“ပဋ္ဌာန်းဆက် အငြိုး “(စ-ဆုံး)

Posted on

“ပဋ္ဌာန်းဆက် အငြိုး “(စ-ဆုံး)

” မောင်ထိုက် ပွဲတွေမှာ ဖယောင်းတိုင် အမွေးတိုင်တွေ လိုက်ထွန်းကွဲ့ ဆရာကြီးကခိုင်း
၍ကျွန်တော်ချက်ချင်းထ၍ ကန်တော့်ပွဲများတွင်
အမွေးတိုင် ဖယောင်းတိုင်းများ ထွန်းညှိ့ပေး
လိုက်သည် ။

နံ့သာဖြူ အမွေးတိုင်မှ အခိုး အငွေ့များက လူနာ
ရှင်ကိုကျော်ဖေ ၏ အိမ်ကလေး အတွင်း၌ ပျံနှံ့နေတော့သည်။

ကိုကျော်ဖေ၏ ဇနီးမယား မရွှေတစ်ယောက် လွန်ခဲ့သော နှစ်လသုံးလ လောက်ကစပြီး ထမင်းမစားချင် ဟင်မစားချင်ဖြစ်လာတယ်။ အဲ့ဒီကနေ နေမကောင်းချင်သလိုလို အအိပ်ပျက်သလိုလို အစားပျက်သလို တရှောင်ရှောင် ဖြစ်လာတယ် ။
ကိုကျော်ဖေတစ်ယောက် ဇနီးသည်ရဲ့ ရောဂါပျောက်ကင်းဖို့အတွက် ပုဂ္ဂလိကစပါယ်ရှယ် ဆေးခန်းတွေကို သွားတယ် ။ အထူးကုဆရာဝန် ပါရဂူကြီးတွေနှင့် တစ်ယောက်ပြီးတစ်ယောက်ပြတယ် ။ ဒီလိုဂရုစိုက်နေတဲ့ကြားကပဲ အစားအသောက်ပျက်ရာကနေ အရည်လောက်ပဲ ဝင်တော့တယ် ။နောက်တော့ အရည်ပါ မသောက်တော့ဘူး ။ ဂလူ့ကို့အသက်ပဲရှိ့တော့တယ် ။ အရင်က ဝင်းပစိုပြေအသားအရည်နှင့် ကျက်သရေရှိ့တဲ့ အလှပိုင်ရှင် မရွှေတစ်ယောက်…တဖြည်းဖြည်းအရိုးပေါ်အရည်တင် ဖြစ်လာတယ် ။ အိပ်ရာထဲဗုန်းဗုန်လဲကျတဲ့ဘဝ ရောက်သွားတယ် ။ အထူးကုဆေးခန်းတွေ တစ်ခုပြီးတစ်ခု…အထူးကုဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းကုနေပါလျှက် သက်သာရာမရပဲ ပိုဆိုးလာတယ် ။ ရောဂါကလည်း အမည်တပ်လို့မရတဲ့ ဘာမှန်းမသိတဲ့ ရောဂါဖြစ်နေတယ် ။

” ခင်ဗျာမိန်းမရဲ့ ရောဂါဝေဒနာက မရိုးဘူး။ပယောကထင်တယ်။သူများပြုစားတာ ခံနေရတာဖြစ်မယ် ။တတ်ကျွမ်းနားလည်တဲ့ ဆရာသမားများနဲ့ ပြသင့်တယ် ဟုမိတ်ဆွေတစ်ချို့က အကြံပြုတယ် ။

ကိုကျော်ဖေဟာ မိတ်ဆွေတွေရဲ့ စကားကို လက်မခံခဲ့ဘူး ။ သူက ဘုရားမှတစ်ပါး ဘာကိုမှ ကိုးကွယ်ရာ အားထားရာ မထားတဲ့သူ ။

အထက်ဂိုဏ်း…အောက်ဂိုဏ်း ဆိုတာမပြောနဲ့…အလယ်ဂိုဏ်းလဲ မယုံဘူးဆိုတဲ့ လူစား။
ဟိုဂိုဏ်းကဆရာကြီး…ဒီဂိုဏ်းကဆရာကြီးဆိုပြီး ဆေးကုခံကြ…နောက်ဆုံးကြ ဆရာနောက် သမီးပါလို့ပါသွား ။မိန်းမပါသွားလို့ပါသွား …

ဘယ်ဆရာမှ မယုံဘူးလို့လည်း ခဏခဏပြောတတ်သေးတယ် ။ ဒီလိုနဲ့ နှစ်လသုံးလ ကြာသွားတယ် ။ ရောဂါက ပိုပြီးဆိုးလာတယ်။နောက်ဆုံးဆရာဝန်တွေတောင် လိုက်လျော့လိုက်ရတဲ့အဆင့် ဖြစ်သွားတယ် ။ ကုန်တဲ့ငွေကလည်း သောက်သောက်လဲ။အဲ့ဒီအချ်န်ရောက်လာမှ…ကိုကျော်ဖေစိတ်ထဲမှာ သူတို့ပြောသလို ပယောဂ အတိုက်အခိုက်များ ဖြစ်နေတာလား ဆိုတဲ့ အတွေးတစ်စ ဝင်လာတယ် ။ ဒါနဲ့ပဲ မိတ်ဆွေတစ်ချို့ရဲ့ ကူညီပေးမူ့ကြောင့် ပထမံဆရာလှ ကိုအိမ်သို့ပင့်ဆောင်လာခဲ့တယ် ။

ထိုကြောင့် ဆရာကြီးကိုယ်တိုင် ယခုကဲ့သို့ ကု
သပေးရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ကျွန်တော်ကတော့ ဆရာကြီးခိုင်းစေသမျှ လုပ်ကိုင်
ပေးရန်လိုက်ပါလာခြင်းဖြစ်သည်။

ဆရာကြီးသည် နာရီဝက်ခန့်ကြာ ဘုရားရှိန်းခိုး
ခြင်း ဆိုင်ရာပိုင်ရာများကို ပင့်ဖိတ်ခြင်း မေတ္တာ
ပို့ အမျှဝေခြင်း စသည်တို့ကို လုပ်ဆောင်သွား
သည်။

ပြီးနောက်…လူနာကို ထူလိုက်ကြ… ပြီး
ဘုရားကို ဦးတိုက်ခိုင်း ဟုအမိန့်ပေးလိုက်သည်။
အမိန့်ပေး၍ လူနာကို လူအင်အားနှင့် ဆွဲထူ၍
ထလာသော်လည်း ဘုရားဦးတိုက်ခိုင်း၍ မရချေ ။

ဆရာကြီးကို မီးဝင်းဝင်းတောက်နေသော မျက်
လုံးများနှင့် စိုက်ကြည့်ပြီး ဟား … ဟား…
ဟင်း…ဟင်း… မဖြစ်စလောက်ပညာလေးနဲ့ ဆရာ
စုတ်က ငါ့ကိုယှဉ်မယ်တဲ့လား ” စုန်းမ “မယ်ခို”တဲ့ဟေ့
လာချင်တဲ့သူလာ ဗိုလ်မထားဘူးဟေ့”

လူနာမရွှေ ပါးစပ်မှ ထွက်လာသောစကားကြောင့်
အားလုံးအံ့သြသင့်သွားကြသည်။ “စုန်းမ မယ်ခို “ဆိုပါကလား။
“မယ်ခို”ပြုစား
ထားသည်ဟု နားလည်လိုက်ကြသည်။

အန္တိမ အဆင့်ရှိ့ ဆရာကြီးသည် အတွေ့အကြုံ များ
စွာ ရင့်ကျက်နေသည် ပွဲရ ဆရာကြီးတစ်ဦးအ
နေဖြင့် စုန်း ကဝေ သရဲတစ္ဆေ နာနာဘဝတို၏
လှည့်စားတတ်သော မာယာများ အမူ့အကျင့်
များကို ထုံးလိုခြေ ရေလိုနောက်ခဲ့ပြီဖြစ်သည်။

ထိုနောက် ဆရာကြီးက ခပ်ပြုံးပြုံး မျက်နှာထား
ဖြစ် မယ်ခိုတဲ့လား…ကောင်းပြီလေ မယ်ခို ဆို
တော့လဲ မယ်ခိုပေါ့ ဘယ်သူဘဲဖြစ်ဖြစ်
ငါ မင်းနဲ့ရန်သူမဖြစ်ချင်ဘူး ပွဲမကြမ်းချင်ဘူး
မေတ္တာစိတ်နဲ့ပဲအေးအေးချမ်းချမ်း ဆွေးနွေး
ကြတာပေါ့ ”

“ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအလိုရှိ့လို့
လဲ”မယ်ခို ပြောပါ ။ဒါဆွေးနွေးတာပါ ဟုလေသံ
အေးအေးနှင့် ပြောလိုက်သော်လည်း မယ်ခိုက
မဖြေ သို့သော် စောစောကလို ဒေါသမျက်လုံး
တွေနဲ့ဆရာကြီးကို မကြည့်တော့ပဲ ခေါင်းကို
မသိမသာငုံ့ထားသည်။

“မယ်ခို ကျုပ်မေတ္တာနဲ့ ပြောနေတာနော် အခြားဆ
ရာတွေလို ဟိတ်ဟန်ထုတ်ပြီး ပွဲမကြမ်းချင်ဘူး
ကျုပ်ဆီမှာလက်နက် အစုံရှိ့တယ် ။ တောင်ထိပ်
တောင်လတ် ဆေးအစုံရှိ့တယ် ။ ကဝေဖြတ်ဆေး
အကြောင်းခင်ဗျားသိမှာပါ ရွှေဖားကျော်ဆေးဆို
တာကော ကြားဘူးရဲ့လား ”

သည်တစ်ခါတော့မယ်ခိုတစ်ယောက်တစ်ဆက်
ဆက်တုန်လာသည်။ထိုနောက်သူနူတ်မှ စကား
သံတိုးတိုးထွက်လာသည်။

“ရန်ငြိုး ရန်စ မရှိ့ပါဘူး ခိုင်းလို့လုပ်ရတာပါ ။ဆရာ
ကြီးကိုလဲ မယှဉ်ဝံ့ပါဘူး”

“ဘယ်သူခိုင်းတာလဲ မယ်ခို.… ဘာကြောင့်လဲ …ခိုင်း
တဲ့သူက လူစည်းထဲက ဟုတ်ဟန်မတူဘူး ”
ဆရာကြီးစကားကို မယ်ခိုက ခေါင်းညိတ်ဝန်ခံ
သည်။

“ဟုတ်ပါတယ် လူစည်းထဲက မဟုတ်ပါဘူး ဘာ
ကြောင့်လုပ်ခိုင်းတယ်ဆိုတာကတော့ ကျွန်မတကယ်မသိပါဘူး ”

“သူ…သူက…မယ်ခိုစကားဆုံးအောင်မပြောလိုက်ရပါ။ကြိမ်ရိုက်သံတစ်ချက်…ရွမ်းခနဲ ထွက်ပေါ်လာပြီး…မယ်ခို တစ်ယောက်ကျောကော့သွားသည်။

ပြီးနောက်…ကြိမ်ရိုက်သံ ဆက်တိုက်ထွက်ပေါ်
လာပြီး “မယ်ခို “မှာ တီကောင်ဆားပတ်သလို အလူး
အလဲခံနေရသည်။ ကြိမ်ရိုက်သံသာ ကြားရပြီး
ရိုက်သူကို မတွေ့ရ ။ခံရသူက လူးလိမ့်နေ၏။

မယ်ခိုပူးကပ်ထားသော မရွှေခန္ဓာကိုယ်တွင်လဲ
သွေးစို့နေသော ကြိမ်ရာများ အထင်သားပေါ်
လွင်နေသည။် ပရိတ်သတ်အားလုံး ပါစပ် အဟောင်းသားနှင့် မျက်လုံးပြူးနေရပြီး ကိုကျော်
ဖေမှာ ဇနီးဖြစ်သူလူးလဲခံနေရသောအခါ မျက်
စိမျက်နှာပျက်နေ၏ ။

ထိုကြောင့် ဆရာကြီးက ဘာမှမပူနဲ့ မောင်ကျော်ဖေ ဒီဒဏ်ရာတွေက မရွှေခံနေရ
တာမဟုတ်ဘူး။စုန်းမ မယ်ခိုပဲ ခံနေရတာ ဟုဆို၏။

ဆရာကြီးက သို့ကလို ပြောပြီးသည်နောက် သံပရာ
သီးတစ်လုံးကိုယူ၍ ဆေးဘူးတစ်ဘူးအတွင်းမှ
ဆေးကို ကြေးစုတ်ဖြင့်တို့ထိကာ ထိုစုတ်ဖြင့်
သံပရာသီး၌ နေရာအနှ့ံ့ထိုးဖောက်နေ၏။

ဆေးပေါက်မန်းပြီးသော သံပရာသီးကို ဆရာကြီး
ကမယ်ခိုလက်တွင်ဆုပ်ကိုင်ထားစေသည် ။

“ကဲ … မယ်ခိုဘာမှ မတွေးနဲ့ ဆရာကြီးဆီ စိတ်
ညွှတ်ထား သူဘယ်လောက်ရိုက်ရိုက် သံပရာ
သီးမလွှတ်ကြစေနဲ့။ စုန်းမကြီး မယ်ခိုကလဲ ဆရာစကားအတိုင်း သံပရာသီးကိုတင်းတင်း
ကျပ်ကျပ်ဆုပ်ခါ အံကြိတ်ထားလေ၏။

“ရွမ်း.…ရွမ်း…ကြိမ်ရိုက်သံ ထွက်ပေါ်လာပြန်သည်။
တစ်ချက်ရိုက်တိုင်း တွန့်ခနဲ ဖြစ်သွားသော်လည်း
မယ်ခိုနူတ်မှညည်းသံ ထွက်မလာ အံကြိတ်
တောင့်ခံနေပုံရသည် ။

ထိုစဉ်မှာပင် ထူးခြားဆန်းကြယ်သော မြင်းကွင်း
တစ်ခုကို တွေ့လိုက်ရ၏ ။
သံပရာသီးဆုပ်ကိုင်ထားသော မယ်ခို လက်အတွင်းမှ အခိုးအငွေ့များ စိမ့်ထွက်လာပါ
တော့သည် ။ အခိုးဖြူဖြူများက မယ်ခိုလက်ဝန်း
ကျင်၌ယှက်ဖြာရစ်သန်းနေပါတော့သည်။

ဆက်ကိုင်ထား မယ်ခို ပူလဲ မလွှတ်မိစေနဲ့ …ငါးမိနစ် ခန့်ကြာမည်ထင်သည်။ ထိုကာလ အတွင်း ကြိမ်ရိုက်သံ မကြားရတော့ပေ။

ကြိမ်စကြာရှင်သည် ဆရာကြီး၏ ပညာစက်ကို
ခံနေရပုံပေါ်သည်။ အခိုးများလွင့်ပြယ်သွားချိန်မှ
လူနာမရွေလဲ ခွေခနဲ လဲကြသွားပါတော့သည်။

မရွေကိုဝိုင်ဝန်းချီမကာ အိပ်ရာပေါ်တွင်ချပေး
လိုက်သည် တစ်ခုအံ့သြစရာမှာ မရွှေကိုယ်
ပေါ်တွင်မည်သည့် ကြိမ်ရာမှ ရှိ့မနေပါ။
အရှိူး အစင်းများသည် မျက်စေ့အောက်မှပင်
ကြက်ပျောက် ငှက်ပျောက် ပျောက်သွားလေ
သည်။

“ထိုစဉ်မှာပင် ပရိတ်သက်အတွင်းမှ အသက်
လေးဆယ် ဝန်းကျင်ခန့်ရှိ့သော ယောကျာၤ တစ်
ယောက်သည် ရုတ်တရက်ဆိုသလို ကတုန်က
ယင်ဖြစ်လာသည်ကို ဆရာကြီး မြင်လိုက်သော်
သြော် … သြော် …ကောင်းပါလေရဲ့ ဗျာ… မဖိတ်ခေါ်ရပဲရောက်
လာတော့ အချိန်ကုန် သက်သာတာပေါ့”

“ကဲ ကြွပါဗျာ … ဆရာကြီးက တည်ငြိမ်သော လေ
သံဖြင့် ကျုပ်ဟာ ဘယ်သူကိုမှ အမုန်းမပွား
အငြိုးမထားဘဲ မေတ္တာစိတ်နဲ့ ကူညီနေတယ်
ဆိုတာ မိတ်ဆွေလဲ သိမှာပါ ။ မိတ်ဆွေတို့
ပြသာနာကို ကြားဝင် ညှိနိူင်းပေးပါမယ်ဟုပြော
လိုက်သည် ။

“မိတ်ဆွေ မည်သူနည်း ဟုဆရာကြီးကမေးလိုက်
သည် ။

“ကျုပ်တို့ဟာ ဂန္ဓမ္ဗ အမျိုးအနွယ်တွေပါ ‘

“ဟုတ်ပါပြီ “အများနားလည်အောင် ရှင်းပြစေချင်
ပါတယ် ။ ဘာကြောင့် အခုလို လုပ်ရတာလဲဟု
မေးသော် သက်ပြင်းရှည် တစ်ချက် မုတ်ထုတ်
ပြီး အခုလို ရှင်းပြ၏။

“သူက ကျုပ်ဇနီးပါဟု မရွှေကိုလက်ညှိုးထိုးပြောလေရာ…

“ဟင်… ဟာ…ဟို …

“ဘယ်လို မရွှေက ခင်ဗျားဇနီးဟုတ်လား
ဆရာကြီးပင် အံ့သြသင့်သွားသည် ။

ပြီးနောက် သူက အားလုံးနားရှူပ်သွားမယ်ထင်တယ်။
ကျုပ်အတိုချုပ်ပြီးရှင်းပြပါ့မယ် ။

“ကျုပ်တို့ဟာ နတ်စက်ရောင်သိုက်နန်းက အစောင့်တွေပါ ။ ကျုပ်ဇနီးတစ်ဖြင့်လဲ မရွှေက
လဲ နတ်စက်ရောင်သိုက်ကပါ ။
ဇနီးက သိုက်မှာငြီးငွေ့လို့ လူပြည် ခဏသွားပါ
ရစေ ပူဆာလို့ ဆိုင်ရာမှာခွင့်တောင်းပြီးပို့ပေး
ခဲ့တာပါ ။ ကတိဝတ် အနေနဲ့တော့ လူပြည့် အသက်
နှစ်ဆယ်ငါးနှစ် ခွင့်ပြုပြီး အိမ်ထောင်သားမွေး
မထားဖို့ ကတိစကားထားခဲ့ပါတယ် ။ အခုတော့ သူက အားလုံးကို ကတိ သစ္စာဖောက်ဖျတ်ခဲ့တယ်လေ ဟုရှင်းပြ၏ ။

” အားလုံးနားလည် လိုက်ကြသည် ။
ဤ မျှဆိုလျှင် ပြသာနာရဲ့ အခြေအနေ အရပ်ရပ်ကို နားလည်သဘောပေါက်ပြီဖြစ်သည် ။

အခုတော့လဲ မရွှေသည်လည်း လူကောင်းဘဝ
ပြန်ရောက်ခဲ့သည်။အနှောင့်အယှက် စက်ကြိုး
မှန်သမျှကိုလည်း ဆရာကြီးက မေတ္တာရပ်ခံပြီး ဖယ်ရှားပေးခဲ့လေ
သည် ။

“အတိတ်ဘဝ ပဋ္ဌာန်းဆက် တစ်ခုမှ အစွဲကြီးသူ
တစ်ဦး၏ အငြိုးကို ကျွန်တော်မျက်ဝါး ထင်ထင်
တွေ့မြင်ခဲ့ရပြီ ။

“ရှည်လျားသော သံသရာ မြစ်၌ ကူးခတ်နေရသူ
ကျွန်တော်တို့ အားလုံးသည် ဝဋ်ကြွေး၏ သား
ကောင်များပင် ဖြစ်သည်ဟူ၍ ကျွန်တော်ခံယူ
လိုက်မိပါတော့သည် ။

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )