နဂါးသိုက်နယ်မြေ (စ-ဆုံး)

Posted on

Unicode Version

နဂါးသိုက်နယ်မြေ (စ-ဆုံး)
——————————–
[ 143 ] ပုဒ်မြောက်ဖြစ်ရပ်မှန်
ဒီအကြောင်းကတော့ဘုရားဖူးသွားတဲ့အမတစ်ယောက်ကိုဘုရားဖူးဂိုက်ပြောပြလိ့ုသိခဲ့ရတဲ့ဖြစ်ရပ်ပါ
နေရာတိုင်းမှာသူ့အစောင့်အရှောက်တွေရှိနေတာမို့မဆင်မခြင်စကားပြောတတ်သူများသတိထားရမှာပါ
ယုံတာမယုံတာအပထားလောကမှာသဘာဝလွန်ဖြစ်ရပ်တွေရှိနေတာဗဟုသုတရှိသူတိုင်းလက်ခံမယ်ထင်ပါတယ်
__________________
”””နဂါးတွေကလာခေါ်နေတယ်——တံခါးတွေပိတ်ထားပါ””’
”” နဂါးမင်းကြီးဒေါသဖြစ်နေတယ်—–မီးတွေမှုတ်နေတယ်—-ပူတယ်—ပူတယ်””’
””’ကျူပ်ကိုရန်လာမစနဲ့နော်—–ကျူပ်ကတစ်ကောင်မှအရှင်မထားဘူးအကုန်သတ်ပြစ်မယ်””’
””ကျူပ်ကသွေးမကြောင်ဘူး—–သေရမှာကြောက်နေတဲ့ကောင်မဟုတ်ဘူး””’
တင်ဝင်းတစ်ယောက်ထဲစကားတွေပြောလိုက်ကယောင်ကတန်းအော်လိုက်ဖြစ်နေတာ၂ရက်၃ရက်ရှိနေပြီ
အားလုံးတိုင်ပင်ကာဘုရားတွင်ပွဲသွားပေးကာတောင်ပန်ထားပေမဲ့အခြေအနေမထူးလာ
&&&&&&&&
အကြောင်းရင်းကဒီလို
တင်ဝင်းသည်အရက်သမားတစ်ယောက်ဖြစ်ကာသူနေထိုင်ရာမြို့တွင်ငွေများလိမ်ကာထွက်ပြေးလာသူ
တစ်ယောက်ဖြစ်၍သူ့အဒေါ်ရှိရာမြို့တွင်ခိုအောင်းနေသူဖြစ်သည်။
အလုပ်အကိုင်မယ်မယ်ရရမရှိ၁၀၉/၁၁၀ဖြစ်ကာအချောင်သမားဖြစ်သည်။
တင်ဝင်းအဒေါ်သည်ပင်လယ်ကမ်းစပ်ဖြစ်သောမြို့ကြီးတမြို့နဲ့အနည်းငယ်လှမ်းသောရွာတစ်ရွာတွင်နေသည်။
ထိုမြို့သည်ပျော်စရာကောင်း၍သမိုင်းဝင်ဘုရားများများစွာရှိရာဘုရားဖူးကားများအဆက်မပြတ်လာလေ့ရှိသည်။
တင်ဝင်းအဒေါ်ရွာသည်လည်းသမိုင်းဝင်ဘုရားတစ်ဆူနှင့်နီးကာပင်လယ်ကြီးကိုနောက်ခိုင်းထားသောရွာဖြစ်သည်။
ထိုတစ်ရွာလုံးရေလုပ်ငန်းလုပ်ကိုင်ကြကာပင်လယ်ပြင်ကိုအိမ်သဖွယ်နေကြသူများပင်ဖြစ်သည်။
တင်ဝင်းအဒေါ်လင်မယားလဲတံငါအလုပ်လုပ်ကိုင်ကြကာအဒေါ်ယောင်္ကျားကပင်လယ်ထဲ
ထွက်ကာဝမ်းစာရှာ၍အဒေါ်ကရလာသောရေသတ္တဝါများအားခြွဲခမ်းစိတ်ဖြာ၍
ရောင်းတန်ရောင်းလှမ်းတန်လှမ်းငပိလုပ်သင့်တာလုပ်နဲ့အလုပ်များလျှက်ရှိသည်။
သူတို့ဒေသထွက်ငပိငခြောက်ကလဲနံမည်ကြီးသမို့အနယ်နယ်အရပ်ရပ်ကလာသော
ဘုရားဖူးများအိမ်အပြန်လက်ဆောင်ဝယ်သွားကြသည်မို့အိမ်တိုင်းလိုလိုတနိုင်တပိုင်စီးပွားဖြစ်လုပ်ကြသည်။
တင်ဝင်းကတော့ငပျင်းဆိုတော့အားအားရှိသူမရောက်ဖူးသောနေရာများပတ်၍သွားနေသည်။
ကမ်းခြေတွေကလဲပေါများလှသဖြင့်ရေဆင်းကူးလိုက်ပါလာသောပိုက်စံနှင့်စားလိုက်သောက်လိုက်ဖြင့်အဆင်ပြေနေသည်။
””အဒေါ်ကျွန်တော်ဘုရားဘက်လမ်းရှောက်အုံးမယ်”””
””’အေးသွားတာသွားပါ—–သားကိုအဒေါ်သတိပေးစရာရှိသေးတယ်——သားသွားမဲ့ဘုရားကနေအဝေးကြီးရှောက်မသွားနဲ့နော်—-””
””ဘာဖြစ်လို့လဲအဒေါ်ရဲ့”””
””’အဲဘုရားမှာနဂါးတွေစောင့်တယ်အဲဘုရားဝန်းကျင်မှာလဲနဂါးသိုက်တွေရှိတယ်——-”””
”””အဲဘုရားကစကားပြောအမှားမခံဘူး——စကားမှားပြောရင်သွေးထွက်သံယိုဖြစ်တဲ့အထိဖြစ်တတ်ကြတယ်”””
””’အဒေါ်ကလဲအယူသီးနေပြန်ပြီ—–ဒီခေတ်ကြီးထဲဒါတွေမယုံပါဘူးဗျာ——”””
””’မင်းကလဲခက်တော့တာပဲ—-မင်ကဧည့်သည်ဆိုတော့မင်းမသိတာပြောထားရမယ်လေ——ဘုရားကပစ္စည်းလဲဘာမှယူမလာနဲ့နော်””’
””အဒေါ်ရယ်—-ကျွန်တော်သွားနေတာတော့နဂါးမပြောနဲ့ရေမြွေတောင်မတွေ့ဘူး—–ပင်လယ်နားနီးလို့ရှောက်ပြောနေတာပါ””’
တင်ဝင်းကစိတ်ဓတ်မကောင်းသူတစ်ယောက်ဖြစ်ကာအရာရာကိုဂရုမစိုက်တတ်သူမို့မဲပြုံးပြုံးမိလိုက်သည်။
””ငါတူကိုအဒေါ်သတိပေးရမှာအဒေါ်တာဝန်ပဲလေ—–တချို့တွေဆိုပင်လယ်ကမ်းစပ်နားမှာမမြင်အပ်တာတွေမြင်ပြီးရူးကြောင်ကြောင်ဖြစ်သွားသူတွေရှိတယ်”””’
””တစ်ချိူ့တွေဆိုပေါက်ကရလေးဆယ်ရှောက်ပြောလို့ခြေကျိူ းလက်ကျိူ းဖြစ်တာတွေချော်လဲပြီးခေါင်းပေါက်——သွေးထွက်သံယိုခဏခဏဖြစ်တယ်ကွဲ့——တချိူ့တွေဆိုဝင်ပူးပြီးကန်တော့ပွဲနဲ့ဘုရားမှာလာတောင်းပန်ခိုင်းတယ်—-;”””
””အင်းပါအဒေါ်ရယ်ကျွန်တော်ကိုစိတ်မပူနဲ့—–ကျွန်တော်လိုကောင်ကိုဘာမှမနှောက်ရှက်ရဲဘူး”””
တင်ဝင်းလဲသူအဒေါ်အားခပ်ပေါ့ပေါ့ပြောရင်းရွာထဲကအရက်တစ်ပုလင်းဝယ်၍
ပင်လယ်ကမ်းစပ်ကဘုရားဆီထွက်လာခဲ့သည်။
ဘုရားရောက်တော့လူရှင်းနေသည်ညနေလဲစောင်းတော့မည်ဆိုတော့ဘုရားဖူးမရှိသလောက်ဖြစ်သည်။
သူလဲဘုရားကမ်စပ်နားလမ်းရှောက်ရင်းဘုရားနဲ့တဖြေးဖြေးဝေး၍လာသည်။
ညနေဆည်းစာနဲ့ပင်လယ်ပြင်ကြီးအလှကိုတဝကြီးခံစားရင်းအရက်ပုလင်းအားခါးထိုးကာရှောက်လာရင်း
တနေရာအရောက်တွင်ငါဖမ်းလှေတစီးအားတွေ့ရကာတံငါသည်အဖိုးကြီးကငါးများအား
သယ်ရန်အလုပ်ရှုတ်နေရာတင်ဝင်းလဲအဖိုးကြီးလှေနားကပ်ကာစပ်စုလိုက်သည်။
””အဘဘာငါးတွေရလာသလဲ””
””အစုံပါပဲမောင်ရာ””
တင်ဝင်းလဲလှေထဲကြည့်လိုက်ရာကင်းမွန်ငါးများတွေ့ရသဖြင့်သဘောကျသွားသည်။
အရက်နှင့်မည်းလျှင်အလွန်အဆင်ပြေမည်ထင်မိသည်အနည်းငယ်ဝယ်ထားလိုက်သည်။
””ဒါနဲ့လူလေးကဘယ်သွားမလိုလဲမှောင်လာရင်တစ်ယောက်ထဲမကောင်းဘူးဒီဘက်ကအစောင့်အရှောက်ကြမ်းတယ်””’
””ဟိုနားဒီနားပါ””
တင်ဝင်းလဲအရက်နဲ့အမည်းရ၍အေးအေးလူလူသောက်ရန်နေရာရှာရင်းကျောက်ဆောင်တစ်ခုဘေးတွင်အရက်ထိုင်သောက်နေသည်။
ပါးစပ်ကလဲတစ်ယောက်ထဲမကျေမနပ်ပြောပွစိပွစိပြောနေသည်။
””လူတွေများအတော်ခက်သား—-မမြင်ရတာတွေများကြောက်နေလိုက်တာ—–အယူတိမ်းနေတယ်—–ဘာအစောင့်အရှောက်တွေက—–ဘာလုပ်နိုင်မှာမို့လဲ——-ငါလိုကောင်ကိုများလာမစနဲ့ပွဲပြတ်သွားမယ်——အလကားအပိုတွေရှောက်နားယောင်နေကြတာ——””’
အမည်းကလဲကင်းမွန်အားအစိမ်းစားနေခြင်းဖြစ်သည်သူ့အကျင့်အတိုင်းနီးစပ်ရာအပေါ့စွန့်နေရင်း
ထိုအချိန်မှာပဲသူ့နားထဲစကားသံများကြားလာရသည်။
သူလဲအရက်သောက်ရင်းဘယ်သူတွေလဲလို့ကျောက်ဆောင်တစ်ဘက်ကိုထွက်ကြည့်လိုက်ရာ
ပါးစပ်ဟောင်းလောင်ဖြစ်၍သွားလေသည်။သူမြင်လိုက်ရသည်ကနန်းတော်ကြီးတစ်ဆောင်ဖြစ်နေသည်။
နန်းတော်ထဲလူများလဲသွားလာလျက်စည်ကားနေသည်သူလဲအလွန်အံ့သြရင်းဒီနေရာမှာ
နန်းတော်ကြီးရှိနေတာတစ်ခါမှမကြားဘူးပေသူ့အားဘယ်သူမှပြောမပြထူးဆန်းပေစွ
သူလဲစပ်စုချင်စိတ်ဖြင့်နန်းတော်ကြီးရှေ့ရောက်သွားရာနန်းတော်အဝင်ဝတွင်
သန်မာသောမင်းမှု့ထမ်းများကလှံများကိုင်ကာစောင့်နေကြသည့်အတွက်သူမဝင်ရဲပဲ
အပြင်ကပတ်၍အကဲခတ်နေသည်နန်းတော်ထဲကထွက်လာသောလူများသည်။
ဟိုဟိုဒီဒီရှောက်သွားနေရာသူလဲသူတို့နားအပြေးသွားကာမေးလိုက်သည်။
””’ဒီမှာဗျ—-ဒါဘယ်နေရာလဲ——ဒီနန်းတော်ကဘာလဲဗျ”””’
သူမေးပေမဲ့သူနဘေးကလူများကသူ့အားမြင်ပုံမရသူတို့ဘာသာစကားများပြောကာထွက်သွားကြသည်။
သူကိုလဲအရေးမလုပ်ထူးဆန်းသည်ကထိုလူများပြောနေသောစကားများအားသူနားမလည်ပေ
အင်္ဂလိပ်စကားမဟုတ်တာတော့သေချာသည်တိုင်ရင်သားစကားအတော်များများလဲသူကြားဘူးသည်။
သိုပေမဲ့သူတို့ပြောနေတာဘာစကားဖြစ်ပြီးဘယ်လိုလေသံတွေမှန်းသူခန့်မှန်းမရပေ
သူလဲယောင်လည်လည်လုပ်နေတုန်းနန်းတော်ထဲမှချောမောလှပသောမိန်းကလေးများထွက်လာကာ
ပင်လယ်ကြီးထဲဆင်း၍ရေကစားနေကြသည်ထိုအခါတင်ဝင်းစိတ်တွေလဲအရက်ထွေထွေနဲ့ဘာဘာညာညာမစဉ်းစားအားပဲ
မိန်းကလေးများရေကစားနေသောနေရာသို့ဒိုင်ပင်ထိုးချလိုက်သည်။
သူရေပေါ်သို့ခေါင်းမော့လိုက်ချိန်တွင်သူ့ဘေးတွင်မိန်းကလေးမျာမရှိတော့ပဲနဂါးကြီးများဝိုင်းရံထားသည်ကို
အထိတ်တလန့်တွေ့လိုက်ရာသူဘဝတွင်အိမ်မက်ပင်မမက်ဖူးသောရုပ်ထုတွေသာမြင်ဖူးသည့်
နဂါးကြီးများကိုလက်တွေ့မြင်လိုက်ရသည့်အခါဆောက်ထည်ရာမရ
အလွန်တရာလန့်၍သွားရင်းငယ်သံပါအောင်အော်ကာကမ်းပေါ်သို့ပြေးတက်လိုက်သည်။
ကမ်းပေါ်တွင်သူတွေ့ခဲ့သောနန်းတော်လဲမရှိတော့ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပေမဲ့သူ့ရင်ထဲကနှလုံးခုန်သံကဆူညံ၍နေသည်။
သူအားကုန်ပြေးလာရင်ဘုရားနားရောက်တော့ကျောက်တုန်းတစ်တုံးအားခလုပ်တိုက်လဲကာ
ကျောက်တုံးနှင့်ခေါင်းနှင့်ဆောင့်၍သွေးများထွက်ကာမေ့လဲသွားလေသည်။
ထိုအချိန်တွင့်သူ့အဒေါ်လဲတင်ဝ်းပြန်မလာ၍စိတ်ပူကာရွာကလူများခေါ်ကာလိုက်ရှာရင်း
ဘုရားနဲ့မလှမ်းမကမ်းကကျောက်တုံးတွေကြားတွင်သွေးထွက်၍လဲနေသောတင်ဝင်းအားတွေ့ရလေသည်။
ဒါနဲ့ရွာကိုပြန်သယ်လာရင်းပြုစုပေးကာမကြာခင်တင်ဝင်းသတိရလာသည်သိုပေမဲ့
””’ကျွန်တော့်နောက်ကိုနဂါးတွေလိုက်လာတယ်—–ကျွန်တော်ပြေးမှဖြစ်မယ်——သူတို့လာခေါ်နေတယ်—–””’
””အေးမင်းဖြစ်လာတာတွေပြောပြပါအုံး””’
သူ့အဒေါ်မေးသည်ကိုသူဖြစ်လာတာပြန်ပြောပြပြီးနောက်ပိုင်းသူတရေးတမောအိပ်လိုက်သေးသည်။
သူပြန်နိုးလာကထဲကကယောင်ကတန်းတွေပြောနေ၍ရွာထဲကအနည်းငယ်နားလည်တတ်သိသောဆရာခေါ်ပြရာ
ဆရာကလဲရေမန်းများမန်း၍ပက်ကာတင်ဝင်အားမေးလိုက်သည်
””မင်းဘာဖြစ်နေတာလဲ—–မင်းကိုဘယ်သူနှောက်ယှက်နေတာလဲ”””’
ထိုအခါတင်ဝင်းကမျက်ထောင့်နီကြီးဖြင့်အံကြိတ်ကာပြောလိုက်သည်။
””’ငါတို့နေတဲ့နေရာလာပြီးဒီကောင်နှောက်ယှက်တယ်——စော်ကားတယ်မဖွယ်မရာပြုတယ်———ဒီကောင်ကိုအရှင်မထားဘူးဟေ့”””’
တင်ဝင်းစကားကြောင့်အားလုံးကဝိုင်း၍တောင်းပန်ကြလေသည်။
””’မသိလို့အမိုက်အမဲကိုခွင့်လွှတ်ပါ—–ကျေနပ်အောင်ဘာများလုပ်ပေးရမလဲပြောပါ”””
””ဒီကောင့်အသက်ရမှကျေနပ်မယ်ဟေ့”””’
ထိုသို့ဒေါနှင့်မောနှင့်ပြောကာထွက်သွားလေသည်တင်ဝင်းအဒေါ်လဲဒီမှာဆက်မထားရဲတော့
မနက်မိုးလင်းလျှင်တင်ဝင်းအားသူ့နေရပ်သို့ပြန်ပို့ရန်စီစဉ်ကြလေသည်။
မနက်မိုးလင်းတော့တင်ဝင်းအိမ်မှာမရှိတော့ပျောက်၍နေသည်ဒါနဲ့လူစုကာလိုက်ရှာကြည့်တော့
တင်ဝင်းအရက်သောက်ခဲ့သောကမ်းစပ်တွင်အသက်ပျောက်နေသောတင်ဝင်းအလောင်းအားတွေ့ရလေသည်။
ပြီး
D Moe Moe

Zawgyi Version

နဂါးသိုက္နယ္ေျမ (စ-ဆံုး)
——————————–
[ 143 ] ပုဒ္ေျမာက္ျဖစ္ရပ္မွန္
ဒီအေၾကာင္းကေတာ့ဘုရားဖူးသြားတဲ့အမတစ္ေယာက္ကိုဘုရားဖူးဂိုက္ေျပာျပလိ့ုသိခဲ့ရတဲ့ျဖစ္ရပ္ပါ
ေနရာတိုင္းမွာသူ႔အေစာင့္အေရွာက္ေတြရွိေနတာမို႔မဆင္မျခင္စကားေျပာတတ္သူမ်ားသတိထားရမွာပါ
ယုံတာမယုံတာအပထားေလာကမွာသဘာဝလြန္ျဖစ္ရပ္ေတြရွိေနတာဗဟုသုတရွိသူတိုင္းလက္ခံမယ္ထင္ပါတယ္
__________________
”””နဂါးေတြကလာေခၚေနတယ္——တံခါးေတြပိတ္ထားပါ””’
”” နဂါးမင္းႀကီးေဒါသျဖစ္ေနတယ္—–မီးေတြမႈတ္ေနတယ္—-ပူတယ္—ပူတယ္””’
””’က်ဴပ္ကိုရန္လာမစနဲ႔ေနာ္—–က်ဴပ္ကတစ္ေကာင္မွအရွင္မထားဘူးအကုန္သတ္ျပစ္မယ္””’
””က်ဴပ္ကေသြးမေၾကာင္ဘူး—–ေသရမွာေၾကာက္ေနတဲ့ေကာင္မဟုတ္ဘူး””’
တင္ဝင္းတစ္ေယာက္ထဲစကားေတြေျပာလိုက္ကေယာင္ကတန္းေအာ္လိုက္ျဖစ္ေနတာ၂ရက္၃ရက္ရွိေနၿပီ
အားလုံးတိုင္ပင္ကာဘုရားတြင္ပြဲသြားေပးကာေတာင္ပန္ထားေပမဲ့အေျခအေနမထူးလာ
&&&&&&&&
အေၾကာင္းရင္းကဒီလို
တင္ဝင္းသည္အရက္သမားတစ္ေယာက္ျဖစ္ကာသူေနထိုင္ရာၿမိဳ႕တြင္ေငြမ်ားလိမ္ကာထြက္ေျပးလာသူ
တစ္ေယာက္ျဖစ္၍သူ႔အေဒၚရွိရာၿမိဳ႕တြင္ခိုေအာင္းေနသူျဖစ္သည္။
အလုပ္အကိုင္မယ္မယ္ရရမရွိ၁၀၉/၁၁၀ျဖစ္ကာအေခ်ာင္သမားျဖစ္သည္။
တင္ဝင္းအေဒၚသည္ပင္လယ္ကမ္းစပ္ျဖစ္ေသာၿမိဳ႕ႀကီးတၿမိဳ႕နဲ႔အနည္းငယ္လွမ္းေသာ႐ြာတစ္႐ြာတြင္ေနသည္။
ထိုၿမိဳ႕သည္ေပ်ာ္စရာေကာင္း၍သမိုင္းဝင္ဘုရားမ်ားမ်ားစြာရွိရာဘုရားဖူးကားမ်ားအဆက္မျပတ္လာေလ့ရွိသည္။
တင္ဝင္းအေဒၚ႐ြာသည္လည္းသမိုင္းဝင္ဘုရားတစ္ဆူႏွင့္နီးကာပင္လယ္ႀကီးကိုေနာက္ခိုင္းထားေသာ႐ြာျဖစ္သည္။
ထိုတစ္႐ြာလုံးေရလုပ္ငန္းလုပ္ကိုင္ၾကကာပင္လယ္ျပင္ကိုအိမ္သဖြယ္ေနၾကသူမ်ားပင္ျဖစ္သည္။
တင္ဝင္းအေဒၚလင္မယားလဲတံငါအလုပ္လုပ္ကိုင္ၾကကာအေဒၚေယာက်ၤားကပင္လယ္ထဲ
ထြက္ကာဝမ္းစာရွာ၍အေဒၚကရလာေသာေရသတၱဝါမ်ားအားႃခြဲခမ္းစိတ္ျဖာ၍
ေရာင္းတန္ေရာင္းလွမ္းတန္လွမ္းငပိလုပ္သင့္တာလုပ္နဲ႔အလုပ္မ်ားလွ်က္ရွိသည္။
သူတို႔ေဒသထြက္ငပိငေျခာက္ကလဲနံမည္ႀကီးသမို႔အနယ္နယ္အရပ္ရပ္ကလာေသာ
ဘုရားဖူးမ်ားအိမ္အျပန္လက္ေဆာင္ဝယ္သြားၾကသည္မို႔အိမ္တိုင္းလိုလိုတႏိုင္တပိုင္စီးပြားျဖစ္လုပ္ၾကသည္။
တင္ဝင္းကေတာ့ငပ်င္းဆိုေတာ့အားအားရွိသူမေရာက္ဖူးေသာေနရာမ်ားပတ္၍သြားေနသည္။
ကမ္းေျခေတြကလဲေပါမ်ားလွသျဖင့္ေရဆင္းကူးလိုက္ပါလာေသာပိုက္စံႏွင့္စားလိုက္ေသာက္လိုက္ျဖင့္အဆင္ေျပေနသည္။
””အေဒၚကြၽန္ေတာ္ဘုရားဘက္လမ္းေရွာက္အုံးမယ္”””
””’ေအးသြားတာသြားပါ—–သားကိုအေဒၚသတိေပးစရာရွိေသးတယ္——သားသြားမဲ့ဘုရားကေနအေဝးႀကီးေရွာက္မသြားနဲ႔ေနာ္—-””
””ဘာျဖစ္လို႔လဲအေဒၚရဲ႕့”””
””’အဲဘုရားမွာနဂါးေတြေစာင့္တယ္အဲဘုရားဝန္းက်င္မွာလဲနဂါးသိုက္ေတြရွိတယ္——-”””
”””အဲဘုရားကစကားေျပာအမွားမခံဘူး——စကားမွားေျပာရင္ေသြးထြက္သံယိုျဖစ္တဲ့အထိျဖစ္တတ္ၾကတယ္”””
””’အေဒၚကလဲအယူသီးေနျပန္ၿပီ—–ဒီေခတ္ႀကီးထဲဒါေတြမယုံပါဘူးဗ်ာ——”””
””’မင္းကလဲခက္ေတာ့တာပဲ—-မင္ကဧည့္သည္ဆိုေတာ့မင္းမသိတာေျပာထားရမယ္ေလ——ဘုရားကပစၥည္းလဲဘာမွယူမလာနဲ႔ေနာ္””’
””အေဒၚရယ္—-ကြၽန္ေတာ္သြားေနတာေတာ့နဂါးမေျပာနဲ႔ေရေႁမြေတာင္မေတြ႕ဘူး—–ပင္လယ္နားနီးလို႔ေရွာက္ေျပာေနတာပါ””’
တင္ဝင္းကစိတ္ဓတ္မေကာင္းသူတစ္ေယာက္ျဖစ္ကာအရာရာကိုဂ႐ုမစိုက္တတ္သူမို႔မဲၿပဳံးၿပဳံးမိလိုက္သည္။
””ငါတူကိုအေဒၚသတိေပးရမွာအေဒၚတာဝန္ပဲေလ—–တခ်ိဳ႕ေတြဆိုပင္လယ္ကမ္းစပ္နားမွာမျမင္အပ္တာေတြျမင္ၿပီး႐ူးေၾကာင္ေၾကာင္ျဖစ္သြားသူေတြရွိတယ္”””’
””တစ္ခ်ိဴ႕့ေတြဆိုေပါက္ကရေလးဆယ္ေရွာက္ေျပာလို႔ေျခက်ိဴ းလက္က်ိဴ းျဖစ္တာေတြေခ်ာ္လဲၿပီးေခါင္းေပါက္——ေသြးထြက္သံယိုခဏခဏျဖစ္တယ္ကြဲ႕——တခ်ိဴ႕ေတြဆိုဝင္ပူးၿပီးကန္ေတာ့ပြဲနဲ႔ဘုရားမွာလာေတာင္းပန္ခိုင္းတယ္—-;”””
””အင္းပါအေဒၚရယ္ကြၽန္ေတာ္ကိုစိတ္မပူနဲ႔—–ကြၽန္ေတာ္လိုေကာင္ကိုဘာမွမေႏွာက္ရွက္ရဲဘူး”””
တင္ဝင္းလဲသူအေဒၚအားခပ္ေပါ့ေပါ့ေျပာရင္း႐ြာထဲကအရက္တစ္ပုလင္းဝယ္၍
ပင္လယ္ကမ္းစပ္ကဘုရားဆီထြက္လာခဲ့သည္။
ဘုရားေရာက္ေတာ့လူရွင္းေနသည္ညေနလဲေစာင္းေတာ့မည္ဆိုေတာ့ဘုရားဖူးမရွိသေလာက္ျဖစ္သည္။
သူလဲဘုရားကမ္စပ္နားလမ္းေရွာက္ရင္းဘုရားနဲ႔တေျဖးေျဖးေဝး၍လာသည္။
ညေနဆည္းစာနဲ႔ပင္လယ္ျပင္ႀကီးအလွကိုတဝႀကီးခံစားရင္းအရက္ပုလင္းအားခါးထိုးကာေရွာက္လာရင္း
တေနရာအေရာက္တြင္ငါဖမ္းေလွတစီးအားေတြ႕ရကာတံငါသည္အဖိုးႀကီးကငါးမ်ားအား
သယ္ရန္အလုပ္ရႈတ္ေနရာတင္ဝင္းလဲအဖိုးႀကီးေလွနားကပ္ကာစပ္စုလိုက္သည္။
””အဘဘာငါးေတြရလာသလဲ””
””အစုံပါပဲေမာင္ရာ””
တင္ဝင္းလဲေလွထဲၾကည့္လိုက္ရာကင္းမြန္ငါးမ်ားေတြ႕ရသျဖင့္သေဘာက်သြားသည္။
အရက္ႏွင့္မည္းလွ်င္အလြန္အဆင္ေျပမည္ထင္မိသည္အနည္းငယ္ဝယ္ထားလိုက္သည္။
””ဒါနဲ႔လူေလးကဘယ္သြားမလိုလဲေမွာင္လာရင္တစ္ေယာက္ထဲမေကာင္းဘူးဒီဘက္ကအေစာင့္အေရွာက္ၾကမ္းတယ္””’
””ဟိုနားဒီနားပါ””
တင္ဝင္းလဲအရက္နဲ႔အမည္းရ၍ေအးေအးလူလူေသာက္ရန္ေနရာရွာရင္းေက်ာက္ေဆာင္တစ္ခုေဘးတြင္အရက္ထိုင္ေသာက္ေနသည္။
ပါးစပ္ကလဲတစ္ေယာက္ထဲမေက်မနပ္ေျပာပြစိပြစိေျပာေနသည္။
””လူေတြမ်ားအေတာ္ခက္သား—-မျမင္ရတာေတြမ်ားေၾကာက္ေနလိုက္တာ—–အယူတိမ္းေနတယ္—–ဘာအေစာင့္အေရွာက္ေတြက—–ဘာလုပ္ႏိုင္မွာမို႔လဲ——-ငါလိုေကာင္ကိုမ်ားလာမစနဲ႔ပြဲျပတ္သြားမယ္——အလကားအပိုေတြေရွာက္နားေယာင္ေနၾကတာ——””’
အမည္းကလဲကင္းမြန္အားအစိမ္းစားေနျခင္းျဖစ္သည္သူ႔အက်င့္အတိုင္းနီးစပ္ရာအေပါ့စြန္႔ေနရင္း
ထိုအခ်ိန္မွာပဲသူ႔နားထဲစကားသံမ်ားၾကားလာရသည္။
သူလဲအရက္ေသာက္ရင္းဘယ္သူေတြလဲလို႔ေက်ာက္ေဆာင္တစ္ဘက္ကိုထြက္ၾကည့္လိုက္ရာ
ပါးစပ္ေဟာင္းေလာင္ျဖစ္၍သြားေလသည္။သူျမင္လိုက္ရသည္ကနန္းေတာ္ႀကီးတစ္ေဆာင္ျဖစ္ေနသည္။
နန္းေတာ္ထဲလူမ်ားလဲသြားလာလ်က္စည္ကားေနသည္သူလဲအလြန္အံ့ၾသရင္းဒီေနရာမွာ
နန္းေတာ္ႀကီးရွိေနတာတစ္ခါမွမၾကားဘူးေပသူ႔အားဘယ္သူမွေျပာမျပထူးဆန္းေပစြ
သူလဲစပ္စုခ်င္စိတ္ျဖင့္နန္းေတာ္ႀကီးေရွ႕ေရာက္သြားရာနန္းေတာ္အဝင္ဝတြင္
သန္မာေသာမင္းမႈ႕ထမ္းမ်ားကလွံမ်ားကိုင္ကာေစာင့္ေနၾကသည့္အတြက္သူမဝင္ရဲပဲ
အျပင္ကပတ္၍အကဲခတ္ေနသည္နန္းေတာ္ထဲကထြက္လာေသာလူမ်ားသည္။
ဟိုဟိုဒီဒီေရွာက္သြားေနရာသူလဲသူတို႔နားအေျပးသြားကာေမးလိုက္သည္။
””’ဒီမွာဗ်—-ဒါဘယ္ေနရာလဲ——ဒီနန္းေတာ္ကဘာလဲဗ်”””’
သူေမးေပမဲ့သူနေဘးကလူမ်ားကသူ႔အားျမင္ပုံမရသူတို႔ဘာသာစကားမ်ားေျပာကာထြက္သြားၾကသည္။
သူကိုလဲအေရးမလုပ္ထူးဆန္းသည္ကထိုလူမ်ားေျပာေနေသာစကားမ်ားအားသူနားမလည္ေပ
အဂၤလိပ္စကားမဟုတ္တာေတာ့ေသခ်ာသည္တိုင္ရင္သားစကားအေတာ္မ်ားမ်ားလဲသူၾကားဘူးသည္။
သိုေပမဲ့သူတို႔ေျပာေနတာဘာစကားျဖစ္ၿပီးဘယ္လိုေလသံေတြမွန္းသူခန္႔မွန္းမရေပ
သူလဲေယာင္လည္လည္လုပ္ေနတုန္းနန္းေတာ္ထဲမွေခ်ာေမာလွပေသာမိန္းကေလးမ်ားထြက္လာကာ
ပင္လယ္ႀကီးထဲဆင္း၍ေရကစားေနၾကသည္ထိုအခါတင္ဝင္းစိတ္ေတြလဲအရက္ေထြေထြနဲ႔ဘာဘာညာညာမစဥ္းစားအားပဲ
မိန္းကေလးမ်ားေရကစားေနေသာေနရာသို႔ဒိုင္ပင္ထိုးခ်လိုက္သည္။
သူေရေပၚသို႔ေခါင္းေမာ့လိုက္ခ်ိန္တြင္သူ႔ေဘးတြင္မိန္းကေလးမ်ာမရွိေတာ့ပဲနဂါးႀကီးမ်ားဝိုင္းရံထားသည္ကို
အထိတ္တလန္႔ေတြ႕လိုက္ရာသူဘဝတြင္အိမ္မက္ပင္မမက္ဖူးေသာ႐ုပ္ထုေတြသာျမင္ဖူးသည့္
နဂါးႀကီးမ်ားကိုလက္ေတြ႕ျမင္လိုက္ရသည့္အခါေဆာက္ထည္ရာမရ
အလြန္တရာလန္႔၍သြားရင္းငယ္သံပါေအာင္ေအာ္ကာကမ္းေပၚသို႔ေျပးတက္လိုက္သည္။
ကမ္းေပၚတြင္သူေတြ႕ခဲ့ေသာနန္းေတာ္လဲမရွိေတာ့ပတ္ဝန္းက်င္ကတိတ္ဆိတ္ေနေပမဲ့သူ႔ရင္ထဲကႏွလုံးခုန္သံကဆူညံ၍ေနသည္။
သူအားကုန္ေျပးလာရင္ဘုရားနားေရာက္ေတာ့ေက်ာက္တုန္းတစ္တုံးအားခလုပ္တိုက္လဲကာ
ေက်ာက္တုံးႏွင့္ေခါင္းႏွင့္ေဆာင့္၍ေသြးမ်ားထြက္ကာေမ့လဲသြားေလသည္။
ထိုအခ်ိန္တြင့္သူ႔အေဒၚလဲတင္ဝ္းျပန္မလာ၍စိတ္ပူကာ႐ြာကလူမ်ားေခၚကာလိုက္ရွာရင္း
ဘုရားနဲ႔မလွမ္းမကမ္းကေက်ာက္တုံးေတြၾကားတြင္ေသြးထြက္၍လဲေနေသာတင္ဝင္းအားေတြ႕ရေလသည္။
ဒါနဲ႔႐ြာကိုျပန္သယ္လာရင္းျပဳစုေပးကာမၾကာခင္တင္ဝင္းသတိရလာသည္သိုေပမဲ့
””’ကြၽန္ေတာ့္ေနာက္ကိုနဂါးေတြလိုက္လာတယ္—–ကြၽန္ေတာ္ေျပးမွျဖစ္မယ္——သူတို႔လာေခၚေနတယ္—–””’
””ေအးမင္းျဖစ္လာတာေတြေျပာျပပါအုံး””’
သူ႔့အေဒၚေမးသည္ကိုသူျဖစ္လာတာျပန္ေျပာျပၿပီးေနာက္ပိုင္းသူတေရးတေမာအိပ္လိုက္ေသးသည္။
သူျပန္ႏိုးလာကထဲကကေယာင္ကတန္းေတြေျပာေန၍႐ြာထဲကအနည္းငယ္နားလည္တတ္သိေသာဆရာေခၚျပရာ
ဆရာကလဲေရမန္းမ်ားမန္း၍ပက္ကာတင္ဝင္အားေမးလိုက္သည္
””မင္းဘာျဖစ္ေနတာလဲ—–မင္းကိုဘယ္သူေႏွာက္ယွက္ေနတာလဲ”””’
ထိုအခါတင္ဝင္းကမ်က္ေထာင့္နီႀကီးျဖင့္အံႀကိတ္ကာေျပာလိုက္သည္။
””’ငါတို႔ေနတဲ့ေနရာလာၿပီးဒီေကာင္ေႏွာက္ယွက္တယ္——ေစာ္ကားတယ္မဖြယ္မရာျပဳတယ္———ဒီေကာင္ကိုအရွင္မထားဘူးေဟ့”””’
တင္ဝင္းစကားေၾကာင့္အားလုံးကဝိုင္း၍ေတာင္းပန္ၾကေလသည္။
””’မသိလို႔အမိုက္အမဲကိုခြင့္လႊတ္ပါ—–ေက်နပ္ေအာင္ဘာမ်ားလုပ္ေပးရမလဲေျပာပါ”””
””ဒီေကာင့္အသက္ရမွေက်နပ္မယ္ေဟ့”””’
ထိုသို႔ေဒါႏွင့္ေမာႏွင့္ေျပာကာထြက္သြားေလသည္တင္ဝင္းအေဒၚလဲဒီမွာဆက္မထားရဲေတာ့
မနက္မိုးလင္းလွ်င္တင္ဝင္းအားသူ႔ေနရပ္သို႔ျပန္ပို႔ရန္စီစဥ္ၾကေလသည္။
မနက္မိုးလင္းေတာ့တင္ဝင္းအိမ္မွာမရွိေတာ့ေပ်ာက္၍ေနသည္ဒါနဲ႔လူစုကာလိုက္ရွာၾကည့္ေတာ့
တင္ဝင္းအရက္ေသာက္ခဲ့ေသာကမ္းစပ္တြင္အသက္ေပ်ာက္ေနေသာတင္ဝင္းအေလာင္းအားေတြ႕ရေလသည္။
ၿပီး
D Moe Moe