’

””ငရဲကမေနဘူးေလ—””

ဦးေအာင္ၾကည္ေဒၚသန္းသန္းတို႔လင္မယားသည္းအညာေဒသက႐ြာႀကီးတ႐ြာတြင္ေနထိုင္ၾကသည္။

သူတို႔႐ြာသည္ေခ်ာင္းတစ္ေခ်ာင္းႏွင့္နီးသည္။သူတို႔လင္မယားသည္ထို႐ြာတြင္ေတာ့သေဌးမ်ားျဖစ္သည္။

သူတိုတြင္ရွားရွားပါးပါးသားတစ္ေယာက္ရွိကာအခ်ိန္ျပည့္မူးေနသျဖင့္ငမူးဟုေခၚေလသည္

သူတို႔လင္မယားသည္လယ္ဧကမ်ားစြာပိုင္ဆိုင္၍ႏြားေမြးျမဴေရးလုပ္သည္။ႏြားအေကာင္ေရမ်ားစြာပိုင္ဆိုင္သည္။

သို႔ေပမဲ့သူ႔တို႔ဘဝကိုအထင္ႀကီးကာဘဝင္ေလဟပ္ေနသျဖင့္သူတို႔သားငမူးအားငယ္စဥ္ကထဲကဆုံးမသည္မွာ

””ငါ့သားးးးးးမင္းဘယ္သူနဲ႔ပဲရန္ျဖစ္ျဖစ္—-ကိုယ္ကအရင္ဦးေအာင္သာခ်လာခဲ့—-ခံလာတာငါမလိုခ်င္ဘူး—–မင္းခံလာရတယ္ဆိုရင္ေတာ့မင္းကိုထပ္႐ိုက္မယ္–””’

”””ဟုတ္တယ္ငါ့သားမင္းသာအႏိုင္ရလာပါေစ—–မင္းေနာက္မွာအေမတို႔အေဖတို႔ရွိတယ္——ေငြရွိတယ္—”””

”” မင္းသာလက္ဦးေအာင္ေဆာ္လာလို႔ကေတာ့—-ေငြဘယ္ေလာက္ကုန္ကုန္—–ဘယ္ပဲလိုက္ရလိုက္ရငါေျဖရွင္းေပးမယ္”””

ထိုကဲ့သို႔လြဲမွားေသာမိဘမ်ားရဲ႕ပုံသြင္းေကာင္းမႈ႕ေၾကာင့္ကေလးကိုခ်စ္ရာမေရာက္ႏွစ္ရာေရာက္ေပသည္။

ငမူးသည္အရပ္ထဲပြဲတိုင္းေက်ာ္ျဖစ္လာကာထစ္ကနဲဆိုလက္ပါၿပီးသားျဖစ္သည္။

စီကနဲဆိုသြားၾကည့္စရာမလိုငမူးရန္ပြဲပင္ျဖစ္သည္။

ငမူးကမိဘမ်ားလုပ္စာထိုင္စားရင္းအရက္ေသာက္ဖဲ႐ိုက္ေလာင္းကစားအလုပ္မ်ားႏွင့္အခ်ိန္ကုန္ေနသည္။

ဒီၾကားထဲမိန္းမပါေသး၍သူ႔အေမကေငြထုတ္ပိုက္ကာလိုက္ရွင္းရသည္ကလဲအေမာ

ငမူးမလုပ္ဘူးေသာအကုသိုလ္အလုပ္ကမရွိသေလာက္ရွားေလသည္။

တေန႔တြင္ေဘးအိမ္ကေၾကာင္ထီးတစ္ေကာင္ငမူးအိမ္ေရာက္လာရာငမူးလဲအရက္ႏွင့္မည္းရန္အႀကံရသြားေလသည္။

ေၾကာင္ကလဲဆူၿဖိဳး၍ငမူးမ်က္စိၾကေနတာၾကာၿပီျဖစ္သည္။

ထိုေၾကာင္အားေခါင္းကိုခဲႏွင့္ထု၍သတ္လိုက္ရာလက္လြဲသြား၍တခါထဲမေသေပ

ထိုအခါေၾကာင္သည္ငယ္သံပါေအာင္ေအာ္ရင္းလဲသြားကာဆန႔္ငင္ဆန႔္ငင္ျဖစ္၍ေနသည္

””’ေညာင္~~~ေညာင္~~””

ေၾကာင္သည္မေသမရွင္ျဖစ္ေနတုန္းငမူးကေနာက္ထပ္ထုရန္႐ြယ္တုန္းရွိေသး

””သားႀကီးပူစီ~~~ပူစီ””’

ေၾကာင္ပိုင္ရွင္ကသူ႔ေၾကာင္လိုက္ရွာရင္းငမူးတို႔ၿခံဝေရာက္လာရာငမူးလဲ

မေသမရွင္ျဖစ္ေနေသာေၾကာင္အားေနာက္ေဖးေရပုံးထဲေရထည္၍ႏွစ္ထားကာဖြက္ထားလိုက္သည္။

ေၾကာင္လဲဘာသံမွထြက္မလာႏိုင္ေတာ့ေပဒဏ္ရာႏွင့္ေရမြန္းေနျခင္းျဖစ္သည္။

””ကိုငမူးကြၽန္ေတာ္တို႔အိမ္ကေၾကာင္ဒီဘက္လာေသးလားဗ်~~ေၾကာင္ေအာ္သံၾကားမိလို႔~~~”’

ထိုအခါငမူးကခပ္တည္တည္လိမ္လိုက္သည္။

””ဟ~~မင္းေၾကာင္လိုက္ၾကည့္ေနတာမဟုတ္ဘူးကြ~~ဘယ္အေလလိုက္ေနသလဲမွမသိတာ~~~ရႈတ္ရႈတ္ရွက္ရွက္ကြာ”””

”’ေၾကာင္ေပ်ာက္ေနလို႔ဗ်~~~အဲဒီေၾကာင္ကအရမ္းလိမၼာတာဗ်~~~””

””’အပိုေတြမင္းတို႔ေကာင္ေတြကအလုပ္မရွိေၾကာင္ေရခ်ိဴ းေနတဲ့ေကာင္ေတြ—အပိုအလုပ္ေတြ””

ထိုအခါေၾကာင္ပိုင္ရွင္လဲသူႏွင့္ရန္ျဖစ္မည္စိုးသျဖင့္ဆက္မေျပာေတာ့ပဲအေက်မနပ္ျပန္သြားေလသည္။

ငမူးလဲေရပုံးထဲႏွစ္ထားေသာေၾကာင္ကိုၾကည့္လိုက္ရာေၾကာင္သည္ေသေနၿပီျဖစ္တာေၾကာင့္

အိတ္တလုံးထဲထည့္ကာအရက္ႏွင့္မည္းရန္အရက္ဆိုင္သို႔ယူသြားေလသည္။

အရက္ဆိုင္ေရာက္ေတာ့မီးဖိုထဲေၾကာင္ကိုပစ္ထည့္လိုက္ကာ

”’ငါ့ကိုေၾကာင္သားအမည္းအျမန္လုပ္ေပးေဟ့””’

အရက္ဆိုင္ကလဲငမူးလိုေဖာက္သည္ေကာင္းစိတ္တိုင္းက်အျမန္ဖ်က္ၾကေလသည္။

ထိုေန႔ကငမူးေၾကာင္းသားႏွင့္အရက္အမုန္းဆြဲကာလူမွန္းသူမွန္းပင္မသိေပ

ဒီလိုနဲ႔႐ြာထဲကေၾကာင္မ်ားလက္သည္မေပၚပဲေပ်ာက္ကုန္ၾကသည္။

အမ်ားစုကရိပ္မိေပမဲ့လူရမ္းကားႏွင့္ဖက္မျဖစ္ခ်င္၍မေျပာၾကေပ

ငမူးကတခါတရံအိမ္ကႏြားမ်ားေက်ာင္းသည္ငမူးႏြားေက်ာင္းတာအႀကံႏွင့္ျဖစ္သည္။

ႏြားေက်ာင္းရင္းႏြားတစ္ေကာင္အလစ္ေရာင္းကာေလာင္းကစားလုပ္သည္။

ႏြားကမ်ားေတာ့သူ႔မိဘမ်ားလဲမရိပ္မိေပဒီလိုလုပ္ပါမ်ားလာေတာ့ႏြားမ်ားေလွ်ာ့လာသည္။

ၾကာေတာ့ငမူးအေဖသည္ရိပ္မိသြားကာငမူးအားဆူ၍နရင္းအုပ္ထည့္လိုက္ရာ

ငမူးကအေဖအားဝါးလုံးႏွင့္ျပန္႐ိုက္လိုက္သည့္အတြက္သူ႔အေဖသည္ေခါင္းကြဲသြားေလသည္။

ဒါနဲ႔ငမူးလဲအိမ္ကထြက္ေျပးလာကာမိုးတြင္းအလြန္ေရစီးသန္ေနေသာ

ေခ်ာင္းကိုျဖတ္ကူးေလသည္သူငယ္ခ်င္းမ်ားတားေသာ္လည္းမရေပ

မိဘကိုေစာ္ကားေသာအကုသိုလ္ကံသည္ခ်က္ခ်င္းလက္ငင္းအက်ိဴ းေပးသည္ဟုဆိုရမလိုပင္

ငမူးသည္ေရစီးနဲ႔အတူေမ်ာပါသြားရင္းေသဆုံးသြားေလသည္။

အရပ္ထဲကလူမ်ားကေတာ့တေတာရွင္းသည္ဟုသေဘာထားၾကသည္။

ငမူးအသုဘခ်ေတာ့အကုသိုလ္ႀကီး၍ထင္သည္မိုးေတြခ်ိန္းလိုက္မိုးႀကိဳးပစ္လိုက္ျဖင့္ေၾကာက္စရာေကာင္းေနသည္။

မိုးတြင္းကာလႀကီးျဖစ္သျဖင့္သၤခ်ိဴင္းတြင္႐ြံ႕မ်ားေရမ်ားျဖင့္ျပည့္ေနသည္။

ငမူးအေလာင္းေျမျမဳပ္သည့္အခ်ိန္တြင္မိုးကသဲႀကီးမဲႀကီး႐ြာခ်လိုက္ရာအသုဘလိုက္ပို႔သူမ်ား

႐ြံဗြက္ေတာထဲမနဲနင္းကာေခ်ာ္မလဲေအာင္ထိန္းကာလိုက္ပို႔ရေလသည္။

အေလာင္ထမ္းသူမ်ားသတိထားေနသည့္ၾကားကေရွ႕ကတစ္ေယာက္ေခ်ာ္လဲ၍ငမူးအေလာင္းႀကီး႐ြံ႕ထဲျပဳတ္က်သြားေလသည္။

ဒါနဲ႔အေလာင္းအားျပန္မ၍ေျမျမဳပ္မည့္တြင္းထဲထည့္လိုက္ခ်ိန္တြင္ေကာင္းကင္မွ

””ဂ်ိမ္း””

ဟုက်ယ္ေလာင္စြာမည္ဟီး၍ငမူးအေလာင္းအားမိုးႀကိဳးပစ္ခ်လိုက္ရာလိုက္ပို႔သူ႐ြာသားမ်ားျပန္ေျပးကုန္ၾကေလသည္။

””ေျပးၾကေဟ့~~~ေတာ္ၾကာစက္ကြင္းမလြတ္ျဖစ္ေနမယ္””

႐ြာသူ႐ြာသားမ်ားေျပးလိုက္ၾကသည္မွာ႐ြံ႕ေတာထဲအလဲလဲအကြဲကြဲႏွင့္႐ုန္းရင္းဆန္ခတ္ျဖစ္၍သြားေလသည္။

သၤခ်ိဴ းကုန္းထဲငမူးမိဘမ်ားမွလြဲ၍တစ္ေယာက္မွမက်န္ေတာ့ေပ

ငမူးအေလာင္းကေတာ့မီးေသြးခဲကဲသို႔မဲတူးေနကာက်န္ခဲ့ေလသည္။

ငမူးအေလာင္းအားေျမျမဳပ္ၿပီးသည့္ေနာက္ပိုင္းသုသာန္တြင္ေခြးတစီစီျဖင့္အူလိုက္

ေဟာင္လိုက္သည္မွာ႐ြာကလူမ်ားေျခာက္ျခားစရာျဖစ္ေနသည္။

ငမူးတစ္ေယာက္မိဘေစာ္ကားကာအကုသိုလ္မ်ားသျဖင့္မကြၽတ္တာေသခ်ာသည္။

အေသခ်ာဆုံးကေတာ့ငရဲသို႔သြားမည္မွာဧကန္မလြဲေပ

ၿပီး