**ခွေးသရဲနှင့် နပမ်းလုံးသောည**(ဖြစ်ရပ်မှန်)

Posted on
Unicode Version
**ခွေးသရဲနှင့် နပမ်းလုံးသောည**(ဖြစ်ရပ်မှန်)
—————————————–
မနေ့က ရှစ်နာရီကားနဲ့ ရွာပြန်ခဲ့တယ် ဒီနေ့မနက်ရွာရောက်တယ် ရွာနဲ့ရန်ကုန်က အတော်ဝေးတယ် ကားကိုရှစ်နာရီလောက်စီးရတယ်
ကျွန်တော်က မန္တလေးတိုင်း တံတားဦးမြိုနယ် ဂွေးကုန်းရွာမှာမွေးတာဆိုတော့ တနှစ်ကို တခေါက်ရွာပြန်ဖြစ်တယ် ခုလဲ သီတင်းကျွတ် ဘိုးဘွားများကို ကန်တော့ဖို့ ရန်ကုန်ကနေ ပြန်လာခဲ့တယ်။
အညာဆိုတော့ ရန်ကုန်ထက် နေပူတယ်ဗျ ရွာမှာလေကောင်းလေသန့်တော့ရတယ်ဗျ နေလည်ဆို အိမ်အပြင်တောင် မထွက်ရဲဘူး နေပူဒဏ်ကို မခံနိုင်လို့ အိမ်မှာနေရတာပျင်းတာနဲ့ အိမ်တကာကို လိုက်လည်မယ် စိတ်ကူးပြီး ထီးလေးယူကာ ထွက်လာခဲ့တယ်။
ရွာလမ်းအတိုင်း လျှောက်လာတာ နှစ်အိမ်ကျော်လောက်လဲရောက်ရော ဦးလေးနဲ့ တွေ့တော့တာဘဲ ဦးလေးက ကျွန်တော်မြင်တော့ ၀မ်းသာအားရနဲ့ နုတ်ဆက်စကားဆိုတယ်။
“ဟာ ငါတူကြီး ရန်ကုန်သူလေးတွေမပါဘူးလားကွ”
“ဟာ ဦးလေးကလဲဗျာ ကျွန်တော်က ငယ်သေးတယ်လေ မိန်းမမယူသေးပါဘူးဗျာ”
“ဟုတ်မှလုပ်ပါမောင်ရာ ငါတော့ မယုံဘူး ရီးစားဘယ်နှစ်ယောက်ရနေပြီလဲ မလိမ်နဲ့နော် မှန်မှန်ဖြေ”
“တကယ်ဟြေတာပါဗျာ ဘာရီးစားမှမရှိဘူး”
“ကဲ့လာကွာ သစ်ပင်အောက်သွားပြီး စကားအေးဆေးဟြေရအောင်”
“ရပါ့ဗျာ ကျွန်တော်က အလုပ်မရှိဘူးနော် ဦးလေး မိန်းမကဆူနေဦးမယ် မိန်းမလဲနိုင်တာ မဟုတ်ဘဲနဲ့”
ဟြေရဦးမယ်ဗျ ကျွန်တော်ဦးလေးက အရင်တုန်းက ရွာမှာ ပျိုတိုင်းလိုလိုနဲ့ ကြိုက်ခဲ့တာဗျ ခုသူယူတဲ့မိန်းမနဲ့ ရီးစားဖြစ်တော့ ဘာမှမလုပ်ရဲဘူး အရင်လိုလဲ ပွေလို့မရဘူး မရသေးတဲ့မိန်းမကို ကြောက်ရတယ် အဲ့ချိန်ကတဲ့က ကြောက်လိုက်တာ ယူပြီးတဲ့အထိကို ကြောက်တုန်းဘဲ ။
“ခွေးကောင် မင်းက ကိုယ့်ဦးလေးကို နှိမ်တာလားကွ မိန်းမဆိုတာ ကိုလုပ်ရင် ခံရမှာကွ နိုင်တိုင်းအနိုင်မကျင့်ရဘူး။
“ဦးလေးရာ မဆဲပါနဲ့ မသိလို့ပါ ဟီးဟီး ဆော်တီး ဆော်တီး”
“မင်းရွာကို အလည်ပြန်လာတာလား ရန်ကုန်မှာ အလုပ်လုပ်ရတာအဆင်ပြေလား “
“ဟုတ်ပြေပါတယ် အလုပ်လုပ်ရင်း ဝါသနာအရ စာလေးဘာလေးလဲရေးတယ်ဗျ”
“ဟေ ဟုတ်လား ဘာစာတွေရေးတာလဲကွ ပြေပါဦး”
“ပရလောကအကြောင်းပါ ဦးလေးရယ် ခုတော့ ရေးစရာမရှိလို့ မရေးသေးဘူးဗျ”
“ဟကောင်ရ မင်းအတော်အတာဘဲ ငါတို့နဲ့နပမ်းလုံးခဲ့တဲ့ ခွေးသရဲအကြောင်းထည့်ရေးကွာ”
“ဟာဟုတ်သားဘဲ မေ့နေတာ တကယ်ဆို ကျွန်တော်ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့အကြောင်းကို ရေးရမှာ တကယ့်အဖြစ်မှန်ဘဲဗျ သွားပြီးရေးလိုက်ဦးမယ်။
ကျွန်တော်လဲ အိမ်ပြန်လာကာ ဖုန်းလေးယူပြီး အိမ်ရှေ့က သစ်ပင်အောက်ကို လာပြီး ငယ်ငယ်တုန်းကအကြောင်းကို ရေးလိုက်တယ်။
လွန်ခဲ့တဲ့ ၇နှစ်လောက်က ကျွန်တော်ဟာ ရန်ကုန်မရောက်သေးဘူးဗျ အသက်ကလဲ ၁၃နှစ်ရှိသေးတာ တောသွားပြီး နွားကျောင်းလိုက် ညနေကြရွာထဲပြန်လာလိုက်နဲ့ နေစဉ်အလုပ်ကိုဖြစ်နေတာ။
တနေ့တော့ ကျွန်တော်နွားကျောင်းပြီး နွားတွေကိုခြံထဲသွင်းကာ ရွာထဲပြန်ရန်လည်းလမ်းအတိုင်းလျှောက်လာခဲ့တယ် တနေရာအရောက်မှာတော့ နောက်ကနေ လည်းတစ်စီးလာနေတယ် ကျွန်တော်လဲ ခြေလျှင်မပြန်ချင်တာနဲ့ လည်းကိုစောင့်နေလိုက်တယ် လည်းကဦးလေးလည်းဗျ။
“ဦးလေး နောက်ကြပါလားဗျ မှောင်နေပြီ ကျွန်တော်လိုက်ခဲ့မယ် ခြေလျှင်သွားရမှာ အတော်ဝေးသေးလို့”
“မကြောက်တက်ရင် လိုက်ခဲ့ပေါ့ကွာ”
“မကြောက်ပါဘူးဗျာ ဒီလမ်းဒီခရီးက နေတိုင်းသွားနေကြဘဲ ဘာမှမကြောက်ပါဘူးဗျာ”
တကယ်တော့ ရွာပြန်တဲ့လည်းလမ်းက ရွာပြင်သချိင်္ုင်းကို ဖြတ်သွားရတာဗျ ကြောက်တဲ့သူဆို မသွားကြဘူး ဒါပေမယ့် လည်းပါရင်တော့ ဒီလမ်းအတိုင်းဘဲ သွားမှရတာဗျ ။
ကျွန်တော်တို့လဲ စကားဟြေရင်း လည်းမောင်းလာခဲ့တာ သချိင်္ုင်းထဲမ၀င်ခင်မှာ ရှေ့ကနေ ခွေးသေးသေးလေးတကောင် ကျွန်တော်တို့ကို လမ်းပိတ်ရပ်ထားတယ် နွားတွေကလဲရှေ့ဆက်မသွားကြဘူးဒါနဲ့ပဲ ဦးလေးက နွားနှင်တံနဲ့ ဆင်းမောင်းလိုက်တယ်။
ဦးလေး ဆင်းမောင်းတော့ ခွေးက လမ်းဘေးကပ်သွားတယ် ဒါနဲ့ဦးလေးလဲ လည်းပေါ်ပြန်တက်လာပြီး လည်းကိုဆက်မောင်းတယ် ဒါပေမယ့်ခွေးက လည်းနောက်ကနေ ကပ်လိုက်လာတယ် ကျွန်တော်လဲ ခွေးကိုကြည့်နေတယ်ဗျ ခွေးကနည်းနည်းကြီးလာသလိုဘဲဗျ။
စတွေ့တုန်းက ခွေးကသေးသေးလေးပါ ခုမှဘာလို့ကြီးလာတာလဲ ကျွန်တော်လဲ နည်းနည်းတော့ ကြက်သီးထသွားတယ် ကြောက်တော့မကြောက်ဘူး ဒါနဲ့ဦးလေးကို ဟြေလိုက်တယ်။
“ဦးလေး ခွေးကကြီးလာသလိုဘဲဗျ ကျွန်တော်စိတ်ထင်တာလား တကယ်လားဗျ”
“အေးကွ ငါလဲကြည့်နေတာ ခွေးသေးသေးလေးက ခုဆိတ်လောက်ကြီးလာတယ်ကွ ငါကိုလာခြောက်လို့ကတော့ သေဖို့ပြင်ထား”
“ဟုတ်တယ် ဦးလေး ကျွန်တော်လဲ မကြောက်ဘူး သူချကိုယ်ချဘဲ”
ဦးလေးလဲ လည်းပေါ်ကနေ ဆင်းသွားပြီး ခွေးကို နွားနှင့်တံနဲ့ ရိုက်လိုကိတယ် ခွေးကမအော်ဘူးဗျ နည်းနည်းကြီးလာတယ် ဦးလေးကို မာန်ဖီနေတယ်ဗျ ပြနိကိုက်တော့မယ် ထင်တယ်ဗျ။
“ဂီး “ဂီး” တဂီးဂီးနဲ့ ဦးလေးကို ခုန်ကိုက်တော့တာဘဲဗျာ ဦးလေးလဲ
တုတ်နဲ့ရိုက်လိုက်တာ နောက်ကို လွင့်သွားတယ် ခွေးကသူကိုရိုက်တော့ အတော်ဒေါသထွက်နေတယ်ဗျ ဦးလေးကလဲ ဒေါသထွက်ကာ ဆဲဆိုပြီးခွေးကို ရန်လုပ်နေတယ်ဗျ။
“တောက် ခွေးစုတ်ခွေးနာ ငါကိုလာကိုက်ရအောင် ဘယ်သုမှတ်လို့လဲ သေသွားချင်တာလား သန်းမင်းတဲ့ကွ မိုက်ရင် ရှေ့တိုးခဲ့ ခွေးစုတ်”
ဦးလေး ဟြေလိုက်မှခွေးက နွားလောက်ကြီးလာတယ်ဗျ ကျွန်တော်လဲအတော်အံဩသွားတယ် ဒီတိုင်းဆိုခွေးကို မနိုင်လောက်ဘူး ဒါပေမယ့်ဦးလေးက တော့ တုတ်ချောင်းကို ကျစ်ကျစ်လျစ်လျစ် ဆုတ်ကိုင်ကာ ခွေးအလာကိုစောင့်နေတယ်ဗျ။
ကျွန်တော်သာမပါရင် ဦးလေးမနိုင်လောက်ဘူး ကျွန်တော်လဲ ဦးလေးကူညီရန် ပြင်လိုက်တယ် ဒါပေမယ့်လက်ဗလာနဲ့ဆို နိုင်မှာမဟုတ်ဘူး လက်နက်လိုက်ရှာတော့ လည်းမှာထိုးထားတဲ့ ဓားတချောင်းတွေ့တာနဲ့ ဓားဆွဲကာ လည်းအောက်ဆင်းလိုက်တယ်။
ခွေးကလဲ အပိုင်ထင်ပြီး ဦးလေးအားခုန်အုပ်လိုက်တယ် ဦးလေးလဲလက်နဲ့တားပေမယ့် နွားလောက်ရှိတဲ့ခွေးကို မတားနိုင်ဘူး အင်အားချင်းက မမျှဘူးလေ ဦးလေးအပေါ်ကနေစီးကာ ဦးလေးကို ကိုက်တယ်ဗျ ဦးလေးလဲ တုတ်နဲ့ကာထားတယ် ခွေးကတုတ်ကို ကိုက်မိတော့ တုတ်လဲဖြတ်ပိုင်းကျိုးသွားတယ်။
ကျွန်တော်လဲ ဓားနဲ့ပြေး၀င်ခုတ်လိုက်တယ် ဘောလုံးကြီးခုတ်မိသလို ပြန်ကန်ထွက်လာတယ် ခွေးရဲ့နောက်ကျောကို ခုတ်လို့မရဘူးလို့ ရှေလူကြီးတွေဟြေကြတာကြားဘူးတယ် ဒါနဲ့ဓားကို လွတ်ချကာ လက်သီးနဲ့ထိုးတယ် လေးလုံးကြီးထိုးရသလိုဘဲဗျ။
ခွေးတကောင်ကို ကျွန်တော်တို့နှစ်ယောက်ဝိုင်းချတာ မနိုင်ဘူးဗျ ခွေးကကြီးကြီးလာတယ် ပုတ်လောက်ကို ရှိလာတယ် ကြာတော့ မနိုင်တော့ဘူးဗျ ခွေးရောလူရော သွေးတွေပေပွကာ မြင်မကောင်းအောင် ဖြစ်နေပေမယ့် အသက်မသေဖို့အရေး ပြန်ခုခံနေရတယ် ဦးလေးကကြာတော့ မနိုင်မှန်းသိသွားတယ် ဒါနဲ့ပဲ ကျွန်တော်ကို တခုခုလုပ်ခိုင်းတယ်ဗျ။
“ငါတူ တခုခု လုပ်ကွာ မဟုတ်ရင် ငါတို့သေတော့မယ် ဒီတိုင်းဆို ငါတို့မနိုင်ဘူး သေဖို့ဘဲရှိတယ်”
ကျွန်တော်လဲ အတော်မောနေတယ်ဗျ လက်တွေလဲ မလှုပ်ချင်တော့ဘူး ဒါပေမယ့် ဦးလေးခိုင်းတာတော့ လုပ်ရမှာဘဲ ဦးလေးက ပုတ်လောက်ကြီးတဲ့ခွေးနဲ့ သူတပြန်ကိုတပြန် ချနေတယ် ဦးလေးလဲ အသက်မသေဖို့အရေး မလှုပ်နိုင်လဲ ပြန်ခုခံနေရတယ် ။
ကျွန်တော်လဲ ရှေးလူကြီးတွေဟြေတာကို သတိရလိုက်တယ် ခွေးသရဲနဲ့တွေရင် ဓားကိုသေးနဲ့ပမ်းကာ ထိုးရင် ခွေးသရဲကိုနိုင်တယ်တဲ့ ကျွန်တော်လဲ ရှေးလူကြီးတွေစကားအရ ဓားကိုပြေးယူကာ သေးနဲ့ပမ်းလိုက်တယ် ဓားတချောင်းလုံးကို သေးနဲ့ပမ်းပြီး ခွေးအားပြေးထိုးလိုက်တယ် ခွေးရဲ့လက်ပြင်ကို ထိုးမိကာ ဓားတချောင်းလုံး၀င်သွားတယ်။
ဓားနဲ့လဲထိုးမိရောခွေးက သေးသေးလာတယ် ဒါကိုအခွင့်ကောင်းယူပြီး ဦးလေးက ကျိုးနေတဲ့တုတ်နဲ့ရိုက်ကာ ရွာကို ဦးတည်ကာ ပြေးကြတယ် ခွေးက ဓားတန်းလန်းနဲ့ နောက်က လိုက်လာတယ် ကျွန်တော်တို့လဲ တအားကုန်ပြေးလိုက်တာ ရွာတံခါးရောက်လာတယ် ။
ရွာတံခါးရောက်လာမှ နောက်ပြန်ကြည့်လိုက်တာ ခွေးက ဓားတန်းလန်းလဲ ကျွန်တော်တို့ကို ကြည့်ကာ “အူ”အူ”တအူအူနဲ့ ငြိမ်ကြသွားတယ် ဒီတော့မှ ကျွန်တော်တို့လဲ ခြေကုန်လက်ပန်းကျကာ လှဲကြသွားတယ် ဘာမှကို မသိတော့ဘူး။
ကျွန်တော်သာ အဲ့ချိန်က သေခဲ့ရင် ခုလိုဇာတ်လမ်းလေးကို ရေးနိုင်မယ်မထင်ဘူး လို့တွေးပြီး ဇာတ်လမ်းလေးကို သိမ်းလိုက်ပါတယ် ။
လေးစားစွာဖြင့် နယ်နမိတ်(ငမိုးရိပ်)
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။
Zagyi Version
**ေခြးသရဲႏွင့္ နပမ္းလုံးေသာည**(ျဖစ္ရပ္မွန္)
—————————————–
မေန႔က ရွစ္နာရီကားနဲ႔ ႐ြာျပန္ခဲ့တယ္ ဒီေန႔မနက္႐ြာေရာက္တယ္ ႐ြာနဲ႔ရန္ကုန္က အေတာ္ေဝးတယ္ ကားကိုရွစ္နာရီေလာက္စီးရတယ္
ကြၽန္ေတာ္က မႏၲေလးတိုင္း တံတားဦးၿမိဳနယ္ ေဂြးကုန္း႐ြာမွာေမြးတာဆိုေတာ့ တႏွစ္ကို တေခါက္႐ြာျပန္ျဖစ္တယ္ ခုလဲ သီတင္းကြၽတ္ ဘိုးဘြားမ်ားကို ကန္ေတာ့ဖို႔ ရန္ကုန္ကေန ျပန္လာခဲ့တယ္။
အညာဆိုေတာ့ ရန္ကုန္ထက္ ေနပူတယ္ဗ် ႐ြာမွာေလေကာင္းေလသန္႔ေတာ့ရတယ္ဗ် ေနလည္ဆို အိမ္အျပင္ေတာင္ မထြက္ရဲဘူး ေနပူဒဏ္ကို မခံႏိုင္လို႔ အိမ္မွာေနရတာပ်င္းတာနဲ႔ အိမ္တကာကို လိုက္လည္မယ္ စိတ္ကူးၿပီး ထီးေလးယူကာ ထြက္လာခဲ့တယ္။
႐ြာလမ္းအတိုင္း ေလွ်ာက္လာတာ ႏွစ္အိမ္ေက်ာ္ေလာက္လဲေရာက္ေရာ ဦးေလးနဲ႔ ေတြ႕ေတာ့တာဘဲ ဦးေလးက ကြၽန္ေတာ္ျမင္ေတာ့ ၀မ္းသာအားရနဲ႔ ႏုတ္ဆက္စကားဆိုတယ္။
“ဟာ ငါတူႀကီး ရန္ကုန္သူေလးေတြမပါဘူးလားကြ”
“ဟာ ဦးေလးကလဲဗ်ာ ကြၽန္ေတာ္က ငယ္ေသးတယ္ေလ မိန္းမမယူေသးပါဘူးဗ်ာ”
“ဟုတ္မွလုပ္ပါေမာင္ရာ ငါေတာ့ မယုံဘူး ရီးစားဘယ္ႏွစ္ေယာက္ရေနၿပီလဲ မလိမ္နဲ႔ေနာ္ မွန္မွန္ေျဖ”
“တကယ္ေၾဟတာပါဗ်ာ ဘာရီးစားမွမရွိဘူး”
“ကဲ့လာကြာ သစ္ပင္ေအာက္သြားၿပီး စကားေအးေဆးေၾဟရေအာင္”
“ရပါ့ဗ်ာ ကြၽန္ေတာ္က အလုပ္မရွိဘူးေနာ္ ဦးေလး မိန္းမကဆူေနဦးမယ္ မိန္းမလဲႏိုင္တာ မဟုတ္ဘဲနဲ႔”
ေၾဟရဦးမယ္ဗ် ကြၽန္ေတာ္ဦးေလးက အရင္တုန္းက ႐ြာမွာ ပ်ိဳတိုင္းလိုလိုနဲ႔ ႀကိဳက္ခဲ့တာဗ် ခုသူယူတဲ့မိန္းမနဲ႔ ရီးစားျဖစ္ေတာ့ ဘာမွမလုပ္ရဲဘူး အရင္လိုလဲ ေပြလို႔မရဘူး မရေသးတဲ့မိန္းမကို ေၾကာက္ရတယ္ အဲ့ခ်ိန္ကတဲ့က ေၾကာက္လိုက္တာ ယူၿပီးတဲ့အထိကို ေၾကာက္တုန္းဘဲ ။
“ေခြးေကာင္ မင္းက ကိုယ့္ဦးေလးကို ႏွိမ္တာလားကြ မိန္းမဆိုတာ ကိုလုပ္ရင္ ခံရမွာကြ ႏိုင္တိုင္းအႏိုင္မက်င့္ရဘူး။
“ဦးေလးရာ မဆဲပါနဲ႔ မသိလို႔ပါ ဟီးဟီး ေဆာ္တီး ေဆာ္တီး”
“မင္း႐ြာကို အလည္ျပန္လာတာလား ရန္ကုန္မွာ အလုပ္လုပ္ရတာအဆင္ေျပလား ”
“ဟုတ္ေျပပါတယ္ အလုပ္လုပ္ရင္း ဝါသနာအရ စာေလးဘာေလးလဲေရးတယ္ဗ်”
“ေဟ ဟုတ္လား ဘာစာေတြေရးတာလဲကြ ေျပပါဦး”
“ပရေလာကအေၾကာင္းပါ ဦးေလးရယ္ ခုေတာ့ ေရးစရာမရွိလို႔ မေရးေသးဘူးဗ်”
“ဟေကာင္ရ မင္းအေတာ္အတာဘဲ ငါတို႔နဲ႔နပမ္းလုံးခဲ့တဲ့ ေခြးသရဲအေၾကာင္းထည့္ေရးကြာ”
“ဟာဟုတ္သားဘဲ ေမ့ေနတာ တကယ္ဆို ကြၽန္ေတာ္ငယ္ငယ္တုန္းက ျဖစ္ခဲ့တဲ့အေၾကာင္းကို ေရးရမွာ တကယ့္အျဖစ္မွန္ဘဲဗ် သြားၿပီးေရးလိုက္ဦးမယ္။
ကြၽန္ေတာ္လဲ အိမ္ျပန္လာကာ ဖုန္းေလးယူၿပီး အိမ္ေရွ႕က သစ္ပင္ေအာက္ကို လာၿပီး ငယ္ငယ္တုန္းကအေၾကာင္းကို ေရးလိုက္တယ္။
လြန္ခဲ့တဲ့ ၇ႏွစ္ေလာက္က ကြၽန္ေတာ္ဟာ ရန္ကုန္မေရာက္ေသးဘူးဗ် အသက္ကလဲ ၁၃ႏွစ္ရွိေသးတာ ေတာသြားၿပီး ႏြားေက်ာင္းလိုက္ ညေနၾက႐ြာထဲျပန္လာလိုက္နဲ႔ ေနစဥ္အလုပ္ကိုျဖစ္ေနတာ။
တေန႔ေတာ့ ကြၽန္ေတာ္ႏြားေက်ာင္းၿပီး ႏြားေတြကိုၿခံထဲသြင္းကာ ႐ြာထဲျပန္ရန္လည္းလမ္းအတိုင္းေလွ်ာက္လာခဲ့တယ္ တေနရာအေရာက္မွာေတာ့ ေနာက္ကေန လည္းတစ္စီးလာေနတယ္ ကြၽန္ေတာ္လဲ ေျခလွ်င္မျပန္ခ်င္တာနဲ႔ လည္းကိုေစာင့္ေနလိုက္တယ္ လည္းကဦးေလးလည္းဗ်။
“ဦးေလး ေနာက္ၾကပါလားဗ် ေမွာင္ေနၿပီ ကြၽန္ေတာ္လိုက္ခဲ့မယ္ ေျခလွ်င္သြားရမွာ အေတာ္ေဝးေသးလို႔”
“မေၾကာက္တက္ရင္ လိုက္ခဲ့ေပါ့ကြာ”
“မေၾကာက္ပါဘူးဗ်ာ ဒီလမ္းဒီခရီးက ေနတိုင္းသြားေနၾကဘဲ ဘာမွမေၾကာက္ပါဘူးဗ်ာ”
တကယ္ေတာ့ ႐ြာျပန္တဲ့လည္းလမ္းက ႐ြာျပင္သခ်ိၤုင္းကို ျဖတ္သြားရတာဗ် ေၾကာက္တဲ့သူဆို မသြားၾကဘူး ဒါေပမယ့္ လည္းပါရင္ေတာ့ ဒီလမ္းအတိုင္းဘဲ သြားမွရတာဗ် ။
ကြၽန္ေတာ္တို႔လဲ စကားေၾဟရင္း လည္းေမာင္းလာခဲ့တာ သခ်ိၤုင္းထဲမ၀င္ခင္မွာ ေရွ႕ကေန ေခြးေသးေသးေလးတေကာင္ ကြၽန္ေတာ္တို႔ကို လမ္းပိတ္ရပ္ထားတယ္ ႏြားေတြကလဲေရွ႕ဆက္မသြားၾကဘူးဒါနဲ႔ပဲ ဦးေလးက ႏြားႏွင္တံနဲ႔ ဆင္းေမာင္းလိုက္တယ္။
ဦးေလး ဆင္းေမာင္းေတာ့ ေခြးက လမ္းေဘးကပ္သြားတယ္ ဒါနဲ႔ဦးေလးလဲ လည္းေပၚျပန္တက္လာၿပီး လည္းကိုဆက္ေမာင္းတယ္ ဒါေပမယ့္ေခြးက လည္းေနာက္ကေန ကပ္လိုက္လာတယ္ ကြၽန္ေတာ္လဲ ေခြးကိုၾကည့္ေနတယ္ဗ် ေခြးကနည္းနည္းႀကီးလာသလိုဘဲဗ်။
စေတြ႕တုန္းက ေခြးကေသးေသးေလးပါ ခုမွဘာလို႔ႀကီးလာတာလဲ ကြၽန္ေတာ္လဲ နည္းနည္းေတာ့ ၾကက္သီးထသြားတယ္ ေၾကာက္ေတာ့မေၾကာက္ဘူး ဒါနဲ႔ဦးေလးကို ေၾဟလိုက္တယ္။
“ဦးေလး ေခြးကႀကီးလာသလိုဘဲဗ် ကြၽန္ေတာ္စိတ္ထင္တာလား တကယ္လားဗ်”
“ေအးကြ ငါလဲၾကည့္ေနတာ ေခြးေသးေသးေလးက ခုဆိတ္ေလာက္ႀကီးလာတယ္ကြ ငါကိုလာေျခာက္လို႔ကေတာ့ ေသဖို႔ျပင္ထား”
“ဟုတ္တယ္ ဦးေလး ကြၽန္ေတာ္လဲ မေၾကာက္ဘူး သူခ်ကိုယ္ခ်ဘဲ”
ဦးေလးလဲ လည္းေပၚကေန ဆင္းသြားၿပီး ေခြးကို ႏြားႏွင့္တံနဲ႔ ႐ိုက္လိုကိတယ္ ေခြးကမေအာ္ဘူးဗ် နည္းနည္းႀကီးလာတယ္ ဦးေလးကို မာန္ဖီေနတယ္ဗ် ျပနိကိုက္ေတာ့မယ္ ထင္တယ္ဗ်။
“ဂီး “ဂီး” တဂီးဂီးနဲ႔ ဦးေလးကို ခုန္ကိုက္ေတာ့တာဘဲဗ်ာ ဦးေလးလဲ
တုတ္နဲ႔႐ိုက္လိုက္တာ ေနာက္ကို လြင့္သြားတယ္ ေခြးကသူကို႐ိုက္ေတာ့ အေတာ္ေဒါသထြက္ေနတယ္ဗ် ဦးေလးကလဲ ေဒါသထြက္ကာ ဆဲဆိုၿပီးေခြးကို ရန္လုပ္ေနတယ္ဗ်။
“ေတာက္ ေခြးစုတ္ေခြးနာ ငါကိုလာကိုက္ရေအာင္ ဘယ္သုမွတ္လို႔လဲ ေသသြားခ်င္တာလား သန္းမင္းတဲ့ကြ မိုက္ရင္ ေရွ႕တိုးခဲ့ ေခြးစုတ္”
ဦးေလး ေၾဟလိုက္မွေခြးက ႏြားေလာက္ႀကီးလာတယ္ဗ် ကြၽန္ေတာ္လဲအေတာ္အံဩသြားတယ္ ဒီတိုင္းဆိုေခြးကို မႏိုင္ေလာက္ဘူး ဒါေပမယ့္ဦးေလးက ေတာ့ တုတ္ေခ်ာင္းကို က်စ္က်စ္လ်စ္လ်စ္ ဆုတ္ကိုင္ကာ ေခြးအလာကိုေစာင့္ေနတယ္ဗ်။
ကြၽန္ေတာ္သာမပါရင္ ဦးေလးမႏိုင္ေလာက္ဘူး ကြၽန္ေတာ္လဲ ဦးေလးကူညီရန္ ျပင္လိုက္တယ္ ဒါေပမယ့္လက္ဗလာနဲ႔ဆို ႏိုင္မွာမဟုတ္ဘူး လက္နက္လိုက္ရွာေတာ့ လည္းမွာထိုးထားတဲ့ ဓားတေခ်ာင္းေတြ႕တာနဲ႔ ဓားဆြဲကာ လည္းေအာက္ဆင္းလိုက္တယ္။
ေခြးကလဲ အပိုင္ထင္ၿပီး ဦးေလးအားခုန္အုပ္လိုက္တယ္ ဦးေလးလဲလက္နဲ႔တားေပမယ့္ ႏြားေလာက္ရွိတဲ့ေခြးကို မတားႏိုင္ဘူး အင္အားခ်င္းက မမွ်ဘူးေလ ဦးေလးအေပၚကေနစီးကာ ဦးေလးကို ကိုက္တယ္ဗ် ဦးေလးလဲ တုတ္နဲ႔ကာထားတယ္ ေခြးကတုတ္ကို ကိုက္မိေတာ့ တုတ္လဲျဖတ္ပိုင္းက်ိဳးသြားတယ္။
ကြၽန္ေတာ္လဲ ဓားနဲ႔ေျပး၀င္ခုတ္လိုက္တယ္ ေဘာလုံးႀကီးခုတ္မိသလို ျပန္ကန္ထြက္လာတယ္ ေခြးရဲ႕ေနာက္ေက်ာကို ခုတ္လို႔မရဘူးလို႔ ေရွလူႀကီးေတြေၾဟၾကတာၾကားဘူးတယ္ ဒါနဲ႔ဓားကို လြတ္ခ်ကာ လက္သီးနဲ႔ထိုးတယ္ ေလးလုံးႀကီးထိုးရသလိုဘဲဗ်။
ေခြးတေကာင္ကို ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဝိုင္းခ်တာ မႏိုင္ဘူးဗ် ေခြးကႀကီးႀကီးလာတယ္ ပုတ္ေလာက္ကို ရွိလာတယ္ ၾကာေတာ့ မႏိုင္ေတာ့ဘူးဗ် ေခြးေရာလူေရာ ေသြးေတြေပပြကာ ျမင္မေကာင္းေအာင္ ျဖစ္ေနေပမယ့္ အသက္မေသဖို႔အေရး ျပန္ခုခံေနရတယ္ ဦးေလးကၾကာေတာ့ မႏိုင္မွန္းသိသြားတယ္ ဒါနဲ႔ပဲ ကြၽန္ေတာ္ကို တခုခုလုပ္ခိုင္းတယ္ဗ်။
“ငါတူ တခုခု လုပ္ကြာ မဟုတ္ရင္ ငါတို႔ေသေတာ့မယ္ ဒီတိုင္းဆို ငါတို႔မႏိုင္ဘူး ေသဖို႔ဘဲရွိတယ္”
ကြၽန္ေတာ္လဲ အေတာ္ေမာေနတယ္ဗ် လက္ေတြလဲ မလႈပ္ခ်င္ေတာ့ဘူး ဒါေပမယ့္ ဦးေလးခိုင္းတာေတာ့ လုပ္ရမွာဘဲ ဦးေလးက ပုတ္ေလာက္ႀကီးတဲ့ေခြးနဲ႔ သူတျပန္ကိုတျပန္ ခ်ေနတယ္ ဦးေလးလဲ အသက္မေသဖို႔အေရး မလႈပ္ႏိုင္လဲ ျပန္ခုခံေနရတယ္ ။
ကြၽန္ေတာ္လဲ ေရွးလူႀကီးေတြေၾဟတာကို သတိရလိုက္တယ္ ေခြးသရဲနဲ႔ေတြရင္ ဓားကိုေသးနဲ႔ပမ္းကာ ထိုးရင္ ေခြးသရဲကိုႏိုင္တယ္တဲ့ ကြၽန္ေတာ္လဲ ေရွးလူႀကီးေတြစကားအရ ဓားကိုေျပးယူကာ ေသးနဲ႔ပမ္းလိုက္တယ္ ဓားတေခ်ာင္းလုံးကို ေသးနဲ႔ပမ္းၿပီး ေခြးအားေျပးထိုးလိုက္တယ္ ေခြးရဲ႕လက္ျပင္ကို ထိုးမိကာ ဓားတေခ်ာင္းလုံး၀င္သြားတယ္။
ဓားနဲ႔လဲထိုးမိေရာေခြးက ေသးေသးလာတယ္ ဒါကိုအခြင့္ေကာင္းယူၿပီး ဦးေလးက က်ိဳးေနတဲ့တုတ္နဲ႔႐ိုက္ကာ ႐ြာကို ဦးတည္ကာ ေျပးၾကတယ္ ေခြးက ဓားတန္းလန္းနဲ႔ ေနာက္က လိုက္လာတယ္ ကြၽန္ေတာ္တို႔လဲ တအားကုန္ေျပးလိုက္တာ ႐ြာတံခါးေရာက္လာတယ္ ။
႐ြာတံခါးေရာက္လာမွ ေနာက္ျပန္ၾကည့္လိုက္တာ ေခြးက ဓားတန္းလန္းလဲ ကြၽန္ေတာ္တို႔ကို ၾကည့္ကာ “အူ”အူ”တအူအူနဲ႔ ၿငိမ္ၾကသြားတယ္ ဒီေတာ့မွ ကြၽန္ေတာ္တို႔လဲ ေျခကုန္လက္ပန္းက်ကာ လွဲၾကသြားတယ္ ဘာမွကို မသိေတာ့ဘူး။
ကြၽန္ေတာ္သာ အဲ့ခ်ိန္က ေသခဲ့ရင္ ခုလိုဇာတ္လမ္းေလးကို ေရးႏိုင္မယ္မထင္ဘူး လို႔ေတြးၿပီး ဇာတ္လမ္းေလးကို သိမ္းလိုက္ပါတယ္ ။
ေလးစားစြာျဖင့္ နယ္နမိတ္(ငမိုးရိပ္)
မူရင္းေရးသားသူအား ေလးစားစြာ Credit ေပးပါသည္။