နာနာဘာဝအား သားဖွားပေးမိသူ(စ-ဆုံး)

Posted on

နာနာဘာဝအား သားဖွားပေးမိသူ(စ-ဆုံး)
————————————————
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်
မြို့နယ်၊ တွန်ကျိုင်းဆိုတဲ့ ရွာလေး ဟာဆိုရင်
အေးချမ်းပြီး နေချင ်စဖွယ်ကောင်းသော
ရွာလေးတစ်ရွာဆို မမှားပါဘူး အဲ့ဒီရွာလေးက
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောင်ပိုင်းအစပ်
တုံလောကျေးရွာအုပ်စုထဲမှာပါတဲ့ ရှမ်းရွာလေး
တစ်ရွာဖြစ်ပါတယ်။ အဲ့ဒီ တုံလော ကျေးရွာ
ကနေ အရှေ့ဘက် နမ်လောင်းဆိုတဲ့ရေချောင်း
ကိုဖြတ်ပြီး တောင်ပေါ်လမ်းအတိုင်း ၁မိုင်ကျော်
ကျော်လောက် သွားမှ ရောက်တဲ့ ရွာလေးပါ။
အဲ့ဒီရွာမှာ ဆေးပေးခန်းမရှိ ဖျားနာရင်လည်း
ရှမ်းဆေးဆရာနဲ့ ကုတာများတယ်။ ကလေး မီး
ဖွားရင်လည်း အရပ် လက်သည်နဲ့ ဖွားရတာ
ရယ်။ အရပ်လက်သည်ရဲ့ နာမ်မည်က နမ်းခမ်း
လိုခေါ်တယ် ၊ အရပ်ထဲက ခေါ်ရင်တော့
နိူင်းခမ်းလို့ခေါ်ပါတယ်။ အရပ်လက်သည်ကပဲ
ကလေးတွေရဲ့ နာမ်မည်ကို ပေးတာပေါ့လေ
ကလေးမိဘတွေကလည်း ရှမ်းအဖွားကြီး ပေး
တဲ့နာမ်မည်ကိုပဲ အတည်ယူကာ နာမ်မည်ကို
ခေါ်စေသည်၊။
ဒီလိုနဲ့ တစ်ညမှာ ရှမ်းလက်သည်
အဖွားကြီး ဖြစ်တ ဲ့ ဒေါ်နိူင်းခမ်းဆီကို
ဘယ်ရွာကမှန်းမသိတဲ့ လူစိမ်း
သုံးဦးဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာပါ
တယ်။ အချိန်အားဖြင့် ည12နာရီလောက်ကြီး
ရှင့်၊
“ဗျိုး အဖွား …အဖွားရှိလား ကျူပ်တို့ကို ကယ်
ပါဦး အဖွား”
“ဟဲ့ အိမ်ရှေ့က အော်ကြီး ဟစ်ကျယ်နဲ့ ဘာ
ဖြစ်လာကြတာလည်း ကွဲ့ မင်းတို့က ဘယ်သူ
တွေတုန်း ဘာလို့ အချိန်မတော် မှ လာရတာ
လည်းပြောပါဦး”
“ဒီလိုပါအဖွား ကျူပ်တို့က ဒီအနီနားလေးက
ရွာကပါ ကျွန်တော့ အမျိုးသမီး မီးဖွားရ ခက်နေ
လို့ပါ အဲ့ဒါ အဖွားကို လာခေါ်တာပါ ကူညီပါ
အဖွားရယ် ကျူပ်အမျိုးသမီး တကယ်ကို မီးမဖွား
နိုင်လို့ပါ” ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောရှာ
တယ်။ လက်သည်ဖွားက အိမ်သေးသေးလေး
မှာနေတယ်။ တစ်ယောက်ထဲနေတာ သား
ထောက် သမီးခံလည်း မရှိဘူးရယ်။ ညကလည်း
နက်နေပြီး လိုက်သင့်မလိုက်သင့် စဉ်းစားနေ
ပြီး အမျိုး သား တစ်ယောက် အမျိုးသမီး နှစ်
လာခေါ်သော သူတွေ နောက် လိုက်ရန် တွေ
ဝေနေမိသည်။ တစ်ဖက်ကလည်း သူ့အမျိုးသမီး
မီးဖွားရ ခက်နေလို့ မျက်နှာ မကောင်းဖြစ်နေ
တဲ့ အမူရာ စဉ်းစာနေတုန်း တဖက်က ခေါ်
လိုက်မှ အသိပြန်ဝင်လာတယ်။
” အဖွားလုပ်ပါ ဘာမှ စဉ်းစားမနေပါနဲ့နော်
လိုက်ခဲ့ပေးပါ အဖွားမှ မလိုက်ရင် ကျူပ်အမျိုး
သမီး မီးဖွားနိုင်မှာ မဟုတ်ဘူး ကျူပ်ကို
ကုူညီပါ တောင်းပန်ပါတယ်၊ လိုက်ခဲ့ပေးပါ”
သနားကမား နဲ့ တောင်းပန် ခေါ်ရှာနေတော့
ဒေါ်နိူင်းခမ်းလည်း ညနက်နေသော်လည်း
ထိုလူ သုံးရောက်နောက် လိုက်သွားပေးရန်
သဘောတူလိုက်ပါတော့သည်။
“အဖွား လာ ကျူပ်တို့ကို အခုလို
ကုူညီ ပြီး လိုက်ပေးလို့ ကျေးဇူး တင်ပါတယ်။
အဖွားရယ်”
“ရပါတယ် မင်းတို့လည်း အကူညီ လိုလို့
ကလေးမီးဖွားနိုင်ဖို့ အဖွား လိုက်ပေးတာပါ
ဲ မလိုပါဘူး”စကား တစ်ပြောပြောနဲ့ လူလေး
ယောက် တောတန်းကြီး ဖြတ်ပြီး လျှောက်လာ
တာ လမ်း တစ်ဝက်စာလောက်ရောက်တော့
ဘာစကားမှ ပြောဆိုတာလည်းမရှိတော့ဘူး
ငြိမ် သက်ကာ တောလမ်းအတိုင်း ဖြတ်ကျော်ရင်း ဒေါ်နိူင်းခမ်းလည်း ထို လူတွေနောက်
လိုက်လာခဲ့ကာ နာခေါင်းထဲ ပုတ်သိုးသိုး အနံ့
တစ်ချို့က၊ လေ နဲ့အတူ ပါလာတော့ အန်ချင်
သလို ဖြစ်နေပါတော့သည်။ ဘာကောင်
သေပြီး ပုတ်နေတာလည်းမသိဘူး တစ်ယောက်
ထဲ.တွေးနေမိသည်။ တောလမ်းကြီးကလည်း
ကြက်သီး ထ စဖွယ်အကောင်းသား ညငှက်တု့ိ
ကလည်း အိပ်တန်းထက်ဝယ်
ိလူတို့လူပ်ရှားသွားလာတာကို သိလို့များလား
အပင်ပေါ်မှာ ကျလိကျလိ အော်မြည်ကာ
ထပျံ သွားကြလေသည်။ ဒီ ညအချိန်မတော်
ဒေါ်နိူင်းခမ်းလည်း တစ်ခါမှ သွားလာဖူးချင်းမရှိ
သစ်ပင်ကြီးများက လည်း အရှဲရှဲ တကျွီကျွီ
လေတိုးသံ တဝီဝီ တစ်ခါတစ်ခါ ငှက်ဆိုးထိုးသံ
များ တဂီး ဂီး နဲ့ အော်သံ ပေါင်းစုံ ကြားရကာ
ကြောက်စိတ်များ ဝင်၍ ဘေးဘီကိုလည်း
မကြည့်ရဲတော့ ပါ ညဉ့်နက်သန်ခေါင်အချိန်တွေ
မှာဆို သရဲ တစ္ဆေများ မြူးတူးနေသည့်အချိန်
ဖြစ်သောကြောင့် ဘယ်အချိန် ထခြောက်လှန့်
မည်လဲ တွေးကာ ချု ူံ ထူထူ ကြားက တစ်
လျှောလျှောနဲ့ အကောင်တစ်ကောင် ဖြတ်ပြေး
သံ ကြားလိုက်ရ၍ လှန့်သွားကာ ရှေ့က
မိန်းကလေး .လက်ကို ဖက်ခနဲ လှမ်းကိုင်လိုက်
စဉ် အေးစက်နေသော ခန္ဓာကိုယ်ကြီး
ကို ထိတွေ့မိလိုက်သောကြောင့် ကြက်သီးများ
ထသွားမိကာ နုတ်မှ အလျင်စလို ဟဲ့ မိန်းက
လေး နင့် တစ်ကိုယ်လုံး အေးစက်နေတာပဲ၊
တောထဲ ဖြစ်မှာမှန်းသိလျက်နဲ့ အနွေးထည်လေး
ဝတ်ခဲ့မှပေါ့ လေတိုက်တော့ အအေးဓာတ်က
ပြင်းတယ်လေ။ ပြောပြီး ဆက်လျှောက်လာမိ
သည်။ အပုတ်နံ့က ဘာကြောင့် တစ်လမ်းလုံး
မပျောက်ပဲ ပါလာနေတာလည်း ငါတို့နောက်မှာ
များ သရဲ တစ်ကောင်ကောင် လိုက်လာနေ
သလားတွေးမိသည်။ ဟော သွားရင်း တွေးရင်း
ရောက်ပါပြီ ရွာလေး တစ်ရွာ မီးတွေကလည်း
လင်းထိန်နေတာပဲ ဘုရားပွဲ ရှိနေတဲ့ အတိုင်းပဲ
ပေါ့ ကိုယ့်အတွေးနဲ့ကို လူ သုံးယောက်နောက်
လိုက်ကာ လျှောက်လာသည်၊
ရွာထဲက လူတွေက လည်း မျက်တောင်မခတ်
ဒေါ်နိူင်းခမ်းဝင်လာတာကို အထူးဆန်းသဖွယ်
ကြည့်နေကြသည်။ ပြီးတော့ လူတွေ အားလုူံ
က ဒီအချိန်ထိ မအိပ်ကြသေးဘူး ဘာလို့လည်း
မသိပေးမဲ့ ဒီရွာရဲ့ ဓလေ့က ဘယ်လိုလည်းမသိ
တွေးလာတုန်း ရှမ်းအမျိုးသားခေါ်မှ အသိပြန်ဝင်
လာသည်။
” အဖွား ရောက်ပါပြီ ကျူပ်တို့အိမ် အိမ်ရောက်
ပြီ ဆိုရင်ပဲ လာခေါ်သော အမျိုးသားရဲ့ ဇနီးဖြစ်
သူ မီးမဖွားနိုင်၍ အော်ဟစ်နေလေသည်။
အိမ်ကြီးက ရှမ်းအိမ်ကြီး အတော်ကျယ်တာ
အဖွားလည်း ရောက်တာနဲ့ မနားပဲ မီးဖွားပေး
ရန် သွားလိုက်ပြီး ရေနွေးအိုးတွေကလည်
အဆင်သင့် တည်ထားတာ အိမ်ကြီးရဲ့ အလည်
မှာလည်း မီးဖို့ ဖိုထားသေးတယ်။ ဒီလိုနဲ့ မီးဖွား
သူ မိန်းကလေးမှာလည်း ကလေးကို တော်
တော်လေး မွေးလိုက်ရတယ် ။ ကလေးက အ
့ပြင် ရောက်လာပြီ ဆိုရင်ပဲ မိန်းကလေးရဲ့ အမျိုး
သားက ဝမ်းသာ မဆုံး ဖြစ်ကာ ဒေါ်နိုင်းခမ်း
ကို ကျေးဇူးတွေ အထပ်ထပ်တင်ကြောင်း
ပြောဆိုနေသည်၊ ကလေးက အကြီးကြီး
ဖြူဖွေး တုတ်နေတာပဲ ချစ်စရာလေး။ကလေးက
ယောကျ်ားလေးရယ်။
ကလေးမွေးဖွားပြီးတော့ အဖွားလည်းပြန်ဖို့
ပြင်ရတော့တာ အချိန်ကြည့်တော့ 2နာရီရှိနေပြီ
ညမိုးချူပ်နေပြီ ဖြစ်၍ အိမ်ရှင်အမျိုးသားက
အဖွားရယ် နောက်လည်းကျနေပြီ မနက်မှ
ကျူပ်တို့ ရွာထိ ပြန်လိုက်ပို့ပေးမယ်။
“အဖွား မီးဖွားခ ဘယ်လောက်ပေးရမလည်း
ပြောပါဦး”
“ရပါတယ် အဆင်ပြေသလို ကြည့်ပေးပါကွယ်”
” ကောင်းပြီ ဒါဆို ဒီမှာ ရှမ်ဆန်က 2ပြည်၊
ဆီက 1ပုလင်း ၊ ပိုက်ဆံ 500မနက်ကြ ယူ
သွားပေါ့ ”
“ခု ဒီမှာပဲ အိပ်လိုက်ပါတော့ အဖွား ..ရော့အဖွား
အတွက် စောင်၊ ခေါင်းအုံး၊ ဆိုပြီး ပေးထား
ပြီး အဖွားလည် ခဏနေတော့ တအား.အိပ်ချင်
လာတာနဲ့ အိပ်လိုက်တာ မနက်ရောင်နီ ပျိုးစ
အချိန်ရောက်မှ အေးလာလို့ မျက်လုူံ ဖွင့်ကြည့်
လိုက်တော့ ဒေါ်နိူင်းခမ်းလည်း အံသြသွား
ကာ ပတ်ဝန်းကျင်က တောကြီး ဖြစ်နေတာ
ညက သူအိပ်တဲ့ အိမ်လည်းမရှိတော့ဘုး
လူတွေလည်းမတွေ့တော့ဘူး သူညက ခေါင်း
အုံးအိပ်တာက ခဲ လုံးကြီး စောင်က သစ်ရွက်
ဖြစ်နေပြီး တအားကို ကြောက်သွားခဲ့တယ်။
အဖွားဘေးမှာက ဆန်း၊ ဆီ၊ ပိုက်ဆံကတော့
တကယ်ကို ရှိနေခဲ့တယ်။ သူအိပ်နေတဲ့နေရာ
သေချာ ကြည့်မိတော့ တောင်ဘို့တွေနဲ့ ကျတ်
ကုန်းကြီး ဖြစ်နေတာကို တွေးလို့က်
ရတော့တာပဲ
ဒါနဲ့ ဒေါ်နိုူင်းခမ်းလည်း အဲ့နေရာကြာကြာမနေရဲ
တော့ပဲ အိပ်ကိုသာ သုတ်ခြေတင် ပြေးလာခဲ့
ပါတော့သည်။ ပြီးပါပြီ အမည်မဖော်လိုသူ
အစ်ကိုတဦး ပြောပြပေးတာပါ ကျေးဇူးပါရှင့်
စာတိုသွားရင် ခွင့်လွတ်ပေးပါလို့၊
စာရေးသူ-နှင်းဆီမေ