ပြင်ဦးလွင်ကအစောင့်သားအဖ (စ-ဆုံး)

Posted on

Unicode Version

ပြင်ဦးလွင်ကအစောင့်သားအဖ (စ-ဆုံး)
ဒီဇတ်လမ်းကကိုယ်တွေ့ကြုံခဲ့တဲ့ဇတ်လမ်းပါကိုယ်စာစရေးတုန်းကတင်ခဲ့ဘူးပါတယ်အခုပြန်ရှာမရလို့အသစ်ပြန်ရေးပြီးတင်ပေးလိုက်ပါတယ်
ထိပ်တင်ထားတို့အဖွဲ့အလုပ်ကိစ္စနဲ့ပြင်ဦးလွင်သို့ရောက်လာကြသည်။
တည်းရမဲ့နေရာကတော့ထိုမြို့တွင်သရဲခြောက်တယ်ဟုနံမည်ကြီးနေသော
အင်္ဂလိပ်ခေတ်ကဆောက်ထားသောနှစ်ဆောင်ပြိုင်ဘိုတဲကြီးပင်ဖြစ်သည်။
ထိုဘိုတဲကြီးကိုအုပ်အနီများဖြင့်ဆောက်ထားကာနှစ်ထပ်အဆောက်အဦးကြီးဖြစ်သည်။
လက်ရှိမှာတော့ဌာနဆိုင်ရာပိုင်အဖြစ်ထားရှိကာတာဝန်ရှိသူများလာပါကတည်းခိုရန်ဧည့်ရိပ်သာဖြစ်သည် ။
ထိပ်တင်ထားတို့အဖွဲ့ဘိုတဲကိုရောက်တော့သစ်ပင်ကြီးများအုပ်ဆိုင်းနေသော
အလယ်တွင်ရှိသောနှစ်ဆောင်ပြိုင်ဘိုတဲကြီးကိုကြည့်ရသည်မှာကျောချမ်းသလိုဖြစ်သွားကြသည်။
ဘိုတဲတွင်ဧည့်ခံကြိုဆိုရေးအဖွဲ့ကာအသင့်စောင့်နေကာထိပ်တင်ထားတို့အဖွဲ့အား
နေရာချပေးလေသည်အပြင်ပန်းကြည့်ရသည်မှာတင်လန့်စရာကောင်းတာမဟုတ်အတွင်းတွင်လဲ
ချမ်းစိမ့်စိမ့်နှင့်ကျောမလုံသလိုမျိုးခံစားနေရလေသည်။
ဘိုတဲ့အစောင့်သည်ခြံနောက်တွင်အိမ်ကလေးတလုံးဆောက်ကာနေသည်။
မီးစက်လဲသူ့အိမ်ဘေးတွင်ထားကာမီးပျက်ပါကမီးစက်နိုးရန်အဆင့်သင့်စောင့်နေရသောတာဝန်ဖြစ်သည်။

ညဘက်ရောက်တော့ဒီဘိုတဲအကြောင်းကြားဘူးထားတာကြောင့်
အသံကြောင့်ဖားသေဆိုသလိုမျိုးအားလုံးလန့်နေကာတခန်းထဲစုနေကြလေသည်။
အခန်းအလယ်တွင်TVတလုံးရှိရာထိုင်စကားပြောနေရင်းTVကြည့်ရန်ဖွင့်ဖို့လက်လှမ်းရုံရှိသေး
TVကကျယ်လောင်စွာထလာလေသည်ထိုအခါထိပ်တင်ထားတို့အဖွဲ့အလန့်တကြားဖြစ်သွားကာ
ပတ်ဝန်းကျင်ကိုရှောက်ကြည့်ကြပေမဲ့ဘာမှမမြင်ရပေဒါနဲ့အားလုံးမကြည့်ရဲတော့၍
ပြန်ပိတ်ရန်လက်လှမ်းရုံရှိသေးTVကသူ့အလိုလိုပိတ်သွားပြန်သည်။

ထိုအခါကြောက်တတ်သောထိပ်တင်ထားတို့အဖွဲ့ထဲမှတယောက်က
” ဟေ့ငါတို့ကတာဝန်နဲ့လာတာနော်အနှောက်အယှက်မပေးပါနဲ့—-”””
ထိုသို့ပြောရုံရှိသေးTVကသူ့အလိုလိုဖွင့်လိုက်ပိတ်လိုက်ဖြစ်နေရာအကုန်လးုံအိပ်ခန်းထဲထပြေးကြလေသည် ။
အိပ်ခန်းထဲရောက်တော့ကုတင်များကပ်ကာစုအိပ်ကြလေသည် ။
ညဘက်အိပ်တော့လဲအိပ်ခန်းအပြင်ဘက်ပတ်လမ်းဝရံတာမှတညလုံးလမ်းရှောက်နေသံကိုကြားနေရသည်။
အားလုံးရသမျှဘုရားစာဆိုကာမီးများဖွင့်ကာအိပ်ကြပေပဲ့ကြောက်စိတ်ကြောင့်ကောင်းကောင်းအိပ်မပျော်ပေ
ဘယ်လိုများခြောက်မလဲတွေးကာလန့်နေကြသည်။

သတိဝရိယနဲ့အိပ်ရင်းမနက်မိုလင်းချိန်၅နာရီလောက်တွင်အားလုံးထကာ
အလုပ်အတွက်ပြင်ဆင်စရာရှိတာများပြင်ဆင်နေတုန်းအပြင်ဝရံတာကမီးများအား
လူမမြင်ရပဲလိုက်ပိတ်သံကိုကြားရကာမီးများပိတ်သွားလေသည်
ဒါနဲ့ကမန်းကတန်းမျက်နှာသစ်ကြရာရေဘုံဘိုင်ကရေသည်ရေပူရေအေးရှိရာရေပူဘက်ဖွင့်လျှင်
ရေအေးဘက်လာပြီးရေအေးဘက်ဖွင့်လျှင်ရေပူဘက်လာနေတာကြောင့်
ရေပူရေအေးနှစ်ဘက်စလုံးဖွင့်ကာလာတဲ့ဘက်ကရေနဲ့မျက်နှာသစ်ကြရလေသည်

အခန်းတွင်းရှိမီးချောင်းမီးလုံးများလဲဖွင့်လိုက်ပိတ်လိုက်ဖြစ်နေရာအားလုံးကြောက်လန့်တကြားဖြစ်နေကြသည်။
လူများလို့တော်သေးသည်တယောက်ထဲသာဆိုနှလုံးရပ်၍သေသွားနိုင်လေသည်။
ထိပ်တင်ထားတို့အဖွဲ့အပြေးအလွားပြင်ဆင်၍အခန်းပြင်ထွက်လိုက်မှစိတ်သက်သာရသွားကြသည်။
ဧည့်ခန်းဆောင်ထဲတွင်အထူးဧည့်သည်များအတွက်မနက်စာပြင်ပေးထားရာထိပ်တင်ထားတို့အဖွဲ့
မနက်စာစားကြလေသည်မနက်စာပြင်ပေးသောပုဂံခွက်ယောက်များသည်ရှေးကျသောပုဂံများဖြစ်နေကာ
ပုဂံများတွင်လဲဌာနဆိုင်ရာအမှတ်တံဆိပ်များရေးထိုးထားတာကြောင့်ထိပ်တင်ထားတို့အဖွဲ့က
စာဖိုမှုးနှင့်ဧည့်ခံသူများအားလောကွတ်လုပ်ကာပြောမိလေသည်။
”’ ဒီကလူတွေကအရမ်းစည်းကမ်းရှိတာပဲနော်”
” ရှေးဟောင်းပုဂံတွေမကွဲမပျောက်အောင်စောင့်ရှောက်နိုင်တယ်ချီကျုးပါတယ်””

ထိပ်တင်ထားတို့စကားကြားတော့ဧည့်ခံသူများမျက်နှာပျက်သွားကြသည်။
သူတို့ထဲမှတစ်ယောက်ကမရဲတရဲပြန်ပြောလိုက်သည်
”’ ဒါတွေကဒီကသရဲမကောင်းမှု့ကြောင့်ပါပဲ””’
” ဒီကပုဂံတွေခွက်တွေကိုတစုံတစ်ယောက်ယူသွားရင်အဲဒီသူဆီလိုက်ပြီးအိမ်မက်ပေးတောင်းတယ်”’
”’ ပြန်မထားမချင်းအိမ်မက်ပေးတာကြောင့်ကြောက်လို့ပြန်လာထားကြတာပါပဲ ””
” နောက်ဘယ်သူမှမယူရဲလို့အားလုံးမပျောက်မပျက်ရှိနေတာပါ”’

သူတို့ပြောသောစကားကြားမိ၍ထိပ်တင်ထားတို့အဖွဲ့သရဲမအားပိုကြောက်သွားမိလေသည်။
”တကယ်တော့ဒီမှာရှိတဲ့သရဲသားအဖကအင်မတန်သနားစရာကောင်းပါတယ် ””
ဟိုးအရင်တုန်းကဒီအဆောက်အဦးဟာဒီနိုင်ငံမှာတာဝန်နဲ့လာနေတဲ့အင်္ဂလိပ်အရာရှိလင်းမယားပိုင်ပါ-
အဲဒီမှာသူတို့အဖော်ရအောင်အိမ်အကူခေါ်ရာကရင်တိုင်းရင်းသားသားအဖကိုခေါ်ထားလေသည်။
သမီကအိမ်ပေါ်တွင်တာဝန်ယူ၍အဖေဖြစ်သူကတော့ခြံစောင့်တာဝန်ယူလေသည်။
သူတို့သားအဖ၏ရိုးသားကြိုးစားမှု့ကြောင့်အင်္ဂလိပ်အရာရှိလင်မယားကအလွန်သဘောကျ၍
ကောင်းမွန်စွားထားကာလေသည်သူတို့သားအဖကလဲတာဝန်ကိုမလစ်ဟင်းစေရပါ
ဒီလိုနဲ့အင်္ဂလိပ်လင်မယားသူတို့နေရပ်သို့ခဏပြန်သွားရာမှပေါ်မလာတော့ပေ

သူတို့သားအဖလဲသူတို့သခင်များပြန်လာနိုးပြန်လာနိုးမျှော်နေရင်းသမီးကလေးသည်ဒီအိမ်ကြီးပေါ်တွင်
နေမကောင်းဖြစ်ကာဆုံးသွားလေသည်။အဖေဖြစ်သူလဲမကြာခင်သမီးစိတ်နဲ့ဆုံးသွားရာ
မကျွတ်ကြပဲဒီးဘိုတဲကြီးမှာသူတို့တာဝန်သူတို့ဆက်၍ထမ်းဆောင်နေကြတာဒီနေ့အထိပါပဲ
သူတို့ကခရစ်ယာန်ဘာသာဝင်တွေမို့သူတို့ဘုန်းကြီးကောမြန်မာဘုန်းကြီးကောခေါ်၍အမျှပေးပေမဲ့
သစ္စာရှိသောသူတို့သားအဖကသူတို့သခင်များကိုယ်စားဆက်၍ဒီဘိုတဲကြီးကိုစောင့်နေကြခြင်းဖြစ်သည်

ထိပ်တင်ထားတို့လဲသရဲသားအဖဇတ်လမ်းကြား၍စိတ်မကောင်းခြင်းများစွာနဲ့တာဝန်ရှိရာအလုပ်ထဲရောက်လာကြလေသည်။
အားလုံးမိတ်ဆက်ကာမြို့ခံများကဘယ်မှာတည်းသလဲမေးရာထိပ်တင်ထားတို့တည်းတဲ့ဘိုတဲနံမည်ကြားတာနဲ့
အံ့သြမကုန်နိုင်အောင်ဖြစ်သွားကြလေသည်။

ညနေအလုပ်ကအပြန်ထိပ်တင်ထားတို့အဖွဲ့ရေချိုးရန်ရေချိုးခန်းဝင်ရာ
ရေချိုးခန်းသည်လိုတာထက်ပိုကာချမ်းစိမ့်စိမ့်ကြီးဖြစ်နေသည်တယောက်ယောက်အနားမှာရှိနေသလိုခံစားရကာ
ကျက်သီးများထနေသည်ဒါနဲ့ရေပန်းအားဖွင့်ကြည့်တော့ရေလာနေတာနဲ့
ရေပန်းအောက်ဝင်လိုက်တော့ရေကမလာပြန်ဖွင့်ကြည့်တော့ရေလာနေပြန်သည်
ရေချိုးဘို့ရေပန်းအောက်ဝင်လိုက်ရင်ပဲရေကမလာပြန်ဒါနဲ့ရေတိုင်ကီထဲကရေကိုကမန်းကတန်းချိုးလိုက်ကြရသည်
ရေချိုးခန်းထဲကြာကြာနေပါကရေဖွင့်လိုက်ပိတ်လိုက်နဲ့အအေးပတ်၍သေသွားနိုင်လေသည်

ညဘက်အိပ်ကြတဲ့အခါရေမလာတဲ့အကြောင်းပျစ်တောက်ပျစ်တောက်ပြောနေသောထိပ်တင်ထားတို့အဖွဲ့မှ
တစ်ယောက်အားသန်းခေါင်လောက်တွင်လည်ပင်းလာညစ်လေသည်
လည်ပင်းညစ်ခံရသူကဝူးဝူးဝါးဝါးအော်ပြီးမျက်လုံးဖွင့်ကြည့်ရာဆံပင်ဂုတ်ဝဲနှင့်ကောင်မလေးတစ်ယောက်သည်
သူ့လည်ပင်းအားသန်မာသောလက်များဖြင့်ညစ်ထားရာငယ်သံပါအောင်အော်ပေမဲ့အသံကမထွက်ပေ
နောက်ဆုံးအတင်းရုန်းကန်နေရာနဘေးကုတင်ကတယောက်အားထိ၍သူ့အားဘာဖြစ်နေတာလဲမေးလိုက်မှ
သရဲမပျောက်သွားလေသည်။

မနက်မိုးလင်းတော့သရဲခြောက်ခံရသူလဲအပျင်းဖျားနေရာလူစောင့်နှင်ထားခဲ့ရလေသည်။
ထိပ်တင်ထားတို့အဖွဲ့အလုပ်ကအပြန်မဟာအံ့ထူးကံ့သာဘုရားဝင်းဖူးကာပုံတော်များပုတီးများဝယ်လာကြသည်
အပြန်နဲနဲမှောင်နေပြီခြံဝရောက်တော့ခြံတံခါးသည်ဖွင့်ပေးမဲ့သူမရှိပွင့်သွားရာအားလုံးထိတ်လန့်သွားမိသည်။
ခြံထဲဝင်ပြီးနောက်ပြန်လှည့်ကြည့်ရာခြံပေါက်ဝတွင်ရပ်နေသောတခါမှမမြင်ဘူးသော
လူကြီးတယောက်ကိုကြောက်မက်ဖွယ်မြင်လိုက်ကြရာ
”’ခြံစောင့်သရဲ”’
ဟုပြိုင်တူအော်ပြီအိမ်ထဲသို့သုတ်ခြေတင်ပြေးကြလေသည်။

ညဘက်အိပ်တော့ဘုရားကဝယ်လာသောဘုရားပုံများခေါင်းရင်းမှာထောင်၍ပုတီးများလည်ပင်းတွင်ဆွဲကာအိပ်ကြသည်။
ညသန်ခေါင်လောက်မှာတော့ထိပ်တင်ထားတို့အဖွဲ့ထဲပါလာသောခရစ်ယာန်တစ်ယောက်သည်
အပေါ့သွားရန်ထလိုက်ရာတံခါးနားတွင်ရပ်နေသောဆံပင်ဂုတ်ဝဲနှင့်မျက်နှာဖြူဖွေးနေသောကောင်မလေးကို
တွေ့လိုက်ရာသွေးပျက်မတတ်ကြောက်လန့်သွားကာ
”’သရဲမ —-သရဲမ”’
အော်သံကြောင့်အားလုံးလဲလန့်နိုးသွားလေသည်ဒါနဲ့မအိပ်ရဲကြတော့ပဲဘုရားစာများ
သံပြိုင်ရွတ်သူရွတ်ခရစ်ယာန်ဘုရားစာရွတ်သူရွတ်နှင်အလုပ်ရှုတ်သွားလေသည်။

ဒီအချိန်တွင်အောက်ထပ်မှာနေသောကားသမားပုခုံးပေါ်သို့အေးစက်စက်အရာတခုလာမှီထားရာ
လန့်နိုးသွားကာကြည့်လိုက်တော့ဖြူးဖွေးနေသောမျက်နှာနှင့်ဆံပင်ဂုတ်ဝဲကောင်မလေးတစ်ယောက်ကိုမြင်လေသည်။
သူလဲယောင်္ကျားတန်မဲ့ငယ်သံပါအောင်အော်လိုက်သည်
” အား———-”’
အားလုံးအကုန်နိုးသွားတာမို့ဝရံတာထွက်ကြည့်လိုက်ရာတွင်
ခြံထဲတွင်မဲမဲအရိပ်တခုလေထဲရွေ့လျှားနေသည်ကိုအထိတ်တလန့်မြင်ကြရပြန်သည်။

ထိပ်တင်ထားတို့အဖွဲ့မနေရဲကြတော့ကြောက်စိတ်ကအားလုံးကိုလွမ်းမိုးနေပြီဖြစ်သည်
နောက်တရက်အလုပ်ကိစ္စပြီးပြီဆိုတော့ဒီတညတော့အောင့်အီးသီးခံနေမယ်စိတ်ကူးကာ
ပစ္စည်းများသိမ်းပြီးအဆင့်သင့်ပြင်ထားသည်။
ဒီလိုနဲ့ညရောက်တော့ရေချိုးလဲအဖော်နဲ့ဘယ်နားသွားသွားအဖော်နဲ့နေကြကာတစုတဝေးထဲနေကြလေသည်
တစ်ယောက်ယောက်စောင့်ကြည့်နေသလိုမျိုးအားလုံးစိတ်ထဲဖြစ်ပေါ်နေကာမွမ်းကျပ်နေသလိုခံစားရလေသည်။

ထိပ်တင်ထားလဲရေချိုးပြီးသနပ်ခါးလူးရန်မှန်တင်ခုံရှေ့ထိုင်လိုက်ကာမှန်ကြည့်လိုက်သည့်အခါ
မှန်ထဲတွင်သူမပုံမပေါ်ဘဲဖြူးဖွေးနေသောမျက်နှာနှင့်ဆံပင်ဂုတ်ဝဲကောင်မလေးတစ်ယောက်ကို
မြင်လိုက်ရာအလန့်တကြားနှင့်ကြောက်စိတ်ကငယ်ဓိတ်သို့ရောက်ပြီးအော်ချိန်တောင်မရတော့ပဲ
နေရာတွင်ပင်မေ့လဲသွားလေသည်။

ထိပ်တင်ထားသတိရတော့အနားတွင်စိုးရိမ်နေသောလုပ်ဖော်ကိုင်ဘက်များနှင့်ဆရာဝန်အားတွေ့ရလေသည်
မနက်မိုးလင်းလျှင်ပြန်ဘို့အားလုံးလဲစီစဉ်ပြီးသွားပြီဒါနဲ့မနက်မိုးလင်းတော့အားလုံးပြန်ရန်
ကားပေါ်ရောက်နေကြပြီနှစ်ဆောင်ပြိုင်ဘိုတဲတံခါးကြီးအား
သော့ပိတ်ကာတာဝန်ရှိသူကသိမ်းပြီးလေပြီ
ဒီအချိန်တွင်ဝန်ထမ်းတစ်ယောက်ကမှတ်တမ်းဓတ်ပုံရိုက်ရန်အတွက်
ဘိုတဲကြီးနောက်ခံထားကာအားလုံးအမှတ်တယမှတ်တမ်းဓတ်ပုံရိုက်ကြလေသည်

ရန်ကုန်ရောက်၍ဓတ်ပုံများအားပြန်ကူးကြည့်သည့်အခါမှာတော့
နှစ်ဆောင်ပြိုင်ဘိုတဲကြီးဝရံတာတွင်ရပ်နေသောဆံပင်ဂုတ်ဝဲနှင့်သရဲမပုံအားအထင်အရှားတွေ့ရလေသည်။
မည်သို့ပင်ဆိုစေကာမူသစ္စာရှိသောသရဲသားအဖကိုတော့ယနေ့တိုင်အမှတ်ယနေမိပါသည်။

******ပြီး********

Zawgyi Version

ျပင္ဦးလြင္ကအေစာင့္သားအဖ (စ-ဆုံး)
ဒီဇတ္လမ္းကကိုယ္ေတြ႕ႀကဳံခဲ့တဲ့ဇတ္လမ္းပါကိုယ္စာစေရးတုန္းကတင္ခဲ့ဘူးပါတယ္အခုျပန္ရွာမရလို႔အသစ္ျပန္ေရးၿပီးတင္ေပးလိုက္ပါတယ္
ထိပ္တင္ထားတို႔အဖြဲ႕အလုပ္ကိစၥနဲ႔ျပင္ဦးလြင္သို႔ေရာက္လာၾကသည္။
တည္းရမဲ့ေနရာကေတာ့ထိုၿမိဳ႕တြင္သရဲေျခာက္တယ္ဟုနံမည္ႀကီးေနေသာ
အဂၤလိပ္ေခတ္ကေဆာက္ထားေသာႏွစ္ေဆာင္ၿပိဳင္ဘိုတဲႀကီးပင္ျဖစ္သည္။
ထိုဘိုတဲႀကီးကိုအုပ္အနီမ်ားျဖင့္ေဆာက္ထားကာႏွစ္ထပ္အေဆာက္အဦးႀကီးျဖစ္သည္။
လက္ရွိမွာေတာ့ဌာနဆိုင္ရာပိုင္အျဖစ္ထားရွိကာတာဝန္ရွိသူမ်ားလာပါကတည္းခိုရန္ဧည့္ရိပ္သာျဖစ္သည္ ။
ထိပ္တင္ထားတို႔အဖြဲ႕ဘိုတဲကိုေရာက္ေတာ့သစ္ပင္ႀကီးမ်ားအုပ္ဆိုင္းေနေသာ
အလယ္တြင္ရွိေသာႏွစ္ေဆာင္ၿပိဳင္ဘိုတဲႀကီးကိုၾကည့္ရသည္မွာေက်ာခ်မ္းသလိုျဖစ္သြားၾကသည္။
ဘိုတဲတြင္ဧည့္ခံႀကိဳဆိုေရးအဖြဲ႕ကာအသင့္ေစာင့္ေနကာထိပ္တင္ထားတို႔အဖြဲ႕အား
ေနရာခ်ေပးေလသည္အျပင္ပန္းၾကည့္ရသည္မွာတင္လန႔္စရာေကာင္းတာမဟုတ္အတြင္းတြင္လဲ
ခ်မ္းစိမ့္စိမ့္ႏွင့္ေက်ာမလုံသလိုမ်ိဳးခံစားေနရေလသည္။
ဘိုတဲ့အေစာင့္သည္ၿခံေနာက္တြင္အိမ္ကေလးတလုံးေဆာက္ကာေနသည္။
မီးစက္လဲသူ႔အိမ္ေဘးတြင္ထားကာမီးပ်က္ပါကမီးစက္ႏိုးရန္အဆင့္သင့္ေစာင့္ေနရေသာတာဝန္ျဖစ္သည္။

ညဘက္ေရာက္ေတာ့ဒီဘိုတဲအေၾကာင္းၾကားဘူးထားတာေၾကာင့္
အသံေၾကာင့္ဖားေသဆိုသလိုမ်ိဳးအားလုံးလန႔္ေနကာတခန္းထဲစုေနၾကေလသည္။
အခန္းအလယ္တြင္TVတလုံးရွိရာထိုင္စကားေျပာေနရင္းTVၾကည့္ရန္ဖြင့္ဖို႔လက္လွမ္း႐ုံရွိေသး
TVကက်ယ္ေလာင္စြာထလာေလသည္ထိုအခါထိပ္တင္ထားတို႔အဖြဲ႕အလန႔္တၾကားျဖစ္သြားကာ
ပတ္ဝန္းက်င္ကိုေရွာက္ၾကည့္ၾကေပမဲ့ဘာမွမျမင္ရေပဒါနဲ႔အားလုံးမၾကည့္ရဲေတာ့၍
ျပန္ပိတ္ရန္လက္လွမ္း႐ုံရွိေသးTVကသူ႔အလိုလိုပိတ္သြားျပန္သည္။

ထိုအခါေၾကာက္တတ္ေသာထိပ္တင္ထားတို႔အဖြဲ႕ထဲမွတေယာက္က
” ေဟ့ငါတို႔ကတာဝန္နဲ႔လာတာေနာ္အေႏွာက္အယွက္မေပးပါနဲ႔—-”””
ထိုသို႔ေျပာ႐ုံရွိေသးTVကသူ႔အလိုလိုဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနရာအကုန္လးုံအိပ္ခန္းထဲထေျပးၾကေလသည္ ။
အိပ္ခန္းထဲေရာက္ေတာ့ကုတင္မ်ားကပ္ကာစုအိပ္ၾကေလသည္ ။
ညဘက္အိပ္ေတာ့လဲအိပ္ခန္းအျပင္ဘက္ပတ္လမ္းဝရံတာမွတညလုံးလမ္းေရွာက္ေနသံကိုၾကားေနရသည္။
အားလုံးရသမွ်ဘုရားစာဆိုကာမီးမ်ားဖြင့္ကာအိပ္ၾကေပပဲ့ေၾကာက္စိတ္ေၾကာင့္ေကာင္းေကာင္းအိပ္မေပ်ာ္ေပ
ဘယ္လိုမ်ားေျခာက္မလဲေတြးကာလန႔္ေနၾကသည္။

သတိဝရိယနဲ႔အိပ္ရင္းမနက္မိုလင္းခ်ိန္၅နာရီေလာက္တြင္အားလုံးထကာ
အလုပ္အတြက္ျပင္ဆင္စရာရွိတာမ်ားျပင္ဆင္ေနတုန္းအျပင္ဝရံတာကမီးမ်ားအား
လူမျမင္ရပဲလိုက္ပိတ္သံကိုၾကားရကာမီးမ်ားပိတ္သြားေလသည္
ဒါနဲ႔ကမန္းကတန္းမ်က္ႏွာသစ္ၾကရာေရဘုံဘိုင္ကေရသည္ေရပူေရေအးရွိရာေရပူဘက္ဖြင့္လွ်င္
ေရေအးဘက္လာၿပီးေရေအးဘက္ဖြင့္လွ်င္ေရပူဘက္လာေနတာေၾကာင့္
ေရပူေရေအးႏွစ္ဘက္စလုံးဖြင့္ကာလာတဲ့ဘက္ကေရနဲ႔မ်က္ႏွာသစ္ၾကရေလသည္

အခန္းတြင္းရွိမီးေခ်ာင္းမီးလုံးမ်ားလဲဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနရာအားလုံးေၾကာက္လန႔္တၾကားျဖစ္ေနၾကသည္။
လူမ်ားလို႔ေတာ္ေသးသည္တေယာက္ထဲသာဆိုႏွလုံးရပ္၍ေသသြားႏိုင္ေလသည္။
ထိပ္တင္ထားတို႔အဖြဲ႕အေျပးအလြားျပင္ဆင္၍အခန္းျပင္ထြက္လိုက္မွစိတ္သက္သာရသြားၾကသည္။
ဧည့္ခန္းေဆာင္ထဲတြင္အထူးဧည့္သည္မ်ားအတြက္မနက္စာျပင္ေပးထားရာထိပ္တင္ထားတို႔အဖြဲ႕
မနက္စာစားၾကေလသည္မနက္စာျပင္ေပးေသာပုဂံခြက္ေယာက္မ်ားသည္ေရွးက်ေသာပုဂံမ်ားျဖစ္ေနကာ
ပုဂံမ်ားတြင္လဲဌာနဆိုင္ရာအမွတ္တံဆိပ္မ်ားေရးထိုးထားတာေၾကာင့္ထိပ္တင္ထားတို႔အဖြဲ႕က
စာဖိုမႈးႏွင့္ဧည့္ခံသူမ်ားအားေလာကြတ္လုပ္ကာေျပာမိေလသည္။
”’ ဒီကလူေတြကအရမ္းစည္းကမ္းရွိတာပဲေနာ္”
” ေရွးေဟာင္းပုဂံေတြမကြဲမေပ်ာက္ေအာင္ေစာင့္ေရွာက္ႏိုင္တယ္ခ်ီက်ဳးပါတယ္””

ထိပ္တင္ထားတို႔စကားၾကားေတာ့ဧည့္ခံသူမ်ားမ်က္ႏွာပ်က္သြားၾကသည္။
သူတို႔ထဲမွတစ္ေယာက္ကမရဲတရဲျပန္ေျပာလိုက္သည္
”’ ဒါေတြကဒီကသရဲမေကာင္းမႈ႕ေၾကာင့္ပါပဲ””’
” ဒီကပုဂံေတြခြက္ေတြကိုတစုံတစ္ေယာက္ယူသြားရင္အဲဒီသူဆီလိုက္ၿပီးအိမ္မက္ေပးေတာင္းတယ္”’
”’ ျပန္မထားမခ်င္းအိမ္မက္ေပးတာေၾကာင့္ေၾကာက္လို႔ျပန္လာထားၾကတာပါပဲ ””
” ေနာက္ဘယ္သူမွမယူရဲလို႔အားလုံးမေပ်ာက္မပ်က္ရွိေနတာပါ”’

သူတို႔ေျပာေသာစကားၾကားမိ၍ထိပ္တင္ထားတို႔အဖြဲ႕သရဲမအားပိုေၾကာက္သြားမိေလသည္။
”တကယ္ေတာ့ဒီမွာရွိတဲ့သရဲသားအဖကအင္မတန္သနားစရာေကာင္းပါတယ္ ””
ဟိုးအရင္တုန္းကဒီအေဆာက္အဦးဟာဒီႏိုင္ငံမွာတာဝန္နဲ႔လာေနတဲ့အဂၤလိပ္အရာရွိလင္းမယားပိုင္ပါ-
အဲဒီမွာသူတို႔အေဖာ္ရေအာင္အိမ္အကူေခၚရာကရင္တိုင္းရင္းသားသားအဖကိုေခၚထားေလသည္။
သမီကအိမ္ေပၚတြင္တာဝန္ယူ၍အေဖျဖစ္သူကေတာ့ၿခံေစာင့္တာဝန္ယူေလသည္။
သူတို႔သားအဖ၏႐ိုးသားႀကိဳးစားမႈ႕ေၾကာင့္အဂၤလိပ္အရာရွိလင္မယားကအလြန္သေဘာက်၍
ေကာင္းမြန္စြားထားကာေလသည္သူတို႔သားအဖကလဲတာဝန္ကိုမလစ္ဟင္းေစရပါ
ဒီလိုနဲ႔အဂၤလိပ္လင္မယားသူတို႔ေနရပ္သို႔ခဏျပန္သြားရာမွေပၚမလာေတာ့ေပ

သူတို႔သားအဖလဲသူတို႔သခင္မ်ားျပန္လာႏိုးျပန္လာႏိုးေမွ်ာ္ေနရင္းသမီးကေလးသည္ဒီအိမ္ႀကီးေပၚတြင္
ေနမေကာင္းျဖစ္ကာဆုံးသြားေလသည္။အေဖျဖစ္သူလဲမၾကာခင္သမီးစိတ္နဲ႔ဆုံးသြားရာ
မကြၽတ္ၾကပဲဒီးဘိုတဲႀကီးမွာသူတို႔တာဝန္သူတို႔ဆက္၍ထမ္းေဆာင္ေနၾကတာဒီေန႔အထိပါပဲ
သူတို႔ကခရစ္ယာန္ဘာသာဝင္ေတြမို႔သူတို႔ဘုန္းႀကီးေကာျမန္မာဘုန္းႀကီးေကာေခၚ၍အမွ်ေပးေပမဲ့
သစၥာရွိေသာသူတို႔သားအဖကသူတို႔သခင္မ်ားကိုယ္စားဆက္၍ဒီဘိုတဲႀကီးကိုေစာင့္ေနၾကျခင္းျဖစ္သည္

ထိပ္တင္ထားတို႔လဲသရဲသားအဖဇတ္လမ္းၾကား၍စိတ္မေကာင္းျခင္းမ်ားစြာနဲ႔တာဝန္ရွိရာအလုပ္ထဲေရာက္လာၾကေလသည္။
အားလုံးမိတ္ဆက္ကာၿမိဳ႕ခံမ်ားကဘယ္မွာတည္းသလဲေမးရာထိပ္တင္ထားတို႔တည္းတဲ့ဘိုတဲနံမည္ၾကားတာနဲ႔
အံ့ၾသမကုန္ႏိုင္ေအာင္ျဖစ္သြားၾကေလသည္။

ညေနအလုပ္ကအျပန္ထိပ္တင္ထားတို႔အဖြဲ႕ေရခ်ိဳးရန္ေရခ်ိဳးခန္းဝင္ရာ
ေရခ်ိဳးခန္းသည္လိုတာထက္ပိုကာခ်မ္းစိမ့္စိမ့္ႀကီးျဖစ္ေနသည္တေယာက္ေယာက္အနားမွာရွိေနသလိုခံစားရကာ
က်က္သီးမ်ားထေနသည္ဒါနဲ႔ေရပန္းအားဖြင့္ၾကည့္ေတာ့ေရလာေနတာနဲ႔
ေရပန္းေအာက္ဝင္လိုက္ေတာ့ေရကမလာျပန္ဖြင့္ၾကည့္ေတာ့ေရလာေနျပန္သည္
ေရခ်ိဳးဘို႔ေရပန္းေအာက္ဝင္လိုက္ရင္ပဲေရကမလာျပန္ဒါနဲ႔ေရတိုင္ကီထဲကေရကိုကမန္းကတန္းခ်ိဳးလိုက္ၾကရသည္
ေရခ်ိဳးခန္းထဲၾကာၾကာေနပါကေရဖြင့္လိုက္ပိတ္လိုက္နဲ႔အေအးပတ္၍ေသသြားႏိုင္ေလသည္

ညဘက္အိပ္ၾကတဲ့အခါေရမလာတဲ့အေၾကာင္းပ်စ္ေတာက္ပ်စ္ေတာက္ေျပာေနေသာထိပ္တင္ထားတို႔အဖြဲ႕မွ
တစ္ေယာက္အားသန္းေခါင္ေလာက္တြင္လည္ပင္းလာညစ္ေလသည္
လည္ပင္းညစ္ခံရသူကဝူးဝူးဝါးဝါးေအာ္ၿပီးမ်က္လုံးဖြင့္ၾကည့္ရာဆံပင္ဂုတ္ဝဲႏွင့္ေကာင္မေလးတစ္ေယာက္သည္
သူ႔လည္ပင္းအားသန္မာေသာလက္မ်ားျဖင့္ညစ္ထားရာငယ္သံပါေအာင္ေအာ္ေပမဲ့အသံကမထြက္ေပ
ေနာက္ဆုံးအတင္း႐ုန္းကန္ေနရာနေဘးကုတင္ကတေယာက္အားထိ၍သူ႔အားဘာျဖစ္ေနတာလဲေမးလိုက္မွ
သရဲမေပ်ာက္သြားေလသည္။

မနက္မိုးလင္းေတာ့သရဲေျခာက္ခံရသူလဲအပ်င္းဖ်ားေနရာလူေစာင့္ႏွင္ထားခဲ့ရေလသည္။
ထိပ္တင္ထားတို႔အဖြဲ႕အလုပ္ကအျပန္မဟာအံ့ထူးကံ့သာဘုရားဝင္းဖူးကာပုံေတာ္မ်ားပုတီးမ်ားဝယ္လာၾကသည္
အျပန္နဲနဲေမွာင္ေနၿပီၿခံဝေရာက္ေတာ့ၿခံတံခါးသည္ဖြင့္ေပးမဲ့သူမရွိပြင့္သြားရာအားလုံးထိတ္လန႔္သြားမိသည္။
ၿခံထဲဝင္ၿပီးေနာက္ျပန္လွည့္ၾကည့္ရာၿခံေပါက္ဝတြင္ရပ္ေနေသာတခါမွမျမင္ဘူးေသာ
လူႀကီးတေယာက္ကိုေၾကာက္မက္ဖြယ္ျမင္လိုက္ၾကရာ
”’ၿခံေစာင့္သရဲ”’
ဟုၿပိဳင္တူေအာ္ၿပီအိမ္ထဲသို႔သုတ္ေျခတင္ေျပးၾကေလသည္။

ညဘက္အိပ္ေတာ့ဘုရားကဝယ္လာေသာဘုရားပုံမ်ားေခါင္းရင္းမွာေထာင္၍ပုတီးမ်ားလည္ပင္းတြင္ဆြဲကာအိပ္ၾကသည္။
ညသန္ေခါင္ေလာက္မွာေတာ့ထိပ္တင္ထားတို႔အဖြဲ႕ထဲပါလာေသာခရစ္ယာန္တစ္ေယာက္သည္
အေပါ့သြားရန္ထလိုက္ရာတံခါးနားတြင္ရပ္ေနေသာဆံပင္ဂုတ္ဝဲႏွင့္မ်က္ႏွာျဖဴေဖြးေနေသာေကာင္မေလးကို
ေတြ႕လိုက္ရာေသြးပ်က္မတတ္ေၾကာက္လန႔္သြားကာ
”’သရဲမ —-သရဲမ”’
ေအာ္သံေၾကာင့္အားလုံးလဲလန႔္ႏိုးသြားေလသည္ဒါနဲ႔မအိပ္ရဲၾကေတာ့ပဲဘုရားစာမ်ား
သံၿပိဳင္႐ြတ္သူ႐ြတ္ခရစ္ယာန္ဘုရားစာ႐ြတ္သူ႐ြတ္ႏွင္အလုပ္ရႈတ္သြားေလသည္။

ဒီအခ်ိန္တြင္ေအာက္ထပ္မွာေနေသာကားသမားပုခုံးေပၚသို႔ေအးစက္စက္အရာတခုလာမွီထားရာ
လန႔္ႏိုးသြားကာၾကည့္လိုက္ေတာ့ျဖဴးေဖြးေနေသာမ်က္ႏွာႏွင့္ဆံပင္ဂုတ္ဝဲေကာင္မေလးတစ္ေယာက္ကိုျမင္ေလသည္။
သူလဲေယာက်ၤားတန္မဲ့ငယ္သံပါေအာင္ေအာ္လိုက္သည္
” အား———-”’
အားလုံးအကုန္ႏိုးသြားတာမို႔ဝရံတာထြက္ၾကည့္လိုက္ရာတြင္
ၿခံထဲတြင္မဲမဲအရိပ္တခုေလထဲေ႐ြ႕လွ်ားေနသည္ကိုအထိတ္တလန႔္ျမင္ၾကရျပန္သည္။

ထိပ္တင္ထားတို႔အဖြဲ႕မေနရဲၾကေတာ့ေၾကာက္စိတ္ကအားလုံးကိုလြမ္းမိုးေနၿပီျဖစ္သည္
ေနာက္တရက္အလုပ္ကိစၥၿပီးၿပီဆိုေတာ့ဒီတညေတာ့ေအာင့္အီးသီးခံေနမယ္စိတ္ကူးကာ
ပစၥည္းမ်ားသိမ္းၿပီးအဆင့္သင့္ျပင္ထားသည္။
ဒီလိုနဲ႔ညေရာက္ေတာ့ေရခ်ိဳးလဲအေဖာ္နဲ႔ဘယ္နားသြားသြားအေဖာ္နဲ႔ေနၾကကာတစုတေဝးထဲေနၾကေလသည္
တစ္ေယာက္ေယာက္ေစာင့္ၾကည့္ေနသလိုမ်ိဳးအားလုံးစိတ္ထဲျဖစ္ေပၚေနကာမြမ္းက်ပ္ေနသလိုခံစားရေလသည္။

ထိပ္တင္ထားလဲေရခ်ိဳးၿပီးသနပ္ခါးလူးရန္မွန္တင္ခုံေရွ႕ထိုင္လိုက္ကာမွန္ၾကည့္လိုက္သည့္အခါ
မွန္ထဲတြင္သူမပုံမေပၚဘဲျဖဴးေဖြးေနေသာမ်က္ႏွာႏွင့္ဆံပင္ဂုတ္ဝဲေကာင္မေလးတစ္ေယာက္ကို
ျမင္လိုက္ရာအလန႔္တၾကားႏွင့္ေၾကာက္စိတ္ကငယ္ဓိတ္သို႔ေရာက္ၿပီးေအာ္ခ်ိန္ေတာင္မရေတာ့ပဲ
ေနရာတြင္ပင္ေမ့လဲသြားေလသည္။

ထိပ္တင္ထားသတိရေတာ့အနားတြင္စိုးရိမ္ေနေသာလုပ္ေဖာ္ကိုင္ဘက္မ်ားႏွင့္ဆရာဝန္အားေတြ႕ရေလသည္
မနက္မိုးလင္းလွ်င္ျပန္ဘို႔အားလုံးလဲစီစဥ္ၿပီးသြားၿပီဒါနဲ႔မနက္မိုးလင္းေတာ့အားလုံးျပန္ရန္
ကားေပၚေရာက္ေနၾကၿပီႏွစ္ေဆာင္ၿပိဳင္ဘိုတဲတံခါးႀကီးအား
ေသာ့ပိတ္ကာတာဝန္ရွိသူကသိမ္းၿပီးေလၿပီ
ဒီအခ်ိန္တြင္ဝန္ထမ္းတစ္ေယာက္ကမွတ္တမ္းဓတ္ပုံ႐ိုက္ရန္အတြက္
ဘိုတဲႀကီးေနာက္ခံထားကာအားလုံးအမွတ္တယမွတ္တမ္းဓတ္ပုံ႐ိုက္ၾကေလသည္

ရန္ကုန္ေရာက္၍ဓတ္ပုံမ်ားအားျပန္ကူးၾကည့္သည့္အခါမွာေတာ့
ႏွစ္ေဆာင္ၿပိဳင္ဘိုတဲႀကီးဝရံတာတြင္ရပ္ေနေသာဆံပင္ဂုတ္ဝဲႏွင့္သရဲမပုံအားအထင္အရွားေတြ႕ရေလသည္။
မည္သို႔ပင္ဆိုေစကာမူသစၥာရွိေသာသရဲသားအဖကိုေတာ့ယေန႔တိုင္အမွတ္ယေနမိပါသည္။

******ၿပီး********