“ဖုတ်ဝင်သောရွာ”(အစ/အဆုံး)

Posted on

Unicode Version

“ဖုတ်ဝင်သောရွာ”(အစ/အဆုံး)
————————————-
ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာရဲ့ သုသာန်မှာ အလုပ်ရှုပ်နေတဲ့ လူနှစ်ယောက်ရှိတယ်၊
ဖိုးလုံးနဲ့ပေသီး သောက်ဖော်သောက်ဖတ် ဆိုးဖော် ဆိုးဖက် အခု သုသာန်ထဲ ရောက်လာတဲ့ အကြောင်းက
ပိုးထိပြီ ဆုံးသွားတဲ့ အဘွားကြီးရဲ့ ပါးစပ်ထဲက ရွှေသွားကို လိုချင်တဲ့စိတ်ကြောင့် ဘာကိုမှ မကြောက်နိုင်ပဲ
သုသာန်ထဲ ရောက်နေကျပြီ
ဖိုးလုံး မြန်မြန်တူးပါဟ
ငါကျောချမ်းလာပြီ
အေးပါ ပေတီးရာ ငါလဲတူးနေတာပဲ မင်းသာ ဘေးကိုသေချာကြည့်နေ
တူးရင်းနဲ
ဒုတ်
တစ်ခုခုနဲ့ ထိမိတဲ့ကအသံ ပေတီး အခေါင်းပေါ်ပြီ၊
ပေတီးပါ ကျင်းထဲဆင်းပြီ မြေတွေ ယက်ထုတ် အခေါင်းအဖုံးကို ဖွင့်လိုက်တဲ့အချိန်
မျက်နှာက ညိုမဲပြီ ပရေနရေတွေ တွန့်နေတဲ့ အဘွားကြီးရဲမျက်နှာက လရောင် အောက်မှာ ကြောက်စရားကောင်းနေတယ်၊
ညနေကမှ ချထားတဲကအလောင်းမို့ မပုပ်သေးပေမဲ့ကြောက်စရာတော့ကောင်းနေတယ်
ဖိုးလုံးက ပေတီး ဘာကြောင်နေတာလဲ ရွှေသွားဖြုတ်ရအောင်လေ ဆိုပြီ လုပ်ငန်းစတော့တာပေါ့
ပေတီးက တစ်ယောက်ယောက် ကြည့်နေတယ် လို့ ခံစားကလို့ အပေါ် မော့ကြည့်တော့
သေသွားတဲ့အဘွားကြီး အပေါ်က ငုတ်ပြီ ကြည့်နေတာ တွေ့တော့ ကြောင်ပီ ကြည့်နေတုန်း
ဖိုးလုံးက ပေတီ ဘာကြည့်နေတာလဲ ဝိုင်းကူအုံးလေးကွာ
အေးအေး
ဆိုပြီ အပေါ်ပြန်ကြည့်တော့အဘွားကြီ မရှိတော့ဘူး မျက်စီမှားတာပါလို့တွေးပြီ ဖိုးလုံးကလဲ အဘွားကြီးသွားကို မရရအောင် ဖြုတ် ရွှေသွား သုံးချောင်းရတော့
ကျင်းပေါ် ပြန်တက်ပြီ မြေပြန်ဖို့ ပြင်တဲ့အချိန် ဘယ်က ရောက်လာမှန်းမသိတဲ့ ကြောင်အနက် တစ်ကောင်
ညောင် ညောင်
ဆိုပြီ ကျင်းနားရောက်လာတယ်၊
ဖိုးလုံးက မောင်းထုတ်တာပေါ့
ဟဲ့ သွားသွား
ညောင် ခွီး
ပြန်ပြီလူကိုရန်ရှာမလို ခုန်တဲ့အချိန် ကျင်းထဲ က အလာင်းရဲ့ ရင်ဘက်ပေါ်တည့်တည့် ကျသွားတယ်
အဲအချိန်
ဝေါ ဝေါ ဖရော ဝုန်း
တောလဲသံတွေ သစ်ပင်တွေ ယိုင်ထိုးနေတာ ကျင်းထဲက ကြောင်ကလဲ
အတင်းကုတ်ဖဲ့တက်ပြီ ထွက် ပြေးတော့တာပေါ့
ဖိုးလုံးနဲ့ပေတီး ကြောက်လွန်းလို့ အသားတွေ တုန်နေပြီ
ဖိုးလုံးက ပေတီ ကျင်းကို မြန်မြန် ဖို့ကအောင်
အေးအေး ဆိုပြီ
နှစ်ယောက်သား ကျင်းထဲ မျက်စီရောက်သွားတဲ့အချိန်
အဘွားကြီးက မျက်လုံးဖွင့် နေပြီ သူတို့ကို ပြုံးပြနေတာတွေ့ကော
ပြေးပြေးဆိုပြီ နောက်လှည်ြ့ုပီပြေးတဲ့အချိန်
ဘယ်က ထွက်လာမှန်းမသိတဲ့ မကောင်းဆိုးဝါးတွေ ကြားထဲ ပြေးပေါက်မရှိတော့ တဖြည်းဖြည်းနဲ့နောက်ဆုတ်ရင် ကျင်းထဲ ကျသွားရော ကျင်းထဲကနေ အပေါ်တက်ဖို့ ကြိုးစားပမဲ့
အနောက်လဲ လှည့်ကြည့်ရော
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အသံက သနွးခေါငွ ယံမှာ စူးရှစှာ ထှကလွာတယွ
အရာအားလုံး တဖြည်းဖြည်းတဆိတ်သွားပြီ ပကတိ တိတ်ဆိတ်သွားတယ်၊
မနက်မိုးလင်းတော့ အော်သံကြောင့် ရွာသားတွေ သုသာန်ထဲ လာကြည့်တော့
မြင်လိုက်ရတဲ့ မြင်ကွင်က အဘွားကြီးလဲ ကျင်းထဲ ဖိုးလုံးနဲ့ပေတီ ဗိုက်တွေ ပွင့်လျှက်သေဆုံးနေတာ
တွေ့ကပေမဲ့ အဘွားကြီးအလောင်း ပျောက်နေတယ် သုသာန် အနှံရှာပေးမယ် မတွေ့တဲအဆုံး ဖိုးလုံးနဲ့ ပေတီးကို မြေမြှုပ် ပစ်ခဲ့လိုက်တယ်၊သူတို့ကို ချုံပုက်အကွယ်က ချောင်းကြည့်နေတဲ့ တစ်စုံတစ်ယောကို သတိမထားလိုက်ကျဘူး၊
ကလင် ကလင် ကလင်
အမေရေ ဖုန်းလာနေတယ်
ကလင် ကလင် ကလင်
သားကိုင်လိုက်လေ အမေ ဟင်းချက်နေတယ်
ကလင် ကလင်
ဟုတ် အမေ
ဟလို …….
တစ်ဖက်က
နောင်ခန့်လား ငါ ကျော်သူရယ်
အေး ကျော်သူပြောလေ ဘာဖြစ်လိုလဲ ငါဖုန်းမခေါ်ပဲနဲ့
ဘာမှမဖြစ်ပါဘူးဟ မင်း ဖုန်းက ဆက်သွယ်မှုဧရိယာပြင်တဲ့ ငါပြောမလို ဒီတစ်ပက် စနေ နေ့ကျ ငါ ဦလေး ရှိတဲ့ ရွာလည်မလို့ လိုက်မလား နောင်ခန့်
ကျန်တဲ့သူတွေဆီကော ဖုန်းဆက်ပြီပြီလား
ဆက်ပြီပြီ ရန်နိုင် က လိုက်မယ် ဖြူလဲ့ပါ လိုက်မယ်တဲ့
နော်စေးက မင်းပါရင် လိုက်မယ်ပြောတယ် ဘယ်လိုလဲ
ငါလဲ လိုက်မှာပေါ့ဟ
အေးပြီတာပဲ ငါ ကားလက်မှတ်ဖြတ်လိုက်တော့မယ်
ရန်နိုင်ကားနဲ့မသွားဘူးလားဟ
ရွာလမ်းတွေက ဆိုးတယ်ဟ သူကားနဲ့အဆင်မပြေပါဘူးး လမ်းမပေါ်ကနေ ငါတို့ရွာက အထဲ ဝင်ကမှာ
ရွာရောက်ရင် ဦးလေး လာကြိုလိမ့်မယ်၊
အေးအာ့ဆိုလဲ ကားဂိတ်မှာဆုံမယ် ကျော်သူ
အေး နောင်ခန့်
ဒီလိုနဲ့ ကျော်သူ ဦးလေး ဆီ သွားဖို့ ရက်ရောက်လာတယ်၊
ကားက မနက်၈နာရီကနေ ညနေ ၅ အထိ စီးရမှာ
ခရီးသွားခါနီး ရေမိုးချိုး ဘုရားရှိခိုး မနက်စာ စား ဆရာလေး အောင်နိုင်ပေးခဲ့ တဲ့ ကြိမ်လုံးကလေးကို အဝတ်စဖြူနဲ့ ထုပ် လွယ်အိတ်ထဲကို သေချာထည့် အဖေနဲ့ အမေကို ကန်တော့ ကားဂိတ်ကိုထွက်လာခဲ့တယ်၊
ကားဂိတ်ရောက်တော့ အကုန်ရောက်နေကျပြီ
ကားပေါ်တက် နော်စေးနဲ့ ကျွန်တော်က တစ်ခုံတွဲ ဖြူလဲ့ ရန်နိုင်က တစ်တွဲ ကျော်သူက တစ်ယောက်ထဲ
အရင် သွားခဲ့တဲ့ အိမ်အကြောင်းကိုပြန်ပြော ရယ်ကျနဲ့ ကားက ဂိတ်ကနေ အဝေးပြေးလမ်းမပေါ်တရွ့ရွေ့ပြေးလွှားနေတယ်၊
ကားပေါ် စကားပြောလိုက် ကားပေါ်က ပြတဲ့ ရုပ်ရှင်ကြည့်လိုက်နဲ့ လိုက်လာတာ
အချိန်ကုန်မှန်းမသိ ကုန်သွားတယ် ကျော်သူက စပြီ ရှေ့နားဆို ငါတို့ ဆင်းကတော့မယ်နော်လို့ပြောတော့
အေး
အကုန်လုံးက ပြိုင်တူ အေးလိုက်ကျတယ်၊
ကားပေါ်က ဆင်း အဝတ်ထုတ်တွေ ကိုယ်ဆီဆွဲ ခဏစောင့်လိုက်တာ
နွားလှည်းနဲ့ ကျော်သူ ဦးလေး ရောက်လာတယ်
ငါတူတွေ တူမတွေ ရောက်တာ ကြာပြီလား
ကျော်သူက
မကြာသေးပါဘူး ဦးလေးရဲ့ အခုလေ တင် ရောက်တာ
လာကွယ့်
လှည်းပေါ်တက်ကျ ကျော်သူက ဒါ ငါဦးလေး ဦးစံပေါ
ဦးလေး ဒါက နောင်ခန့် ဟိုးဘက်က နော်စေး သူတိုက စုံတွဲ ဒီဘက်က ရန်ုနိုင် သူက ဖြူလဲ့ သူတိုလဲ စုံတွဲ
ဦးလေး ဦးစံပေါက
တယ်လိုက်ဖက်တာပဲ
အချိန်မနှောင်းခင် ရွာပြန်မှဖြစ်မယ် လှည်းပေါ်တက်ကျ ကျော်သူက အဝတ်အိတ်တွေ တင် ကျွန်တော်တို့ စပြီ နွားလှည်းစီးတော့တာပေါ့
နွားလှည်းပေါ်မှာ ကျွန်တော်က ရွာ အကြောင်လျှောက်မေးတာပေါ့
ဦးလေးကလဲ ပြန်ဖြေရှာတယ်
နော်စေးက တော်ယုံမေးပါဟယ် လူကြီးကို အားနားစရာ ဆိုတော့မှ ကျွန်တော် ပါးစပ်ပိတ်သွားတယ်၊
ကျော်သူ ဦးလေးက မင်းအမေ ကော နေကောင်းကျလား
ဟုတ်ကောင်းတယ် ဦးလေး
အဖေနဲ့အမေက ဦးလေးတို့ မိသားစု အတွက် လက်ဆောင်တွေ ထည့်ပေးလိုက်တယ်
အပင်းပန်ခံပါရောလား ကျော်သူရာ လက်ဆောင်မပါလဲ ရပါတယ်
မဟုတ်တာ ဦးလေးရာ
ရန်နိုင်နဲ့ ဖြူလဲ့က တိုးတိုးနဲ့ ဘာတွေပြောနေမှန်းမသိဘူး
စကားပြောရင် တဖြည်းဖြည်း ရွာထဲ ဝင်လာတယ်
တစ်ရွာလုံး တိတ်ဆိတ်နေတာ ကျော်သူက စပြီ
ဦးလေး ကျွန်တော် အရင်လာတုန်းက ဒီလိုမဟုတ်ပါဘူး
ဦလေးက အိမ်ပေါ်ရောက်ရင် ပြောပြမယ်ဆိုပြီ စကားကိုဖြတ်လိုက်တယ်
ခြံဝင်းတစ်ဝင်းထဲ လှည်းဝင်တော့ နှစ်ထပ် ပျဉ်ထောင်အိမ် ရေနံချေး ၀ နေတာပဲ
ဒီလိုနဲ့ ကျော်သူ ဦးလေးက လှည်းဖြုတ် နွားတွေကို ရေတိုက် အစားကျွေးနေရင်
မိန်းမရေ နင်တူတွေရောက်လာပြီ
သမီးရေ နင်အကိုတွေလာတယ် မြန်မြန်လာ
အေးပါလာပါပြီတော် တူလေးတို့ စားဖို့ ဟင်းချက်နေတာ ပင်းပန်းလာကျပြီလား
ကျော်သူက မပင်ပန်းပါဘူးဒေါ်လေးရယ်
ကိုလေး တို့လာတယ် လာလာ ပေးအစ်မ အိတ် ညီမလေး
ပြောပြောဆိုဆိုနဲ့ ၁၆ နှစ်ဝန်းကျင် ကောင်မလေး ထွက်လာတယ်
ဖြူလဲ့ က ရပါတယ် ညီမရယ် အစ်မသယ်နိုင်ပါတယ်
အာ့ဆို ဟိုအစ်မ ပေး ညီမကို
ရပါတယ် အစ်မလဲ
ကဲ
လာ တူလေးတွေကော တူမလေးတွေကော အိမ်ပေါ်တက်ကျ ခဏနားပြီ ရေချိုးကျပေါ
ယောကျာင်္လေးတွေက အိမ်ရှေ့မှာ ချိုးပေါ့ မိန်းကလေးတွေက နောက်မှာချိုးကျ
သမီး အစ်မတွေ ရေချိုချင်ရင် လိုက်ပို့ပေးလိုက်နော်
ဟုတ်အမေ
ကိုယ့်ဆီ ကိုယ့်ဆီ ရေချိုးကျတာပေါ့ ရေချိုးပြီ အဝတ်စားလဲ အိမ်ရှေ့ထိုင်နေတုန်း
လာတူလေး သူငယ်ချင်တွေပါခေါ် ထမင်းစားကျမယ် ဆိုပြီ ထမင်းဝိုင်းက မလောက်လို့ ကြမ်းပြင်ပေါ် ဖျာခင်း
စားကျတယ်၊ ထမင်းစားရင် ဦးလေး မိန်မး ဒေါ်အုန်း ဒီဘက်က ငါညီမ နှင်းမြ ထပ်မိတ်ဆက်ပေးတယ် တစ်မိသားစုလုံး ခင်ဖို့ကောင်းကျတယ်၊
စားလိုပီတော့ အကြမ်းရေနဲ့လက်ဖက်သုပ်စားရင်
ကျော်သူက ဦးလေး ရွာမှာဘာတွေဖြစ်နေတာလဲ လို မေးတော့
ဦးလေးက ဒီလို ငါတူ
ဦးလေးတို့ အနောက်ပိုင်းက ရွာမှာ အဘွားကြီးတစ်ယောက် ပိုးထိပြီဆုံးကထဲ့ အဲရွာမှာ လူအသေအပျောက်တွေများလာတယ် သေတဲ့သူတွေက ဗိုက်ထဲက ကလီစားတွေ ဆွဲထပ်ခံရပြီသေကျတာ တစ်ချို့က အမျိုးတွေရှိတဲ့ တစ်ခြားရွာတွေကို ပြောင်းပြေးကျတယ်၊
အခုဆို အဲရွာမှာ နေရဲတဲ့သူမရှိတော့ဘူး အခုနောက်ပိုင်တဖြည်းဖြည်းနဲ့ ဦးလေးတို့ ရွာ အစပ်မှာ ညညဆို မကောင်းဆိုးဝါးတွေ လျှောက်နေကျတာ တစ်ရွာလုံးမြင်နေရတယ်၊
အာ့ဒါကြောင့် ညဆို ထမင်းစောစောစား တံခါးပိတ်ပြီ ကြောက်ကြောက်နဲ့နေရတယ်
ဦးလေးတို့ ဘုန်းကြီး ပင့်ပြီ ပရိတ်တွေ ဘာတွေ မရွတ်ဘူးလားလို ကျွန်တော်က ကြားထဲက ဝင်မေးလိုက်တယ်
ဘုန်းဘုန်းက မြို့တက်သွားတာ အခုထိပြန်မလာသေးဘူလေ
ဘာလုပ်ရမှန်းလဲမသိနဲ့ အခတ်အခဲဖြစ်နေကျတယ် ကျော်သူက အိမ်ကြီးကိစွဖောက်သည်ချပါရော
ဦးလေးစံပေါက အားကို တကြီးနဲ့ ကူညီပါအုံးငါတူရယ် လို့
ကျွန်တော်က
ဦးလေး မပူနဲ့ ဦးလေးတို့ ရွာမှာ ပရိတ်ရေ နဲ့ ပရိတ်ကြိုးအိမ်တိုင်း ရှိလား
အေးရှိလောက်တယ်ကွ ဘာလုပ်ဖို့လဲ
ကျွန်တော်တို့ လုပ်စရာလေး ရှိလို တောင်းပေးပါလား
အေး မနက်ဖြန်ကျ သူကြီးပြောပြီ အစီစဉ်ဆွဲကျတာပေါ့လို ပြောပြီ ကျွန်တော်တို့ အိပ်ဖို့ပြင်ကျတာပါ့
နော်စေး ဖြူလဲ့နဲ့ ကျော်သူ ညီမနဲက အခန်းထဲ အိမ် ကျွန်တော်တို့ ယောကျာင်္လေး သုံးယောက်က ဘုရားစင်ရှေ့ အိမ် ကျော်သူ ဦးလေးနဲ သူမိန်းမက တစ်ခန်း
ခရီးကပင်းလာတာနဲ့ အိပ်ပျော်သွားတာ မနက်မိုးလင်းတော့ ကျော်သူ လာနိုးမှ နိုးတယ်၊
မျက်နှာသစ် မနက်စား စားကျတော့
နော်စေးက မောင် ဘယ်လို လုပ်ဖို့ စဉ်းစားထားတုန်း ဟိုအိမ်တုန်းက ဆရာလေး ရောက်လာလို့ ကံကောင်းလို့ မသေတာနော် အခုတစ်ခါက အဆင်မပြေလောက်ဘူး ဆရာလေးလဲ မရှိဘူး
ကျော်သူကလဲ
ဟုတ်တယ် သူငယ်ချင်း ငါတို့ စိတ်မချဘူး
ဖြူလဲ့နဲရန်နိုင်ကဲ အေး ငါတိုလဲ တူတူပဲ လိုဝိုင်းပြောကျတော့တာပေါ့
အမှန် ကျွန်တော်လဲ ဘာလုပ်ရမှန်း မသိသေးဘူး
စာသောက်ပြီတန်း ရှိသေးတယ်
ဗျို့ ဒေါ်အုန်း ဒေါ်အုန်း
လာပါပြီဟဲ့
သူကြီးနဲ့ ဒေါ်အုန်းယောကျာၤဦးလေးစံပေါက
မြို့က လာတဲ့ ဧည့်သည်တွေကို ခေါ်ခိုင်လိုက်လို့
အေးအေး ခေါ်သွားလေ တူလေး လိုက်သွားကျလေ
သမီးလေးလိုက်သွားမယ် နော် မေမေ
ဟဲ့ ကလေးမ ကလေးက ကလေးလိုနေစမ်း
မေမေကလဲ
ဘာမေမေကလဲ
နော်စေးက ဟုတ်ပါတယ် ဒေါ်လေးရယ် သမီးတို့လဲ အဖော်ရတာပေါ့ ခေါ်သွားလိုက်ပမယ်
အေးပါအေ တူမလေးတို့ အဆင်ပြေရင် ပြီးတာပဲ
လာခေါ်တဲ့ လူရွယ်က လာအစ်ကိုလေးတို့ အစ်မလေးတို့ ဆိုပြီ ရှေ့က ဦးဆောင် ခေါ်သွားတယ်၊
သိပ်ကြာကြာမလျှောက်ရပါဘူး သူကြီး အိမ်ရောက်လာတယ်
လူရွယ်က သူကြီး မြို့က အကိုတွေ ပါလာကျပြီ
အေးအေး
လာ မောင်ရင် တို့ မောင်ရင်တို့အကြောင်း စံပေါ ပြောလိုသိပြီပြီ ဘယ်လို လုပ်မယ်စဉ်းစားလဲ
မေးလာရော
ပထမ ဆုံး သတိရတာက ဝါးတွေပေါတာ တွေ့ထားတော့
သူကြီး တစ်တောင်ကျော်ကျော် ဝါးတွေ လိုချင်တယ် ရိုက်လိုက်ကောင်လောက်မဲ့ လုံးပက်လောက် များလေး ကောင်းလေပဲ သူကြီး
နောက်ပြီ ပရိတ်ရေ တွေ ပရိတ်ကြိုးတွေ လိုချင်တယ်
ကောင်းပီ ဘာမှမလုပ်ပဲ ထိုင်နေတာထက်တစ်ခုခု လုပ်ကျတာပေါ့
နောက်ပြီ အဲရွာထဲ လေ့လာချင်တယ် လိုက်ရဲတဲ့ ရွာသားတစ်ယောက်လောက် ထည့်ပေးလိုက်ပါလား
ဘယ်သူမှလိုက်ရဲလောက်မှ မဟုတ်ဘူး စံပေါ မင်းတူတွေ မင်းပဲ လိုက်ပေါ့လိုက်ပေါ့
ရပါတယ် သူကြီး
မိန်းကလေးတွေ အိမ်ပြန်လိုက်နော် ငါတို့ လေ့လာပြီ ပြန်လာခဲ့မယ်၊
မိန်းကလေးတွေ အိမ်ပြန် အော်သူကြီး မနက်ဖြန်လောက် လုပ်ငန်း စချင်တယ် အဆင်ပြေလား
ပြေအောင်လုပ်ပေးမှာပေါ့ဟ
ဆောနက ကျွန်တော်တို့လာခေါ်တဲ့ ကောင်းလေးကို သူကြီးက
ကြားလာ ဖိုးခွေး အဲအတိုင်း တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ပြောကွာ ဦးစံပေါနဲ့ ကျွန်တော်တို့က အနောက်ပိုင်းက ရွာကို ရောက်အောင် သွားတာပေါ့ နေခင်းးကြောင်တောင်ဆိုတော့ မကြောက်မိဘူး ရွာထဲ စပြီ ခြေလမ်းလျှောက်တာနဲ
ပထမဆုံး သတိထားမိတာက အပုပ်နံ နံစောနေတာ နွားတွေလဲ ပိန်ညောင်ပြီ သေတဲ့ နွားကသေ ပုပ်ပွ နေတဲက အကောင်ပလောင်တွေ အများကြီး နှံအောင် လျှောက်ကြည့်နေတာနဲ့ တဖြည်းဖြည်း ထမင်းစားချိန်ကျော်ပြီ ညနေတောင် ရောက်လာပီ အာ့ဒါနဲ့ပြန်ခဲ့ကျတယ်၊
အိမ်ရောက်တော ည၄နာရီ့လောက်ရှိပြီ ရေမိုးချိုးပြီ သူငယ်ချင်းတွေ အကုန်စုထိုင်ပြီ ရန်နိုင် ကျော်သူ မင်းတို့ ငါကို ကူညီပေးမနက်ဖြန်ညကျရင်
အေးပါ ကူညီပေးရမှာပေါ့ဟ
နော်စေးနဲ့ဖြူလဲ့က အိမ်မှာပဲနေနော်
တူလေးတို့ ထမင်းစားကျမယ် လာတော့
ကျော်သူက
ဟုတ်လာပြီ အန်တီ
ထမင်းစားပြီ အိမ်ရှေ့မှာထိုင်
ဦးစံပေါက ကွမ်းလေး ဝါးပြီ ငယ်ငယ်တုန်းက အကြောင်းတွေပြောပြနဲ့ နေတုန်း
ကယ်ကျပါအုံး ကျမ သားလေး အသက်မရှိတော့ဘူး
လုပ်ကျပါအုံး အရပ်ကတို့ရေ လုပ်ကျပါအုံး
ဦးလေးစံပေါနဲ ကျွန်တော်တို့ အုပ်စုအသံ ကြားရာအိမ်ရှေ့ ရောက်လာကျတယ်
ရွာသားတွေ မီးတုတ်တွေနဲက ရောက်နေကျတယ်
သူကြီးပါ ရောက်နေတယ် ဘယ်လိုဖြစ်တာလဲလို့ သူကြီးက မေးတော့ ကလေးအမေက
ငိုကြီးချက်မနဲ့
မသိပါဘူး အကောင်းကြီးကနေ လဲကျပြီ အခုလိုဖြစ်သွားတာကပဲ
ကလေးက ဗိုက်က အပေါက်ဟောင်းလာင်းနဲ့
ကျွန်တော်တို့ အထာပေါက်လိုက်ပြီ အဘွားကြီးလက်ချက်ဆိုတာ အာ့ဒါနဲက ကာလသားတွေက အလောင်းကိုပြင် ညတွင်းချင်ပဲ အသုဘ လေးဖြစ်လာတယ်၊
သူကြီးနဲ့ဦးစံပေါက နေခဲ့တယ် ကျွန်တော်တို့ကလဲ မနက် လုပ်စရာ ရှိလို ပြန်လာကျတယ်
ရှပ် ရှပ် ရှပ် ရှပ် ရှပ် ရှပ်
လမ်းတစ်လျှောက် နောက်က တစ်စုံ တစ်ယောက်လိုက်လာသံ ကြားပေမဲ့ နောက်မလှည့်ကြည့်မိဘူး
အဲလိုနဲ့ ကျော်သူ ဦးလေး အိမ်ရောက်တော့် ဒေါ်လေး ပရိတ်ကြိုးရှိလာ ပေးးပါ အရေးကြီးလို့
အေးအေး ဘုရားစင်ပေါ် တူလေး
မြန်မြန် ပရိတ်ကြိုးရှာပြီ အိမ်အောက်ဆင်း အိမ်ကို ပရိတ်ကြိုးနဲ့ လိုက်ပက်လိုက်တယ်
ပက်ပီတော့ အိမ်ပေါ်လဲ ရောက်ရော
တောက် တွေ့ကျသေးတာပေါ့
ကြားလား ကြားလား ဒေါ်အုန်းက ကြောက်လန့်တကြားနဲ့မေးလာတော့
ကျွန်တော်က ဘာကိုလဲ ဒေါ်အုန်း လိုမေးတော့
မကြားလိုက်ဘူးလား တောက်ခေါက်ပြီ ကျိန်းသွားတယ်လေ
အကုန်လုံးက သဘောပေါက်တော့ မဟုတ်ပါဘူး ဒေါ်အုန်းရာ ဆိုတော့ ဇဝေဇဝါနဲ့ ဘေးနားက ကျော်သူ ညီမ နှင်းမြက မျက်လုံးလေး ပေကလက်ပေကလက် ကြောင်ကြည့်နေကျတယ် ကျွန်တော်က
ပရိတ်ကြိုးကိုဖြတ်ပြီ ဒေါ်အုန်းနဲ့ နှင်းမြ လည်ပင်းမှာဆွဲခိုင်းထားလိုက်ပြီ အိပ်ယာဝင်ခဲ့ကျတယ်၊
မနက်မိုးလင်းတော့ မျက်နှာသစ် မနက်စားစာ ကျွန်တော်တို့အဖွဲ့သူကြီးအိမ်ကို ထွက်ခဲ့ကျတယ်၊
သူကြီးအိမ်ရောက်တော့ သူကြီးက
လာ လာ ဆိုပြီ ဘုရားစင်ရှေ့မှာ ရေသန့်ဗူးတွေကော အပ်ချည်လုံးတွေကို အများအပြားတွေ
သူကြီး ကို ကျွန်တော်တို့က ဟန်ကျတာပေါ့ ဆိုပြီ ပြောတုန်းရှိသေးတယ်၊
လှည်းနှစ်စည်းနဲ့ တိုက်လာတဲ့ ဝါးတစ်တောင်ကျော်ကျော်တွေ အပြည့်
လှည်းမောင်းတဲ့ ဦးလေးကြီးတစ်ယောက်က
သူကြီး ဒီမှာ ဝါးရင်းတုတ်တွေ အပြည့်ပဲ ဘယ်သူရိုက်မလိုတုန်းဗျ
ကျွန်တော်ကနေ
သရဲ ကို ရိုက်ထုတ်မလို ဦးကြီးရဲက
အကုန် မျက်လုံးပြူးကုန်တယ်
သိပ်မကြာဘူး ကျော်သူ ဦးလေး ရောက်လာတယ်
ငါတူတို့ ဘယ်လို စီစဉ်ထားလဲ
ဟုတ် ဒီလို ဦးလေး အခု အိမ်တိုင်း ခြံတိုင်းကို ပရိတ်ကြိုးနဲ့ ပက်ထားပေးပါ အိမ်တွေအကုန်လုံးနော် ဦးလေး
မလောက်ရင် ပရိတ်ရည်နဲ့ စည်းတားထားပါ၊အဲအိမ်ထဲက ဘယ်သူမှမထွက်စေနဲ့ မနက် လေး နာရီ မထိုးမချင်း
နောက်တစ်ခုက မနက် လေးနာရီလောက် ကျရင် ရွာသားတွေအကုန် စုပြီ အိုးခွက်တွေ ဒန်ခွက်တွေ တီးပြီ
အနောက်ပိုင်း ရွာကို လာခဲ့ပါ ကျွန်တော်တို့ သရဲ နှင်ကျရအောင်
အဆင်ပြေပမလား မောင်ရင်
စိတ်မပူပါနဲက သူကြီး
နောက်ပြီ စဉ့်အိုး တွေ ရှိလား သူကြီးဆီ
ရှိပါရောလား နောက်ဖေးမှာ သုံးလုံးတောင်
သူကြီး အဲစဉ်အိုး သုံးလုံးစလုံး ခဏ ယူသုံးမယ် သူကြီး
ရတယ်လေ
လာ ကျော်သူကော ရန်နိုင်ကော အဲစဉ့်အိုး သွားလှိမ့်ရအောင်
စဉ့်အိုး သုံးလေး လှိမ့်ပြီ
သေချာ ရေဆေး ပရိတ်ရေထည့် ဝါးရင်တုတ်တွေ ထည့်ပြီ ပရိတ် ရေနဲ့ လောင်း ပီရင် ဝါးရင်တုတ်မှာ
ပရိတ်ကြိုးတွေချည်
ဟိုလုပ်ဒီလုပ်နဲ ၁၂ နာရီ ကျော်လာရော သူကြီးအိမ်မှာထမင်းစား လှည်းတွေ နဲ ဝါးရင်းတုတ်တွေကို
အနောက်ပိုင်းရွာရှေ့ဘက်မှာပုံထား ရန်နိုင် ကျော်သူ ကျွန်တော် ဘုရားရှိခိုး ပြီ
ဖြူလဲ့ နော်စေးတို့ ကို သေချာ မှာပြီ သရဲ နှင်ထုတ်ဖို့ ပြင်ဆင်ကျတာပေါ့
ကျွန်တော်က မလိုမကာ ဆရာလေး ပေးခဲ့ တဲ့ ကြိမ်လုံးကို သေချာထုပ်ပြီ ယူလာခဲ့တယ်
အရေးအကြောင်းဆို တစ်ခုခု လုပ်လို့ရအောင်
အကုန် ပြန်ဆင်ပြီတော့ ညနေပိုင်း ရောက်လာတော့ သူကြီးကို သေချာမှာထားတာတွေမမေ့ဖို့ အတန်တန်ပြောပြီ ၊
အနောက်ရွာဘက် လမ်းလျှောက်ထွက်လာကျတယ်
ရန်နိုင်က နောင်ခန့် ငါတို့က သူတို့မှ မမြင်ကတာ ဘယ်လို လုပ်မလဲ
ကျော်သူကကော ဘယ်လို လုပ်ရမလဲ စိတ်မပူနဲ့
ရွာရှေ့လဲ ရောက်ရော အကုန် ပုဆိုးတိုတို ပြင်ဝတ် လိုက်ကျတယ်
မဲမဲ မြင်တာ ရိုက် နော်
အေးစိတ်ချ
တဖြည်းဖြည်း မှောင်လာတော့
ကျွန်တော်က အဲရွာထဲ မှာ ရှိကျတဲက မြင်သင့်မမြင့်သင့်တဲ့ မကောင်းဆိုးဝါး အားလုံး
ဝေးရာကို ထွက်သွားကျပါ
သင့်တို့အား နှင်ထုတ်ဖို့ အတွက် ကျုပ် တို့ ရောက် ရှိနေပြီ၊
ဝုန်း ဒုန်း ဝုန်း ဝုန်း ဖရော ဟီး ဟားးးးးးးးး ဂါးးးးးးးး
အသံပေါင်းဆုံနဲက ကျွန်တော် တို့ဆီ ရန်မှုဖို့ ပြေးလာကျတယ
သုံးယောက်သာ ကျောချင်းကပ်ပြီ မဲမဲမြင်တာ ရိုတ်တော့တာပဲ
ဖုန်း ဖုန်း ဒုတ် ဖုန်း ဖုန်း
ဂျွတ်
ဖုန်းဖုန်းဖုန်း
တက်လာသမျှ ရိုက်ချ ဝါးရင်းတုတ်တွေလဲ ကျိုးကုန်တယ်
တစ်ချောင်းကျိုး တစ်ချောင်းနဲက ထပ်ရိုက်
တဖြည်းဖြည်း နဲ့ ၂ နာရီ ဝင်ကျင်လောက် ရောက်လာရော
အဲအချိန် မီးတုတ်တွေနဲ့ ရွာသားတွေ ရောက်လာကျတယ် ညာသံပေးပြီ ရောက်လာရော
ဟေးးးးးးးးးးးးးးးးးးးးးးး
ရွာသားတွေကို ဦးဆောင်လာတာ ဦးလေးစံပေါ ကျွန်တော် ရိုက်နေတာလဲတွေ့ရော ရွာသားတွေလဲ
ဝါးရင်းတုတ် တွေ စွဲပြီ ရိုက်လိုက်ကျတာ
တဖြည်းဖြည်း နဲ့ ရွာနောက်ဖက်ထိ လိုက်ရိုက်ကုန်ရော အားတက်လာကျတာပေါ့
ကိုယ့်တွေဘက်က အားသားလာတော့ တဖြည်းဖြည်း မကောင်းဆိုးဝါးတွေ ထွက်ပြေးကျတာပေါ့
ထွက်ပြေးတဲကအထဲ အဘွားကြီး တစ်ယောက်လဲ မြင်ရာ
ဆရာလေး ပြေးထားတဲ့ ကြိမ်လုံးနဲ့ မီအောင် လိုက်ရိုက်တော့တာပေါ
ဘုန်း ဘုန်း ဘုန်း
ရိုက်ရင် နဲ့ အဘွားကြီး က တဖြည်းဖြည်း အရိုးပေါ် အရေတင်နဲ့ လောက်တွေ တဖွားဖွားနဲ့
ပုတ်စော်တွေ မွှန်နေအောင် နံတော့တာ
အဲအဖွားကြီးအလောင်းကို မီးရှို့ အနောက်ပိုင်းက အိမ်ထဲလဲ ဖျက်အကုန် သန့်ရှင်းလေး လုပ်နေတယ်
ကျွန်တော်က ဦးလေး စံပေါကို
ဦးလေး ဘယ်လိုလုပ် အစောကြီးရောက်လာတာလဲ ငါတူတွေစိတ်မချလို့ ရွာသားတွေခေါ်ပြီလိုက်လာတာ
ဒါနဲ့ ဦးလေးတို့ မကောင်းဆိုးဝါးတွေမြင်ကလား ဆိုတော့
ရွာသားတစ်ယောက်က မမြင်ကဘူး ငါညီရဲ့ ရမ်းပြီ ရိုက်ကျတာ ရယ်ရယ်မောမောပြောရော
မျက်လုံးပြူးတာက ကျော်သူရယ် ကျွန်တော်ရယ် ရန်နိုင်ရယ်
အဲအချိန်
ဆရာတော်နဲ့ ရွာမှာကျန်ခဲ့တဲ့ သူကြီးရောက်လာတော့
ကျွန်တော်က ဖြစ်ကြောင်းကုန်စင် လျှေက်တင်ပြီ အနွာရယ်ကင်း ပရိတ် ရွတ်ဖို့ လျှောက်တင်
ဆရာတော်ကလဲ
သဘောတူပြီ နောက်နေ့မနက်ကျ ရွာသားတွေ အကုန် အနောက်ပိုင်းကရွာမှာ တရားလိုက်နာ
တရားနာပြီတော့ အမျှဝေတော့ ရွာထဲက အမျိုးသမီးတစ်ယောက်ကို ဝင်ပူးတော့တာပေါ့
ဖုတ်ဝင်တာ သူမဟုတ်ကြောင်း သုသာန်ထဲက နှစ်ချို့သရဲကြီးဖြစ်ကြောင်းပြောပြီ ဘုန်းဘုန်းတို့ အမျှပေးတာ ရပါတယ် ဆိုပြီ ပြန်ထွက်သွားးတယ်၊
ရွာသားတွေကလဲ ကျေးဇူးတွေ တင်ပြီ ထမင်းတွေ ဖိတ်ကျွေးကျတာ
ပျော်ပျော်ရွှင်ရွှင် နဲ့ ရွာမှာ တစ်ပက်လောက်ထပ်နေဖြစ်တယ်

ပြီးပါပြီ

Zawgyi Version

————————————-
ငါကျောချမ်းလာပြီ
တူးရင်းနဲ
ဒုတ်
အေးအေး
ညောင် ညောင်
ဟဲ့ သွားသွား
ညောင် ခွီး
အဲအချိန်
ဝေါ ဝေါ ဖရော ဝုန်း
အေးအေး ဆိုပြီ
ပြေးပြေးဆိုပြီ နောက်လှည်ြု့ပီပြေးတဲ့အချိန်
ကလင် ကလင် ကလင်
အမေရေ ဖုန်းလာနေတယ်
ကလင် ကလင် ကလင်
ကလင် ကလင်
ဟုတ် အမေ
ဟလို …….
တစ်ဖက်က
ငါလဲ လိုက်မှာပေါ့ဟ
အေး နောင်ခန့်
အေး
ကျော်သူက
လာကွယ့်
ဦးလေး ဦးစံပေါက
တယ်လိုက်ဖက်တာပဲ
ဟုတ်ကောင်းတယ် ဦးလေး
မဟုတ်တာ ဦးလေးရာ
ရပါတယ် အစ်မလဲ
ကဲ
ဟုတ်အမေ
ဦးလေးက ဒီလို ငါတူ
ကျွန်တော်က
ကျော်သူကလဲ
လာပါပြီဟဲ့
သူကြီးနဲ့ ဒေါ်အုန်းယောကျာင်္ဦးလေးစံပေါက
မေမေကလဲ
ဘာမေမေကလဲ
အေးအေး
မေးလာရော
ရပါတယ် သူကြီး
ကျော်သူက
ဟုတ်လာပြီ အန်တီ
ငိုကြီးချက်မနဲ့
ကျွန်တော်ကနေ
စိတ်မပူပါနဲက သူကြီး
ရတယ်လေ
ပရိတ်ကြိုးတွေချည်
မဲမဲ မြင်တာ ရိုက် နော်
အေးစိတ်ချ
ဂျွတ်
ဖုန်းဖုန်းဖုန်း
ဘုန်း ဘုန်း ဘုန်း
အဲအချိန်
ဆရာတော်ကလဲ

ပြီးပါပြီ